ခရီးသည် ၁၀၀ ကျော်ပါသော အီတလီ မီးရထားကြီး ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်း ဆန်းကြယ်စွာ ပျောက်ကွယ်သွားမှုကြီး

ခရီးသည် ၁၀၀ ကျော်ပါသော အီတလီ မီးရထားကြီး ဥမင်လှိုဏ်ခေါင်းတစ်ခုအတွင်း ဆန်းကြယ်စွာ ပျောက်ကွယ်သွားမှုကြီး - Property News in Myanmar from iMyanmarHouse.com
14 Jan 2021 11:29 am တွင် တင်ခဲ့သည်
13524 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

၁၉၁ဝ ပြည့်လွန်ကာလများသည် ကမ္ဘာ့သမိုင်းတွင် အထင်ကရဖြစ်ရပ်ကြီးများ များစွာဖြစ်ပေါ်ခဲ့သည့် အချိန်များဖြစ်၏။ ၁၉၁၂ ခုနှစ်တွင် မည်သည့်အခါမျှ မနစ်မြုပ်နိုင်ဟု ဟောကိန်းထုတ်ခဲ့သော တိုက်တန်းနစ်သင်္ဘောကြီး ပထမဆုံးခရီးစဉ်မှာပင် နစ်မြုပ်သွားခဲ့မှု ဖြစ်ပေါ်ခဲ့သည်။ ၁၉၁၄ ခုနှစ်တွင်ကား ပထမကမ္ဘာစစ်မီးကြီး တောက်လောင်ခဲ့၏။ ၁၉၁၈ ခုနှစ်တွင်မူ စပိန်တုပ်ကွေး ကပ်ရောဂါဘေးကြီး ပေါ်ပေါက်ခဲ့ရာ လူပေါင်း သန်း ၅၀၀ ခန့် (ခန့်မှန်း) ကူးစက်ခံရပြီး ၁၇ သန်းမှ သန်း ၁၀၀ ကြား (ခန့်မှန်း) သေဆုံးခဲ့ရသည်။

၁၉၁၁ ခုနှစ်တွင် အီတလီနိုင်ငံ၌ ခရီးသည်ပေါင်း ၁၀၀ ကျော်ပါသော ရထားတစ်စီးလုံး ထူးဆန်းအံ့သြဖွယ် ပျောက်ဆုံးသွားမှုကြီး ပေါ်ပေါက်ခဲ့သည်။ ပို၍ ဆန်းကြယ်သည်မှာ မက္ကဆီကိုနိုင်ငံ၏ သမိုင်းမှတ်တမ်းများအရ အဆိုပါ မီးရထားကို မက္ကဆီကိုတွင် ၁၈၄၀ ပြည့်လွန်ကာလများက တွေ့မြင်ဖူးခဲ့ကြကြောင်း သမိုင်းအထောက်အထားများ ရှိနေခြင်းဖြစ်၏။

ထိုရထားကြီး၏ ဆန်းကြယ်သော ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး အမျိုးမျိုးအဖုံဖုံ ထင်ကြေးပေး ပြောဆိုမှုများရှိခဲ့ကြသည်။ တူညီသည့် တစ်ခုတည်းသောအချက်မှာ လူပေါင်း ၁၀၀ ကျော်နှင့်အတူ ပျောက်ဆုံးသွားသည့်အချက် ဖြစ်၏။

အီတလီ မီးရထားကုမ္ပဏီ ဇနက်တီ (Zanetti)၏ မီးရထားကြီးတစ်စီးသည် ဦးတည်ရာခရီးသို့ မရောက်မီ လှိုဏ်ဂူတစ်ခုအတွင်း ဝင်ရောက်ကာ တစ်စီးလုံး ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

ဇနက်တီ၏ မီးရထားကြီးသည် တိုက်တန်းနစ်သင်္ဘောကြီးကဲ့သို့ပင် ပထမဆုံးစတင်ထွက်ရှိသည့် ခရီးစဉ်မှာပင် နိဂုံးချုပ်ခဲ့ရခြင်း ဖြစ်၏။

ဇနက်တီ၏ မီးရထားကြီး ပျောက်ဆုံးသွားမှုနှင့် စပ်လျဉ်းပြီး စိတ်ဝင်စားဖွယ်အကောင်းဆုံး ထင်ကြေးပေးမှုမှာ ရထားကြီးသည် သဘာဝလွန်စွမ်းအားတို့ကြောင့် ကာလခရီးသွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားချက် ဖြစ်သည်။

(ဇာတ်လမ်းအစ)

အချိန်ကား ၁၉၁၁ ခုနှစ်၊ ဇူလိုင်လ ၊ ၁၄ ရက်နေ့။ (အချို့မှတ်တမ်းများတွင်မူ ဇွန်လ ၁၄ ရက်ဟု ဖော်ပြမှုများ ရှိသည်)

အီတလီ မီးရထားကုမ္ပဏီ ဇနက်တီက ၎င်းတို့ကုမ္ပဏီမှ ထုတ်လုပ်သော မီးရထားသစ်တစ်စီးကို စတင်စမ်းသပ်ပြေးဆွဲမည်ဖြစ်ရာ မည်သူမဆို အခမဲ့လိုက်ပါစီးနင်းနိုင်ကြောင်း ကြေညာကာ ခရီးသည်ပေါင်း ၁၀၀ ဦး ရွေးချယ်ခဲ့သည်။

အဆိုပါခရီးစဉ် စီစဉ်ရခြင်း၏ ရည်ရွယ်ချက်မှာ ချမ်းသာကြွယ်ဝသူများအကြား ဇနက်တီ၏ မီးရထားခရီးစဉ်အကြောင်း ရေပန်းစား လူသိများကာ စီးနင်းသူများပြားလာစေရေး ကြော်ငြာသည့်သဘောဖြစ်သည်။

မီးရထားသစ်ကြီး၏ ပထမဆုံးခရီးစဉ်တွင် ရထားဝန်ထမ်း ၆ ဦးနှင့် ခရီးသည် ၁၀၀ ဦး လိုက်ပါစီးနင်းခဲ့ကြပြီး အီတလီနိုင်ငံ၊ ရောမမြို့မှ စတင်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

အခမဲ့ စီးနင်းလိုက်ပါခွင့်ရသည့် ခရီးသည်များကို စတင်ထွက်ခွာရာ ရောမမြို့သို့ အခမဲ့ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်သည်။

ရထားပေါ်တွင် စားဖွယ်သောက်ဖွယ်များ၊ ယမကာများ အစုံအလင် တည်ခင်းဧည့်ခံခဲ့၏။

ခရီးသည်တို့မှာ မီးရထားမှ တည်ခင်းဧည့်ခံသော စားသောက်ဖွယ်များကို ပျော်ရွှင်စွာ စားသောက်ရင်း လိုက်ပါလာကြသည်။ အချို့က ရထားပြတင်းမှတဆင့် ဝန်းကျင်ရှိ တောင်တန်းများအလှကို ခံစားကာ အေးချမ်းစွာ သက်တောင့်သက်သာ စီးနင်းလိုက်ပါ လာကြသည်။

ရထားကြီးသည် လမ်းတစ်လျှောက်ရှိ ဘူတာများကို တစ်ဘူတာပြီးတစ်ဘူတာ ဖြတ်ကျော်လာခဲ့သည်။ အဆိုပါ ဘူတာများရှိ ခရီးသည်များကလည်း ဖြတ်သန်းမောင်းနှင်သွားသော ရထားကြီးကို လက်ပြကျန်ရစ်ကြသည်။

ထိုသို့ မောင်းနှင်လာရင်း အီတလီနိုင်ငံ အနောက်မြောက်ပိုင်း လွန်ဘားဒီ (Lombardy) အရပ်မှ တောင်တန်းကြီးများ အောက်ခြေရှိ မိုင်ဝက်ခန့် ရှည်လျားသော ဥမင်လှိုဏ်ခေါင်းရှိရာသို့ ရောက်ရှိလာသည်။

ထိုလှိုဏ်ဂူကြီးထဲသို့ ရထားကြီးမဝင်မီတွင် လှိုဏ်ဂူကြီးထဲမှ နို့နှစ်ဖြူရောင် မီးခိုးတိမ်လိပ်များ လိမ့်ထွက်လာနေကာ ရထားကို တဖြည်းဖြည်း ရစ်ပတ်အုပ်ဆိုင်းသွားခဲ့သည်ဟု ကိုယ်တွေ့ကြုံခဲ့သူတစ်ဦးက ပြန်ပြောင်းပြောပြသည်။

ဇနက်တီ မီးရထားကြီးသည် ဥမင်အတွင်း ဝင်ရောက်သွားပြီးနောက် ရထားတစ်စီးလုံး ခရီးသည်များနှင့်အတူ ဆန်းကြယ်စွာ ပျောက်ကွယ်သွားတော့သည်။

ရောမမြို့ရှိ ဘူတာမှ မီးရထားထွက်ခွာခဲ့ပုံနှင့် ဥမင်လှိုဏ်ခေါင်းအတွင်း ဝင်ရောက်သွားပုံတို့ကို မြင်တွေ့ခဲ့သူ များစွာရှိခဲ့သည်။

မီးရထားကြီး ပျောက်ကွယ်သွားပြီးနောက်ပိုင်း မီးရထားကုမ္ပဏီမှ အလုပ်သမားများနှင့် ရဲတပ်ဖွဲ့တို့က ရထားလမ်းတစ်လျှောက်နှင့် လှိုဏ်ဂူအတွင်း ပိုက်စိပ်တိုက်ရှာဖွေကြသော်လည်း ရထားနှင့်သက်ဆိုင်သော သဲလွန်စ အစအနပင် မတွေ့ရတော့ချေ။ ဥမင်လှိုဏ်ခေါင်း အမိုးတွင် မီးရထားမှ ထွက်ရှိသော ကြပ်ခိုးအငွေ့အသက်ပင် မတွေ့ခဲ့။

မီးရထားကြီး ဆိုက်ရောက်မည့် ဘူတာရုံကလည်း အဆိုပါမီးရထားကို စောင့်မျှော်နေခဲ့သော်လည်း မည်သည့်အခါမျှ ရောက်မလာတော့ချေ။

(ရထားပေါ်မှ လွတ်မြောက်လာသူ ၂ ဦး)

ရထားပေါ်တွင် လိုက်ပါသွားသူ ၁၀၆ ဦးအနက် ၂ ဦးမှာမူ မီးရထားကြီးပေါ်မှ ရုတ်တရက်လွတ်မြောက်လာခဲ့သည်။

လွတ်မြောက်လာသော ခရီးသည် ၂ ဦးမှာ စိတ်ဂယောက်ဂယက်ဖြစ်နေပြီး သွက်သွက်ခါရူးသွပ်နေကြသည်။

သို့နှင့် ၎င်းတို့နှစ်ဦးအား စိတ်ကျန်းမာရေး ကုသမှုများ ပြုလုပ်ပေးပြီး နောက်ဆုံးတွင် ပုံမှန်စိတ်အခြေအနေ ပြန်လည်ရရှိခဲ့ကြသည်။

ထိုသို့ စိတ်အခြေအနေတည်ငြိမ်သွားသည့်တိုင် မီးရထားကြီးပေါ်တွင် ကြုံတွေ့ခဲ့ရသည်တို့ကို ချက်ချင်းပြောမပြခဲ့ကြချေ။

နောက်ဆုံးတွင်မှ တစ်ဦးက ပြောလာသည်မှာ မီးရထားကြီးပေါ် လိုက်ပါစီးနင်းခဲ့ကြသည့်နေ့က ဥမင်လှိုဏ်ဂူအနီးသို့ ရောက်ချိန်တွင် အဖြူရောင်မြူခိုးလုံးကြီးများက ရထားကို ဖုံးလွှမ်းသွားခဲ့သည်ဟု ဆိုသည်။ မြူခိုးများမှာ တစ်စထက်တစ်စ ပိုမိုသိပ်သည်းလာရာ လိုက်ပါစီးနင်းလာသူများ လွန်စွာခြောက်ခြားတုန်လှုပ်ခဲ့ ကြကာ စူးစူးရွားရွားအော်ဟစ်ကြ၏။ ထိုအချိန်က လူတိုင်းတွေးထင်ခဲ့ကြသည်မှာ ရထားကြီးမှာ မတော်တဆမှု (accident) တစ်ခု ကြီးကြီးမားမား ဖြစ်ခြင်းဟု ထင်ခဲ့ကြသည်။

ခရီးသည်များအနက် ၂ ဦးမှာမူ လှိုဏ်ခေါင်းထဲသို့ ရထားကြီး မဝင်ရောက်မီ ရထားအပြင်ဖက်သို့ ခုန်ချသွားခဲ့ကြသည်။

မြူခိုးဖြူထုကြီးမှာ မီးရထားကြီးကို လှိုဏ်းလုံးကြီးများသဖွယ် ရစ်သိုင်းထားပြီး ဥမင်ဆီသို့ နီးကပ်လာသည်နှင့်အမျှ ၎င်း၏ နားထဲတွင် တဝီဝီအသံကြီးကြားရကြောင်း၊ လူစီးတွဲတစ်တွဲ လှိုဏ်ဂူထဲသို့ လုံးဝရောက်ရှိသွားချိန်တွင် မိမိမှာ ခြောက်ခြားလာကာ ရထားပေါ်မှ ခုန်ဆင်းလိုက်ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

မိမိခုန်ဆင်းလိုက်ချိန်တွင် အခြားရထားတွဲမှလည်း လူတစ်ဦး ခုန်ဆင်းလာသည်ကို တွေ့လိုက်ကြောင်း၊ ယင်းနောက် မြေပြင်နှင့် ပြင်းထန်စွာ ရိုက်ခတ်မိလိုက်ကြောင်း၊ ထိုအသိမှာ နောက်ဆုံးသိလိုက်သော အရာသာဖြစ်ကြောင်း လွတ်မြောက်လာသူတစ်ဦးက ပြောပြ၏။

အဆိုပါဖြစ်ရပ်ကြီးပေါ်ပေါက်ပြီးနောက်ပိုင်း ဥမင်လှိုဏ်ခေါင်းကို သံတိုင်များဖြင့် ပိတ်ပစ်လိုက်၏။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင်ကား ဥမင်လှိုဏ်ခေါင်းကြီးရှိရာနေရာသို့ ဗုံးကြဲခံခဲ့ရရာ လှိုဏ်ဂူကြီးမှာ အပြီးတိုင် ပိတ်သိမ်းခြင်း ခံရလေသည်။

ဇနက်တီ၏ မီးရထားကြီး အံ့အားသင့်ဖွယ် ပျောက်ကွယ်သွားခဲ့ပြီးနောက်ပိုင်း ရထားနှင့်ပတ်သက်သည့် သတင်းများမှာ ပိုမိုဆန်းကြယ် နက်ရှိုင်းလာခဲ့သည်။ အများက ယူဆကြသည်မှာ အဆိုပါရထားကို သဘာဝလွန်စွမ်းအားအချို့၏ ဖမ်းစားခြင်းခံလိုက်ရပြီး ကာလခရီးသွားကာ အတိတ်ဆီသို့ ပြန်လည်ရောက်ရှိသွားကြခြင်းဖြစ်သည်ဟု ယူဆကြသည်။

(ရှေးခေတ်သူတော်စင်တစ်ဦး တွေ့မြင်ခဲ့)

အီတလီမြောက်ပိုင်း မိုဒီနာမြို့ (Modena) တွင် အလယ်ခေတ်ကာလ (၅ ရာစုမှ ၁၅ ရာစုအကြား) က ဘုန်းတော်ကြီးများသည် လူများစွာ လိုက်ပါလာသော တွဲ ၃ တွဲပါ ရထား ၁ စီးကို တွေ့မြင်ခဲ့ကြကြောင်း အလယ်ခေတ်သူတော်စင်တစ်ဦးက ရေးသားခဲ့သည့် မှတ်တမ်းတစ်ခု ရှိနေသည်။ ရထားပေါ်တွင် လိုက်ပါလာသူတို့ ဝတ်ဆင်ထားကြသည်မှာ ထိုခေတ်က ဝတ်စားပုံမျိုး မဟုတ်ဟု ဆိုသည်။ ထိုခေတ်က အမြန်ဆုံး ယာဉ်မှာ မြင်းလှည်းသာ ရှိခဲ့သည့်ခေတ်လည်း ဖြစ်၏။ ရထားလမ်းပင် မတီထွင်နိုင်ကြသေးချေ။

(မက္ကဆီကိုနိုင်ငံသို့ ရောက်ရှိခဲ့)

မီးရထားပေါ်တွင် လိုက်ပါခဲ့ကာ ပျောက်ဆုံးသွားခဲ့ရသူတစ်ဦး၏ ဆွေမျိုးသားချင်းတစ်ဦးက သမိုင်းမှတ်တမ်းများ ပြန်လည်ရှာဖွေ လေ့လာရာ စိတ်ဝင်စားဖွယ်အချက်တစ်ခုကို တွေ့ရှိခဲ့သည်။

အဆိုပါရထားသည် ၁၈၄၅ ခုနှစ် (မြန်မာနိုင်ငံတွင်ဆိုလျှင် သာယာဝတီမင်း လက်ထက်ခန့် ) က မက္ကဆီကိုနိုင်ငံသို့ ရောက်ရှိခဲ့သည့်မှတ်တမ်းရှိသည်ဟု ဆိုသည်။ (ရထားပျောက်ဆုံးသည်မှာ ၁၉၁၁ ခုနှစ်ဖြစ်သည်)

ဇနက်တီမီးရထားကြီးသည် မပျောက်ဆုံးမီ ၆၆ နှစ်ဆီသို့ အတိတ်သို့ကာလခရီးသွားခဲ့သည်ဟု ဆိုရမည်လော။

ထို့အပြင် အီတလီနိုင်ငံတည်ရှိရာ ဥရောပတိုက်နှင့် မက္ကဆီကိုရှိရာ မြောက်အမေရိကတိုက်တို့အကြား မြောက်အတ္တလန္တိတ် သမုဒ္ဒရာကြီးက ခြားနားထားသေးရာ မီးရထားဖြင့်သွားရန် လူသာမာန်တို့၏ အသိဉာဏ်ဖြင့် စဉ်းစားလျှင် မဖြစ်နိုင်ချေ။

မက္ကဆီကိုမှ ဆေးရုံတစ်ခု၏ မှတ်တမ်းများအရ ၁၈၄၅ ခုနှစ်တွင် အီတလီနိုင်ငံသား ၁၀၄ ဦး ဆေးရုံတက်ရန် ရောက်လာကြကြောင်း၊ ၎င်းတို့အားလုံးမှာ သွက်သွက်ခါအောင် ရူးသွပ်နေကြကြောင်း ရေးသားထားသည့် မှတ်တမ်းများရှိသည်ဟု ဆိုသည်။

၎င်းတို့ကို ကုသပေးခဲ့သည့် စိတ်ရောဂါကု ဆရာဝန်အမျိုးသမီးတစ်ဦးက မှတ်တမ်းတင်ရေးသားထားခဲ့ရာတွင် သူမ တာဝန်ထမ်းဆောင် သည့်ဆေးရုံသို့ ရောက်ရှိလာသည့် လူနာ ၁၀၄ ဦးမှာ ထူးဆန်းသည့် ဝတ်စုံများ ဝတ်ဆင်ထားကြကြောင်း၊ အီတလီနိုင်ငံ၊ ရောမမြို့မှ ဇနက်တီ မီးရထားကြီးဖြင့် လာခဲ့ကြခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ လူနာများအနက် တစ်ဦးတွင် စီးကရက်တစ်ဘူးပါလာရာ စီးကရက်ဘူးတွင် ထုတ်လုပ်သည့် ရက်စွဲဖော်ပြထားသည်မှာ ၁၉၀၇ ခုနှစ်ဟု ဖော်ပြထားသည်ကို တွေ့ခဲ့ရသည်။

အဆိုပါ စီးကရက်ဘူးကို မက္ကဆီကိုရှိ ပြတိုက်တစ်ခုတွင် ယနေ့တိုင် ပြသထားသည်။

နိုင်ငံများစွာတွင် တွေ့မြင်ကြသူများရှိ

အီတလီတွင် ပျောက်ကွယ်သွားခဲ့သော မီးရထားကြီးကို ရုရှား၊ ဂျာမနီ၊ ရိုမေးနီးယား အစရှိသည့်နိုင်ငံများ၏ နေရာအနှံ့အပြားတွင် တွေ့မြင်ခဲ့သည်ဟု ပြောကြားမှုများ ရှိလာသည်။

ထိုသို့ ထူးဆန်းသော ရထားကြီးကို တွေ့မြင်သည်ဆိုသူတိုင်း ပြောပြခဲ့သည့်ပုံသဏ္ဍာန်မှာ ၁၉၁၁ ခုနှစ်က ပျောက်ကွယ်သွားခဲ့သည့် ဇနက်တီ ရထားကြီးနှင့် တပုံစံတည်းဖြစ်သည်။

(၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်- ယူကရိန်းနိုင်ငံ)

ယူကရိန်းနိုင်ငံ (ထိုအချိန်က ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုဖြစ်) မှ ဇဗားလီချီ (Zavalichi) အမည်ရှိ မြို့ငယ်ကလေး တစ်မြို့တွင် ရထားလမ်းအချက်ပြသူတစ်ဦးဖြစ်သူ “ပေတရို ယို့စတင်းမင်ကို” (Pyotr Ustimenko) သည် တာဝန်ချိန်အတွင်းရှိနေစဉ် ထူးဆန်းသည့် ပုံသဏ္ဍာန်ရှိသော ရှေးဟောင်းရထားကြီးတစ်စင်း ရထားလမ်းပေါ်တွင် ဖြေးညှင်းစွာ ခုတ်မောင်းလာသည်ကို တွေ့လိုက်ရသည်။

အချက်ပြသမားက သူ၏ မီးရထားအဝင်၊ အထွက်စာရင်းစာအုပ်ကို ကြည့်လိုက်သော်လည်း အဆိုပါ မီးရထားနှင့် ပတ်သက်သည့် အချက်အလက်များ မတွေ့ရချေ။ မီးရထားမောင်းနှင်သူနေရာတွင် လူတစ်ဦးမျှ မတွေ့ရသည့်အပြင် ရထားတွဲ ၃ တွဲလုံးမှာလည်း သော့များခတ်ထားကာ ပြတင်းများကို လိုက်ကာများ ချထားသည်ကို တွေ့ခဲ့ရသည်။

အချက်ပြသမားလည်း မယုံကြည်စွာဖြင့် မျက်လုံးများ ပွတ်သပ်ကြည့်လိုက်မိ၏။ ဤရထားကြီး မည်သည့်နေရာမှ ရောက်လာသည်မသိ၊ ယခုလို ရထားပုံစံမျိုးလည်း သူတစ်ခါမှ မတွေ့ဖူး။

အချက်ပြသမားပြောပြခဲ့သော မီးရထားပုံပန်းသဏ္ဍာန်များအရ အီတလီတွင် ပျောက်ကွယ်သွားခဲ့သော မီးရထားနှင့် တစ်ပုံစံတည်း ဖြစ်လေသည်။

အဆိုပါ အချက်ပြသမားသည် ၁၉၁၁ ခုနှစ်က အီတလီတွင် ဆန်းကြယ်စွာပျောက်ကွယ်သွားခဲ့သော ရထားကြီးအကြောင်း သိပင် သိဟန်မရချေ။

(အိန္ဒိယသို့လည်း ရောက်ခဲ့)

၁၉၅၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ မဟာရပ်ရှ်တရာပြည်နယ် (Maharashtra ) ၊ ပြွန်း (Pune) မြို့ရှိ ပိုလ်တာဗာ (Poltava) ဘူတာရုံတွင်လည်း အီတလီတွင် ပျောက်ကွယ်သွားသော ရထားကြီးအား ဘူတာရှေ့မှ ဖြတ်သန်းသွားသည်ကို တွေ့ခဲ့ကြသည်။

ဘူတာရုံထဲတွင်ရှိနေသော ခရီးသည်တစ်ဦးပင် အဆိုပါရထားကြီးပေါ်သို့ အခြားသူများစွာရှေ့တွင် ခုန်တက်လိုက်ပါသွားခဲ့သည်ဟု ဆိုသည်။

အဆိုပါလိုက်ပါသွားသူလည်း ရထားကြီးနှင့်အတူ ထာဝရပျောက်ဆုံးသွားခဲ့ပြီး ပြွန်းမြို့ကလေးသို့ မည်သည့်အခါမှ ပြန်ရောက်မလာတော့ချေ။

သိပ္ပံပညာရှင်တို့က ဇနက်တီ မီးရထားကြီး ပျောက်ကွယ်သွားရခြင်းကို သိပ္ပံနည်းကျ အဖြေမထုတ်ပေးနိုင်သော်လည်း အများယူဆချက်အရမူ ကာလခရီးသွားနေခြင်း ဖြစ်သည်ဟု ယူဆကြသည်။

အဆိုပါ ရထားကြီးသည် အနာဂတ်တစ်ချိန်ချိန်တွင် သင်နေထိုင်ရာမြို့ကလေး၏ ဘူတာမှ ဖြတ်သန်းသွားဖွယ် မရှိဟု မည်သူမျှ မပြောနိုင်ချေ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Italy's mysterious train disappeared with 104 passengers, no clue found till date (steemit.com, fltimes.com, infobush.com, readersoak.com, nikwik.com, dailyhunt.com)

 

[Zawgyi]

ခရီးသည္ ၁၀၀ ေက်ာ္ပါေသာ အီတလီ မီးရထားၾကီး ဥမင္လႈိဏ္ေခါင္းတစ္ခုအတြင္း ဆန္းၾကယ္စြာ ေပ်ာက္ကြယ္သြားမႈၾကီး

၁၉၁ဝ ျပည့္လြန္ကာလမ်ားသည္ ကမၻာ့သမိုင္းတြင္ အထင္ကရျဖစ္ရပ္ၾကီးမ်ား မ်ားစြာျဖစ္ေပၚခဲ့သည့္ အခ်ိန္မ်ားျဖစ္၏။ ၁၉၁၂ ခုႏွစ္တြင္ မည္သည့္အခါမွ် မနစ္ျမဳပ္ႏိုင္ဟု ေဟာကိန္းထုတ္ခဲ့ေသာ တိုက္တန္းနစ္သေဘၤာၾကီး ပထမဆံုးခရီးစဥ္မွာပင္ နစ္ျမဳပ္သြားခဲ့မႈ ျဖစ္ေပၚခဲ့သည္။ ၁၉၁၄ ခုႏွစ္တြင္ကား ပထမကမၻာစစ္မီးၾကီး ေတာက္ေလာင္ခဲ့၏။ ၁၉၁၈ ခုႏွစ္တြင္မူ စပိန္တုပ္ေကြး ကပ္ေရာဂါေဘးၾကီး ေပၚေပါက္ခဲ့ရာ လူေပါင္း သန္း ၅၀၀ ခန္႔ (ခန္႔မွန္း) ကူးစက္ခံရျပီး ၁၇ သန္းမွ သန္း ၁၀၀ ၾကား (ခန္႔မွန္း) ေသဆံုးခဲ့ရသည္။

၁၉၁၁ ခုႏွစ္တြင္ အီတလီႏိုင္ငံ၌ ခရီးသည္ေပါင္း ၁၀၀ ေက်ာ္ပါေသာ ရထားတစ္စီးလံုး ထူးဆန္းအံ့ၾသဖြယ္ ေပ်ာက္ဆံုးသြားမႈၾကီး ေပၚေပါက္ခဲ့သည္။ ပို၍ ဆန္းၾကယ္သည္မွာ မကၠဆီကိုႏိုင္ငံ၏ သမိုင္းမွတ္တမ္းမ်ားအရ အဆိုပါ မီးရထားကို မကၠဆီကိုတြင္ ၁၈၄၀ ျပည့္လြန္ကာလမ်ားက ေတြ႔ျမင္ဖူးခဲ့ၾကေၾကာင္း သမိုင္းအေထာက္အထားမ်ား ရွိေနျခင္းျဖစ္၏။

ထိုရထားၾကီး၏ ဆန္းၾကယ္ေသာ ျဖစ္ရပ္ႏွင့္ စပ္လ်ဥ္းျပီး အမ်ဳိးမ်ဳိးအဖံုဖံု ထင္ေၾကးေပး ေျပာဆိုမႈမ်ားရွိခဲ့ၾကသည္။ တူညီသည့္ တစ္ခုတည္းေသာအခ်က္မွာ လူေပါင္း ၁၀၀ ေက်ာ္ႏွင့္အတူ ေပ်ာက္ဆံုးသြားသည့္အခ်က္ ျဖစ္၏။

အီတလီ မီးရထားကုမၸဏီ ဇနက္တီ (Zanetti)၏ မီးရထားၾကီးတစ္စီးသည္ ဦးတည္ရာခရီးသို႔ မေရာက္မီ လိႈဏ္ဂူတစ္ခုအတြင္း ဝင္ေရာက္ကာ တစ္စီးလံုး ေပ်ာက္ကြယ္သြားခဲ့ျခင္း ျဖစ္သည္။

ဇနက္တီ၏ မီးရထားၾကီးသည္ တိုက္တန္းနစ္သေဘၤာၾကီးကဲ့သို႔ပင္ ပထမဆံုးစတင္ထြက္ရွိသည့္ ခရီးစဥ္မွာပင္ နိဂံုးခ်ဳပ္ခဲ့ရျခင္း ျဖစ္၏။

ဇနက္တီ၏ မီးရထားၾကီး ေပ်ာက္ဆံုးသြားမႈႏွင့္ စပ္လ်ဥ္းျပီး စိတ္ဝင္စားဖြယ္အေကာင္းဆံုး ထင္ေၾကးေပးမႈမွာ ရထားၾကီးသည္ သဘာဝလြန္စြမ္းအားတို႔ေၾကာင့္ ကာလခရီးသြားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားခ်က္ ျဖစ္သည္။

(ဇာတ္လမ္းအစ)

အခ်ိန္ကား ၁၉၁၁ ခုႏွစ္၊ ဇူလိုင္လ ၊ ၁၄ ရက္ေန႔။ (အခ်ဳိ႕မွတ္တမ္းမ်ားတြင္မူ ဇြန္လ ၁၄ ရက္ဟု ေဖာ္ျပမႈမ်ား ရွိသည္)

အီတလီ မီးရထားကုမၸဏီ ဇနက္တီက ၎တို႔ကုမၸဏီမွ ထုတ္လုပ္ေသာ မီးရထားသစ္တစ္စီးကို စတင္စမ္းသပ္ေျပးဆြဲမည္ျဖစ္ရာ မည္သူမဆို အခမဲ့လိုက္ပါစီးနင္းႏိုင္ေၾကာင္း ေၾကညာကာ ခရီးသည္ေပါင္း ၁၀၀ ဦး ေရြးခ်ယ္ခဲ့သည္။

အဆိုပါခရီးစဥ္ စီစဥ္ရျခင္း၏ ရည္ရြယ္ခ်က္မွာ ခ်မ္းသာၾကြယ္ဝသူမ်ားအၾကား ဇနက္တီ၏ မီးရထားခရီးစဥ္အေၾကာင္း ေရပန္းစား လူသိမ်ားကာ စီးနင္းသူမ်ားျပားလာေစေရး ေၾကာ္ျငာသည့္သေဘာျဖစ္သည္။

မီးရထားသစ္ၾကီး၏ ပထမဆံုးခရီးစဥ္တြင္ ရထားဝန္ထမ္း ၆ ဦးႏွင့္ ခရီးသည္ ၁၀၀ ဦး လိုက္ပါစီးနင္းခဲ့ၾကျပီး အီတလီႏိုင္ငံ၊ ေရာမျမိဳ႕မွ စတင္ထြက္ခြာခဲ့ျခင္း ျဖစ္သည္။

အခမဲ့ စီးနင္းလိုက္ပါခြင့္ရသည့္ ခရီးသည္မ်ားကို စတင္ထြက္ခြာရာ ေရာမျမိဳ႕သို႔ အခမဲ့ျပန္လည္ပို႔ေဆာင္ေပးမည္ ျဖစ္သည္။

ရထားေပၚတြင္ စားဖြယ္ေသာက္ဖြယ္မ်ား၊ ယမကာမ်ား အစံုအလင္ တည္ခင္းဧည့္ခံခဲ့၏။

ခရီးသည္တို႔မွာ မီးရထားမွ တည္ခင္းဧည့္ခံေသာ စားေသာက္ဖြယ္မ်ားကို ေပ်ာ္ရႊင္စြာ စားေသာက္ရင္း လိုက္ပါလာၾကသည္။ အခ်ဳိ႕က ရထားျပတင္းမွတဆင့္ ဝန္းက်င္ရွိ ေတာင္တန္းမ်ားအလွကို ခံစားကာ ေအးခ်မ္းစြာ သက္ေတာင့္သက္သာ စီးနင္းလိုက္ပါ လာၾကသည္။

ရထားၾကီးသည္ လမ္းတစ္ေလွ်ာက္ရွိ ဘူတာမ်ားကို တစ္ဘူတာျပီးတစ္ဘူတာ ျဖတ္ေက်ာ္လာခဲ့သည္။ အဆိုပါ ဘူတာမ်ားရွိ ခရီးသည္မ်ားကလည္း ျဖတ္သန္းေမာင္းႏွင္သြားေသာ ရထားၾကီးကို လက္ျပက်န္ရစ္ၾကသည္။

ထိုသို႔ ေမာင္းႏွင္လာရင္း အီတလီႏိုင္ငံ အေနာက္ေျမာက္ပိုင္း လြန္ဘားဒီ (Lombardy) အရပ္မွ ေတာင္တန္းၾကီးမ်ား ေအာက္ေျခရွိ မိုင္ဝက္ခန္႔ ရွည္လ်ားေသာ ဥမင္လႈိဏ္ေခါင္းရွိရာသို႔ ေရာက္ရွိလာသည္။

ထိုလႈိဏ္ဂူၾကီးထဲသုိ႔ ရထားၾကီးမဝင္မီတြင္ လႈိဏ္ဂူၾကီးထဲမွ ႏို႔ႏွစ္ျဖဴေရာင္ မီးခိုးတိမ္လိပ္မ်ား လိမ့္ထြက္လာေနကာ ရထားကို တျဖည္းျဖည္း ရစ္ပတ္အုပ္ဆိုင္းသြားခဲ့သည္ဟု ကိုယ္ေတြ႔ၾကံဳခဲ့သူတစ္ဦးက ျပန္ေျပာင္းေျပာျပသည္။

ဇနက္တီ မီးရထားၾကီးသည္ ဥမင္အတြင္း ဝင္ေရာက္သြားျပီးေနာက္ ရထားတစ္စီးလံုး ခရီးသည္မ်ားႏွင့္အတူ ဆန္းၾကယ္စြာ ေပ်ာက္ကြယ္သြားေတာ့သည္။

ေရာမျမိဳ႕ရွိ ဘူတာမွ မီးရထားထြက္ခြာခဲ့ပံုႏွင့္ ဥမင္လႈိဏ္ေခါင္းအတြင္း ဝင္ေရာက္သြားပံုတို႔ကို ျမင္ေတြ႔ခဲ့သူ မ်ားစြာရွိခဲ့သည္။

မီးရထားၾကီး ေပ်ာက္ကြယ္သြားျပီးေနာက္ပိုင္း မီးရထားကုမၸဏီမွ အလုပ္သမားမ်ားႏွင့္ ရဲတပ္ဖြဲ႔တို႔က ရထားလမ္းတစ္ေလွ်ာက္ႏွင့္ လႈိဏ္ဂူအတြင္း ပိုက္စိပ္တိုက္ရွာေဖြၾကေသာ္လည္း ရထားႏွင့္သက္ဆိုင္ေသာ သဲလြန္စ အစအနပင္ မေတြ႔ရေတာ့ေခ်။ ဥမင္လႈိဏ္ေခါင္း အမိုးတြင္ မီးရထားမွ ထြက္ရွိေသာ ၾကပ္ခိုးအေငြ႔အသက္ပင္ မေတြ႔ခဲ့။

မီးရထားၾကီး ဆိုက္ေရာက္မည့္ ဘူတာရံုကလည္း အဆိုပါမီးရထားကို ေစာင့္ေမွ်ာ္ေနခဲ့ေသာ္လည္း မည္သည့္အခါမွ် ေရာက္မလာေတာ့ေခ်။

(ရထားေပၚမွ လြတ္ေျမာက္လာသူ ၂ ဦး)

ရထားေပၚတြင္ လိုက္ပါသြားသူ ၁၀၆ ဦးအနက္ ၂ ဦးမွာမူ မီးရထားၾကီးေပၚမွ ရုတ္တရက္လြတ္ေျမာက္လာခဲ့သည္။

လြတ္ေျမာက္လာေသာ ခရီးသည္ ၂ ဦးမွာ စိတ္ဂေယာက္ဂယက္ျဖစ္ေနျပီး သြက္သြက္ခါရူးသြပ္ေနၾကသည္။

သို႔ႏွင့္ ၎တို႔ႏွစ္ဦးအား စိတ္က်န္းမာေရး ကုသမႈမ်ား ျပဳလုပ္ေပးျပီး ေနာက္ဆံုးတြင္ ပံုမွန္စိတ္အေျခအေန ျပန္လည္ရရွိခဲ့ၾကသည္။

ထိုသို႔ စိတ္အေျခအေနတည္ျငိမ္သြားသည့္တိုင္ မီးရထားၾကီးေပၚတြင္ ၾကံဳေတြ႔ခဲ့ရသည္တို႔ကို ခ်က္ခ်င္းေျပာမျပခဲ့ၾကေခ်။

ေနာက္ဆံုးတြင္မွ တစ္ဦးက ေျပာလာသည္မွာ မီးရထားၾကီးေပၚ လိုက္ပါစီးနင္းခဲ့ၾကသည့္ေန႔က ဥမင္လႈိဏ္ဂူအနီးသို႔ ေရာက္ခ်ိန္တြင္ အျဖဴေရာင္ျမဴခိုးလံုးၾကီးမ်ားက ရထားကို ဖံုးလႊမ္းသြားခဲ့သည္ဟု ဆိုသည္။ ျမဴခိုးမ်ားမွာ တစ္စထက္တစ္စ ပိုမိုသိပ္သည္းလာရာ လိုက္ပါစီးနင္းလာသူမ်ား လြန္စြာေျခာက္ျခားတုန္လႈပ္ခဲ့ ၾကကာ စူးစူးရြားရြားေအာ္ဟစ္ၾက၏။ ထိုအခ်ိန္က လူတိုင္းေတြးထင္ခဲ့ၾကသည္မွာ ရထားၾကီးမွာ မေတာ္တဆမႈ (accident) တစ္ခု ၾကီးၾကီးမားမား ျဖစ္ျခင္းဟု ထင္ခဲ့ၾကသည္။

ခရီးသည္မ်ားအနက္ ၂ ဦးမွာမူ လႈိဏ္ေခါင္းထဲသို႔ ရထားႀကီး မဝင္ေရာက္မီ ရထားအျပင္ဖက္သို႔ ခုန္ခ်သြားခဲ့ၾကသည္။

ျမဴခိုးျဖဴထုၾကီးမွာ မီးရထားၾကီးကို လႈိဏ္းလံုးၾကီးမ်ားသဖြယ္ ရစ္သိုင္းထားျပီး ဥမင္ဆီသုိ႔ နီးကပ္လာသည္ႏွင့္အမွ် ၎၏ နားထဲတြင္ တဝီဝီအသံၾကီးၾကားရေၾကာင္း၊ လူစီးတြဲတစ္တြဲ လႈိဏ္ဂူထဲသို႔ လံုးဝေရာက္ရွိသြားခ်ိန္တြင္ မိမိမွာ ေျခာက္ျခားလာကာ ရထားေပၚမွ ခုန္ဆင္းလိုက္ျခင္းျဖစ္ေၾကာင္း လြတ္ေျမာက္လာသူတစ္ဦးက ေျပာသည္။

မိမိခုန္ဆင္းလိုက္ခ်ိန္တြင္ အျခားရထားတြဲမွလည္း လူတစ္ဦး ခုန္ဆင္းလာသည္ကို ေတြ႔လိုက္ေၾကာင္း၊ ယင္းေနာက္ ေျမျပင္ႏွင့္ ျပင္းထန္စြာ ရိုက္ခတ္မိလိုက္ေၾကာင္း၊ ထိုအသိမွာ ေနာက္ဆံုးသိလိုက္ေသာ အရာသာျဖစ္ေၾကာင္း လြတ္ေျမာက္လာသူတစ္ဦးက ေျပာျပ၏။

အဆိုပါျဖစ္ရပ္ၾကီးေပၚေပါက္ျပီးေနာက္ပိုင္း ဥမင္လႈိဏ္ေခါင္းကို သံတိုင္မ်ားျဖင့္ ပိတ္ပစ္လိုက္၏။

ဒုတိယကမၻာစစ္ၾကီးအတြင္းတြင္ကား ဥမင္လႈိဏ္ေခါင္းၾကီးရွိရာေနရာသို႔ ဗံုးၾကဲခံခဲ့ရရာ လိႈဏ္ဂူၾကီးမွာ အျပီးတိုင္ ပိတ္သိမ္းျခင္း ခံရေလသည္။

ဇနက္တီ၏ မီးရထားၾကီး အံ့အားသင့္ဖြယ္ ေပ်ာက္ကြယ္သြားခဲ့ျပီးေနာက္ပိုင္း ရထားႏွင့္ပတ္သက္သည့္ သတင္းမ်ားမွာ ပိုမိုဆန္းၾကယ္ နက္ရိႈင္းလာခဲ့သည္။ အမ်ားက ယူဆၾကသည္မွာ အဆိုပါရထားကို သဘာဝလြန္စြမ္းအားအခ်ဳိ႕၏ ဖမ္းစားျခင္းခံလိုက္ရျပီး ကာလခရီးသြားကာ အတိတ္ဆီသို႔ ျပန္လည္ေရာက္ရွိသြားၾကျခင္းျဖစ္သည္ဟု ယူဆၾကသည္။

(ေရွးေခတ္သူေတာ္စင္တစ္ဦး ေတြ႔ျမင္ခဲ့)

အီတလီေျမာက္ပိုင္း မိုဒီနာျမိဳ႕ (Modena) တြင္ အလယ္ေခတ္ကာလ (၅ ရာစုမွ ၁၅ ရာစုအၾကား) က ဘုန္းေတာ္ၾကီးမ်ားသည္ လူမ်ားစြာ လိုက္ပါလာေသာ တြဲ ၃ တြဲပါ ရထား ၁ စီးကို ေတြ႔ျမင္ခဲ့ၾကေၾကာင္း အလယ္ေခတ္သူေတာ္စင္တစ္ဦးက ေရးသားခဲ့သည့္ မွတ္တမ္းတစ္ခု ရွိေနသည္။ ရထားေပၚတြင္ လိုက္ပါလာသူတို႔ ဝတ္ဆင္ထားၾကသည္မွာ ထိုေခတ္က ဝတ္စားပံုမ်ဳိး မဟုတ္ဟု ဆိုသည္။ ထိုေခတ္က အျမန္ဆံုး ယာဥ္မွာ ျမင္းလွည္းသာ ရွိခဲ့သည့္ေခတ္လည္း ျဖစ္၏။ ရထားလမ္းပင္ မတီထြင္ႏိုင္ၾကေသးေခ်။

(မကၠဆီကိုႏိုင္ငံသို႔ ေရာက္ရွိခဲ့)

မီးရထားေပၚတြင္ လိုက္ပါခဲ့ကာ ေပ်ာက္ဆံုးသြားခဲ့ရသူတစ္ဦး၏ ေဆြမ်ဳိးသားခ်င္းတစ္ဦးက သမိုင္းမွတ္တမ္းမ်ား ျပန္လည္ရွာေဖြ ေလ့လာရာ စိတ္ဝင္စားဖြယ္အခ်က္တစ္ခုကို ေတြ႔ရွိခဲ့သည္။

အဆိုပါရထားသည္ ၁၈၄၅ ခုႏွစ္ (ျမန္မာႏိုင္ငံတြင္ဆိုလွ်င္ သာယာဝတီမင္း လက္ထက္ခန္႔ ) က မကၠဆီကိုႏိုင္ငံသို႔ ေရာက္ရွိခဲ့သည့္မွတ္တမ္းရွိသည္ဟု ဆိုသည္။ (ရထားေပ်ာက္ဆုံးသည္မွာ ၁၉၁၁ ခုႏွစ္ျဖစ္သည္)

ဇနက္တီမီးရထားၾကီးသည္ မေပ်ာက္ဆံုးမီ ၆၆ ႏွစ္ဆီသို႔ အတိတ္သုိ႔ကာလခရီးသြားခဲ့သည္ဟု ဆိုရမည္ေလာ။

ထို႔အျပင္ အီတလီႏိုင္ငံတည္ရွိရာ ဥေရာပတိုက္ႏွင့္ မကၠဆီကိုရွိရာ ေျမာက္အေမရိကတိုက္တို႔အၾကား ေျမာက္အတၱလႏၱိတ္ သမုဒၵရာၾကီးက ျခားနားထားေသးရာ မီးရထားျဖင့္သြားရန္ လူသာမာန္တို႔၏ အသိဥာဏ္ျဖင့္ စဥ္းစားလွ်င္ မျဖစ္ႏိုင္ေခ်။

မကၠဆီကိုမွ ေဆးရံုတစ္ခု၏ မွတ္တမ္းမ်ားအရ ၁၈၄၅ ခုႏွစ္တြင္ အီတလီႏိုင္ငံသား ၁၀၄ ဦး ေဆးရံုတက္ရန္ ေရာက္လာၾကေၾကာင္း၊ ၎တို႔အားလံုးမွာ သြက္သြက္ခါေအာင္ ရူးသြပ္ေနၾကေၾကာင္း ေရးသားထားသည့္ မွတ္တမ္းမ်ားရွိသည္ဟု ဆိုသည္။

၎တို႔ကို ကုသေပးခဲ့သည့္ စိတ္ေရာဂါကု ဆရာဝန္အမ်ဳိးသမီးတစ္ဦးက မွတ္တမ္းတင္ေရးသားထားခဲ့ရာတြင္ သူမ တာဝန္ထမ္းေဆာင္ သည့္ေဆးရံုသို႔ ေရာက္ရွိလာသည့္ လူနာ ၁၀၄ ဦးမွာ ထူးဆန္းသည့္ ဝတ္စံုမ်ား ဝတ္ဆင္ထားၾကေၾကာင္း၊ အီတလီႏိုင္ငံ၊ ေရာမျမိဳ႕မွ ဇနက္တီ မီးရထားၾကီးျဖင့္ လာခဲ့ၾကျခင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့ၾကသည္ဟု ဆိုသည္။

အဆိုပါ လူနာမ်ားအနက္ တစ္ဦးတြင္ စီးကရက္တစ္ဘူးပါလာရာ စီးကရက္ဘူးတြင္ ထုတ္လုပ္သည့္ ရက္စြဲေဖာ္ျပထားသည္မွာ ၁၉၀၇ ခုႏွစ္ဟု ေဖာ္ျပထားသည္ကို ေတြ႔ခဲ့ရသည္။

အဆိုပါ စီးကရက္ဘူးကို မကၠဆီကိုရွိ ျပတိုက္တစ္ခုတြင္ ယေန႔တိုင္ ျပသထားသည္။

ႏိုင္ငံမ်ားစြာတြင္ ေတြ႔ျမင္ၾကသူမ်ားရွိ

အီတလီတြင္ ေပ်ာက္ကြယ္သြားခဲ့ေသာ မီးရထားၾကီးကို ရုရွား၊ ဂ်ာမနီ၊ ရိုေမးနီးယား အစရွိသည့္ႏိုင္ငံမ်ား၏ ေနရာအႏွံ႔အျပားတြင္ ေတြ႔ျမင္ခဲ့သည္ဟု ေျပာၾကားမႈမ်ား ရွိလာသည္။

ထိုသို႔ ထူးဆန္းေသာ ရထားၾကီးကို ေတြ႔ျမင္သည္ဆိုသူတိုင္း ေျပာျပခဲ့သည့္ပံုသ႑ာန္မွာ ၁၉၁၁ ခုႏွစ္က ေပ်ာက္ကြယ္သြားခဲ့သည့္ ဇနက္တီ ရထားၾကီးႏွင့္ တပံုစံတည္းျဖစ္သည္။

(၁၉၅၅ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္- ယူကရိန္းႏိုင္ငံ)

ယူကရိန္းႏိုင္ငံ (ထိုအခ်ိန္က ဆိုဗီယက္ျပည္ေထာင္စု၏ ျပည္နယ္တစ္ခုျဖစ္) မွ ဇဗားလီခ်ီ (Zavalichi) အမည္ရွိ ျမိဳ႕ငယ္ကေလး တစ္ျမိဳ႕တြင္ ရထားလမ္းအခ်က္ျပသူတစ္ဦးျဖစ္သူ “ေပတရို ယို႔စတင္းမင္ကို” (Pyotr Ustimenko) သည္ တာဝန္ခ်ိန္အတြင္းရွိေနစဥ္ ထူးဆန္းသည့္ ပံုသ႑ာန္ရွိေသာ ေရွးေဟာင္းရထားၾကီးတစ္စင္း ရထားလမ္းေပၚတြင္ ေျဖးညွင္းစြာ ခုတ္ေမာင္းလာသည္ကို ေတြ႔လိုက္ရသည္။

အခ်က္ျပသမားက သူ၏ မီးရထားအဝင္၊ အထြက္စာရင္းစာအုပ္ကို ၾကည့္လိုက္ေသာ္လည္း အဆိုပါ မီးရထားႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ား မေတြ႔ရေခ်။ မီးရထားေမာင္းႏွင္သူေနရာတြင္ လူတစ္ဦးမွ် မေတြ႔ရသည့္အျပင္ ရထားတြဲ ၃ တြဲလံုးမွာလည္း ေသာ့မ်ားခတ္ထားကာ ျပတင္းမ်ားကို လိုက္ကာမ်ား ခ်ထားသည္ကို ေတြ႔ခဲ့ရသည္။

အခ်က္ျပသမားလည္း မယံုၾကည္စြာျဖင့္ မ်က္လံုးမ်ား ပြတ္သပ္ၾကည့္လိုက္မိ၏။ ဤရထားၾကီး မည္သည့္ေနရာမွ ေရာက္လာသည္မသိ၊ ယခုလို ရထားပံုစံမ်ိဳးလည္း သူတစ္ခါမွ မေတြ႔ဖူး။

အခ်က္ျပသမားေျပာျပခဲ့ေသာ မီးရထားပံုပန္းသ႑ာန္မ်ားအရ အီတလီတြင္ ေပ်ာက္ကြယ္သြားခဲ့ေသာ မီးရထားႏွင့္ တစ္ပံုစံတည္း ျဖစ္ေလသည္။

အဆိုပါ အခ်က္ျပသမားသည္ ၁၉၁၁ ခုႏွစ္က အီတလီတြင္ ဆန္းၾကယ္စြာေပ်ာက္ကြယ္သြားခဲ့ေသာ ရထားၾကီးအေၾကာင္း သိပင္ သိဟန္မရေခ်။

(အိႏိၵယသို႔လည္း ေရာက္ခဲ့)

၁၉၅၅ ခုႏွစ္၊ ေအာက္တိုဘာလ ၂၉ ရက္။

အိႏိၵယႏိုင္ငံ အေနာက္ပိုင္း၊ မဟာရပ္ရွ္တရာျပည္နယ္ (Maharashtra ) ၊ ျပြန္း (Pune) ျမိဳ႕ရွိ ပိုလ္တာဗာ (Poltava) ဘူတာရံုတြင္လည္း အီတလီတြင္ ေပ်ာက္ကြယ္သြားေသာ ရထားၾကီးအား ဘူတာေရွ႕မွ ျဖတ္သန္းသြားသည္ကို ေတြ႔ခဲ့ၾကသည္။

ဘူတာရံုထဲတြင္ရွိေနေသာ ခရီးသည္တစ္ဦးပင္ အဆိုပါရထားၾကီးေပၚသို႔ အျခားသူမ်ားစြာေရွ႕တြင္ ခုန္တက္လိုက္ပါသြားခဲ့သည္ဟု ဆိုသည္။

အဆိုပါလိုက္ပါသြားသူလည္း ရထားၾကီးႏွင့္အတူ ထာဝရေပ်ာက္ဆံုးသြားခဲ့ျပီး ျပြန္းျမိဳ႕ကေလးသို႔ မည္သည့္အခါမွ ျပန္ေရာက္မလာေတာ့ေခ်။

သိပၸံပညာရွင္တို႔က ဇနက္တီ မီးရထားၾကီး ေပ်ာက္ကြယ္သြားရျခင္းကို သိပၸံနည္းက် အေျဖမထုတ္ေပးႏိုင္ေသာ္လည္း အမ်ားယူဆခ်က္အရမူ ကာလခရီးသြားေနျခင္း ျဖစ္သည္ဟု ယူဆၾကသည္။

အဆိုပါ ရထားၾကီးသည္ အနာဂတ္တစ္ခ်ိန္ခ်ိန္တြင္ သင္ေနထုိင္ရာျမိဳ႕ကေလး၏ ဘူတာမွ ျဖတ္သန္းသြားဖြယ္ မရွိဟု မည္သူမွ် မေျပာႏိုင္ေခ်။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Italy's mysterious train disappeared with 104 passengers, no clue found till date (steemit.com, fltimes.com, infobush.com, readersoak.com, nikwik.com, dailyhunt.com)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service