ကမ္ဘာ့ရာသီဥတု ဘာတွေဖြစ်ကုန်ပြီလဲ? ဆာဟာရသဲကန္တာရတွင် ရေခဲများဖုံးလွှမ်းနေပြီး ဆော်ဒီအာရေးဘီးယားတွင် အနှုတ် ၂ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်ကျဆင်း

ကမ္ဘာ့ရာသီဥတု ဘာတွေဖြစ်ကုန်ပြီလဲ? ဆာဟာရသဲကန္တာရတွင် ရေခဲများဖုံးလွှမ်းနေပြီး ဆော်ဒီအာရေးဘီးယားတွင် အနှုတ် ၂ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်ကျဆင်း - Property News in Myanmar from iMyanmarHouse.com
19 Jan 2021 10:50 am တွင် တင်ခဲ့သည်
1062 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဇန်နဝါရီလသည် ကမ္ဘာတစ်ဝန်း နေရာများစွာအတွက် နှင်းနှင့် ရေခဲများ ဆောင်ကြဉ်းလာလေ့ရှိသော်လည်း အာဖရိကမှ သဲကန္တာရများနှင့် အရှေ့အလယ်ပိုင်းဒေသတို့နှင့် မသက်ဆိုင်ချေ။

သို့သော် ယခုနှစ် ဇန်နဝါရီတွင်ကား ဆာဟာရသဲကန္တာရတွင် နှင်းထုများ တွေ့လာရသည့်နည်းတူ အရှေ့အလယ်ပိုင်းမှ ဆော်ဒီအာရေးဘီးယားနိုင်ငံတွင်လည်း အပူချိန်မှာ အနှုတ် ၂ ဒီဂရီစင်တီဂရိတ် (၂၈ ဒီဂရီ ဖာရင်ဟိုက်) အထိ ကျဆင်းခဲ့သည်ကို တွေ့ရသည်။

ဓာတ်ပုံဆရာတစ်ဦးသည် ဆာဟာရသဲကန္တာရအတွင်းမှ ရေခဲများအုပ်ဆိုင်းထားသည့် သဲတောင်ကုန်းများ၏ ဓာတ်ပုံများ ရိုက်ကူးမှတ်တမ်းတင်ထားခဲ့သည်။ ဆာဟာရသဲကန္တာရ၏ အပူချိန်မှာ ရေခဲမှတ်အောက်ကျဆင်းနေပြီး ဓာတ်ပုံများမှာ အိပ်မက်ဆန်လှသည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံတွင်လည်း ဒေသခံများနှင့် နိုင်ငံခြားသားများသည် မကြုံစဖူး ထူးကဲလှသည့် မြင်ကွင်းကို ကြည့်ရှုခံစားရန် အတွက် Aseer ဒေသရှိ သဲကန္တာရရှိရာသို့ အလုံးအရင်းသွားရောက်လျက်ရှိကြကြောင်း Geo TV သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဓာတ်ပုံဆရာ ကရင်းမ် ဘူရှီတာတာ (Karim Bouchetata) ၏ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများတွင် အယ်လ်ဂျီးရီးယားနိုင်ငံ၊ ဆာဟာရ သဲကန္တာရ မြို့ကလေးဖြစ်သော Ain Sefra မြို့ငယ်လေး၏ မြင်ကွင်းများကို တွေ့ရမည် ဖြစ်သည်။

သိုးများကို ရေခဲဖုံး သဲတောင်ကုန်းပေါ်တွင် တွေ့ရမည်ဖြစ်ပြီး ထိုနေ့က အပူချိန်မှာ အနှုတ် ၃ ဒီဂရီ စင်တီဂရိတ် (၂၆ ဒသမ ၆ ဒီဂရီ ဖာရင်ဟိုက်) အထိ ကျဆင်းခဲ့သည်။

Ain Sefra မြို့ငယ်လေးကို သဲကန္တာရဝင်ပေါက်ဟုလည်း လူသိများပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၁၀၀၀ မီတာ (၃၂၈၀ ပေ) အမြင့်တွင် တည်ရှိကာ အတ္တလတ်စ် တောင်တန်းများက ဝန်းပတ်ထားသည်။

ဆာဟာရသဲကန္တာရသည် အာဖရိကမြောက်ပိုင်း နေရာအများစုကို ဖြန့်ကျက်ထားပြီး ပြီးခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း အပူနှင့် စိုစွတ်မှု တစ်လှည့်စီ ဖြစ်တည်ခဲ့သည်။

ယနေ့တွင် အလွန်ခြောက်သွေ့နေသော်လည်း နှစ်ပေါင်း ၁၅၀၀၀ ခန့်ကြာလျှင် အဆိုပါ သဲကန္တာရနေရာသည် တစ်ဖန်ပြန်လည် စိမ်းလန်းလာရန် မျှော်လင့်ချက်ရှိသည်။

ဆော်ဒီအာရေးဘီးယားပြည်သူတို့မှာ နိုင်ငံအတွင်း Aseer ဒေသတွင် ဖြစ်တောင့်ဖြစ်ခဲ နှင်းများကျဆင်းမှုအပေါ် ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေကြသည်။ Aseer ဒေသရှိ တောင်တန်းများနှင့် သဲကန္တာရများတွင် နှင်းများအတိ ဖုံးလွှမ်းလျက်ရှိနေသည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံ အနောက်တောင်ပိုင်းတွင် အပူချိန်မှာ အနှုတ် ၂ ဒီဂရီ စင်တီဂရိတ် ( ၂၈ ဒီဂရီ ဖာရင်ဟိုက်) အထိ ကျဆင်းခဲ့ပြီး ကုလားအုတ်များကို နှင်းများအတွင်း တွေ့ရမည် ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: What IS going on with the world's weather? Ice blankets the Sahara desert while snow falls in Saudi Arabia where temperature has dropped to -2C (dailymail)

[Zawgyi]

ကမၻာ့ရာသီဥတု ဘာေတြျဖစ္ကုန္ျပီလဲ? ဆာဟာရသဲကႏၱာရတြင္ ေရခဲမ်ားဖံုးလႊမ္းေနျပီး ေဆာ္ဒီအာေရးဘီးယားတြင္ အႏႈတ္ ၂ ဒီဂရီ စင္တီဂရိတ္အထိ အပူခ်ိန္က်ဆင္း

ဇန္နဝါရီလသည္ ကမၻာတစ္ဝန္း ေနရာမ်ားစြာအတြက္ ႏွင္းႏွင့္ ေရခဲမ်ား ေဆာင္ၾကဥ္းလာေလ့ရွိေသာ္လည္း အာဖရိကမွ သဲကႏၱာရမ်ားႏွင့္ အေရွ႕အလယ္ပိုင္းေဒသတို႔ႏွင့္ မသက္ဆိုင္ေခ်။

သို႔ေသာ္ ယခုႏွစ္ ဇန္နဝါရီတြင္ကား ဆာဟာရသဲကႏၱာရတြင္ ႏွင္းထုမ်ား ေတြ႔လာရသည့္နည္းတူ အေရွ႕အလယ္ပိုင္းမွ ေဆာ္ဒီအာေရးဘီးယားႏိုင္ငံတြင္လည္း အပူခ်ိန္မွာ အႏႈတ္ ၂ ဒီဂရီစင္တီဂရိတ္ (၂၈ ဒီဂရီ ဖာရင္ဟိုက္) အထိ က်ဆင္းခဲ့သည္ကို ေတြ႔ရသည္။

ဓာတ္ပံုဆရာတစ္ဦးသည္ ဆာဟာရသဲကႏၱာရအတြင္းမွ ေရခဲမ်ားအုပ္ဆိုင္းထားသည့္ သဲေတာင္ကုန္းမ်ား၏ ဓာတ္ပံုမ်ား ရိုက္ကူးမွတ္တမ္းတင္ထားခဲ့သည္။ ဆာဟာရသဲကႏၱာရ၏ အပူခ်ိန္မွာ ေရခဲမွတ္ေအာက္က်ဆင္းေနျပီး ဓာတ္ပံုမ်ားမွာ အိပ္မက္ဆန္လွသည္။

ေဆာ္ဒီအာေရးဘီးယားႏိုင္ငံတြင္လည္း ေဒသခံမ်ားႏွင့္ ႏိုင္ငံျခားသားမ်ားသည္ မၾကံဳစဖူး ထူးကဲလွသည့္ ျမင္ကြင္းကို ၾကည့္ရႈခံစားရန္ အတြက္ Aseer ေဒသရွိ သဲကႏၱာရရွိရာသို႔ အလံုးအရင္းသြားေရာက္လ်က္ရွိၾကေၾကာင္း Geo TV သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ဓာတ္ပံုဆရာ ကရင္းမ္ ဘူရွီတာတာ (Karim Bouchetata) ၏ ရင္သပ္ရႈေမာဖြယ္ ဓာတ္ပုံမ်ားတြင္ အယ္လ္ဂ်ီးရီးယားႏိုင္ငံ၊ ဆာဟာရ သဲကႏၱာရ ျမိဳ႕ကေလးျဖစ္ေသာ Ain Sefra ျမိဳ႕ငယ္ေလး၏ ျမင္ကြင္းမ်ားကို ေတြ႔ရမည္ ျဖစ္သည္။

သိုးမ်ားကို ေရခဲဖံုး သဲေတာင္ကုန္းေပၚတြင္ ေတြ႔ရမည္ျဖစ္ျပီး ထိုေန႔က အပူခ်ိန္မွာ အႏႈတ္ ၃ ဒီဂရီ စင္တီဂရိတ္ (၂၆ ဒသမ ၆ ဒီဂရီ ဖာရင္ဟိုက္) အထိ က်ဆင္းခဲ့သည္။

Ain Sefra ျမိဳ႕ငယ္ေလးကို သဲကႏၱာရဝင္ေပါက္ဟုလည္း လူသိမ်ားျပီး ပင္လယ္ေရမ်က္ႏွာျပင္ထက္ ၁၀၀၀ မီတာ (၃၂၈၀ ေပ) အျမင့္တြင္ တည္ရွိကာ အတၱလတ္စ္ ေတာင္တန္းမ်ားက ဝန္းပတ္ထားသည္။

ဆာဟာရသဲကႏၱာရသည္ အာဖရိကေျမာက္ပိုင္း ေနရာအမ်ားစုကို ျဖန္႔က်က္ထားျပီး ျပီးခဲ့ေသာ ႏွစ္ေထာင္ေပါင္းမ်ားစြာအတြင္း အပူႏွင့္ စိုစြတ္မႈ တစ္လွည့္စီ ျဖစ္တည္ခဲ့သည္။

ယေန႔တြင္ အလြန္ေျခာက္ေသြ႔ေနေသာ္လည္း ႏွစ္ေပါင္း ၁၅၀၀၀ ခန္႔ၾကာလွ်င္ အဆိုပါ သဲကႏၱာရေနရာသည္ တစ္ဖန္ျပန္လည္ စိမ္းလန္းလာရန္ ေမွ်ာ္လင့္ခ်က္ရွိသည္။

ေဆာ္ဒီအာေရးဘီးယားျပည္သူတို႔မွာ ႏိုင္ငံအတြင္း Aseer ေဒသတြင္ ျဖစ္ေတာင့္ျဖစ္ခဲ ႏွင္းမ်ားက်ဆင္းမႈအေပၚ ေပ်ာ္ရႊင္ကာ စိတ္လႈပ္ရွားေနၾကသည္။ Aseer ေဒသရွိ ေတာင္တန္းမ်ားႏွင့္ သဲကႏၱာရမ်ားတြင္ ႏွင္းမ်ားအတိ ဖံုးလႊမ္းလ်က္ရွိေနသည္။

ေဆာ္ဒီအာေရးဘီးယားႏိုင္ငံ အေနာက္ေတာင္ပိုင္းတြင္ အပူခ်ိန္မွာ အႏႈတ္ ၂ ဒီဂရီ စင္တီဂရိတ္ ( ၂၈ ဒီဂရီ ဖာရင္ဟိုက္) အထိ က်ဆင္းခဲ့ျပီး ကုလားအုတ္မ်ားကို ႏွင္းမ်ားအတြင္း ေတြ႔ရမည္ ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: What IS going on with the world's weather? Ice blankets the Sahara desert while snow falls in Saudi Arabia where temperature has dropped to -2C (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service