အခြားနည်းအသုံးပြုရန်လျှောက်ထားမြေအား မည်သည့်နည်းလမ်းအမျိုးအစားဖြင့် အသုံးပြုလိုသည်ကို စုံစမ်း စစ်ဆေးခြင်း

အခြားနည်းအသုံးပြုရန်လျှောက်ထားမြေအား မည်သည့်နည်းလမ်းအမျိုးအစားဖြင့် အသုံးပြုလိုသည်ကို စုံစမ်း စစ်ဆေးခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
18 Jan 2021 11:41 am တွင် တင်ခဲ့သည်
1123 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လယ်ယာမြေဥပဒေပုဒ်မ-၃၀အရ လယ်ယာမြေကို အခြားနည်းအသုံးပြုရန်လျှောက်ထားမြေအား မည်သည့်နည်းလမ်းအမျိုးအစားဖြင့် အသုံးပြုလိုသည်ကို အောက်ပါအချက်အလက်များအရ လျှောက်လွှာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်ပါသည်။

လျှောက်ထားမြေ၏အခြေအနေ

လျှောက်ထားသည့်မြေ တည်ရှိရာ ရပ်ကွက်/ကျေးရွာအုပ်စု၊ ကွင်း/အကွက်အမှတ်၊ ဦးပိုင်အမှတ်၊ မြေမျိုးကြီး၊ ဧရိယာ(ဧက)၊ လက်ရှိ လုပ်ကိုင်သူအမည်၊ ယခုလျှောက်ထားသည့်ဧရိယာ၊ လက်ရှိလုပ်ကိုင်သူ၏ စုစုပေါင်းလုပ်ကွက်ဧရိယာနှင့် ကျန်ရှိသည့်ဧရိယာတို့ကို တိတိကျကျဖော်ပြရန်လိုအပ်ခြင်း။

ပိုင်ဆိုင်မှုအခြေအနေ

လျှောက်ထားသည့် ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းသည် အဆိုပါလယ်ယာမြေကို လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ရှိ/မရှိ စုံစမ်းစစ်ဆေးရန်၊ လုပ်ပိုင်ခွင့်ရှိပါက မည်သည့်နှစ်မှစ၍ လုပ်ပိုင်ခွင့်ရရှိမှု အထောက်အထားမိတ္တူကို ပူးတွဲရမည်ဖြစ်ပြီး လုပ်ပိုင်ခွင့်ပြုလက်မှတ်မရှိပါက အဆိုပါလယ်ယာမြေကို လုပ်ပိုင် ခွင့်အား မည်သို့လွှဲပြောင်းရယူသည် လွှဲပြောင်းပေးရန် သဘောတူညီချက် ရှိ/မရှိ ကတိဝန်ခံချက် ရှိ/မရှိနှင့် ရှိပါက မူရင်း (သို့မဟုတ်) မိတ္တူရယူစစ်ဆေးပြီး ပူးတွဲရန်လိုအပ်ခြင်း။

စိုက်ပျိုးလုပ်ကိုင်မှုအခြေအနေ

လျှောက်ထားသည့်မြေပေါ်တွင် စိုက်ပျိုးလုပ်ကိုင်သည့် သီးနှံကိုဖော်ပြရန်၊ စိုက်ပျိုးခြင်းမရှိ၍ လှပ်ထား ပါက မလှပ်ထားမီအချိန်က စိုက်ပျိုးလုပ်ကိုင်သူအမည်၊ ၎င်းစိုက်ပျိုးခဲ့သည့် သီးနှံ၊ ဧရိယာနှင့် ယင်းမြေကို စွန့်လွတ်ရပါက ၎င်းဆန္ဒသဘောထား၊ ၎င်း၏စီးပွားရေးအခြေအနေ၊ ၎င်း၏မိသားစုဦးရေနှင့် အလုပ်အကိုင်များ၊ ၎င်းအားအဆိုပါမြေပေါ်မှ ထွက်ခွာသွားရန် ဆောင်ရွက်ခဲ့ပါက မည်သို့ဆောင်ရွက်ပေးခဲ့ရသည် အစရှိသည် တို့ကို စုံးစမ်းစစ်ဆေးခြင်း။

အဆောက်အဦဆောက်လုပ်မှုအခြေအနေ

လျှောက်ထားသည့် မြေပေါ်တွင် အဆောက်အဦများ၊ ဆောက်လုပ်ပြီး၊ ဆောက်လုပ်ဆဲ အဆောက် အဦများနှင့်ပတ်သက်၍ စတင်ဆောက်လုပ်သည့်ခုနှစ်၊လ၊ အဆောက်အဦအမျိုးအစားနှင့် အရွယ်အစား၊ အဆောက်အဦများ၏ လက်ရှိအခြေအနေ၊ အဆောက်အဦများကို လက်ရှိအသုံးပြု/မပြု၊ ပြုလျှင် မည်ကဲ့သို့ အသုံးပြုလျက်ရှိသည်၊ အဆောက်အဦကို မည်သို့ဆောက်လုပ်ပိုင်ဆိုင်သည်၊ လျှောက်ထားသည့်မြေနေရာ၏ အရှေ့မြင်၊ အနောက်မြင်၊ ဘေးမြင် ဓာတ်ပုံတစ်ပုံစီပူးတွဲတင်ပြစေခြင်း စသည့်အချက်အလက်များကို စုံစမ်း စစ်ဆေးခြင်း။

အဆောက်အဦအနေအထား

လျှောက်ထားသည့်မြေပုံပေါ်တွင် ဆောက်လုပ်ပြီး (သို့မဟုတ်) ဆောက်လုပ်မည့်အဆောက်အဦ တည် နေရာကို ဖော်ပြသည့်မြေပုံ (Site Plan) ကို ၁၆ ̎ = ၁ မိုင်စကေး (သို့မဟုတ်) တစ်လက်မ= ၁၀၀ပေ စကေးဖြင့် ရေးဆွဲတင်ပြစေခြင်း၊ ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ နှစ်မျိုးစလုံးပါဝင်နေပါက ခွဲခြားဖော်ပြခြင်း၊ လျှောက် ထားသည့်မြေသည် တိုးချဲ့ရန်မြေဖြစ်ပါက လက်ရှိအသုံးပြုနေသော မြေနှင့်တိုးချဲ့ရန်လိုအပ်သောမြေ (၂)မျိုး စလုံး၏ ဧရိယာအသီးသီးကို စစ်ဆေးဖော်ပြစေခြင်း၊ လျှောက်ထားသည့်မြေဧရိယာအားလုံးကို အမှန်လိုအပ် သည်၊ မလိုအပ်သည်ကို မြေပေါ်သွားရောက်စစ်ဆေးရန်၊ ယင်းသို့ စစ်ဆေးရာတွင် (Site Plan) နှင့်တိုက်ဆိုင်၍ အမှန်တကယ်လိုအပ်သော မြေအကျယ်အဝန်းကို သေချာစွာ စစ်ဆေးခြင်း။

လျှောက်ထားသူ၏ဝန်ခံချက်

အဆောက်အဦ မဆောက်လုပ်ရသေးပါက လျှောက်ထားသည့်အတိုင်း ခွင့်ပြုလျှင် ခွင့်ပြုပြီးနောက် (၆)လအတွင်း အထက်ဖော်ပြပါ (Site Plan)တွင် ပါရှိသည့်အတိုင်း အဆောက်အဦများကို စတင်ဆောက်လုပ် ပါမည် (သို့မဟုတ်) သတ်မှတ်ကာလအတွင်း ပြီးစီးအောင်လုပ်ငန်းဆောင်ရွက်ပါမည်ဟူသော လျှောက်ထားသူ ၏ ဝန်ခံချက်ကို တစ်ပါတည်းပူးတွဲတင်ပြစေခြင်း။

အခြားအချက်များ

လျှောက်ထားသည့်မြေကို မည်သည့်နေရက်မှစ၍ လျှောက်ထားသည့်အတိုင်း အခြားနည်းအသုံးပြုလို သည်ကို စစ်ဆေးခြင်း။

အစိုးရဌာနအဖွဲ့အစည်းများ လယ်ယာမြေကို အခြားနည်းအသုံးပြုရန်လျှောက်ထားသည့်ကိစ္စအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောတူညီချက်ရယူခြင်း။ တပ်ရင်းတပ်ဖွဲ့များမှ လျှောက်ထားသည့်ကိစ္စဖြစ်လျှင် သက်ဆိုင်ရာတိုင်းစစ်ဌာနချ်ု့များမှတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာန၏ သဘောတူညီချက်ရယူခြင်း။

လျှောက်ထားသည့်မြေနှင့် ဘေ ပတ်ဝန်းကျင်မြေများ ဖော်ပြသည့်မြေပုံကို လုပ်ငန်းစာတွဲတွင်ပူးတွဲ၍ ဘေးပတ်ဝန်းကျင်ရှိ မြေများ၏ အသုံးပြုမှုအခြေအနေကို တင်ပြစေခြင်း။ လျှောက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်သူ ရှိ/မရှိနှင့် ရှိပါက မည်သည့်အတွက်ကြောင့် ကန့်ကွက်ကြောင်းကို စုံစမ်းစစ် ဆေးခြင်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အျခားနည္းအသံုးျပဳရန္ေလွ်ာက္ထားေျမအား မည္သည့္နည္းလမ္းအမ်ိဳးအစားျဖင့္ အသံုးျပဳလုိသည္ကို စံုစမ္း စစ္ေဆးျခင္း

လယ္ယာေျမဥပေဒပုဒ္မ-၃၀အရ လယ္ယာေျမကို အျခားနည္းအသံုးျပဳရန္ေလွ်ာက္ထားေျမအား မည္သည့္နည္းလမ္းအမ်ိဳးအစားျဖင့္ အသံုးျပဳလုိသည္ကို ေအာက္ပါအခ်က္အလက္မ်ားအရ ေလွ်ာက္လႊာ လက္ခံရရွိသည့္ေန႔မွ ရက္ေပါင္း ၃၀ အတြင္း စံုစမ္းစစ္ေဆးျခင္း ေဆာင္ရြက္ပါသည္။

ေလွ်ာက္ထားေျမ၏အေျခအေန

ေလွ်ာက္ထားသည့္ေျမ တည္ရွိရာ ရပ္ကြက္/ေက်းရြာအုပ္စု၊ ကြင္း/အကြက္အမွတ္၊ ဦးပိုင္အမွတ္၊ ေျမမ်ိဳးႀကီး၊ ဧရိယာ(ဧက)၊ လက္ရွိ လုပ္ကိုင္သူအမည္၊ ယခုေလွ်ာက္ထားသည့္ဧရိယာ၊ လက္ရွိလုပ္ကိုင္သူ၏ စုစုေပါင္းလုပ္ကြက္ဧရိယာႏွင့္ က်န္ရွိသည့္ဧရိယာတို႔ကို တိတိက်က်ေဖာ္ျပရန္လိုအပ္ျခင္း။

ပိုင္ဆိုင္မႈအေျခအေန

ေလွ်ာက္ထားသည့္ ပုဂၢိဳလ္ (သို႔မဟုတ္) အဖြဲ႕အစည္းသည္ အဆုိပါလယ္ယာေျမကို လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ ရွိ/မရွိ စံုစမ္းစစ္ေဆးရန္၊ လုပ္ပိုင္ခြင့္ရွိပါက မည္သည့္ႏွစ္မွစ၍ လုပ္ပိုင္ခြင့္ရရွိမႈ အေထာက္အထားမိတၱဴကို ပူးတြဲရမည္ျဖစ္ၿပီး လုပ္ပိုင္ခြင့္ျပဳလက္မွတ္မရွိပါက အဆုိပါလယ္ယာေျမကုိ လုပ္ပိုင္ ခြင့္အား မည္သို႔လႊဲေျပာင္းရယူသည္ လႊဲေျပာင္းေပးရန္ သေဘာတူညီခ်က္ ရွိ/မရွိ ကတိဝန္ခံခ်က္ ရွိ/မရွိႏွင့္ ရွိပါက မူရင္း (သုိ႔မဟုတ္) မိတၱဴရယူစစ္ေဆးၿပီး ပူးတြဲရန္လိုအပ္ျခင္း။

စိုက္ပ်ိဳးလုပ္ကိုင္မႈအေျခအေန

ေလွ်ာက္ထားသည့္ေျမေပၚတြင္ စိုက္ပ်ိဳးလုပ္ကိုင္သည့္ သီးနွံကိုေဖာ္ျပရန္၊ စိုက္ပ်ိဳးျခင္းမရွိ၍ လွပ္ထား ပါက မလွပ္ထားမီအခ်ိန္က စိုက္ပ်ိဳးလုပ္ကိုင္သူအမည္၊ ၄င္းစိုက္ပ်ိဳးခဲ့သည့္ သီးႏွံ၊ ဧရိယာႏွင့္ ယင္းေျမကို စြန္႔လြတ္ရပါက ၄င္းဆႏၵသေဘာထား၊ ၄င္း၏စီးပြားေရးအေျခအေန၊ ၄င္း၏မိသားစုဦးေရႏွင့္ အလုပ္အကိုင္မ်ား၊ ၄င္းအားအဆိုပါေျမေပၚမွ ထြက္ခြာသြားရန္ ေဆာင္ရြက္ခဲ့ပါက မည္သို႔ေဆာင္ရြက္ေပးခဲ့ရသည္ အစရွိသည္ တို႔ကို စံုးစမ္းစစ္ေဆးျခင္း။

အေဆာက္အဦေဆာက္လုပ္မႈအေျခအေန

ေလွ်ာက္ထားသည့္ ေျမေပၚတြင္ အေဆာက္အဦမ်ား၊ ေဆာက္လုပ္ၿပီး၊ ေဆာက္လုပ္ဆဲ အေဆာက္ အဦမ်ားႏွင့္ပတ္သက္၍ စတင္ေဆာက္လုပ္သည့္ခုႏွစ္၊လ၊ အေဆာက္အဦအမ်ိဳးအစားႏွင့္ အရြယ္အစား၊ အေဆာက္အဦမ်ား၏ လက္ရွိအေျခအေန၊ အေဆာက္အဦမ်ားကို လက္ရွိအသံုးျပဳ/မျပဳ၊ ျပဳလွ်င္ မည္ကဲ့သုိ႔ အသံုးျပဳလ်က္ရွိသည္၊ အေဆာက္အဦကို မည္သို႔ေဆာက္လုပ္ပိုင္ဆုိင္သည္၊ ေလွ်ာက္ထားသည့္ေျမေနရာ၏ အေရွ႕ျမင္၊ အေနာက္ျမင္၊ ေဘးျမင္ ဓာတ္ပံုတစ္ပံုစီပူးတြဲတင္ျပေစျခင္း စသည့္အခ်က္အလက္မ်ားကို စံုစမ္း စစ္ေဆးျခင္း။

အေဆာက္အဦအေနအထား

ေလွ်ာက္ထားသည့္ေျမပံုေပၚတြင္ ေဆာက္လုပ္ၿပီး (သို႔မဟုတ္) ေဆာက္လုပ္မည့္အေဆာက္အဦ တည္ ေနရာကို ေဖာ္ျပသည့္ေျမပံု (Site Plan) ကို ၁၆ ̎ = ၁ မိုင္စေကး (သို႔မဟုတ္) တစ္လက္မ= ၁၀၀ေပ စေကးျဖင့္ ေရးဆြဲတင္ျပေစျခင္း၊ ေဆာက္လုပ္ၿပီး ေဆာက္လုပ္ဆဲ ႏွစ္မ်ိဳးစလံုးပါဝင္ေနပါက ခြဲျခားေဖာ္ျပျခင္း၊ ေလွ်ာက္ ထားသည့္ေျမသည္ တိုးခ်ဲ႕ရန္ေျမျဖစ္ပါက လက္ရွိအသံုးျပဳေနေသာ ေျမႏွင့္တိုးခ်ဲ႕ရန္လိုအပ္ေသာေျမ (၂)မ်ိဳး စလံုး၏ ဧရိယာအသီးသီးကို စစ္ေဆးေဖာ္ျပေစျခင္း၊ ေလွ်ာက္ထားသည့္ေျမဧရိယာအားလံုးကို အမွန္လိုအပ္ သည္၊ မလိုအပ္သည္ကို ေျမေပၚသြားေရာက္စစ္ေဆးရန္၊ ယင္းသို႔ စစ္ေဆးရာတြင္ (Site Plan) ႏွင့္တုိက္ဆိုင္၍ အမွန္တကယ္လိုအပ္ေသာ ေျမအက်ယ္အဝန္းကုိ ေသခ်ာစြာ စစ္ေဆးျခင္း။

ေလွ်ာက္ထားသူ၏ဝန္ခံခ်က္

အေဆာက္အဦ မေဆာက္လုပ္ရေသးပါက ေလွ်ာက္ထားသည့္အတိုင္း ခြင့္ျပဳလွ်င္ ခြင့္ျပဳၿပီးေနာက္ (၆)လအတြင္း အထက္ေဖာ္ျပပါ (Site Plan)တြင္ ပါရွိသည့္အတုိင္း အေဆာက္အဦမ်ားကို စတင္ေဆာက္လုပ္ ပါမည္ (သို႔မဟုတ္) သတ္မွတ္ကာလအတြင္း ၿပီးစီးေအာင္လုပ္ငန္းေဆာင္ရြက္ပါမည္ဟူေသာ ေလွ်ာက္ထားသူ ၏ ဝန္ခံခ်က္ကို တစ္ပါတည္းပူးတြဲတင္ျပေစျခင္း။

အျခားအခ်က္မ်ား

ေလွ်ာက္ထားသည့္ေျမကို မည္သည့္ေနရက္မွစ၍ ေလွ်ာက္ထားသည့္အတုိင္း အျခားနည္းအသံုးျပဳလို သည္ကို စစ္ေဆးျခင္း။

အစိုးရဌာနအဖြဲ႕အစည္းမ်ား လယ္ယာေျမကို အျခားနည္းအသံုးျပဳရန္ေလွ်ာက္ထားသည့္ကိစၥအတြက္ သက္ဆုိင္ရာဝန္ႀကီးဌာန၏ သေဘာတူညီခ်က္ရယူျခင္း။ တပ္ရင္းတပ္ဖြဲ႕မ်ားမွ ေလွ်ာက္ထားသည့္ကိစၥျဖစ္လွ်င္ သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳ႔္မ်ားမွတစ္ဆင့္ ကာကြယ္ေရးဝန္ႀကီးဌာန၏ သေဘာတူညီခ်က္ရယူျခင္း။

ေလွ်ာက္ထားသည့္ေျမႏွင့္ ေဘးပတ္ဝန္းက်င္ေျမမ်ား ေဖာ္ျပသည့္ေျမပံုကို လုပ္ငန္းစာတြဲတြင္ပူးတြဲ၍ ေဘးပတ္ဝန္းက်င္ရွိ ေျမမ်ား၏ အသံုးျပဳမႈအေျခအေနကို တင္ျပေစျခင္း။ ေလွ်ာက္ထားသည့္ကိစၥႏွင့္ ပတ္သက္၍ ကန္႔ကြက္သူ ရွိ/မရွိႏွင့္ ရွိပါက မည္သည့္အတြက္ေၾကာင့္ ကန္႔ကြက္ေၾကာင္းကို စံုစမ္းစစ္ ေဆးျခင္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service