အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ

အစာအဆိပ်မသင့်အောင် ဘယ်လိုကာကွယ်ကြမလဲ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jan 2021 3:04 pm တွင် တင်ခဲ့သည်
1419 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အစားအသောက်တွေကို အစာအဆိပ်မသင့်အောင် ဘယ်လိုသိမ်းဆည်းကြမလဲ၊ ဘယ်လိုပြင်ဆင်ချက်ပြုတ်ကြမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

လက်သေချာဆေးပါ

လက်ကို စနစ်တကျဆေးကြောခြင်းက ရိုးရှင်းပေမဲ့ ရောဂါအတော်များများကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ နည်းတစ်ခုပါ (အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်)။ ရေနဲ့ ဆပ်ပြာသုံးပြီး လက်ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် သေသေချာချာ ပွတ်တိုက်ဆေးကြောပါ၊ အသားစိမ်းငါးစိမ်းတွေ၊ ဟင်းသီးဟင်းရွက်တွေကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ နောက်ပြီး သန့်စင်ခန်းသွားပြီးတိုင်း၊ အမှိုက်ပစ်ပြီးတိုင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပွတ်သပ်ပြီးတိုင်းလည်း လက်ဆေးပါ။

 

ဟင်းချက်တဲ့နေရာကို သန့်ရှင်းရေးလုပ်ပါ

အစားအစာတွေ မချက်ပြုတ်ခင်နဲ့ ချက်ပြီးတိုင်းမှာ ဟင်းချက်ခဲ့တဲ့နေရာကို သေချာဆေးကြောသန့်ရှင်းပစ်ပါ။ အထူးသဖြင့် အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေ တင်ပြီးခုတ်ထစ်ခဲ့တဲ့ နေရာတွေကို သေချာဂရုတစိုက် သန့်ရှင်းပေးပါ။ ပိုးသတ်ဆေးရည်တွေဖြန်းတာ၊ ဆပ်ပြာရည်နဲ့ တိုက်ချွတ်ဆေးကြောတာတွေ လုပ်စရာမလိုပါဘူး၊ ရေနွေး နဲ့ ဆေးကြောပေးရင်ကို လုံလောက်ပါပြီ။

စဉ့်နီတုံး (chopping board) ကိုသပ်သပ်စီခွဲခြားသုံးပါ

အသားအစိမ်းတွေကိုခုတ်ဖို့ စဉ့်နီတုံးတစ်ခု၊ အသင့်စား အစားအစာတွေ (ဥပမာ ပေါင်မုန့်၊ ကိတ်မုန့်) ကို ခုတ်ဖို့ တစ်ခု ဆိုပြီး သပ်သပ်စီခွဲခြားထားပါ။ ဒါမှ မချက်ပြုတ်ရသေးတဲ့ အသားစိမ်းတွေ မှာပါတဲ့ ဘက်တီးရီးယားတွေကို မစားသုံးမိမှာဖြစ်ပါတယ်။

အသားအစိမ်းတွေကို သီးသန့်သိမ်းဆည်းပါ

ရေခဲသေတ္တာထဲကထုတ်ပြီး တစ်ခါတည်းစားလို့ရတဲ့ ပေါင်မုန့်၊ ကိတ်မုန့်လို စားစရာတွေကို မချက်ရသေးတဲ့ အသားစိမ်းငါးစိမ်းတွေနဲ့ နီးနီးကပ်ကပ်မထားပါနဲ့။ အသားအစိမ်းတွေမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ ပိုးမွှားတွေပါဝင်နေနိုင်ပြီး အသင့်စား အစားအသောက်တွေနဲ့ အတူထားမိရင် ဒီအစားအစာတွေထဲကို ပိုးတွေရောက်ရှိသွားနိုင်ပါတယ်။

 

အသားအစိမ်းတွေကို ရေခဲသေတ္တာအောက်ဆုံးမှာပဲ သိမ်းဆည်းပါ

ရေခဲသေတ္တာတွေက အဆင့်လိုက် တည်ဆောက်ထားပါတယ်။ အပေါ်ဆုံး အထပ်တွေမှာ အသင့်စား အစားအစာတွေ၊ စားလက်စ အစားအစာတွေထားပါ။ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေနဲ့ မချက်ပြုတ်ရသေးတဲ့ အသားအစိမ်းတွေကို ရေခဲသေတ္တာအောက်ထပ်တွေမှာပဲ ထားပါ။ ဒါမှ အသားက စိမ့်ထွက်လာတတ်တဲ့ အရည်တွေ တခြားအစားအသောက်တွေပေါ်ကို မကျမှာပါ။ နောက်ပြီး အသားတွေကို သိမ်းဆည်းတဲ့အခါမှာလည်း အလုံပိတ်ဗူးထဲထည့်ပြီး သေချာသိမ်းသင့်ပါတယ်။

သေချာချက်ပြုတ်စားသောက်ပါ

အသားငါးတွေကို ဘယ်ပုံဘယ်နည်းပဲ လုပ်စားစား သေချာကျက်အောင် ချက်ဖို့ တအားအရေးကြီးပါတယ်။ နောက်ပြီး အသားစိမ်းတွေကို မချက်ခင် ရေဆေးတာကို တတ်နိုင်သမျှရှောင်ပါ၊ ရေဆေးလိုက်တဲ့အတွက် အသားစိမ်းထဲမှာရှိတဲ့ ဘက်တီးရီးယားပိုးတွေဟာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားနိုင်ပါတယ်။ ရေခဲရိုက်ထားတဲ့ အသားတွေထဲမှာလည်း ဘက်တီးရီးယားပိုးတွေ ပါနိုင်ပါတယ်။ ဒီလိုပိုးမွှားတွေကင်းစင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးချင်တယ်ဆိုရင် သေချာကျက်အောင်ချက်ပြုတ်ဖို့ မမေ့ပါနဲ့။

ရေခဲသေတ္တာအပူချိန်ကိုထိန်းညှိပါ

ရေခဲသေတ္တာအပူချိန်ကို ငါး ဒီဂရီစင်တီဂရိတ် အောက်မှာပဲ ထားပါ။ ဒီလောက်နိမ့်တဲ့အပူချိန်မှာဆိုရင် ပိုးမွှားတွေ ပွားမလာအောင် ထိန်းချုပ်ထားနိုင်ပါတယ်။ ဒါပေမဲ့ ရေခဲသေတ္တာထဲကို အစားအသောက်တွေအပြည့်ဖြည့်ဖို့လည်း မစဉ်းစားလိုက်ပါနဲ့။ ထည့်ပြီးသိမ်းဆည်းထားတာတွေ တအားများလာရင် ရေခဲသေတ္တာအတွင်းထဲ လှည့်ပတ်နေတဲ့ လေက သန့်ရှင်းမှုမရှိတော့ဘဲ ဖြစ်ပါလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့ အပူချိန်ပြန်တက်လာနိုင်ပါတယ်။

စားလက်စအစားအသောက်တွေကို မြန်မြန်သိမ်းဆည်းပါ

တချို့အစားအသောက်တွေက ချက်ပြုတ်ပြီး တစ်ခါတည်း စားမကုန်လို့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားရတတ်ပါတယ်။ ဒီလိုအစားအသောက်တွေကို အပြင်မှာ အကြာကြီးမထားပါနဲ့။ ရေခဲသေတ္တာအကန့်ထဲ (ဒါမှမဟုတ်) အအေးခန်းထဲ ထည့်သိမ်းထားပါ။ သိမ်းပြီး ၂ ရက်အတွင်း ကုန်အောင်စားသောက်ပေးပါ။

သက်တမ်းကုန်ဆုံးရက်စွဲတွေကို သေချာဂရုစိုက်ပါ

ထုတ်လုပ်လိုက်တဲ့ အစားအသောက်တိုင်းမှာ သက်တမ်းကုန်ဆုံးရက်စွဲ ပါဝင်ပါတယ်။ ဒီသက်တမ်းထက် ကျော်လွန်နေတဲ့ ဘယ်အစားအသောက်ကိုမှ မစားသုံးပါနဲ့။ သက်တမ်းကုန်နေပြီး စားသောက်လို့ရသေးတဲ့ပုံပေါ်နေရင် တောင်မစားသုံးပါနဲ့။ သက်တမ်းကုန်ဆုံးရက်တွေဆိုတာ အန္တရာယ်ရှိတဲ့ပိုးမွှားတွေ အစားအသောက်ထဲမှာ ပေါက်ပွားလာနိုင်တဲ့ အချိန်ကို တွက်ချက်ပြီး ထည့်သွင်းထုတ်လုပ်ပေးထားတာဖြစ်တာမို့ ဒီရက်စွဲထက်ကျော်နေရင် လုံးဝမစားသုံးသင့်ပါဘူး။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

အစာအဆိပ္မသင့္ေအာင္ ဘယ္လိုကာကြယ္ၾကမလဲ

အစားအေသာက္ေတြကို အစာအဆိပ္မသင့္ေအာင္ ဘယ္လိုသိမ္းဆည္းၾကမလဲ၊ ဘယ္လိုျပင္ဆင္ခ်က္ျပဳတ္ၾကမလဲ ဆိုတာ ေျပာျပေပးခ်င္ပါတယ္။

လက္ေသခ်ာေဆးပါ

လက္ကို စနစ္တက်ေဆးေၾကာျခင္းက ႐ိုး႐ွင္းေပမဲ့ ေရာဂါအေတာ္မ်ားမ်ားကို ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္တဲ့ နည္းတစ္ခုပါ (အခုျဖစ္ပြားေနတဲ့ COVID-19 ေရာဂါကို ကာကြယ္ႏိုင္တဲ့ နည္းလမ္းေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္)။ ေရနဲ႔ ဆပ္ျပာသုံးၿပီး လက္ကို အနည္းဆုံး စကၠန္႔ ၂၀ ၾကာေအာင္ ေသေသခ်ာခ်ာ ပြတ္တိုက္ေဆးေၾကာပါ၊ အသားစိမ္းငါးစိမ္းေတြ၊ ဟင္းသီးဟင္း႐ြက္ေတြကို မကိုင္တြယ္ခင္နဲ႔ ကိုင္တြယ္ၿပီးတိုင္း လက္ေဆးပါ။ ေနာက္ၿပီး သန္႔စင္ခန္းသြားၿပီးတိုင္း၊ အမိႈက္ပစ္ၿပီးတိုင္း၊ အိမ္ေမြးတိရစၧာန္ေလးေတြကို ပြတ္သပ္ၿပီးတိုင္းလည္း လက္ေဆးပါ။

ဟင္းခ်က္တဲ့ေနရာကို သန္႔႐ွင္းေရးလုပ္ပါ

အစားအစာေတြ မခ်က္ျပဳတ္ခင္နဲ႔ ခ်က္ၿပီးတိုင္းမွာ ဟင္းခ်က္ခဲ့တဲ့ေနရာကို ေသခ်ာေဆးေၾကာသန္႔႐ွင္းပစ္ပါ။ အထူးသျဖင့္ အသားငါးနဲ႔ ဟင္းသီးဟင္း႐ြက္ေတြ တင္ၿပီးခုတ္ထစ္ခဲ့တဲ့ ေနရာေတြကို ေသခ်ာဂ႐ုတစိုက္ သန္႔႐ွင္းေပးပါ။ ပိုးသတ္ေဆးရည္ေတြျဖန္းတာ၊ ဆပ္ျပာရည္နဲ႔ တိုက္ခြၽတ္ေဆးေၾကာတာေတြ လုပ္စရာမလိုပါဘူး၊ ေရေႏြး နဲ႔ ေဆးေၾကာေပးရင္ကို လုံေလာက္ပါၿပီ။

စဥ့္နီတုံး (chopping board) ကိုသပ္သပ္စီခြဲျခားသုံးပါ

အသားအစိမ္းေတြကိုခုတ္ဖို႔ စဥ့္နီတုံးတစ္ခု၊ အသင့္စား အစားအစာေတြ (ဥပမာ ေပါင္မုန္႔၊ ကိတ္မုန္႔) ကို ခုတ္ဖို႔ တစ္ခု ဆိုၿပီး သပ္သပ္စီခြဲျခားထားပါ။ ဒါမွ မခ်က္ျပဳတ္ရေသးတဲ့ အသားစိမ္းေတြ မွာပါတဲ့ ဘက္တီးရီးယားေတြကို မစားသုံးမိမွာျဖစ္ပါတယ္။

အသားအစိမ္းေတြကို သီးသန္႔သိမ္းဆည္းပါ

ေရခဲေသတၱာထဲကထုတ္ၿပီး တစ္ခါတည္းစားလို႔ရတဲ့ ေပါင္မုန္႔၊ ကိတ္မုန္႔လို စားစရာေတြကို မခ်က္ရေသးတဲ့ အသားစိမ္းငါးစိမ္းေတြနဲ႔ နီးနီးကပ္ကပ္မထားပါနဲ႔။ အသားအစိမ္းေတြမွာ လူကိုအႏၲရာယ္ျဖစ္ေစတဲ့ ပိုးမႊားေတြပါဝင္ေနႏိုင္ၿပီး အသင့္စား အစားအေသာက္ေတြနဲ႔ အတူထားမိရင္ ဒီအစားအစာေတြထဲကို ပိုးေတြေရာက္႐ွိသြားႏိုင္ပါတယ္။

အသားအစိမ္းေတြကို ေရခဲေသတၱာေအာက္ဆုံးမွာပဲ သိမ္းဆည္းပါ

ေရခဲေသတၱာေတြက အဆင့္လိုက္ တည္ေဆာက္ထားပါတယ္။ အေပၚဆုံး အထပ္ေတြမွာ အသင့္စား အစားအစာေတြ၊ စားလက္စ အစားအစာေတြထားပါ။ ဟင္းသီးဟင္း႐ြက္ေတြ၊ အသီးအႏွံေတြနဲ႔ မခ်က္ျပဳတ္ရေသးတဲ့ အသားအစိမ္းေတြကို ေရခဲေသတၱာေအာက္ထပ္ေတြမွာပဲ ထားပါ။ ဒါမွ အသားက စိမ့္ထြက္လာတတ္တဲ့ အရည္ေတြ တျခားအစားအေသာက္ေတြေပၚကို မက်မွာပါ။ ေနာက္ၿပီး အသားေတြကို သိမ္းဆည္းတဲ့အခါမွာလည္း အလုံပိတ္ဗူးထဲထည့္ၿပီး ေသခ်ာသိမ္းသင့္ပါတယ္။

ေသခ်ာခ်က္ျပဳတ္စားေသာက္ပါ

အသားငါးေတြကို ဘယ္ပုံဘယ္နည္းပဲ လုပ္စားစား ေသခ်ာက်က္ေအာင္ ခ်က္ဖို႔ တအားအေရးႀကီးပါတယ္။ ေနာက္ၿပီး အသားစိမ္းေတြကို မခ်က္ခင္ ေရေဆးတာကို တတ္ႏိုင္သမွ်ေ႐ွာင္ပါ၊ ေရေဆးလိုက္တဲ့အတြက္ အသားစိမ္းထဲမွာ႐ွိတဲ့ ဘက္တီးရီးယားပိုးေတြဟာ ပတ္ဝန္းက်င္ကို ပ်ံ႕ႏွံ႔သြားႏိုင္ပါတယ္။ ေရခဲ႐ိုက္ထားတဲ့ အသားေတြထဲမွာလည္း ဘက္တီးရီးယားပိုးေတြ ပါႏိုင္ပါတယ္။ ဒီလိုပိုးမႊားေတြကင္းစင္ၿပီး က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ စားသုံးခ်င္တယ္ဆိုရင္ ေသခ်ာက်က္ေအာင္ခ်က္ျပဳတ္ဖို႔ မေမ့ပါနဲ႔။

ေရခဲေသတၱာအပူခ်ိန္ကိုထိန္းညႇိပါ

ေရခဲေသတၱာအပူခ်ိန္ကို ငါး ဒီဂရီစင္တီဂရိတ္ ေအာက္မွာပဲ ထားပါ။ ဒီေလာက္နိမ့္တဲ့အပူခ်ိန္မွာဆိုရင္ ပိုးမႊားေတြ ပြားမလာေအာင္ ထိန္းခ်ဳပ္ထားႏိုင္ပါတယ္။ ဒါေပမဲ့ ေရခဲေသတၱာထဲကို အစားအေသာက္ေတြအျပည့္ျဖည့္ဖို႔လည္း မစဥ္းစားလိုက္ပါနဲ႔။ ထည့္ၿပီးသိမ္းဆည္းထားတာေတြ တအားမ်ားလာရင္ ေရခဲေသတၱာအတြင္းထဲ လွည့္ပတ္ေနတဲ့ ေလက သန္႔႐ွင္းမႈမ႐ွိေတာ့ဘဲ ျဖစ္ပါလိမ့္မယ္။ ေနာက္ဆက္တြဲအေနနဲ႔ အပူခ်ိန္ျပန္တက္လာႏိုင္ပါတယ္။

စားလက္စအစားအေသာက္ေတြကို ျမန္ျမန္သိမ္းဆည္းပါ

တခ်ိဳ႕အစားအေသာက္ေတြက ခ်က္ျပဳတ္ၿပီး တစ္ခါတည္း စားမကုန္လို႔ ေရခဲေသတၱာထဲ ထည့္သိမ္းထားရတတ္ပါတယ္။ ဒီလိုအစားအေသာက္ေတြကို အျပင္မွာ အၾကာႀကီးမထားပါနဲ႔။ ေရခဲေသတၱာအကန္႔ထဲ (ဒါမွမဟုတ္) အေအးခန္းထဲ ထည့္သိမ္းထားပါ။ သိမ္းၿပီး ၂ ရက္အတြင္း ကုန္ေအာင္စားေသာက္ေပးပါ။

သက္တမ္းကုန္ဆုံးရက္စြဲေတြကို ေသခ်ာဂ႐ုစိုက္ပါ

ထုတ္လုပ္လိုက္တဲ့ အစားအေသာက္တိုင္းမွာ သက္တမ္းကုန္ဆုံးရက္စြဲ ပါဝင္ပါတယ္။ ဒီသက္တမ္းထက္ ေက်ာ္လြန္ေနတဲ့ ဘယ္အစားအေသာက္ကိုမွ မစားသုံးပါနဲ႔။ သက္တမ္းကုန္ေနၿပီး စားေသာက္လို႔ရေသးတဲ့ပုံေပၚေနရင္ ေတာင္မစားသုံးပါနဲ႔။ သက္တမ္းကုန္ဆုံးရက္ေတြဆိုတာ အႏၲရာယ္႐ွိတဲ့ပိုးမႊားေတြ အစားအေသာက္ထဲမွာ ေပါက္ပြားလာႏိုင္တဲ့ အခ်ိန္ကို တြက္ခ်က္ၿပီး ထည့္သြင္းထုတ္လုပ္ေပးထားတာျဖစ္တာမို႔ ဒီရက္စြဲထက္ေက်ာ္ေနရင္ လုံးဝမစားသုံးသင့္ပါဘူး။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service