တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

တစ်နေ့လုံး ကွန်ပျူတာကြည့်နေသူတွေအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jan 2021 1:01 pm တွင် တင်ခဲ့သည်
775 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

အဲကွန်းခန်းလေးထဲမှာ အလုပ်လုပ်နေတဲ့ သူတွေတိုင်း ဇိမ်ကျပြီး အရမ်း သက်သာမှာပဲလို့ ထင်တတ်ကြပေမယ့် အဲ့လို အလုပ်လုပ်နေရတဲ့ သူတွေမှာလည်း ကြုံရတတ်တဲ့ အခက်အခဲတွေ ရှိပါတယ်။ တစ်နေ့လုံး ထိုင်ပြီး အလုပ်လုပ်နေရတာကြောင့် လူက အဝလွန်လာတာ၊ အဆီ၊ ကယ်လိုရီတွေ လောင်ကျွမ်းနှုန်း နှေးသွားတာ၊ မြန်မြန် အိုမင်းရင့်ရော်လာတာ၊ အသားခြောက်တာ၊ သွေးတိုး၊ ဆီးချို ဖြစ်တာတွေအပြင် မျက်လုံးအောင့်၊ မျက်ရိုးကိုက်တာ၊ ညဘက်ဆိုရင် တစ်နေ့လုံး ကွန်ပျူတာ ကြည့်ထားတဲ့ အရှိန်ကြောင့် မျက်စိကြောင်ပြီး အိပ်မပျော်တာ၊ ဇက်ကြောတက်တာ စတဲ့ ကျန်းမာရေး ပြဿနာ အမျိုးမျိုး ကြုံရပါတယ်။

ဒီလို အခက်အခဲမျိုးကတော့ မလွဲမသွေ ကြုံရမှာပဲဆိုပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကို အနည်းငယ် ပြင်ဆင်ခြင်းဖြင့် တချို့သော ပြဿနာတွေကို ကာကွယ်ပေးရာ ရောက်သလို ဖြစ်လာခဲ့ရင်လည်း ခံစားရတဲ့ ဝေဒနာ အနည်းငယ် လျော့ကျအောင် ကူညီပေးနိုင်မှာပါ။ ဒီဆောင်းပါးမှာတော့ တစ်နေ့လုံး ကွန်ပျူတာ ကြည့်ပြီး အလုပ်လုပ်နေသူတွေ အတွက်သာမက အိမ်မှာပဲ တစ်နေကုန် ဖုန်းသုံးနေတဲ့ လူငယ်တွေအတွက်ပါ အဆင်ပြေစေမယ့် နည်းလမ်းတချို့ကို ဝေမျှပေးလိုက်ချင်ပါတယ်။

၁။ မျက်လုံးနဲ့ ကွန်ပျူတာ ခပ်ဝေးဝေးမှာ ရှိနေပါစေ

အရမ်းကြီး နီးကပ်ပြီး အာရုံစိုက်ကြည့်တဲ့အခါ ကွန်ပျူတာက လာတဲ့ အလင်းရောင်တွေဟာ မျက်လုံးထဲကို အများကြီး ဝင်ရောက်သွားပြီး မျက်လုံးရဲ့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာပဲ ကြည့်ကြည့်၊ ဖုန်းပဲ သုံးသုံး အနည်းဆုံး တစ်ပေမှ နှစ်ပေအကွာကနေ ခွာပြီး အသုံးပြုပေးရပါမယ်။

၂။ မျက်စဉ်းခတ်ပါ

ကွန်ပျူတာက လာတဲ့ အလင်းရောင်တွေဟာ မျက်လုံးအတွင်းသားထဲက ရေဓာတ်၊ အဆီဓာတ်တွေကို ခန်းခြောက်သွားစေလို့ မျက်ရိုးအောင့်တာတွေ ဖြစ်စေတတ်ပါတယ်။ ဒီလို မဖြစ်ရဖို့ တစ်နေ့ကို တစ်ကြိမ်တော့ မျက်စဉ်းခတ်ပေးဖို့ လိုပါတယ်။ ညအိပ်ချိန်ကတော့ မျက်စဉ်းခတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။

၃။ မျက်မှန်တပ်ဖို့ မရှက်ပါနဲ့

မျက်စိက မှုန်နေတယ်၊ ပါဝါကလည်း တိုးနေတယ်ဆိုရင် ကိုယ့်ပါဝါအလိုက် သင့်လျော်တဲ့ မျက်မှန်ကို တပ်ပါ။ အလှပျက်မှာပဲဆိုပြီး မမြင်တဲ့ကြားက အားစိုက်ပြီး ကြည့်တဲ့အခါ မျက်စိပါဝါ ပိုတိုးလာနိုင်ပါတယ်။ ကွန်ပျူတာ၊ ဖုန်းအသုံးများတဲ့ သူတွေအတွက် မှန်မထူ၊ မျက်မှန်ကိုင်း အပါးကို ရွေးပြီး တပ်ဆင်ခြင်းက မျက်လုံး၊ နားထင်စပ် လေးတဲ့ဒဏ်ကို အနည်းငယ် သက်သာသွားစေနိုင်မှာပါ။

၄။ ကွန်ပျူတာရဲ့ အနေအထားကို ညှိပါ

ကွန်ပျူတာ၊ သို့မဟုတ် ဖုန်းသည် ကိုယ့်မျက်လုံးရဲ့ တစ်တန်းတည်း သို့မဟုတ် အောက်ကို အနည်းငယ်သာ ရောက်နေသင့်ပါတယ်။ ဒါမှပဲ ကျွန်တော်တို့ ကွန်ပျူတာကို ကြာရှည် အသုံးပြုတဲ့အခါ ဇက်ကြောတက်တာ၊ မျက်စိညောင်းတာမျိုး မဖြစ်မှာပါ။

၅။ အရမ်းကြီး လင်းမနေပါစေနဲ့

ကွန်ပျူတာကနေ ပြန်လာတဲ့အလင်းဟာ မျက်လုံးစူးလောက်တဲ့အထိ ပြင်းထန်တာမျိုး မလုပ်သင့်ပါဘူး။ ကိုယ့်မျက်စိက ကောင်းကောင်းလည်း မြင်နိုင်ရမယ်၊ အလင်းကြီး အရမ်းစူးတာမျိုးလည်း မဖြစ်စေဖို့ သင့်တော်သလောက် ဆက်တင်ချိန်ထားဖို့ အရေးကြီးပါတယ်။ မျက်လုံးက အရမ်းအားစိုက်ကြည့်ရလောက်တဲ့အထိ မှောင်နေတာမျိုးလည်း မဖြစ်ဖို့ သတိထားပေးပါ။

၆။ မျက်လုံးကို အနားပေးပါ

ဒီအချက်က ဖုန်း၊ ကွန်ပျူတာကို အမြဲလိုလို အသုံးပြုနေသူတိုင်း မဖြစ်မနေ လုပ်ရမယ့် အချက်ပါ။ အမြဲတမ်း ဒီဖန်သားပြင်ကလာတဲ့ အလင်းကို စိုက်ကြည့်နေရင်တော့ မျက်ရိုးကိုက်တာမျိုး ဖြစ်မှာပါပဲ။ ဒါကြောင့် နာရီဝက်လောက် အလုပ်လုပ်၊ ၁၀ မိနစ်လောက် ကိုယ့်မျက်စိကို မှိတ်ထားတာ၊ တစ်နေရာရာ ထသွားတာ၊ လမ်းလျှောက်တာ၊ အိမ်သာထတက်တာမျိုး၊ သဘာဝ အလင်း၊ ပတ်ဝန်းကျင်ကို ကြည့်တာမျိုး လုပ်ပေးပါ။

၇။ ရေများများ သောက်ပေးပါ

ရေများများ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်သာမက ကိုယ့်မျက်လုံးကိုပါ ရေဓာတ် ဖြည့်ပေးရာရောက်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၃လီတာခန့် သောက်ပေးဖို့ မမေ့နဲ့နော်။ အလုပ်များလို့ဆိုပြီး ရေမသောက်ဘဲ မေ့နေတာမျိုး မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးပါ။ တခြား အစာအာဟာရ အနေနဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ငါး၊ အစေ့အဆန်တွေကိုလည်း စားပေးနိုင်ပါတယ်။

အပေါ်မှာ ပြောထားခဲ့တဲ့ အချက်တွေကို သေချာလိုက်လုပ်ပေးခြင်းဖြင့် ကွန်ပျူတာအကြည့်များခြင်းကြောင့် ကြုံလာနိုင်တဲ့ မျက်လုံး ပြဿနာတွေကို အနည်းငယ်တော့ လျော့သွားစေနိုင်ပါတယ်။ ဒါ့အပြင် မျက်စိဆရာဝန်နဲ့လည်း ၆လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်ခန့် သွားပြပြီး ကိုယ့်မျက်လုံး အခြေအနေကို စစ်ဆေးကြည့်ဖို့လည်း မမေ့ပါနဲ့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

တစ္ေန႔လုံး ကြန္ပ်ဴတာၾကည့္ေနသူေတြအတြက္ အသုံးဝင္မယ့္နည္းလမ္းတခ်ိဳ႕

အဲကြန္းခန္းေလးထဲမွာ အလုပ္လုပ္ေနတဲ့ သူေတြတိုင္း ဇိမ္က်ၿပီး အရမ္း သက္သာမွာပဲလို႔ ထင္တတ္ၾကေပမယ့္ အဲ့လို အလုပ္လုပ္ေနရတဲ့ သူေတြမွာလည္း ၾကဳံရတတ္တဲ့ အခက္အခဲေတြ ႐ွိပါတယ္။ တစ္ေန႔လုံး ထိုင္ၿပီး အလုပ္လုပ္ေနရတာေၾကာင့္ လူက အဝလြန္လာတာ၊ အဆီ၊ ကယ္လိုရီေတြ ေလာင္ကြၽမ္းႏႈန္း ေႏွးသြားတာ၊ ျမန္ျမန္ အိုမင္းရင့္ေရာ္လာတာ၊ အသားေျခာက္တာ၊ ေသြးတိုး၊ ဆီးခ်ိဳ ျဖစ္တာေတြအျပင္ မ်က္လုံးေအာင့္၊ မ်က္႐ိုးကိုက္တာ၊ ညဘက္ဆိုရင္ တစ္ေန႔လုံး ကြန္ပ်ဴတာ ၾကည့္ထားတဲ့ အ႐ွိန္ေၾကာင့္ မ်က္စိေၾကာင္ၿပီး အိပ္မေပ်ာ္တာ၊ ဇက္ေၾကာတက္တာ စတဲ့ က်န္းမာေရး ျပႆနာ အမ်ိဳးမ်ိဳး ၾကဳံရပါတယ္။

ဒီလို အခက္အခဲမ်ိဳးကေတာ့ မလြဲမေသြ ၾကဳံရမွာပဲဆိုေပမယ့္ ကိုယ့္ရဲ႕ တစ္ေန႔တာ ေနထိုင္စားေသာက္မႈပုံစံကို အနည္းငယ္ ျပင္ဆင္ျခင္းျဖင့္ တခ်ိဳ႕ေသာ ျပႆနာေတြကို ကာကြယ္ေပးရာ ေရာက္သလို ျဖစ္လာခဲ့ရင္လည္း ခံစားရတဲ့ ေဝဒနာ အနည္းငယ္ ေလ်ာ့က်ေအာင္ ကူညီေပးႏိုင္မွာပါ။ ဒီေဆာင္းပါးမွာေတာ့ တစ္ေန႔လုံး ကြန္ပ်ဴတာ ၾကည့္ၿပီး အလုပ္လုပ္ေနသူေတြ အတြက္သာမက အိမ္မွာပဲ တစ္ေနကုန္ ဖုန္းသုံးေနတဲ့ လူငယ္ေတြအတြက္ပါ အဆင္ေျပေစမယ့္ နည္းလမ္းတခ်ိဳ႕ကို ေဝမွ်ေပးလိုက္ခ်င္ပါတယ္။

၁။ မ်က္လုံးနဲ႔ ကြန္ပ်ဴတာ ခပ္ေဝးေဝးမွာ ႐ွိေနပါေစ

အရမ္းႀကီး နီးကပ္ၿပီး အာ႐ုံစိုက္ၾကည့္တဲ့အခါ ကြန္ပ်ဴတာက လာတဲ့ အလင္းေရာင္ေတြဟာ မ်က္လုံးထဲကို အမ်ားႀကီး ဝင္ေရာက္သြားၿပီး မ်က္လုံးရဲ႕ အျမင္အာ႐ုံကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကြန္ပ်ဴတာပဲ ၾကည့္ၾကည့္၊ ဖုန္းပဲ သုံးသုံး အနည္းဆုံး တစ္ေပမွ ႏွစ္ေပအကြာကေန ခြာၿပီး အသုံးျပဳေပးရပါမယ္။

၂။ မ်က္စဥ္းခတ္ပါ

ကြန္ပ်ဴတာက လာတဲ့ အလင္းေရာင္ေတြဟာ မ်က္လုံးအတြင္းသားထဲက ေရဓာတ္၊ အဆီဓာတ္ေတြကို ခန္းေျခာက္သြားေစလို႔ မ်က္႐ိုးေအာင့္တာေတြ ျဖစ္ေစတတ္ပါတယ္။ ဒီလို မျဖစ္ရဖို႔ တစ္ေန႔ကို တစ္ႀကိမ္ေတာ့ မ်က္စဥ္းခတ္ေပးဖို႔ လိုပါတယ္။ ညအိပ္ခ်ိန္ကေတာ့ မ်က္စဥ္းခတ္ဖို႔ အေကာင္းဆုံးအခ်ိန္ပါပဲ။

၃။ မ်က္မွန္တပ္ဖို႔ မ႐ွက္ပါနဲ႔

မ်က္စိက မႈန္ေနတယ္၊ ပါဝါကလည္း တိုးေနတယ္ဆိုရင္ ကိုယ့္ပါဝါအလိုက္ သင့္ေလ်ာ္တဲ့ မ်က္မွန္ကို တပ္ပါ။ အလွပ်က္မွာပဲဆိုၿပီး မျမင္တဲ့ၾကားက အားစိုက္ၿပီး ၾကည့္တဲ့အခါ မ်က္စိပါဝါ ပိုတိုးလာႏိုင္ပါတယ္။ ကြန္ပ်ဴတာ၊ ဖုန္းအသုံးမ်ားတဲ့ သူေတြအတြက္ မွန္မထူ၊ မ်က္မွန္ကိုင္း အပါးကို ေ႐ြးၿပီး တပ္ဆင္ျခင္းက မ်က္လုံး၊ နားထင္စပ္ ေလးတဲ့ဒဏ္ကို အနည္းငယ္ သက္သာသြားေစႏိုင္မွာပါ။

၄။ ကြန္ပ်ဴတာရဲ႕ အေနအထားကို ညႇိပါ

ကြန္ပ်ဴတာ၊ သို႔မဟုတ္ ဖုန္းသည္ ကိုယ့္မ်က္လုံးရဲ႕ တစ္တန္းတည္း သို႔မဟုတ္ ေအာက္ကို အနည္းငယ္သာ ေရာက္ေနသင့္ပါတယ္။ ဒါမွပဲ ကြၽန္ေတာ္တို႔ ကြန္ပ်ဴတာကို ၾကာ႐ွည္ အသုံးျပဳတဲ့အခါ ဇက္ေၾကာတက္တာ၊ မ်က္စိေညာင္းတာမ်ိဳး မျဖစ္မွာပါ။

၅။ အရမ္းႀကီး လင္းမေနပါေစနဲ႔

ကြန္ပ်ဴတာကေန ျပန္လာတဲ့အလင္းဟာ မ်က္လုံးစူးေလာက္တဲ့အထိ ျပင္းထန္တာမ်ိဳး မလုပ္သင့္ပါဘူး။ ကိုယ့္မ်က္စိက ေကာင္းေကာင္းလည္း ျမင္ႏိုင္ရမယ္၊ အလင္းႀကီး အရမ္းစူးတာမ်ိဳးလည္း မျဖစ္ေစဖို႔ သင့္ေတာ္သေလာက္ ဆက္တင္ခ်ိန္ထားဖို႔ အေရးႀကီးပါတယ္။ မ်က္လုံးက အရမ္းအားစိုက္ၾကည့္ရေလာက္တဲ့အထိ ေမွာင္ေနတာမ်ိဳးလည္း မျဖစ္ဖို႔ သတိထားေပးပါ။

၆။ မ်က္လုံးကို အနားေပးပါ

ဒီအခ်က္က ဖုန္း၊ ကြန္ပ်ဴတာကို အၿမဲလိုလို အသုံးျပဳေနသူတိုင္း မျဖစ္မေန လုပ္ရမယ့္ အခ်က္ပါ။ အၿမဲတမ္း ဒီဖန္သားျပင္ကလာတဲ့ အလင္းကို စိုက္ၾကည့္ေနရင္ေတာ့ မ်က္႐ိုးကိုက္တာမ်ိဳး ျဖစ္မွာပါပဲ။ ဒါေၾကာင့္ နာရီဝက္ေလာက္ အလုပ္လုပ္၊ ၁၀ မိနစ္ေလာက္ ကိုယ့္မ်က္စိကို မွိတ္ထားတာ၊ တစ္ေနရာရာ ထသြားတာ၊ လမ္းေလွ်ာက္တာ၊ အိမ္သာထတက္တာမ်ိဳး၊ သဘာဝ အလင္း၊ ပတ္ဝန္းက်င္ကို ၾကည့္တာမ်ိဳး လုပ္ေပးပါ။

၇။ ေရမ်ားမ်ား ေသာက္ေပးပါ

ေရမ်ားမ်ား ေသာက္ေပးျခင္းျဖင့္ ခႏၶာကိုယ္အတြက္သာမက ကိုယ့္မ်က္လုံးကိုပါ ေရဓာတ္ ျဖည့္ေပးရာေရာက္ပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို အနည္းဆုံး ေရ ၃လီတာခန္႔ ေသာက္ေပးဖို႔ မေမ့နဲ႔ေနာ္။ အလုပ္မ်ားလို႔ဆိုၿပီး ေရမေသာက္ဘဲ ေမ့ေနတာမ်ိဳး မျဖစ္ရေလေအာင္ ကိုယ့္ကိုယ္ကိုယ္ အၿမဲသတိေပးပါ။ တျခား အစာအာဟာရ အေနနဲ႔ ဟင္းသီးဟင္း႐ြက္၊ အသီးအႏွံ၊ ငါး၊ အေစ့အဆန္ေတြကိုလည္း စားေပးႏိုင္ပါတယ္။

အေပၚမွာ ေျပာထားခဲ့တဲ့ အခ်က္ေတြကို ေသခ်ာလိုက္လုပ္ေပးျခင္းျဖင့္ ကြန္ပ်ဴတာအၾကည့္မ်ားျခင္းေၾကာင့္ ၾကဳံလာႏိုင္တဲ့ မ်က္လုံး ျပႆနာေတြကို အနည္းငယ္ေတာ့ ေလ်ာ့သြားေစႏိုင္ပါတယ္။ ဒါ့အျပင္ မ်က္စိဆရာဝန္နဲ႔လည္း ၆လ သို႔မဟုတ္ တစ္ႏွစ္တစ္ႀကိမ္ခန္႔ သြားျပၿပီး ကိုယ့္မ်က္လုံး အေျခအေနကို စစ္ေဆးၾကည့္ဖို႔လည္း မေမ့ပါနဲ႔ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service