ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း

ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Jan 2021 1:50 pm တွင် တင်ခဲ့သည်
660 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဆီးချိုရှိသူအများစုဟာ သွေးတွင်းသကြားဓာတ်မြင့်တက်မှာစိုးလို့ဆိုပြီး သစ်သီးတော်တော်များများကိုမစားဖို့ ဆရာဝန်တွေကညွှန်ကြားတာမျိုးရှိနိုင်ပါတယ်။ ဒါပေမယ့် အသီးတိုင်းကိုမစားရတာလားဆိုတော့ မဟုတ်ပါဘူး။ ဆီးချိုရှိပေမယ့် စားလို့ရတဲ့ သစ်သီးရှိပါတယ်။ ဒီအသီးလေးက သွေးချိုမတက်စေတဲ့အပြင် ကျန်းမာရေးကိုတောင် အထောက်အကူပြုပေးနိုင်ပါသေးတယ်။

ဆီးချိုသမားတွေကို သွေးတွင်းသကြားဓာတ်ထိန်းညှိပေးပြီး နှလုံးရောဂါ နဲ့ အဝလွန်တာလိုမျိုး ရောဂါတွေကို ပါသက်သာစေနိုင်တဲ့ သလဲသီးလေးပါ။ အမျိုးအစား – ၂ ဆီးချိုရောဂါခံစားနေရသူတွေနဲ့ အထူးသင့်တော်ပါတယ်။ အပြင်ခွံက အဝါရောင်ခပ်ဖျော့ဖျော့ ဒါမှမဟုတ် အနီရောင်စိုစိုလေးရှိပြီး အထဲမှာ ပန်းရောင်ဒါမှမဟုတ် အနီရောင် အစေ့ငယ်လေးတွေ အကန့်လိုက်ပါဝင်နေပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်လေးနဲ့ စားကောင်းတဲ့ သလဲသီးက ဆီးချိုသမားတွေနဲ့ အထူးသင့်တော်တယ်လို့ ဘာကြောင့်ပြောရတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

ဆီးချိုရှိလား သလဲသီးစားပါ အရသာရှိတဲ့ သလဲသီးလေးက

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

 

သလဲသီးမှာ အချိုဓာတ်ပါဝင်ပေမယ့် ဒီအချိုဓာတ်နဲ့အတူ ဓာတ်တိုးဆန့်ကျင် အာနိသင်ပါကပ်လျက်ပါဝင်နေပါတယ်။ သလဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပြီး ဆဲလ်တွေပျက်စီးမှုမဖြစ် အောင်ကာကွယ်ပေးနိုင်ပါတယ်။ သလဲသီးမှာပါဝင်နေတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက သွေးတွင်းသကြားဓာတ်ကျဆင်းအောင် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။ free radicals တွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်ပါသေးတယ်။

အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကိုကောင်းစေနိုင်တယ်

 

သလဲသီးမှာ အမျိုးအစား -၂ ဆီးချိုရောဂါကို အကောင်းဆုံးထိန်းချုပ်ပေးနိုင်တဲ့ tannin နဲ့ gallic acid တို့လိုမျိုး အပင်ကနေရတဲ့ ဓာတုဒြပ်ပေါင်းတွေပါဝင်နေပြီး အင်ဆူလင်ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပါတယ်။ ဆီးချိုကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေနဲ့ အဝလွန်တာကိုပါ အကောင်းဆုံးဟန့်တားပေးနိုင်ပါတယ်။ သလဲသီး အနီရောင်က အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။

 

သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်တယ်

 

သလဲသီးကိုပုံမှန်စားသုံးပေးမှုက ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကို ကြွယ်ဝစွာရရှိစေပြီး သွေးကြောတွေတောင့်တင်းမာကျောတာကိုကာကွယ်ပေးပါတယ်။ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေနိုင်စွမ်းလည်း ရှိတာကြောင့် ဆီးချိုရဲ့ နောက်ဆက်တွဲအနေနဲ့ နှလုံးထိခိုက်တာတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်ပေးနိုင်မှာပါ။

Free Radicals ကြောင့်ဆဲလ်တွေမပျက်စီးအောင်ကာကွယ်ပေးနိုင်တယ်

 

ဆီးချိုရှိသူတွေအတွက် အထူးသင့်တော်တဲ့ သလဲသီးလေးက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝမှုနဲ့အတူ ခန္ဓာကိုယ်မှာ free radical တွေကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ချေဖျက်မှု ကို နှေးစေပြီး ခန္ဓာကိုယ်ကိုကျန်းမာစေနိုင်ပါတယ်။ အနာကျက်စေနိုင်သလို အရေပြားကို ပိုးဝင်ကူးစက်တာတွေကနေလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

ဆီးချိုရောဂါရှိသူတွေအနေနဲ့ တစ်နေ့ကို သလဲသီးတစ်လုံး စားပေးလို့ရပါတယ်။ ဖျော်ရည်အနေနဲ့လည်း ဖျော်သောက်လို့ရပါ တယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]






 



 



 



 



 




Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဘာလီကျွန်းမှာ နှစ်စဉ်ကျင်းပတဲ့ အပျို၊ လူပျိုတို့သာ ပါဝင်ဆင်နွှဲရသော အနမ်းပွဲတော်
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

magical-world
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service