နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေ မဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲ

နှုတ်ခမ်းခြောက်တာ၊ ကွဲတာတွေ မဖြစ်ရအောင် ဘယ်လိုကာကွယ်ကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jan 2021 3:26 pm တွင် တင်ခဲ့သည်
1058 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

နှုတ်ခမ်းခြောက်တဲ့ ပြသနာကို လူတိုင်းကြုံဖူးကြမှာပါ။ များသောအားဖြင့် ဆောင်းရာသီလို အေးတဲ့ ရာသီတွေမှာ အဖြစ်များပေမယ့် သေသေချာချာ ဂရုမစိုက်ရင်တော့ အချိန်ရာသီ မရွေးဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့ပြီး အက်လာတဲ့ အခါ နာလည်းနာ၊ သွေးလည်းထွက်နိုင်တဲ့အပြင် စိတ်အနှောင့်အယှက် ဖြစ်စရာလည်း ကောင်းပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီလို နှုတ်ခမ်းခြောက်၊ အက်ကွဲတဲ့ အခြေအနေမျိုး မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။

၁။ ရေဓာတ်ပြည့်ဝအောင် နေပါ။

ရေဓာတ်ခမ်းခြောက်တဲ့အခါ နှုတ်ခမ်းလည်းခြောက်ပြီး ကြာတဲ့အခါမှာ ကွဲအက်လာနိုင်ပါတယ်။ ဒါ့ကြောင့် စိုပြည်ပြီး နူးညံ့ချောမွတ်တဲ့ နှုတ်ခမ်းလေးတွေကို ထိန်းသိမ်းဖို့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

၂။ lip balm အသုံးပြုပါ။

နှုတ်ခမ်းမှာ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုမျိုး အဆီကို သဘာဝအတိုင်း ထုတ်ပေးနိုင်တဲ့ gland လေးတွေ မရှိတဲ့အတွက် အင်မတန် ခြောက်သွေ့လွယ်ပါတယ်။ ဒါ့ကြောင့် Lip balm လို့ခေါ်တဲ့ နှုတ်ခမ်းနီ အဆီကို ပုံမှန်လေး အသုံးပြုပေးသင့်ပါတယ်။ နှုတ်ခမ်းနီဆိုလို့ အချို့ယောကျ်ားလေးတွေက အသုံးပြုစရာမလိုဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ယောကျ်ားလေးတွေလည်း နှုတ်ခမ်းခြောက်တဲ့ ပြသနာဖြစ်နိုင်တာကြောင့် အရောင်မပါတဲ့ နှုတ်ခမ်းနီအဆီလေးတွေကို အသုံးပြုပေးနိုင်ပါတယ်။ နှုတ်ခမ်းမှာ အဆီဆိုးထားရင် နေရခက်တယ်ဆိုတဲ့ သူတွေဆိုရင်လည်း ညမအိပ်ခင်လေးမှာ ဆိုးထားပြီး အိပ်နိုင်ပါတယ်။ နေရောင်ကို မကြာခဏ ထိတွေ့တာကြောင့်လည်း နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့ ပျက်စီးတတ်တာကြောင့် အပြင်ထွက်တဲ့ အခါ အသုံးပြုမယ့် lip balm ကိုရွေးချယ်ရင်လည်း sun protection factor(SPF) 15 အနည်းဆုံးပါဝင်တဲ့ အမျိုးအစားတွေကို အသုံးပြုပေးသင့်ပါတယ်။

 

၃။ နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ မလျက်ပါနဲ့။

တချို့က နှုတ်ခမ်းခြောက်ရင် အစိုဓာတ်ရအောင် ဆိုပြီး လျှာနဲ့လျက်ကြပါတယ်။ တကယ်တမ်းတော့ အဲလို အတွေးက မှားယွင်းနေတဲ့အပြင် နှုတ်ခမ်းခြောက်တာကို ပိုလို့တောင် ဆိုးသွားစေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တံတွေးတွေက လျှာပေါ်ရောက်သွားပြီးတဲ့အခါ ရေငွေ့ပြန်ပြီး အစိုဓာတ်ကို ပိုပြီးကုန်ခမ်းသွားစေနိုင်လို့ပါ။ ဒါ့ကြောင့် နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ မလျက်မိအောင် သတိထားကြပါနော်။

၄။ အရသာရှိတဲ့ နှုတ်ခမ်းနီတွေ သိပ်အသုံးမပြုပါနဲ့။

ခေတ်မီ လာတာနဲ့အမျှ နောက်ပိုင်းမှာ စတော်ဘယ်ရီအရသာ၊ စပျစ်သီးအရသာ စသည်ဖြင့် လျှာနဲ့ လျက်လိုက်ရင် အရသာရှိတဲ့ နှုတ်ခမ်းနီလေးတွေ ပေါ်လာကြပါတယ်။ အရသာရှိတာ ကောင်းပေမယ့် အရသာရှိနေတဲ့အတွက် အဲဒီ နှုတ်ခမ်းနီလေးတွေ လိမ်းထားမယ်ဆိုရင် နှုတ်ခမ်းကို လျှာနဲ့လျက်မိဖို့ အခွင့်အရေးပိုများတာကြောင့် မကြာခဏ နှုတ်ခမ်းခြောက်တတ်တယ်ဆိုရင် အဲလို နှုတ်ခမ်းနီတွေ သိပ်မသုံးသင့်ပါဘူး။

၅။ နှုတ်ခမ်းကို သေချာ ကာကွယ်ပါ။

အရမ်းအေးလို့ အပြင်သွားရင် ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် အဝတ်အစား၊ အနွေးထည်တွေ ဝတ်သလိုပဲ အရမ်းအေးတဲ့ ရာသီဥတုမှာ အပြင်ကို ထွက်မယ်ဆိုရင် မာဖလာလေးနဲ့ ဖြစ်ဖြစ်၊ ခြုံပဝါလေးဖြစ်ဖြစ် အသုံးပြုပြီး နှုတ်ခမ်းကို အပြင်ရာသီဥတုနဲ့ တိုက်ရိုက်မထိအောင် ကာကွယ်ပေးသင့်ပါတယ်။

 

၆။ Humidifier သုံးပါ။

Humidifier လို့ခေါ်တဲ့ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ပစ္စည်းလေးတွေကို အိပ်တဲ့ အခန်းထဲမှာ အသုံးပြုမယ်ဆိုရင် အခန်းထဲမှာရှိတဲ့ လေတွေကို အစိုဓာတ်ထိန်းပေးနိုင်တဲ့အတွက် နှုတ်ခမ်းကိုသာမကဘဲ တစ်ကိုယ်လုံးမှာရှိတဲ့ အရေပြားတွေ ခြောက်သွေ့တဲ့ ပြသနာမဖြစ်အောင် ကူညီကာကွယ်ပေးနိုင်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ႏႈတ္ခမ္းေျခာက္တာ၊ ကြဲတာေတြ မျဖစ္ရေအာင္ ဘယ္လိုကာကြယ္ၾကမလဲ

ႏႈတ္ခမ္းေျခာက္တဲ့ ျပသနာကို လူတိုင္းၾကဳံဖူးၾကမွာပါ။ မ်ားေသာအားျဖင့္ ေဆာင္းရာသီလို ေအးတဲ့ ရာသီေတြမွာ အျဖစ္မ်ားေပမယ့္ ေသေသခ်ာခ်ာ ဂ႐ုမစိုက္ရင္ေတာ့ အခ်ိန္ရာသီ မေ႐ြးျဖစ္ႏိုင္ပါတယ္။ ႏႈတ္ခမ္းသားေလးေတြ ေျခာက္ေသြ႕ၿပီး အက္လာတဲ့ အခါ နာလည္းနာ၊ ေသြးလည္းထြက္ႏိုင္တဲ့အျပင္ စိတ္အေႏွာင့္အယွက္ ျဖစ္စရာလည္း ေကာင္းပါတယ္။ ဒီေန႔ေဆာင္းပါးေလးမွာေတာ့ အဲဒီလို ႏႈတ္ခမ္းေျခာက္၊ အက္ကြဲတဲ့ အေျခအေနမ်ိဳး မျဖစ္ေအာင္ ႀကိဳတင္ကာကြယ္ႏိုင္ဖို႔ နည္းလမ္းေလးေတြကို မွ်ေဝေပးသြားမွာပါ။

၁။ ေရဓာတ္ျပည့္ဝေအာင္ ေနပါ။

ေရဓာတ္ခမ္းေျခာက္တဲ့အခါ ႏႈတ္ခမ္းလည္းေျခာက္ၿပီး ၾကာတဲ့အခါမွာ ကြဲအက္လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ စိုျပည္ၿပီး ႏူးညံ့ေခ်ာမြတ္တဲ့ ႏႈတ္ခမ္းေလးေတြကို ထိန္းသိမ္းဖို႔အတြက္ ေရမ်ားမ်ားေသာက္ေပးဖို႔ လိုအပ္ပါတယ္။

၂။ lip balm အသုံးျပဳပါ။

ႏႈတ္ခမ္းမွာ ခႏၶာကိုယ္ရဲ႕ အျခားအစိတ္အပိုင္းေတြလိုမ်ိဳး အဆီကို သဘာဝအတိုင္း ထုတ္ေပးႏိုင္တဲ့ gland ေလးေတြ မ႐ွိတဲ့အတြက္ အင္မတန္ ေျခာက္ေသြ႕လြယ္ပါတယ္။ ဒါ့ေၾကာင့္ Lip balm လို႔ေခၚတဲ့ ႏႈတ္ခမ္းနီ အဆီကို ပုံမွန္ေလး အသုံးျပဳေပးသင့္ပါတယ္။ ႏႈတ္ခမ္းနီဆိုလို႔ အခ်ိဳ႕ေယာက်္ားေလးေတြက အသုံးျပဳစရာမလိုဘူးလို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ ဒါေပမယ့္ ေယာက်္ားေလးေတြလည္း ႏႈတ္ခမ္းေျခာက္တဲ့ ျပသနာျဖစ္ႏိုင္တာေၾကာင့္ အေရာင္မပါတဲ့ ႏႈတ္ခမ္းနီအဆီေလးေတြကို အသုံးျပဳေပးႏိုင္ပါတယ္။ ႏႈတ္ခမ္းမွာ အဆီဆိုးထားရင္ ေနရခက္တယ္ဆိုတဲ့ သူေတြဆိုရင္လည္း ညမအိပ္ခင္ေလးမွာ ဆိုးထားၿပီး အိပ္ႏိုင္ပါတယ္။ ေနေရာင္ကို မၾကာခဏ ထိေတြ႕တာေၾကာင့္လည္း ႏႈတ္ခမ္းသားေလးေတြ ေျခာက္ေသြ႕ ပ်က္စီးတတ္တာေၾကာင့္ အျပင္ထြက္တဲ့ အခါ အသုံးျပဳမယ့္ lip balm ကိုေ႐ြးခ်ယ္ရင္လည္း sun protection factor(SPF) 15 အနည္းဆုံးပါဝင္တဲ့ အမ်ိဳးအစားေတြကို အသုံးျပဳေပးသင့္ပါတယ္။

၃။ ႏႈတ္ခမ္းကို လွ်ာနဲ႔ မၾကာခဏ မလ်က္ပါနဲ႔။

တခ်ိဳ႕က ႏႈတ္ခမ္းေျခာက္ရင္ အစိုဓာတ္ရေအာင္ ဆိုၿပီး လွ်ာနဲ႔လ်က္ၾကပါတယ္။ တကယ္တမ္းေတာ့ အဲလို အေတြးက မွားယြင္းေနတဲ့အျပင္ ႏႈတ္ခမ္းေျခာက္တာကို ပိုလို႔ေတာင္ ဆိုးသြားေစႏိုင္ပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ တံေတြးေတြက လွ်ာေပၚေရာက္သြားၿပီးတဲ့အခါ ေရေငြ႕ျပန္ၿပီး အစိုဓာတ္ကို ပိုၿပီးကုန္ခမ္းသြားေစႏိုင္လို႔ပါ။ ဒါ့ေၾကာင့္ ႏႈတ္ခမ္းကို လွ်ာနဲ႔ မၾကာခဏ မလ်က္မိေအာင္ သတိထားၾကပါေနာ္။

၄။ အရသာ႐ွိတဲ့ ႏႈတ္ခမ္းနီေတြ သိပ္အသုံးမျပဳပါနဲ႔။

ေခတ္မီ လာတာနဲ႔အမွ် ေနာက္ပိုင္းမွာ စေတာ္ဘယ္ရီအရသာ၊ စပ်စ္သီးအရသာ စသည္ျဖင့္ လွ်ာနဲ႔ လ်က္လိုက္ရင္ အရသာ႐ွိတဲ့ ႏႈတ္ခမ္းနီေလးေတြ ေပၚလာၾကပါတယ္။ အရသာ႐ွိတာ ေကာင္းေပမယ့္ အရသာ႐ွိေနတဲ့အတြက္ အဲဒီ ႏႈတ္ခမ္းနီေလးေတြ လိမ္းထားမယ္ဆိုရင္ ႏႈတ္ခမ္းကို လွ်ာနဲ႔လ်က္မိဖို႔ အခြင့္အေရးပိုမ်ားတာေၾကာင့္ မၾကာခဏ ႏႈတ္ခမ္းေျခာက္တတ္တယ္ဆိုရင္ အဲလို ႏႈတ္ခမ္းနီေတြ သိပ္မသုံးသင့္ပါဘူး။

၅။ ႏႈတ္ခမ္းကို ေသခ်ာ ကာကြယ္ပါ။

အရမ္းေအးလို႔ အျပင္သြားရင္ ခႏၶာကိုယ္ကို ကာကြယ္ဖို႔အတြက္ အဝတ္အစား၊ အေႏြးထည္ေတြ ဝတ္သလိုပဲ အရမ္းေအးတဲ့ ရာသီဥတုမွာ အျပင္ကို ထြက္မယ္ဆိုရင္ မာဖလာေလးနဲ႔ ျဖစ္ျဖစ္၊ ျခဳံပဝါေလးျဖစ္ျဖစ္ အသုံးျပဳၿပီး ႏႈတ္ခမ္းကို အျပင္ရာသီဥတုနဲ႔ တိုက္႐ိုက္မထိေအာင္ ကာကြယ္ေပးသင့္ပါတယ္။

၆။ Humidifier သုံးပါ။

Humidifier လို႔ေခၚတဲ့ အစိုဓာတ္ျဖည့္ေပးႏိုင္တဲ့ ပစၥည္းေလးေတြကို အိပ္တဲ့ အခန္းထဲမွာ အသုံးျပဳမယ္ဆိုရင္ အခန္းထဲမွာ႐ွိတဲ့ ေလေတြကို အစိုဓာတ္ထိန္းေပးႏိုင္တဲ့အတြက္ ႏႈတ္ခမ္းကိုသာမကဘဲ တစ္ကိုယ္လုံးမွာ႐ွိတဲ့ အေရျပားေတြ ေျခာက္ေသြ႕တဲ့ ျပသနာမျဖစ္ေအာင္ ကူညီကာကြယ္ေပးႏိုင္ပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service