ငုံးဥကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ငုံးဥကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး - Property Knowledge in Myanmar from iMyanmarHouse.com
18 Jan 2021 11:54 am တွင် တင်ခဲ့သည်
1136 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ငုံးဥ

ငုံးဥဆိုတာ ငုံးငှက်ကလေးတွေရဲ့ဥလေးတွေဖြစ်ပါတယ်။ ငုံးငှက်လေးတွေကမြေပြင်မှာ လျင်လျင်မြန်မြန်သွားလာနိုင်ပြီး တခါတလေတော့ပျံတတ်ပါတယ်။ ငုံးဥက ကြက်ဥထက်တော်တော်လေးသေးပြီး အခွံပေါ်မှာ အမဲရောင်အစက်လေးတွေပါဝင်ပါတယ်။ အလေးချိန်အားဖြင့် ကြက်ဥနဲ့ဘဲဥတွေထက်ပေါ့ပေမယ့် အာဟာရဓါတ်ကတော့တော်တော်လေးပိုများပါတယ်။

ငုံးဥကနေပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ငုံးဥမှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီးကျန်းမာရေးကိုအထောက်အကူပြုနိုင်တာကြောင့်နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

ငုံးဥမှာ အမြင်အာရုံကိုကောင်းမွန်အောင်အားဖြည့်ပေးတဲ့ ဗီတာမင်အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံ ကြည်လင်ကောင်းမွန်စေသလို မျက်စိကိုကျန်းမာစေပါတယ်။ ဗီတာမင်အေ ရဲ့ဓါတ်တိုးဆန့်ကျင်မှုဖြစ်စဉ်တွေက မျက်လုံးကြွက်သား ယိုယွင်းပျက်စီးမှုကိုလျှော့ချပေးနိုင်သလို အတွင်းတိမ်မဖြစ်အောင်ကာကွယ်ပေးပြီး အမြင်အာရုံကိုပိုမိုကောင်းမွန်စေပါတယ်။

ကိုလက်စထရောပမာဏကိုထိန်းညှိပေးခြင်း

ငုံးဥမှာ ခန္ဓါကိုယ်အတွက်အကျိုးပြုတဲ့fatty acidတွေအများအပြားပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။HDL ကိုလက်စထရောက ခန္ဓါကိုယ်ကိုအကျိုးမပြုတဲ့ကိုလက်စထရောဖြစ်တဲ့ LDL ကိုလက်စထရောကိုတိုက်ဖျက်ဖို့အတွက်လိုအပ်တဲ့ အကျိုးပြုကိုလက်စထရောတစ်မျိုးဖြစ်ပါတယ်။ ငုံးဥမှာ HDL ကိုလက်စထရော ၆၀ ရာခိုင်နှုန်းလောက်အထိပါဝင်ပါတယ်။ ကိုလက်စထေရောဆိုင်ရာပြဿနာအခံရှိသူတွေအနေနဲပကတော့ ငုံးဥအများကြီးမစားသင့်ပါဘူး။ ငုံးဥတစ်လုံးမှာ အကြမ်းဖျင်းအားဖြင့်ပြည့်ဝဆီ ၁.၆ ဂရမ်ပါဝင်နေပါတယ်။

ခန္ဓါကိုယ် ကြီးထွားဖွံ့ဖြိုးအောင်လှုံ့ဆော်ပေးခြင်း

ကြက်ဥလိုမျိုးပဲ ငုံးဥကလည်း ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်တွေကိုထောက်ပံ့ပေးပါတယ်။ ပရိုတင်းတွေက အာဟာရဓါတ်ပုံစံအမျိုးမျိုးအဖြစ်ပြိုကွဲသွားပြီး ဆဲလ်အသစ်တွေ၊တစ်ရှုးတွေ၊ ကြွက်သား၊အရိုးနဲ့သွေးကြောတွေကိုဖြစ်ပေါ်စေပါတယ်။ ငုံးဥမှာပါတဲ့ အာဟာရဓါတ်က ကျန်းမာရေးကောင်းမွန်စေပြီး ခန္ဓါကိုယ်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကိုဖြစ်ပေါ်စေပါတယ်။

သွေးတိုးကျစေခြင်း

ငုံးဥမှာ ပိုတက်ဆီယမ်အပါအဝင် ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်များစွာပါဝင်ပါတယ်။ ငုံးဥက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်လားဆိုတာကိုလေ့လာနေဆဲဆိုပေမယ့် ငုံးဥမှာ ပိုတက်ဆီယမ်ပါဝင်နေတာကသွေးတိုးကျစေနိုင်ပြီးသွေးလွတ်ကြောတွေ နဲ့သွေးပြန်ကြောတွေအပေါ်မှာ ဖိအားတွေသက်ရောက်တာကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ငုံးဥမှာ ကြက်ဥထက်ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်တွင်း အဆိပ်အတောက်ကိုပြေစေနိုင်ခြင်း

နေထိုင်ရာ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ၊ ညစ်ညမ်းတဲ့အရာတွေကိုယ်တွင်းအဆိပ်အတောက်တွေကိုပြေစေတာက အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။လေ့လာမှုတွေအရနေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ငုံးဥကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင်သွေးကြောတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မှာဖြစ်သလို သည်းခြေကျောက်နဲ့ကျောက်ကပ်ကျောက်တွေကိုသေးငယ်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဓါတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာက လူ့ကျန်းမာရေးအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ လူသားတွေဟာနေ့စဉ်နဲ့အမျှ နာတာရှည်ရောဂါတွေနဲ့ ကင်ဆာဝေနာတွေကိုဖြစ်စေနိုင်တဲ့free radicalတွေနဲ့ထိုးစစ်ဆင်နေရပါတယ်။ ငုံးဥမှာfree radicalတွေကိုတိုက်ဖျက်ပးနိုင်စွမ်းရှိတဲ့ ဗီတာမင် စီ နဲ့ ဗီတာမင်အေ (Vitamin A)တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး နာတာရှည်ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဓါတ်မတည့်မှုတွေကို သက်သာစေခြင်း

ငုံးဥမှာ ဓါတ်မတည့်မှုကိုတိုက်ဖျက်ပေးတဲ့ သဘာဝဓါတ်ပစ္စည်းတစ်ရပ်ဖြစ်တဲ့ovomucoid ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ရောင်ရမ်းတာနဲ့ အခြားဓါတ်မတည့်တဲ့လက္ခဏာတွေခံစားရမယ်ဆိုရင် ငုံးဥစားပေးလို့ရပါတယ်။ ငုံးဥက ဓါတ်မတည့်မှုတွေကိုလျော့ပါးသက်သာစေပြီး ခန္ဓါကိုယ်ကိုပုံမှန်အနေအထားပြန်လည်ရောက်ရှိစေမှာဖြစ်ပါတယ်။

ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ကိုတိုးတက်စေနိုင်ခြင်း

ငုံးဥမှာပါတဲ့ ဗီတာမင် ဘီ ကဟော်မုန်းနဲ့အင်ဇိုင်းတွေရဲ့လုပ်ဆောင်မှုတွေအပါအဝင်ခန္ဓါကိုယ်တစ်ခုလုံးက ဇီဝတွင်းဖြစ်ပျက်မှုတွေကိုမြှင့်တင်ပေးပါတယ်။ ငုံးဥကအရသာရှိတာထက် ခန္ဓါကိုယ်ရဲ့လုပ်ငန်းစဉ်တွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုတွေကိုချောမွေ့စေပါတယ်။

စွမ်းအင်ကိုတိုးမြှင့်စေနိုင်ခြင်း

ငုံးဥမှာ သတ္တုဓါတ်နဲ့ အာဟာရဓါတ်များစွာပါဝင်နေသလို ပရိုတင်းကလည်း ၆ ဂရမ်ပါဝင်တာကြောင့် မနက်တိုင်းငုံးဥစားသုံးပေးမယ်ဆိုရင် စွမ်းအင်တိုးတက်စေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။

သတိပြုစရာများ

ငုံးဥမှာပြည့်ဝဆီ အတန်အသင့်ပါဝင်နေတာကြောင့် ငုံးဥကို အကန့်အသတ်နဲ့စားသုံးသင့်ပါတယ်။နေ့စဉ်စားသုံးမှုပုံစံကို ကြီးကြီးမားမားပြောင်းလဲမယ်ဆိုရင် တတ်သိနားလည်သူနဲ့တိုင်ပင်သင့်ပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေကို ငုံးဥအများကြီးမကျွေးသင့်ပါဘူး။ ငုံးဥကို အသင့်အတင့်စားသုံးတာကတော့ အန္တရာယ်မရှိပါ ဘူး။ ငုံးဥကို အသက် ၈ လအောက်ကလေးတွေကိုမကျွေးသင့်ပါဘူး။ ငုံးဥနဲ့ဓါတ်မတည့်သူတွေကိုလည်းမကျွေးသင့်ပါဘူး။ ကျောက်ကပ်နဲ့အသည်းရောဂါရှိသူတွေနဲ့လည်းမသင့်တော်ပါဘူး။ အစာအိမ်နဲ့အူလမ်းကြောင်းဝေဒနာရှိသူတွေအနေနဲ့လည်းမစားသုံးသင့်ပါဘူး။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ငုံးဥကေပးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူး

ငုံးဥ

ငုံးဥဆိုတာ ငုံးငွက္ကေလးေတြရဲ႕ဥေလးေတြျဖစ္ပါတယ္။ ငုံးငွက္ေလးေတြကေျမျပင္မွာ လ်င္လ်င္ျမန္ျမန္သြားလာႏိုင္ၿပီး တခါတေလေတာ့ပ်ံတတ္ပါတယ္။ ငုံးဥက ၾကက္ဥထက္ေတာ္ေတာ္ေလးေသးၿပီး အခြံေပၚမွာ အမဲေရာင္အစက္ေလးေတြပါဝင္ပါတယ္။ အေလးခ်ိန္အားျဖင့္ ၾကက္ဥနဲ႔ဘဲဥေတြထက္ေပါ့ေပမယ့္ အာဟာရဓါတ္ကေတာ့ေတာ္ေတာ္ေလးပိုမ်ားပါတယ္။

ငုံးဥကေနေပးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးမ်ား

ငုံးဥမွာ အာဟာရဓါတ္ႂကြယ္ဝစြာပါဝင္ၿပီးက်န္းမာေရးကိုအေထာက္အကူျပဳႏိုင္တာေၾကာင့္ေန႔စဥ္စားသုံးတဲ့အစားအေသာက္ေတြထဲမွာ ထည့္သြင္းစားသုံးေပးမယ္ဆိုရင္ ရ႐ွိလာႏိုင္မယ့္ အက်ိဳးေက်းဇူးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

အျမင္အာ႐ုံေကာင္းမြန္ေစျခင္း

ငုံးဥမွာ အျမင္အာ႐ုံကိုေကာင္းမြန္ေအာင္အားျဖည့္ေပးတဲ့ ဗီတာမင္ေအ (Vitamin A) ႂကြယ္ဝစြာပါဝင္တာေၾကာင့္ အျမင္အာ႐ုံ ၾကည္လင္ေကာင္းမြန္ေစသလို မ်က္စိကိုက်န္းမာေစပါတယ္။ ဗီတာမင္ေအ ရဲ႕ဓါတ္တိုးဆန္႔က်င္မႈျဖစ္စဥ္ေတြက မ်က္လုံးႂကြက္သား ယိုယြင္းပ်က္စီးမႈကိုေလွ်ာ့ခ်ေပးႏိုင္သလို အတြင္းတိမ္မျဖစ္ေအာင္ကာကြယ္ေပးၿပီး အျမင္အာ႐ုံကိုပိုမိုေကာင္းမြန္ေစပါတယ္။

ကိုလက္စထေရာပမာဏကိုထိန္းညႇိေပးျခင္း

ငုံးဥမွာ ခႏၶါကိုယ္အတြက္အက်ိဳးျပဳတဲ့fatty acidေတြအမ်ားအျပားပါဝင္တာေၾကာင့္ ႏွလုံးက်န္းမာေရးကိုတိုးတက္ေကာင္းမြန္ေစပါတယ္။HDL ကိုလက္စထေရာက ခႏၶါကိုယ္ကိုအက်ိဳးမျပဳတဲ့ကိုလက္စထေရာျဖစ္တဲ့ LDL ကိုလက္စထေရာကိုတိုက္ဖ်က္ဖို႔အတြက္လိုအပ္တဲ့ အက်ိဳးျပဳကိုလက္စထေရာတစ္မ်ိဳးျဖစ္ပါတယ္။ ငုံးဥမွာ HDL ကိုလက္စထေရာ ၆၀ ရာခိုင္ႏႈန္းေလာက္အထိပါဝင္ပါတယ္။ ကိုလက္စေထေရာဆိုင္ရာျပႆနာအခံ႐ွိသူေတြအေနနဲပကေတာ့ ငုံးဥအမ်ားႀကီးမစားသင့္ပါဘူး။ ငုံးဥတစ္လုံးမွာ အၾကမ္းဖ်င္းအားျဖင့္ျပည့္ဝဆီ ၁.၆ ဂရမ္ပါဝင္ေနပါတယ္။

ခႏၶါကိုယ္ ႀကီးထြားဖြံ႕ၿဖိဳးေအာင္လႈံ႕ေဆာ္ေပးျခင္း

ၾကက္ဥလိုမ်ိဳးပဲ ငုံးဥကလည္း ခႏၶါကိုယ္ရဲ႕လုပ္ငန္းစဥ္ေတြအတြက္ လိုအပ္တဲ့ ပ႐ိုတင္းဓါတ္ေတြကိုေထာက္ပံ့ေပးပါတယ္။ ပ႐ိုတင္းေတြက အာဟာရဓါတ္ပုံစံအမ်ိဳးမ်ိဳးအျဖစ္ၿပိဳကြဲသြားၿပီး ဆဲလ္အသစ္ေတြ၊တစ္႐ႈးေတြ၊ ႂကြက္သား၊အ႐ိုးနဲ႔ေသြးေၾကာေတြကိုျဖစ္ေပၚေစပါတယ္။ ငုံးဥမွာပါတဲ့ အာဟာရဓါတ္က က်န္းမာေရးေကာင္းမြန္ေစၿပီး ခႏၶါကိုယ္ရဲ႕ ပုံမွန္ႀကီးထြားဖြံ႕ၿဖိဳးမႈကိုျဖစ္ေပၚေစပါတယ္။

ေသြးတိုးက်ေစျခင္း

ငုံးဥမွာ ပိုတက္ဆီယမ္အပါအဝင္ ခႏၶါကိုယ္အတြက္မ႐ွိမျဖစ္လိုအပ္တဲ့ သတၱဳဓါတ္မ်ားစြာပါဝင္ပါတယ္။ ငုံးဥက ႏွလုံးေရာဂါမျဖစ္ေအာင္ကာကြယ္ေပးႏိုင္လားဆိုတာကိုေလ့လာေနဆဲဆိုေပမယ့္ ငုံးဥမွာ ပိုတက္ဆီယမ္ပါဝင္ေနတာကေသြးတိုးက်ေစႏိုင္ၿပီးေသြးလြတ္ေၾကာေတြ နဲ႔ေသြးျပန္ေၾကာေတြအေပၚမွာ ဖိအားေတြသက္ေရာက္တာကိုေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ ငုံးဥမွာ ၾကက္ဥထက္ပိုတက္ဆီယမ္ ႂကြယ္ဝစြာပါဝင္ပါတယ္။

ကိုယ္တြင္း အဆိပ္အေတာက္ကိုေျပေစႏိုင္ျခင္း

ေနထိုင္ရာ ပတ္ဝန္းက်င္မွာ အဆိပ္အေတာက္ျဖစ္ေစတဲ့အရာေတြ၊ ညစ္ညမ္းတဲ့အရာေတြကိုယ္တြင္းအဆိပ္အေတာက္ေတြကိုေျပေစတာက အေရးပါတဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ေလ့လာမႈေတြအရေန႔စဥ္စားသုံးတဲ့အစားအစာေတြထဲမွာ ငုံးဥကိုထည့္သြင္းစားသုံးေပးမယ္ဆိုရင္ေသြးေၾကာေတြထဲက အဆိပ္အေတာက္ေတြကို ဖယ္႐ွားေပးႏိုင္မွာျဖစ္သလို သည္းေျခေက်ာက္နဲ႔ေက်ာက္ကပ္ေက်ာက္ေတြကိုေသးငယ္ေအာင္လည္းအေထာက္အကူျဖစ္ေစမွာျဖစ္ပါတယ္။

နာတာ႐ွည္ေဝဒနာေတြမျဖစ္ေအာင္ကာကြယ္ေပးျခင္း

ဓါတ္တိုးဆန္႔က်င္ပစၥည္းဆိုတာက လူ႕က်န္းမာေရးအတြက္ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုပါ။ လူသားေတြဟာေန႔စဥ္နဲ႔အမွ် နာတာ႐ွည္ေရာဂါေတြနဲ႔ ကင္ဆာေဝနာေတြကိုျဖစ္ေစႏိုင္တဲ့free radicalေတြနဲ႔ထိုးစစ္ဆင္ေနရပါတယ္။ ငုံးဥမွာfree radicalေတြကိုတိုက္ဖ်က္ပးႏိုင္စြမ္း႐ွိတဲ့ ဗီတာမင္ စီ နဲ႔ ဗီတာမင္ေအ (Vitamin A)ေတြႂကြယ္ဝစြာပါဝင္ေနပါတယ္။ က်န္းမာေရးေကာင္းမြန္ၿပီး နာတာ႐ွည္ေရာဂါေတြ မျဖစ္ေအာင္ကာကြယ္ေပးပါတယ္။

ဓါတ္မတည့္မႈေတြကို သက္သာေစျခင္း

ငုံးဥမွာ ဓါတ္မတည့္မႈကိုတိုက္ဖ်က္ေပးတဲ့ သဘာဝဓါတ္ပစၥည္းတစ္ရပ္ျဖစ္တဲ့ovomucoid ပ႐ိုတင္းဓါတ္ႂကြယ္ဝစြာပါဝင္ေနပါတယ္။ေရာင္ရမ္းတာနဲ႔ အျခားဓါတ္မတည့္တဲ့လကၡဏာေတြခံစားရမယ္ဆိုရင္ ငုံးဥစားေပးလို႔ရပါတယ္။ ငုံးဥက ဓါတ္မတည့္မႈေတြကိုေလ်ာ့ပါးသက္သာေစၿပီး ခႏၶါကိုယ္ကိုပုံမွန္အေနအထားျပန္လည္ေရာက္႐ွိေစမွာျဖစ္ပါတယ္။

ဇီဝတြင္းျဖစ္ပ်က္ေျပာင္းလဲမႈျဖစ္စဥ္ကိုတိုးတက္ေစႏိုင္ျခင္း

ငုံးဥမွာပါတဲ့ ဗီတာမင္ ဘီ ကေဟာ္မုန္းနဲ႔အင္ဇိုင္းေတြရဲ႕လုပ္ေဆာင္မႈေတြအပါအဝင္ခႏၶါကိုယ္တစ္ခုလုံးက ဇီဝတြင္းျဖစ္ပ်က္မႈေတြကိုျမႇင့္တင္ေပးပါတယ္။ ငုံးဥကအရသာ႐ွိတာထက္ ခႏၶါကိုယ္ရဲ႕လုပ္ငန္းစဥ္ေတြနဲ႔ ကိုယ္အဂၤါအစိတ္အပိုင္းေတြရဲ႕ လုပ္ေဆာင္မႈေတြကိုေခ်ာေမြ႕ေစပါတယ္။

စြမ္းအင္ကိုတိုးျမႇင့္ေစႏိုင္ျခင္း

ငုံးဥမွာ သတၱဳဓါတ္နဲ႔ အာဟာရဓါတ္မ်ားစြာပါဝင္ေနသလို ပ႐ိုတင္းကလည္း ၆ ဂရမ္ပါဝင္တာေၾကာင့္ မနက္တိုင္းငုံးဥစားသုံးေပးမယ္ဆိုရင္ စြမ္းအင္တိုးတက္ေစၿပီး စိတ္ခံစားမႈကိုလည္း တိုးတက္ေကာင္းမြန္ေစမွာျဖစ္ပါတယ္။

သတိျပဳစရာမ်ား

ငုံးဥမွာျပည့္ဝဆီ အတန္အသင့္ပါဝင္ေနတာေၾကာင့္ ငုံးဥကို အကန္႔အသတ္နဲ႔စားသုံးသင့္ပါတယ္။ေန႔စဥ္စားသုံးမႈပုံစံကို ႀကီးႀကီးမားမားေျပာင္းလဲမယ္ဆိုရင္ တတ္သိနားလည္သူနဲ႔တိုင္ပင္သင့္ပါတယ္။ သက္ႀကီး႐ြယ္အိုေတြနဲ႔ကေလးငယ္ေတြကို ငုံးဥအမ်ားႀကီးမေကြၽးသင့္ပါဘူး။ ငုံးဥကို အသင့္အတင့္စားသုံးတာကေတာ့ အႏၲရာယ္မ႐ွိပါ ဘူး။ ငုံးဥကို အသက္ ၈ လေအာက္ကေလးေတြကိုမေကြၽးသင့္ပါဘူး။ ငုံးဥနဲ႔ဓါတ္မတည့္သူေတြကိုလည္းမေကြၽးသင့္ပါဘူး။ ေက်ာက္ကပ္နဲ႔အသည္းေရာဂါ႐ွိသူေတြနဲ႔လည္းမသင့္ေတာ္ပါဘူး။ အစာအိမ္နဲ႔အူလမ္းေၾကာင္းေဝဒနာ႐ွိသူေတြအေနနဲ႔လည္းမစားသုံးသင့္ပါဘူး။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
MIngalardon Garden City
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service