ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
“ချင်း” ဆိုတာ ဆေးဖက်ဝင် အိမ်သုံးဆေးဝါးတစ်ခုမှန်း ကျန်းမာရေးလိုက်စားသူ အများစုက သိထားကြမယ်ထင်ပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ မြန်မာအိမ်တိုင်းလိုလိုမှာ ချင်းကို ဟင်းချက်ရာမှာလည်း သုံးသလို အအေးမိတုပ်ကွေး၊ ဖျားနာ၊ နှာစေးနှာပိတ်၊ ခေါင်းကိုက်တာ စတဲ့ ပြဿနာတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်လို့ အသက်ရှည်ကျန်းမာစေပြီး အိုမင်းရင့်ရော်မှုကို ဟန့်တားပေးနိုင်တယ်။ ဗီတာမင်ဓာတ်တွေလည်း အစုံအလင် ပါဝင်လို့ သင့်ရဲ့ မနက်ခင်းလေးမှာ ချင်းကို နည်းနည်းစီ စားပေးခြင်းဖြင့် တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပြီး အားအင်ပြည့်ဝနေစေမှာပါ။
ဒါဆို မနက်စာမှာ ချင်းကို ဘယ်လိုစားသုံးပေးမလဲ။
ပုံမှန် မြန်မာဟင်းလျာတွေ ချက်တဲ့အခါ အမွှေးရနံ့အဖြစ် ချင်းကို ထည့်တတ်ကြပါတယ်။ ခုပြောပြမှာကတော့ မနက်စာပုံစံဖြစ်တဲ့အတွက် အဆီများပြီး လေးပင်တဲ့ အရသာရှိတဲ့ ချက်ပြုတ်နည်းတွေထက် လွယ်ကူရိုးရှင်းပြီး အချိန်မကုန်တဲ့ နည်းလမ်းတွေဖြစ်လို့ နေ့တိုင်း မနက်စာအတွက် အလုပ်ရှုပ်နေရတဲ့ အိမ်ထောင်ရှင်လေဒီလေးတွေအတွက် အဆင်ပြေစေမှာပါ။
၁။ ချင်းပြုတ်ရည်
ဆူပွက်နေတဲ့ ရေနွေးပူတစ်ခွက်ထဲကို အခွံခြစ်ပြီးသား ချင်း ၂ပြားလောက်ထည့်ပြီး နာရီဝက်လောက် စိမ်ထားပေးလိုက်ပါ။ မြန်မြန်မအေးသွားအောင်လို့ ရေနွေးခွက်ကို အဖုံးတစ်ခုခုနဲ့ လုံအောင် ဖုံးပေးဖို့တော့ လိုပါမယ်။
ချင်းပြုတ်ရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး
လည်ချောင်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ၊ ချွဲသလိပ်တွေကို ဖယ်ရှားပေးတယ်
ရေဓာတ်ကို ဖြည့်ပေးလို့ ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်တယ်
ချင်းထဲမှာ ပါတဲ့ ဗီတာမင် စီ ဓာတ်က ရေထဲမှာ ပျော်ဝင်သွားတဲ့အတွက် သောက်လိုက်တဲ့အခါ အသားအရေကို ကြည်လင်လှပစေနိုင်တယ်
ခေါင်းကိုက်တာကိုလည်း သက်သာစေတယ်
နှာပိတ်နေတဲ့သူတွေဆိုရင် ရေနွေးကနေထွက်တဲ့ အငွေ့ကို ရှူရှိုက်ပေးခြင်းဖြင့် ပိတ်နေတဲ့ နှာခေါင်းတွေကို ပွင့်ထွက်စေနိုင်ပါတယ်။
၂။ သစ်သီးဖျော်ရည်
သဘာဝသစ်သီးကို သကြား၊ နို့ဆီမထည့်ဘဲ အိမ်မှာတင် သေချာကြိတ်ပြီး ရတဲ့ သစ်သီးဖျော်ရည်တွေဟာ သင့်ရဲ့ မနက်ခင်းအတွက် အကောင်းဆုံးသော မနက်စာ တစ်ခုပါ။ ဒီသစ်သီးဖျော်ရည်ထဲကိုမှ ချင်းဖတ်လေးတွေ ပါးပါးလှီးပြီး ထည့်ပေးတာ၊ အဲ့လို မကြိုက်ရင်လည်း ချင်းပေါင်ဒါမှုန့် သို့မဟုတ် ချင်းကို သေးသေးလေးဖြစ်အောင် နုတ်နုတ်စဉ်းပြီး ထည့်ပေးလို့လည်း ရပါတယ်။
သစ်သီးဖျော်ရည်ထဲကို ချင်းထည့်ပြီး ရောကြိတ်ချင်တာဆိုရင် မုန်လာဥနီ သို့မဟုတ် မြင်းခွာရွက်တွေကို ကြိတ်တဲ့အခါ ချင်းအပြား ၅ပြားလောက် ထည့်ပြီး ကြိတ်လို့ရပါတယ်။ ထပ်ဆောင်းအနေနဲ့ ရလာတဲ့ ဖျော်ရည်ပေါ်မှာ ချင်းအဖတ်လေး နည်းနည်းဖြူးပြီး မော့သောက်လိုက်ရင်တော့ ရှယ်ပဲပေါ့။
ဒီလိုမဟုတ်ဘူးဆိုရင်လည်း သစ်သီးတွေနဲ့အတူ အပေါ်မှာ ပြောထားခဲ့တဲ့ ချင်းပြုတ်ရည်များကို ရောပြီး ကြိတ်ပေးလို့လည်း ရပါတယ်။ အရသာအနည်းငယ် ကွဲလွဲနိုင်ပေမယ့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အတူတူပဲ ဖြစ်မှာပါ။ သစ်သီးကနေ နဂိုရနိုင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေသာမက ချင်းကနေပါ အပိုအာဟာရဓာတ်တွေ ထပ်ဆောင်းရစေလို့ ကျန်းမာတဲ့ မနက်စာလေး ဖြစ်စေမှာ အသေအချာပါပဲ။
၃။ တို့စရာ ချင်း
မြန်မာလူမျိုးမှန်ရင် မနက်စာမှာ ထမင်းနဲ့ ဟင်းကတော့ မပါမဖြစ် အားဆေးတစ်ခွက်ပါပဲ။ ဒီတော့ ကိုယ်စားမယ့် မနက်စာ အသားဟင်း၊ အရွက်ဟင်း၊ ဟင်းရည်တွေထဲမှာ ချင်းကို ထည့်ချက်ပေးနိုင်ရင်လည်း ပိုကောင်းသလို တို့စရာအနေနဲ့ စားပေးလို့လည်း ရပါတယ်။ တို့စရာဆိုပေမယ့် ငပိရည်တို့နဲ့ တို့ဖို့ မလိုပါဘူးနော်။
ထမင်းဟင်း စားပြီးလို့ အီလာတယ်လို့ ခံစားရရင် ချင်းအပြားလေး တစ်ကိုက်ကိုက်ပေးခြင်းဖြင့် စားလိုက်တဲ့ အဆီ၊ အီလည်လည်ဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် ပါလို့ မနက်စောစော ပြည့်ပြည့်ဝဝ စားလိုက်တဲ့အတွက် ရင်ပြည့်မှာ၊ ဗိုက်အောင့်ဗိုက်နာတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
ကဲ ဒါဆို သင်ကိုယ်တိုင်ရော ချင်းကြိုက်တဲ့သူလား။ မကြိုက်ဘူးဆိုရင်လည်း ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အချိန်မကုန် လူလည်း မပင်ပန်းတဲ့ ချင်းလေးကို မနက်စာထဲ နည်းနည်းစီ စားပေးရုံနဲ့ ရပြီနော်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: hellosayarwon
[Zawgyi]
ခ်င္းမ်ားျဖင့္ သင့္ရဲ႕မနက္ခင္းေလး လွပေနပါေစ
“ခ်င္း” ဆိုတာ ေဆးဖက္ဝင္ အိမ္သုံးေဆးဝါးတစ္ခုမွန္း က်န္းမာေရးလိုက္စားသူ အမ်ားစုက သိထားၾကမယ္ထင္ပါတယ္။ တကယ္လည္း ဟုတ္ပါတယ္။ ျမန္မာအိမ္တိုင္းလိုလိုမွာ ခ်င္းကို ဟင္းခ်က္ရာမွာလည္း သုံးသလို အေအးမိတုပ္ေကြး၊ ဖ်ားနာ၊ ႏွာေစးႏွာပိတ္၊ ေခါင္းကိုက္တာ စတဲ့ ျပႆနာေတြအတြက္လည္း သုံးႏိုင္ပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ အမ်ားအျပား ပါဝင္လို႔ အသက္႐ွည္က်န္းမာေစၿပီး အိုမင္းရင့္ေရာ္မႈကို ဟန္႔တားေပးႏိုင္တယ္။ ဗီတာမင္ဓာတ္ေတြလည္း အစုံအလင္ ပါဝင္လို႔ သင့္ရဲ႕ မနက္ခင္းေလးမွာ ခ်င္းကို နည္းနည္းစီ စားေပးျခင္းျဖင့္ တစ္ေန႔တာလုံး လန္းဆန္းတက္ႂကြေစၿပီး အားအင္ျပည့္ဝေနေစမွာပါ။
ဒါဆို မနက္စာမွာ ခ်င္းကို ဘယ္လိုစားသုံးေပးမလဲ။
ပုံမွန္ ျမန္မာဟင္းလ်ာေတြ ခ်က္တဲ့အခါ အေမႊးရနံ႔အျဖစ္ ခ်င္းကို ထည့္တတ္ၾကပါတယ္။ ခုေျပာျပမွာကေတာ့ မနက္စာပုံစံျဖစ္တဲ့အတြက္ အဆီမ်ားၿပီး ေလးပင္တဲ့ အရသာ႐ွိတဲ့ ခ်က္ျပဳတ္နည္းေတြထက္ လြယ္ကူ႐ိုး႐ွင္းၿပီး အခ်ိန္မကုန္တဲ့ နည္းလမ္းေတြျဖစ္လို႔ ေန႔တိုင္း မနက္စာအတြက္ အလုပ္႐ႈပ္ေနရတဲ့ အိမ္ေထာင္႐ွင္ေလဒီေလးေတြအတြက္ အဆင္ေျပေစမွာပါ။
၁။ ခ်င္းျပဳတ္ရည္
ဆူပြက္ေနတဲ့ ေရေႏြးပူတစ္ခြက္ထဲကို အခြံျခစ္ၿပီးသား ခ်င္း ၂ျပားေလာက္ထည့္ၿပီး နာရီဝက္ေလာက္ စိမ္ထားေပးလိုက္ပါ။ ျမန္ျမန္မေအးသြားေအာင္လို႔ ေရေႏြးခြက္ကို အဖုံးတစ္ခုခုနဲ႔ လုံေအာင္ ဖုံးေပးဖို႔ေတာ့ လိုပါမယ္။
ခ်င္းျပဳတ္ရည္ရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူး
လည္ေခ်ာင္းထဲမွာ႐ွိတဲ့ ဘက္တီးရီးယားပိုးေတြ၊ ခြၽဲသလိပ္ေတြကို ဖယ္႐ွားေပးတယ္
ေရဓာတ္ကို ျဖည့္ေပးလို႔ ခႏၶာကိုယ္တြင္း ေရဓာတ္ဆုံး႐ႈံးမႈကိုလည္း ကာကြယ္ေပးႏိုင္တယ္
ခ်င္းထဲမွာ ပါတဲ့ ဗီတာမင္ စီ ဓာတ္က ေရထဲမွာ ေပ်ာ္ဝင္သြားတဲ့အတြက္ ေသာက္လိုက္တဲ့အခါ အသားအေရကို ၾကည္လင္လွပေစႏိုင္တယ္
ေခါင္းကိုက္တာကိုလည္း သက္သာေစတယ္
ႏွာပိတ္ေနတဲ့သူေတြဆိုရင္ ေရေႏြးကေနထြက္တဲ့ အေငြ႕ကို ႐ွဴ႐ိႈက္ေပးျခင္းျဖင့္ ပိတ္ေနတဲ့ ႏွာေခါင္းေတြကို ပြင့္ထြက္ေစႏိုင္ပါတယ္။
၂။ သစ္သီးေဖ်ာ္ရည္
သဘာဝသစ္သီးကို သၾကား၊ ႏို႔ဆီမထည့္ဘဲ အိမ္မွာတင္ ေသခ်ာႀကိတ္ၿပီး ရတဲ့ သစ္သီးေဖ်ာ္ရည္ေတြဟာ သင့္ရဲ႕ မနက္ခင္းအတြက္ အေကာင္းဆုံးေသာ မနက္စာ တစ္ခုပါ။ ဒီသစ္သီးေဖ်ာ္ရည္ထဲကိုမွ ခ်င္းဖတ္ေလးေတြ ပါးပါးလွီးၿပီး ထည့္ေပးတာ၊ အဲ့လို မႀကိဳက္ရင္လည္း ခ်င္းေပါင္ဒါမႈန္႔ သို႔မဟုတ္ ခ်င္းကို ေသးေသးေလးျဖစ္ေအာင္ ႏုတ္ႏုတ္စဥ္းၿပီး ထည့္ေပးလို႔လည္း ရပါတယ္။
သစ္သီးေဖ်ာ္ရည္ထဲကို ခ်င္းထည့္ၿပီး ေရာႀကိတ္ခ်င္တာဆိုရင္ မုန္လာဥနီ သို႔မဟုတ္ ျမင္းခြာ႐ြက္ေတြကို ႀကိတ္တဲ့အခါ ခ်င္းအျပား ၅ျပားေလာက္ ထည့္ၿပီး ႀကိတ္လို႔ရပါတယ္။ ထပ္ေဆာင္းအေနနဲ႔ ရလာတဲ့ ေဖ်ာ္ရည္ေပၚမွာ ခ်င္းအဖတ္ေလး နည္းနည္းျဖဴးၿပီး ေမာ့ေသာက္လိုက္ရင္ေတာ့ ႐ွယ္ပဲေပါ့။
ဒီလိုမဟုတ္ဘူးဆိုရင္လည္း သစ္သီးေတြနဲ႔အတူ အေပၚမွာ ေျပာထားခဲ့တဲ့ ခ်င္းျပဳတ္ရည္မ်ားကို ေရာၿပီး ႀကိတ္ေပးလို႔လည္း ရပါတယ္။ အရသာအနည္းငယ္ ကြဲလြဲႏိုင္ေပမယ့္ ရႏိုင္တဲ့ အက်ိဳးေက်းဇူးေတြကေတာ့ အတူတူပဲ ျဖစ္မွာပါ။ သစ္သီးကေန နဂိုရႏိုင္တဲ့ ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြသာမက ခ်င္းကေနပါ အပိုအာဟာရဓာတ္ေတြ ထပ္ေဆာင္းရေစလို႔ က်န္းမာတဲ့ မနက္စာေလး ျဖစ္ေစမွာ အေသအခ်ာပါပဲ။
၃။ တို႔စရာ ခ်င္း
ျမန္မာလူမ်ိဳးမွန္ရင္ မနက္စာမွာ ထမင္းနဲ႔ ဟင္းကေတာ့ မပါမျဖစ္ အားေဆးတစ္ခြက္ပါပဲ။ ဒီေတာ့ ကိုယ္စားမယ့္ မနက္စာ အသားဟင္း၊ အ႐ြက္ဟင္း၊ ဟင္းရည္ေတြထဲမွာ ခ်င္းကို ထည့္ခ်က္ေပးႏိုင္ရင္လည္း ပိုေကာင္းသလို တို႔စရာအေနနဲ႔ စားေပးလို႔လည္း ရပါတယ္။ တို႔စရာဆိုေပမယ့္ ငပိရည္တို႔နဲ႔ တို႔ဖို႔ မလိုပါဘူးေနာ္။
ထမင္းဟင္း စားၿပီးလို႔ အီလာတယ္လို႔ ခံစားရရင္ ခ်င္းအျပားေလး တစ္ကိုက္ကိုက္ေပးျခင္းျဖင့္ စားလိုက္တဲ့ အဆီ၊ အီလည္လည္ျဖစ္တာကို သက္သာေစႏိုင္ပါတယ္။ ဒါ့အျပင္ အမွ်င္ဓာတ္ ပါလို႔ မနက္ေစာေစာ ျပည့္ျပည့္ဝဝ စားလိုက္တဲ့အတြက္ ရင္ျပည့္မွာ၊ ဗိုက္ေအာင့္ဗိုက္နာတာကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။
ကဲ ဒါဆို သင္ကိုယ္တိုင္ေရာ ခ်င္းႀကိဳက္တဲ့သူလား။ မႀကိဳက္ဘူးဆိုရင္လည္း ကိုယ့္ရဲ႕ က်န္းမာေရးအတြက္ အခ်ိန္မကုန္ လူလည္း မပင္ပန္းတဲ့ ခ်င္းေလးကို မနက္စာထဲ နည္းနည္းစီ စားေပး႐ုံနဲ႔ ရၿပီေနာ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: hellosayarwon