အဆောက်အအုံဆောက်လုပ်မှုကြောင့် မိမိအိမ် ပျက်စီးထိခိုက်သော် လျော်ကြေးငွေ ရပိုင်ခွင့်

အဆောက်အအုံဆောက်လုပ်မှုကြောင့် မိမိအိမ် ပျက်စီးထိခိုက်သော် လျော်ကြေးငွေ ရပိုင်ခွင့် - Property Knowledge in Myanmar from iMyanmarHouse.com
12 Jan 2021 3:34 pm တွင် တင်ခဲ့သည်
545 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

“ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု ကြောင့် ဘေးအိမ်အဆောက်အအုံထိခိုက်ပျက်စီးသွားရင် ဘယ်လိုဆောင်ရွက်ရမလဲဆရာ ၊ လျော်ကြေးတောင်းပိုင်ခွင့်ရှိပါသလား ” ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံလာရောက် ဆွေးနွေးပါသည် ။

“ အခုကိစ္စက ဘယ်လိုဖြစ်လို့လဲ ”

“ ကျွန်တော့် အိမ်ရဲ့ ဘေးကပ်လျက် မြေကွက်မှာကန်ထရိုက်တိုက် ရှစ်ထပ်အဆောက်အအုံဆောက်တယ် ဆရာ ”

“ အခု ဘယ်နှစ်ထပ်ရောက်နေပြီးလဲ ”

“ ဒုတိယထပ်ရောက်ပြီ ထင်တယ် ”

“ အခုကာလ ရိုးရိုးရှစ်ထပ်တိုက်မဟုတ်ဘဲ ၊ မီနီကွန်ဒို အမျိုးအစား တိုက်ခန်းတွေ ဆောက်လုပ်လာတာတွေ့ရတယ် ။ အချို့ အဆောက်အအုံတွေမှာ ဓာတ်လှေခါးပါကြတာတွေ့ရတယ် ”

“ ဟုတ်ကဲ့ ဆရာ ။အခုကိစ္စကလည်း မီနီကွန်ဒိုဆောက်တာပဲ ဆရာ ။ပိုင်ရိုက်ကတည်းက ပြဿနာစတာဆိုပါတော့ ”

“ မောင်ရင် ရဲ့ အိမ်ထိခိုက်သွားသလား ”

“ ကျွန်တော့အိမ်က ပိုင်ရိုက်စဉ်က မဖြစ်သေးဘူး ။အခြားဘေးကပ်လျက်အိမ်ကတော့ အိမ်နံရံက အက်ကြောင်းတွေဖြစ်လာတယ်လို့ ပြောပါတယ် ”

“ မူလဆောက်လုပ်စဉ်ကတည်းက ခိုင်မာမှု အားနည်းတာလည်း ဖြစ်တတ်ပါတယ် ”

“ ဟုတ်ပါတယ်ဆရာ ။အခုကိစ္စက ကျွန်တော့် အိမ်ရှေ့မျက်နှာစာကျောက်ပြားသုံးချပ်ပဲ့သွားတာ ဆရာ ၊ ပြီးတောါ ဘိလပ်မြေ ၊ သဲ ၊ အမှိုက်တွေကလည်း ကျွန်တော့် အိမ်ဝိုင်းထဲမှာအဆက်မပြတ်ကျနေတယ် ၊ အိမ်ရဲ့ ပထမထပ်လသာဆောင် ဝရံတာမှာ လည်း ဒီအတိုင်းပဲ ဆရာ ၊ သဲတွေ ၊ ဘိလပ်မြေတွေနဲ့ ပေကျန်နေတာပဲ ဆရာ ”

“ ဒါကတော့ ဆောက်လုပ်ရေးလုပ်ငန်းရဲ့ ပေါ့ဆမှုလို့ သတ်မှတ်နိုင်ပါတယ် ”

“ ဥပဒေအရ ဘယ်လိုအရေးယူနိုင်ပါသလဲ ဆရာ ”

“ ပထမအချက်ကတော့ သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ ( အင်ဂျင်နီယာဌာန ) ထံ တင်ပြတိုင်တန်းရမယ့် သဘောရှိတယ် ”

“ အဆောက်အအုံဆောက်လုပ်တဲ့အခါမှာ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ သတ်မှတ်စည်းမျဉ်းတော့ ရှိမှာပေါ့ ဆရာ ”

“ ရှိတာပေါ့ ။ အဆောက်အအုံဆောက်ခွင့်ပြုကတည်းက အဆောက်အအုံဆောက်လုပ်ရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို နားလည်လိုက်နာပါမယ်လို့ ဆောက်လုပ်သူက ဝန်ခံကတိပြုချက်လက်မှတ်ရေးထိုးရပါတယ် ”

“ အခုလို ကိစ္စတွေဆိုရင် ဘယ်လိုဆောင်ရွက်ပေးရမယ်ဆိုတဲ့ နည်းလမ်းတော့ရှိမှာပေါ့နော် ”

“ စည်းကမ်းချက်တွေကတော့ အများကြီးပေါ့ ၊ အဓိကကျတဲ့ အချက်တွေကို ပြောပြမယ် ”

“ ဟုတ်ကဲ့ ဆရာ ”

“ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကာကွယ်မှု အစီအစဉ်များကို ကြိုတင်ဆောင်ရွက်ထားရမယ် ”

အဆောက်အအုံဆောက်လုပ်ရာမှာ အုတ် ၊ သဲ ၊ ကျောက် ၊ အမှိုက်နဲ့ သစ်များ ၊ အခြားပစ္စည်းများ အောက်သို့ကျ၍ အန္တရာယ်မဖြစ်စေရေး အတွက် တာဝန်ယူကြီးကြပ်ရမယ် ။ ငြမ်းဆင်မယ်ဆိုရင် ဘေးရှိ အဆောက်အအုံပေါ်တွင် ထောက်ပြီး ငြမ်းဆင်ခြင်းမပြုလုပ်ရဘူး။

အဆောက်အအုံဆောက်လုပ်နေစဉ်အပေါ်မှ ပစ္စည်းများကျ၍ ထိခိုက်မှုမရှိစေရေးအတွက် အထပ်တိုင်းရှိငြမ်းမှာ သင့်လျှော်တဲ့ ကြမ်းခင်းများနဲ့ အပြည့်ခင်းထားရမယ် ။ ကပ်လျက်ရှိတဲ့ အဆောက်အအုံများ မပျက်စီးစေရန် ကြိုတင်ကာကွယ်မှုအစီအမံများထားရှိရမယ် ။တကယ်လို့ တစ်စုံတစ်ရာပျက်စီးခဲ့ရင် အဆောက်အအုံဆောက်လုပ်ခြင်းကို ရပ်ဆိုင်းစေပြီး ပျက်စီးမှုအတွက် ပေးလျော်ပြီးမှ ဆက်လက်ဆောက်လုပ်ခွင့်ရမှာဖြစ်တယ် ။

“ မြို့တော် စည်ပင်သာယာရေးကော်မတီက လျော်ကြေးသတ်မှတ်ပေးမှာလား ”

“နစ်နာသူဘက်က တင်ပြလာရင် သက်ဆိုင်ရာလုပ်ငန်းခွင်းကို အင်ဂျင်နီယာဌာနမှ လာရောက်စစ်ဆေးမှာဖြစ်တယ် ။ စစ်ဆေးတွေ့ရှိချက်ကို ဌာနမှူးထံတင်ပြပြီး ဌာနမှူးက တစ်ဆင့်မြို့တော်စည်ပင်သာယာရေး ကော်မတီထံ တင်ပြကာ သဘောထားရယူရမှာဖြစ်ပါတယ် ”

“ စစ်ဆေးနေစဉ်ကာလအတွင်း ဆောက်လုပ်ရေးလုပ်ငန်းယာယီရပ်ဆိုင်းထားမှာပေါ့နော် ”

“ တိုင်တန်တဲ့ ဘက်ကို ခေါ်ပြီး စစ်ဆေးတာမျိုးရှိပါသလား ”

“ နစ်နာသူတွေဘက်က တင်ပြချက်တွေကို အသေးစိတ်ကြားနားဖို့ ခေါ်ယူမှတ်တမ်းယူတာတွေရှိပါတယ် ”

“ နှစ်ဖက်ညှိနှိုင်းပေးတဲ့ သဘောပေါ့ “

“ နစ်နာသူရဲ့ တောင်းဆိုချက်ကို ပြုလုပ်မိသူက ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာ ညှိနှိုင်းကြမှာဖြစ်ပါတယ် ”

“ သက်ဆိုင်ရာ အာဏရှိပုဂ္ဂိုလ်တွေရှေ့မှာတော့ နစ်နာသူတင်ပြချက်အပေါ် အဆောက်အအုံကို ပြုပြင်ဆောင်ရွက်ပေးပါ့မယ်လို့ကတိဝန်ခံချက်ပြုပြီး မှ ဆောင်ရွက်မပေးခဲ့ရင် ဘယ်လိုဖြစ်နိုင်သလဲဆရာ ”

“ ဒီလို အဖြစ်အပျက်မျိုးမဖြစ်နိုင်ဘူးလို့လည်း တရားသေမှတ်ချက်ချလို့ မရဘူး ၊ ကန်ထရိုက်ဆောက်လုပ်သူက သူ့ရဲ့ ဆောက်လုပ်ရေး လုပ်ငန်းရပ်ဆိုင်းနေခြင်းမှ ပယ်ဖျက်ပေးရန်သဘောတူလိုက်တာလည်း ဖြစ်နိုင်တယ် ။ နောက်မှ မောင်ရင်ပြောသလို ချက်ခြင်းပြုပြင်ပေးခြင်းမရှိတာလည်း ရှိတတ်ပါတယ် ။ဒါကြောင့် အချို့က တော့ မိမိကိုယ်တိုင် ပြင်ဆင်ပြုပြင်မယ်ဆိုပြီး ကုန်ကျစရိတ်လျော်ကြေးတောင်းလိုက်တာလည်း ရှိလာကြတယ် ”

“ အဲဒါက ပိုအဆင်ပြေတာပေါ့ ဆရာ ”

“ လျော်ကြေးငွေတွက်ချက်ညှိနှိုင်းဖို့က အခက်အခဲရှိနိုင်တယ် ။ဥပမာပြောရရင် မောင်ရင်ရဲ့ အိမ်ကနံရံကပ်ပြား သုံး ၊ လေးချပ်ကို သူတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်း ပြုလုပ်နေစဉ် အဆင်ပြေတဲ့ အချိန်မှာ လာရောက်ပြုပြင်တာမျိုးဖြစ်နိုင်တယ် ”

“ လျော်ကြေးညှိနှိုင်း လို့ အဆင်မပြေရင် ဘယ်လိုဆောင်ရွက်နိုင်သလဲ ဆရာ ။ ဒီအချက်လည်း ဗဟုသုတအဖြစ် သိထားချင်ပါတယ် ”

“ လျော်ကြေးငွေအတွက် သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲဆို တောင်းခွင့်ရှိပါတယ် ။တစ်ခုတော့ ရှိတယ် ။သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ ညှိနှိုင်းဆောင်ရွက်ပေးတဲ့ နစ်နာကြေးလျော်ကြေးကို နစ်နာသူက ရယူပြီးမှ လျော်ကြေးငွေမှာ နည်းနေသည်လို့ အကြောင်းပြပြီး တရားရုံးမှာ နစ်နာကြေး ထပ်မံတောင်းဆိုခွင့်ရှိမည်ဖြစ်ကြောင်း ။ဒေါ်ငွေရှင်ပါ ခုနှစ်ဦးနှင့် ဦးခွေးလေး ၂၀၀၁ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ - ၂၄၄ အမှုမှာ တရားရုံးချုပ်က ဆုံးဖြတ်ထားပါတယ် ။ဒါကြောင့် ဒီအချက်ကို သေချာစဉ်းစားပြီးမှ ဆောင်ရွက်သင့်တယ် ” ဟု ရှင်းပြလိုက်ပါတယ် ။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေ အတိုင်ပင်ခံ)

 

[Zawgyi]

အေဆာက္အအံုေဆာက္လုပ္မႈေၾကာင့္ မိမိအိမ္ ပ်က္စီးထိခိုက္ေသာ္ ေလ်ာ္ေၾကးေငြ ရပိုင္ခြင့္

“ ေဆာက္လုပ္ေရးလုပ္ငန္းတစ္ခု ေၾကာင့္ ေဘးအိမ္အေဆာက္အအံုထိခိုက္ပ်က္စီးသြားရင္ ဘယ္လိုေဆာင္ရြက္ရမလဲဆရာ ၊ ေလ်ာ္ေၾကးေတာင္းပိုင္ခြင့္ရွိပါသလား ” ဟု မိတ္ေဆြတစ္ဦး၏ သားျဖစ္သူက စာေရးသူထံလာေရာက္ ေဆြးေႏြးပါသည္ ။

“ အခုကိစၥက ဘယ္လိုျဖစ္လို႕လဲ ”

“ ကၽြန္ေတာ့္ အိမ္ရဲ႕ ေဘးကပ္လ်က္ ေျမကြက္မွာကန္ထရုိက္တိုက္ ရွစ္ထပ္အေဆာက္အအံုေဆာက္တယ္ ဆရာ ”

“ အခု ဘယ္နွစ္ထပ္ေရာက္ေနျပီးလဲ ”

“ ဒုတိယထပ္ေရာက္ျပီ ထင္တယ္ ”

“ အခုကာလ ရုိးရုိးရွစ္ထပ္တိုက္မဟုတ္ဘဲ ၊ မီနီကြန္ဒို အမ်ိဳးအစား တိုက္ခန္းေတြ ေဆာက္လုပ္လာတာေတြ႕ရတယ္ ။ အခ်ိဳ႕ အေဆာက္အအံုေတြမွာ ဓာတ္ေလွခါးပါၾကတာေတြ႕ရတယ္ ”

“ ဟုတ္ကဲ့ ဆရာ ။အခုကိစၥကလည္း မီနီကြန္ဒိုေဆာက္တာပဲ ဆရာ ။ပိုင္ရုိက္ကတည္းက ျပႆနာစတာဆိုပါေတာ့ ”

“ ေမာင္ရင္ ရဲ႕ အိမ္ထိခိုက္သြားသလာ း ”

“ ကၽြန္ေတာ့အိမ္က ပိုင္ရုိက္စဥ္က မျဖစ္ေသးဘူး ။အျခားေဘးကပ္လ်က္အိမ္ကေတာ့ အိမ္နံရံက အက္ေၾကာင္းေတြျဖစ္လာတယ္လို႕ ေျပာပါတယ္ ”

“ မူလေဆာက္လုပ္စဥ္ကတည္းက ခိုင္မာမႈ အားနည္းတာလည္း ျဖစ္တတ္ပါတယ္ ”

“ ဟုတ္ပါတယ္ဆရာ ။အခုကိစၥက ကၽြန္ေတာ့္ အိမ္ေရွ႕မ်က္နွာစာေက်ာက္ျပားသံုးခ်ပ္ပဲ့သြားတာ ဆရာ ၊ ျပီးေတာါ ဘိလပ္ေျမ ၊ သဲ ၊ အမိႈက္ေတြကလည္း ကၽြန္ေတာ့္ အိမ္ဝိုင္းထဲမွာအဆက္မျပတ္က်ေနတယ္ ၊ အိမ္ရဲ႕ ပထမထပ္လသာေဆာင္ ဝရံတာမွာ လည္း ဒီအတိုင္းပဲ ဆရာ ၊ သဲေတြ ၊ ဘိလပ္ေျမေတြနဲ႕ ေပက်န္ေနတာပဲ ဆရာ ”

“ ဒါကေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းရဲ႕ ေပါ့ဆမႈလို႕ သတ္မွတ္ႏိုင္ပါတယ္ ”

“ ဥပေဒအရ ဘယ္လိုအေရးယူႏိုင္ပါသလဲ ဆရာ ”

“ ပထမအခ်က္ကေတာ့ သက္ဆိုင္ရာ ျမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ ( အင္ဂ်င္နီယာဌာန ) ထံ တင္ျပတိုင္တန္းရမယ့္ သေဘာရွိတယ္ ”

“ အေဆာက္အအံုေဆာက္လုပ္တဲ့အခါမွာ ဘယ္လိုေဆာင္ရြက္ရမယ္ဆိုတဲ့ သတ္မွတ္စည္းမ်ဥ္းေတာ့ ရွိမွာေပါ့ ဆရာ ”

“ ရွိတာေပါ့ ။ အေဆာက္အအံုေဆာက္ခြင့္ျပဳကတည္းက အေဆာက္အအံုေဆာက္လုပ္ရာမွာ လိုက္နာရမယ့္ စည္းကမ္းခ်က္ေတြကို နားလည္လိုက္နာပါမယ္လို႕ ေဆာက္လုပ္သူက ဝန္ခံကတိျပဳခ်က္လက္မွတ္ေရးထိုးရပါတယ္ ”

“ အခုလို ကိစၥေတြဆိုရင္ ဘယ္လိုေဆာင္ရြက္ေပးရမယ္ဆိုတဲ့ နည္းလမ္းေတာ့ရွိမွာေပါ့ေနာ္ ”

“ စည္းကမ္းခ်က္ေတြကေတာ့ အမ်ားၾကီးေပါ့ ၊ အဓိကက်တဲ့ အခ်က္ေတြကို ေျပာျပမယ္ ”

“ ဟုတ္ကဲ့ ဆရာ ”

“ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ေဘးအႏၱရာယ္ကာကြယ္မႈ အစီအစဥ္မ်ားကို ၾကိဳတင္ေဆာင္ရြက္ထားရမယ္ ”

အေဆာက္အအံုေဆာက္လုပ္ရာမွာ အုတ္ ၊ သဲ ၊ ေက်ာက္ ၊ အမိႈက္နဲ႕ သစ္မ်ား ၊ အျခားပစၥည္းမ်ား ေအာက္သို႕က်၍ အႏၱရာယ္မျဖစ္ေစေရး အတြက္ တာဝန္ယူၾကီးၾကပ္ရမယ္ ။ ျငမ္းဆင္မယ္ဆိုရင္ ေဘးရွိ အေဆာက္အအံုေပၚတြင္ ေထာက္ျပီး ျငမ္းဆင္ျခင္းမျပဳလုပ္ရဘူး။

အေဆာက္အအံုေဆာက္လုပ္ေနစဥ္အေပၚမွ ပစၥည္းမ်ားက်၍ ထိခိုက္မႈမရွိေစေရးအတြက္ အထပ္တိုင္းရွိျငမ္းမွာ သင့္ေလွ်ာ္တဲ့ ၾကမ္းခင္းမ်ားနဲ႕ အျပည့္ခင္းထားရမယ္ ။ ကပ္လ်က္ရွိတဲ့ အေဆာက္အအံုမ်ား မပ်က္စီးေစရန္ ၾကိဳတင္ကာကြယ္မႈအစီအမံမ်ားထားရွိရမယ္ ။တကယ္လို႕ တစ္စံုတစ္ရာပ်က္စီးခဲ့ရင္ အေဆာက္အအံုေဆာက္လုပ္ျခင္းကို ရပ္ဆိုင္းေစျပီး ပ်က္စီးမႈအတြက္ ေပးေလ်ာ္ျပီးမွ ဆက္လက္ေဆာက္လုပ္ခြင့္ရမွာျဖစ္တယ္ ။

“ ျမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေလ်ာ္ေၾကးသတ္မွတ္ေပးမွာလား ”

“နစ္နာသူဘက္က တင္ျပလာရင္ သက္ဆိုင္ရာလုပ္ငန္းခြင္းကို အင္ဂ်င္နီယာဌာနမွ လာေရာက္စစ္ေဆးမွာျဖစ္တယ္ ။ စစ္ေဆးေတြ႕ရွိခ်က္ကို ဌာနမွဴးထံတင္ျပျပီး ဌာနမွဴးက တစ္ဆင့္ျမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီထံ တင္ျပကာ သေဘာထားရယူရမွာျဖစ္ပါတယ္ ”

“ စစ္ေဆးေနစဥ္ကာလအတြင္း ေဆာက္လုပ္ေရးလုပ္ငန္းယာယီရပ္ဆိုင္းထားမွာေပါ့ေနာ္ ”

“ တိုင္တန္တဲ့ ဘက္ကို ေခၚျပီး စစ္ေဆးတာမ်ိဳးရွိပါသလား ”

“ နစ္နာသူေတြဘက္က တင္ျပခ်က္ေတြကို အေသးစိတ္ၾကားနားဖို႕ ေခၚယူမွတ္တမ္းယူတာေတြရွိပါတယ္ ”

“ နွစ္ဖက္ညိွႏိႈင္းေပးတဲ့ သေဘာေပါ့ “

“ နစ္နာသူရဲ႕ ေတာင္းဆိုခ်က္ကို ျပဳလုပ္မိသူက ဘယ္လိုေဆာင္ရြက္ေပးႏိုင္မလဲဆိုတာ ညွိႏိႈင္းၾကမွာျဖစ္ပါတယ္ ”

“ သက္ဆိုင္ရာ အာဏရွိပုဂၢိဳလ္ေတြေရွ႕မွာေတာ့ နစ္နာသူတင္ျပခ်က္အေပၚ အေဆာက္အအံုကို ျပဳျပင္ေဆာင္ရြက္ေပးပါ့မယ္လို႕ကတိဝန္ခံခ်က္ျပဳျပီး မွ ေဆာင္ရြက္မေပးခဲ့ရင္ ဘယ္လိုျဖစ္ႏိုင္သလဲဆရာ ”

“ ဒီလို အျဖစ္အပ်က္မ်ိဳးမျဖစ္ႏုိင္ဘူးလို႕လည္း တရားေသမွတ္ခ်က္ခ်လို႕ မရဘူး ၊ ကန္ထရုိက္ေဆာက္လုပ္သူက သူ႕ရဲ႕ ေဆာက္လုပ္ေရး လုပ္ငန္းရပ္ဆိုင္းေနျခင္းမွ ပယ္ဖ်က္ေပးရန္သေဘာတူလိုက္တာလည္း ျဖစ္ႏိုင္တယ္ ။ ေနာက္မွ ေမာင္ရင္ေျပာသလို ခ်က္ျခင္းျပဳျပင္ေပးျခင္းမရွိတာလည္း ရွိတတ္ပါတယ္ ။ဒါေၾကာင့္ အခ်ိဳ႕က ေတာ့ မိမိကိုယ္တိုင္ ျပင္ဆင္ျပဳျပင္မယ္ဆိုျပီး ကုန္က်စရိတ္ေလ်ာ္ေၾကးေတာင္းလိုက္တာလည္း ရွိလာၾကတယ္ ”

“ အဲဒါက ပိုအဆင္ေျပတာေပါ့ ဆရာ ”

“ ေလ်ာ္ေၾကးေငြတြက္ခ်က္ညွိနႈိင္းဖို႕က အခက္အခဲရွိႏိုင္တယ္ ။ဥပမာေျပာရရင္ ေမာင္ရင္ရဲ႕ အိမ္ကနံရံကပ္ျပား သံုး ၊ ေလးခ်ပ္ကို သူတို႕ရဲ႕ ေဆာက္လုပ္ေရးလုပ္ငန္း ျပဳလုပ္ေနစဥ္ အဆင္ေျပတဲ့ အခ်ိန္မွာ လာေရာက္ျပဳျပင္တာမ်ိဳးျဖစ္ႏုိင္တယ္ ”

“ ေလ်ာ္ေၾကးညွိႏိႈင္း လို႕ အဆင္မေျပရင္ ဘယ္လိုေဆာင္ရြက္ႏိုင္သလဲ ဆရာ ။ ဒီအခ်က္လည္း ဗဟုသုတအျဖစ္ သိထားခ်င္ပါတယ္ ”

“ ေလ်ာ္ေၾကးေငြအတြက္ သက္ဆုိင္ရာ တရားရုံးမွာ တရားစြဲဆို ေတာင္းခြင့္ရွိပါတယ္ ။တစ္ခုေတာ့ ရွိတယ္ ။သက္ဆိုင္ရာ ျမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီရဲ႕ ညိွႏိႈင္းေဆာင္ရြက္ေပးတဲ့ နစ္နာေၾကးေလ်ာ္ေၾကးကို နစ္နာသူက ရယူျပီးမွ ေလ်ာ္ေၾကးေငြမွာ နည္းေနသည္လို႕ အေၾကာင္းျပျပီး တရားရုံးမွာ နစ္နာေၾကး ထပ္မံေတာာင္းဆိုခြင့္ရွိမည္ျဖစ္ေၾကာင္း ။ေဒၚေငြရွင္ပါ ခုနွစ္ဦးနွင့္ ဦးေခြးေလး ၂၀၀၁ ခုနွစ္ ျမန္မာႏိုင္ငံတရားစီရင္ထံုး စာမ်က္နွာ - ၂၄၄ အမႈမွာ တရားရုံးခ်ဳပ္က ဆံုးျဖတ္ထားပါတယ္ ။ဒါေၾကာင့္ ဒီအခ်က္ကို ေသခ်ာစဥ္းစားျပီးမွ ေဆာင္ရြက္သင့္တယ္ ” ဟု ရွင္းျပလိုက္ပါတယ္ ။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒ အတိုင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service