မြေခွန် မည်သည့်ဌာနက မည်သည့်အချိန်တွင် စည်းကြပ် ကောက်ခံသလဲ...?

မြေခွန် မည်သည့်ဌာနက မည်သည့်အချိန်တွင် စည်းကြပ် ကောက်ခံသလဲ...? - Property Knowledge in Myanmar from iMyanmarHouse.com
16 Jan 2021 12:01 pm တွင် တင်ခဲ့သည်
1907 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

တောမြေခွန်လို့ ခေါ်ကြတဲ့ လယ်ယာမြေအတွက် မြေခွန်ကိုဆိုလိုပြီး မြို့မြေခွန်လို့ ခေါ်ဆိုကြတဲ့ ဂရန်ချ ထားပေးပြီး ကောက်ခံတဲ့ မြေခွန်ကိုဆိုလိုပါသည်။

မြေယာများပေါ်တွင် အခွန်စည်းကြပ်ခြင်းနှင့်ပတ်သက်၍ အကြမ်းအားဖြင့် မြေအပေါ် စည်းကြပ်သည့် အခွန် (Tax on Land) ၊ မြေငှားခ(Rent) ၊ မြေခွန် တော် (Land Revenue) ဟူ၍ (၃) မျိုး ခွဲခြားထားကြောင်း တွေ့ရှိရပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် လက်ရှိ လယ်ယာမြေများအပေါ် စည်းကြပ် ကောက်ခံရာတွင် မြေခွန်တော် (Land Revenue) စနစ်ဖြင့် ကောက်ခံနေခြင်းဖြစ်ပါသည်။

ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ယခု လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအနေဖြင့် ကြေးတိုင်လုပ်ငန်းဆောင်ရွက်၍ မြေခွန်နှုန်းသတ်မှတ်ပြီးဒေသများတွင် နောက်ဆုံးဆောင်ရွက်ခဲ့သည့် ကြေး တိုင်မှ သတ်မှတ်သော မြေခွန်နှုန်းထားများဖြင့် မြေခွန်စည်းကြပ်ခြင်းကိုဆောင်ရွက်လျက်ရှိသည်။

မြေခွန်စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၁၈၇၆ ခုနှစ်၊ မြေနှင့်အခွန် အက်ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ဆင့်ဆိုချက်များ၊ ၁၈၈၉ ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်း ဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ဆင့်ဆိုချက်များပါ ပြဋ္ဌာန်းချက်များအရ ဆောင်ရွက်ရပြီး လက်ရှိ ကောက်ခံလျက် ရှိသော မြေမျိုးကြီးအလိုက် ပျမ်းမျှ တစ်ဧက မြေခွန်စည်းကြပ်မှုများမှာ ကြေးတိုင်စိုက်ပြီးဒေသတွင် အမြင့်ဆုံး နှုန်း တစ်ဧက ၉ ကျပ် ၇၅ ပြားခန့်မှ အနိမ့်ဆုံးဈေးနှုန်း တစ်ဧက ပျမ်းမျှ ၁ ကျပ် ၁၄ ပြားနှုန်းခန့်ဖြင့် စည်းကြပ် ကောက်ခံလျက်ရှိသည်။ ကြေးတိုင်စိုက်ပြီးဒေသတွင် အထူးသီးနှံဖြစ်သည့် ကြံ၊ ဆေး၊ ကြက်သွန်နှင့် ကွမ်း အတွက် တစ်ဧက မြေခွန်စည်းကြပ်နှုန်း ပျမ်းမျှ ၁၂ ကျပ် ၅၀ ပြားမှ အနိမ့်ဆုံးဈေးနှုန်း တစ်ဧက လျှင် ၃ ကျပ်နှုန်းဖြင့် မြေခွန် စည်းကြပ်ကောက်ခံလျက်ရှိသည်။

ဥပဒေအရ အခွန်စည်းကြပ်တဲ့ဌာန၊ အခွန်ကောက်ခံတဲ့ဌာန မတူကြပါဘူး။ စည်းကြပ်တဲ့ဌာနက စာရင်း ရေးသွင်း မှတ်တမ်းပြုစုရပြီး ကောက်ခံတဲ့ဌာနက အခွန်ငွေကောက်ခံခြင်းဖြစ်ပါသည်။ လယ်ယာမြေ၊ မြို့မြေ များကို မြေစာရင်းဌာနက စည်းကြပ်စာရင်းမှတ်တမ်းပြုစုပြီး ထွေအုပ်ဌာနက ကောင်ခံခြင်းဖြစ်ပါသည်။

အောက်မြန်မာပြည် မြေခွန်နည်းဥပဒေ အပိုဒ်-၈၁(က)အရ လည်းကောင်း၊ အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အပိုဒ်-၁၄၈(ခ) အရလည်းကောင်း မြေခွန်ပြေစာများကို မြေစာရင်းဌာနက ပြုစုရေး သွင်းပြီး ပြေစာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပေးပို့အပ်နှံကြပါသညျ။ မြို့မြေများအတွက် မြေခွန်ကို အောက်/အထက် မြေနှင့်အခွန်ဥပဒေများအရ ကောက်ခံပါသည်။

ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စိစစ်ပြီး စာရင်းသွင်း မှတ်တမ်းတင်ပါတယ်၊ ပြေစာမှာ ခရိုင် အုပ်ချုပ်ရေးမှူး (ကော်လိတ်တော်အရာရှိ) လက်မှတ်တံဆိပ်ရိုက်နှိပ်ပြီး မြို့နယ်ထွေအုပ်ကိုပေးပို့ပါသည်။ မြို့နယ်ထွေအုပ်က စာရင်းသွင်းမှတ်တမ်းတင်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးကို ပေးပို့ပါသည်။ ရပ်ကျေးရုံးမှာ စာရင်းသွင်း မှတ်တမ်းတင်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပြီး သက်ဆိုင်ရာပြည်သူများကို ငွေ ကောက်ခံရန် ပြေစာပေးပို့ခြင်း၊ ရုံးသို့ လာရောက်ယူစေခြင်းများ ဆောင်ရွက်ပြီး ငွေကောက်ခံပါသည်။ မိုးရာသီအတွက် ကောက်ခံစည်းကြပ်တဲ့ မြေခွန်ပြေစာများကို မြေစာရင်းဌာနက နိုဝင်ဘာလ(၃၀)ရက် နေ့မှာ ပထမအရစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ဒုတိယအရစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့မှာ တတိယအရစ် အပြီး ရေးသွင်းအပ်နှံရပါသည်။

နွေရာသီအတွက် စည်းကြပ်ရတဲ့ မြေခွန်ပြေစာများကို မြေစာရင်းဌာနက အောက်မြန်မာပြည်မှာ ဧပြီလ(၁)ရက်နေ့မှာ အပြီး၊ အထက်မြန်မာပြည်မှာ ဧပြီလ(၁၅) ရက်နေ့မှာအပြီး ရေးသွင်းအပ်နှံရပါသည်။

လက်ရှိအချိန်တွင် မြေခွန်စည်းကြပ်ခြင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ဆောင်ရွက်၍ မြေခွန်ကောက်ခံခြင်းကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကောက်ခံရရှိသည့် အခွန်ငွေများကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)၊ အပိုဒ် ၁(ဂ)ပါ “မြေယာခွန်” ဟူသည့် ခေါင်းစဉ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းလျက်ရှိပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

ေျမခြန္ မည္သည့္ဌာနက မည္သည့္အခ်ိန္တြင္ စည္းၾကပ္ ေကာက္ခံသလဲ...?

ေတာေျမခြန္လို႔ ေခၚၾကတဲ့ လယ္ယာေျမအတြက္ ေျမခြန္ကိုဆုိလိုၿပီး ၿမိဳ႕ေျမခြန္လို႔ ေခၚဆိုၾကတဲ့ ဂရန္ခ် ထားေပးၿပီး ေကာက္ခံတဲ့ ေျမခြန္ကိုဆိုလိုပါသည္။

ေျမယာမ်ားေပၚတြင္ အခြန္စည္းၾကပ္ျခင္းႏွင့္ပတ္သက္၍ အၾကမ္းအားျဖင့္ ေျမအေပၚ စည္းၾကပ္သည့္ အခြန္ (Tax on Land) ၊ ေျမငွားခ(Rent) ၊ ေျမခြန္ ေတာ္ (Land Revenue) ဟူ၍ (၃) မ်ိဳး ခြဲျခားထားေၾကာင္း ေတြ႕႐ွိရပါသည္။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္တြင္ လက္႐ွိ လယ္ယာေျမမ်ားအေပၚ စည္းၾကပ္ ေကာက္ခံရာတြင္ ေျမခြန္ေတာ္ (Land Revenue) စနစ္ျဖင့္ ေကာက္ခံေနျခင္းျဖစ္ပါသည္။

ေၾကးတိုင္ႏွင့္ ေျမစာရင္းဦးစီးဌာန ယခု လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနအေနျဖင့္ ေၾကးတိုင္လုပ္ငန္းေဆာင္႐ြက္၍ ေျမခြန္ႏႈန္းသတ္မွတ္ၿပီးေဒသမ်ားတြင္ ေနာက္ဆုံးေဆာင္႐ြက္ခဲ့သည့္ ေၾကး တိုင္မွ သတ္မွတ္ေသာ ေျမခြန္ႏႈန္းထားမ်ားျဖင့္ ေျမခြန္စည္းၾကပ္ျခင္းကိုေဆာင္႐ြက္လ်က္႐ွိသည္။

ေျမခြန္စည္းၾကပ္ျခင္းႏွင့္ ေကာက္ခံျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ရာတြင္ ၁၈၇၆ ခုႏွစ္၊ ေျမႏွင့္အခြန္ အက္ဥပေဒ၊ နည္းဥပေဒႏွင့္ အမိန္႔ဆင့္ဆိုခ်က္မ်ား၊ ၁၈၈၉ ခုႏွစ္၊ အထက္ျမန္မာႏိုင္ငံေျမႏွင့္ အခြန္စည္းမ်ဥ္း ဥပေဒ၊ နည္းဥပေဒႏွင့္ အမိန္႔ဆင့္ဆိုခ်က္မ်ားပါ ျပ႒ာန္းခ်က္မ်ားအရ ေဆာင္႐ြက္ရၿပီး လက္႐ွိ ေကာက္ခံလ်က္ ႐ွိေသာ ေျမမ်ိဳးႀကီးအလိုက္ ပ်မ္းမွ် တစ္ဧက ေျမခြန္စည္းၾကပ္မႈမ်ားမွာ ေၾကးတိုင္စိုက္ၿပီးေဒသတြင္ အျမင့္ဆုံး ႏႈန္း တစ္ဧက ၉ က်ပ္ ၇၅ ျပားခန္႔မွ အနိမ့္ဆုံးေဈးႏႈန္း တစ္ဧက ပ်မ္းမွ် ၁ က်ပ္ ၁၄ ျပားႏႈန္းခန္႔ျဖင့္ စည္းၾကပ္ ေကာက္ခံလ်က္႐ွိသည္။ ေၾကးတိုင္စိုက္ၿပီးေဒသတြင္ အထူးသီးႏွံျဖစ္သည့္ ၾကံ၊ ေဆး၊ ၾကက္သြန္ႏွင့္ ကြမ္း အတြက္ တစ္ဧက ေျမခြန္စည္းၾကပ္ႏႈန္း ပ်မ္းမွ် ၁၂ က်ပ္ ၅၀ ျပားမွ အနိမ့္ဆုံးေဈးႏႈန္း တစ္ဧက လွ်င္ ၃ က်ပ္ႏႈန္းျဖင့္ ေျမခြန္ စည္းၾကပ္ေကာက္ခံလ်က္႐ွိသည္။

ဥပေဒအရ အခြန္စည္းၾကပ္တဲ့ဌာန၊ အခြန္ေကာက္ခံတဲ့ဌာန မတူၾကပါဘူး။ စည္းၾကပ္တဲ့ဌာနက စာရင္း ေရးသြင္း မွတ္တမ္းျပဳစုရၿပီး ေကာက္ခံတဲ့ဌာနက အခြန္ေငြေကာက္ခံျခင္းျဖစ္ပါသည္။ လယ္ယာေျမ၊ ၿမိဳ႕ေျမ မ်ားကို ေျမစာရင္းဌာနက စည္းၾကပ္စာရင္းမွတ္တမ္းျပဳစုၿပီး ေထြအုပ္ဌာနက ေကာင္ခံျခင္းျဖစ္ပါသည္။

ေအာက္ျမန္မာျပည္ ေျမခြန္နည္းဥပေဒ အပိုဒ္-၈၁(က)အရ လည္းေကာင္း၊ အထက္ျမန္မာျပည္ ေျမႏွင့္ အခြန္စည္းမ်ဥ္း နည္းဥပေဒ အပိုဒ္-၁၄၈(ခ) အရလည္းေကာင္း ေျမခြန္ေျပစာမ်ားကို ေျမစာရင္းဌာနက ျပဳစုေရး သြင္းၿပီး ေျပစာကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကို ေပးပို႔အပ္ႏွံၾကပါသည်။ ၿမိဳ႕ေျမမ်ားအတြက္ ေျမခြန္ကို ေအာက္/အထက္ ေျမႏွင့္အခြန္ဥပေဒမ်ားအရ ေကာက္ခံပါသည္။

ခ႐ိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက စိစစ္ၿပီး စာရင္းသြင္း မွတ္တမ္းတင္ပါတယ္၊ ေျပစာမွာ ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး (ေကာ္လိတ္ေတာ္အရာ႐ွိ) လက္မွတ္တံဆိပ္႐ိုက္ႏွိပ္ၿပီး ၿမိဳ႕နယ္ေထြအုပ္ကိုေပးပို႔ပါသည္။ ၿမိဳ႕နယ္ေထြအုပ္က စာရင္းသြင္းမွတ္တမ္းတင္ၿပီး ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး႐ုံးကို ေပးပို႔ပါသည္။ ရပ္ေက်း႐ုံးမွာ စာရင္းသြင္း မွတ္တမ္းတင္ၿပီး ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉး လက္မွတ္ထိုးၿပီး သက္ဆိုင္ရာျပည္သူမ်ားကို ေငြ ေကာက္ခံရန္ ေျပစာေပးပို႔ျခင္း၊ ႐ုံးသို႔ လာေရာက္ယူေစျခင္းမ်ား ေဆာင္႐ြက္ၿပီး ေငြေကာက္ခံပါသည္။ မိုးရာသီအတြက္ ေကာက္ခံစည္းၾကပ္တဲ့ ေျမခြန္ေျပစာမ်ားကို ေျမစာရင္းဌာနက ႏိုဝင္ဘာလ(၃၀)ရက္ ေန႔မွာ ပထမအရစ္၊ ဒီဇင္ဘာလ(၃၁)ရက္ေန႔မွာ ဒုတိယအရစ္၊ ဇန္နဝါရီလ(၃၁)ရက္ေန႔မွာ တတိယအရစ္ အၿပီး ေရးသြင္းအပ္ႏွံရပါသည္။

ေႏြရာသီအတြက္ စည္းၾကပ္ရတဲ့ ေျမခြန္ေျပစာမ်ားကို ေျမစာရင္းဌာနက ေအာက္ျမန္မာျပည္မွာ ဧၿပီလ(၁)ရက္ေန႔မွာ အၿပီး၊ အထက္ျမန္မာျပည္မွာ ဧၿပီလ(၁၅) ရက္ေန႔မွာအၿပီး ေရးသြင္းအပ္ႏွံရပါသည္။

လက္႐ွိအခ်ိန္တြင္ ေျမခြန္စည္းၾကပ္ျခင္းကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနက ေဆာင္႐ြက္၍ ေျမခြန္ေကာက္ခံျခင္းကို အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာနက ႀကီးၾကပ္ေဆာင္႐ြက္လ်က္႐ွိၿပီး ေကာက္ခံရ႐ွိသည့္ အခြန္ေငြမ်ားကို ၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဇယား(၂)၊ အပိုဒ္ ၁(ဂ)ပါ “ေျမယာခြန္” ဟူသည့္ ေခါင္းစဥ္ျဖင့္ တိုင္းေဒသႀကီး/ ျပည္နယ္ ဘ႑ာရန္ပုံေငြသို႔ ေပးသြင္းလ်က္႐ွိပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service