ဘာလီကျွန်းတွင် ကမ္ဘာလှည့်ခရီးသည်များမှာ ပါးစပ်နှာခေါင်းစည်းများ မတပ်ဆင်ဘဲသွားလာနေပြီး ဒိုက်ထိုးခိုင်းပါက ရယ်မောနေကြကြောင်း အာဏာပိုင်တို့ပြောကြား

ဘာလီကျွန်းတွင် ကမ္ဘာလှည့်ခရီးသည်များမှာ ပါးစပ်နှာခေါင်းစည်းများ မတပ်ဆင်ဘဲသွားလာနေပြီး ဒိုက်ထိုးခိုင်းပါက ရယ်မောနေကြကြောင်း အာဏာပိုင်တို့ပြောကြား - Property News in Myanmar from iMyanmarHouse.com
12 Jan 2021 12:17 pm တွင် တင်ခဲ့သည်
2955 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှ အာဏာပိုင်တို့သည် Covid-19 ကပ်ရောဂါဘေးထိန်းချုပ်ရေးအတွက် နိုင်ငံခြားသားများအား ကျန်းမာရေးစည်းမျဉ်း မလိုက်နာမှုများ ရပ်တန့်စေရန် အင်တိုက်အားတိုက်ကြိုးပမ်းလာနေသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဝါယန်း ကော့စတာ (Wayan Koster) က ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသည့် နိုင်ငံခြားသားများကို ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်လေ့ရှိသောနေရာများနှင့် စားသောက်ဆိုင်များအတွင်းသို့ ဝင်ရောက်ခွင့်ပေးမည်မဟုတ်ကြောင်း ပြောကြားသည်။

“သူတို့အနေနဲ့ ပါးစပ်နှာခေါင်းစည်းအသုံးမပြုဘူးဆိုရင် ကျွန်တော်တို့က ဝန်ဆောင်မှုပေးဖို့ ငြင်းဆန်လိမ့်မှာဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာပါပဲ။ ဆက်လက်ပြီးတော့လည်း အမိန့်တွေ ထုတ်ပြန်ဖို့ရှိပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်တွေဟာ စည်းမျဉ်းချိုးဖောက်မှုတွေ အများကြီးရှိနေဆဲ ဖြစ်လို့ပါ” ဟု အုပ်ချုပ်ရေးမှူး ကော့စတာက ပြောသည်။

ဘာလီဒေသဆိုင်ရာအတွင်းဝန် ဒေဝ မာဒီ အင်ဒရာကလည်း နိုင်ငံခြားသားများနှင့် စပ်လျဉ်းပြီး ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ပြည်ပနိုင်ငံသားများအနေဖြင့် ကျန်းမာရေးစည်းမျဉ်းများဖြစ်သော ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းကဲ့သို့ စည်းမျဉ်းများကို လိုက်နာရန် တာဝန်ရှိကြောင်း ထုတ်ပြန်သည်။

“ကျန်းမာရေးစည်းမျဉ်းမလိုက်နာသော ပြည်ပနိုင်ငံသားတိုင်းအား ဝန်ဆောင်မှုများ ပေးမည်မဟုတ်ချေ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဘန်ဒေါင်းမှ Public Order Agency အကြီးအကဲ ကေတု ဆာယာနီဂါရာ (Ketut Suryanegara) က ပြောသည်မှာ နိုင်ငံခြားသားများအား ပါးစပ်နှာခေါင်းစည်းမတပ်ဆင်ဘဲ တွေ့ရှိပါက မြင့်မားသည့် ဒဏ်ကြေးငွေချမှတ်ရန်လည်း သုံးသပ်လျက်ရှိကြောင်း ပြောကြားသည်။

ဘာလီကျွန်းတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှု ထိန်းချုပ်ရန်အတွက် ပြီးခဲ့သော စက်တင်ဘာမှစတင်ပြီး လူတိုင်း မဖြစ်မနေ ပါးစပ်နှာခေါင်းစည်းတပ်ဆင်ရန် အမိန့်ထုတ်ပြန်ထားပြီး အများပြည်သူဆိုင်ရာနေရာများတွင် ပါးစပ်နှာခေါင်းစည်းတပ်ဆင်မထားသည်ကို တွေ့ရှိပါက အင်ဒိုနီးရှား ရူပီးယားငွေ ၁၀၀,၀၀၀ ( မြန်မာငွေအားဖြင့် ၉၄၀၀ ကျပ်) ဒဏ်ငွေချမှတ်ရန် အမိန့်ထုတ်ထားသည်။

“နိုင်ငံခြားသားတွေဟာ ကျန်းမာရေးစည်းမျဉ်းတွေကိ ချိုးဖောက်နေကြပြီး သူတို့မျက်လုံးထဲမှာ ကျွန်တော်တို့ကို ရှိတယ်လို့တောင် မထင်ကြဘူး။ ပါးစပ်နှာခေါင်းစည်းမတပ်တဲ့အတွက် ဒိုက်ထိုးခိုင်းတာမျိုး (ဒါမှမဟုတ်) လူမှုရေးပြစ်ဒဏ်ပေးတာမျိုးလုပ်ရင် သူတို့က ရယ်တောင်နေကြသေးတယ်။ သူတို့ကို ဒဏ်ငွေဆောင်ခိုင်းမယ်ဆိုရင်လည်း သူတို့အတွက် ဘာမှသိပ်မကုန်ရသလို ဖြစ်နေကြတယ်”ဟု ဆာယာနီဂါရာက ပြောသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bali governor says foreigners without masks will be refused service (coconuts)

 

[Zawgyi]

ဘာလီကၽြန္းတြင္ ကမၻာလွည့္ခရီးသည္မ်ားမွာ ပါးစပ္ႏွာေခါင္းစည္းမ်ား မတပ္ဆင္ဘဲသြားလာေနျပီး ဒိုက္ထုိးခိုင္းပါက ရယ္ေမာေနၾကေၾကာင္း အာဏာပိုင္တို႔ေျပာၾကား

အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကၽြန္းမွ အာဏာပိုင္တို႔သည္ Covid-19 ကပ္ေရာဂါေဘးထိန္းခ်ဳပ္ေရးအတြက္ ႏိုင္ငံျခားသားမ်ားအား က်န္းမာေရးစည္းမ်ဥ္း မလိုက္နာမႈမ်ား ရပ္တန္႔ေစရန္ အင္တိုက္အားတိုက္ၾကိဳးပမ္းလာေနသည္။

ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဝါယန္း ေကာ့စတာ (Wayan Koster) က ပါးစပ္ႏွာေခါင္းစည္းတပ္ဆင္ျခင္းမရွိသည့္ ႏိုင္ငံျခားသားမ်ားကို ကမၻာလွည့္ခရီးသည္မ်ား လည္ပတ္ေလ့ရွိေသာေနရာမ်ားႏွင့္ စားေသာက္ဆိုင္မ်ားအတြင္းသို႔ ဝင္ေရာက္ခြင့္ေပးမည္မဟုတ္ေၾကာင္း ေျပာၾကားသည္။

“သူတို႔အေနနဲ႔ ပါးစပ္ႏွာေခါင္းစည္းအသံုးမျပဳဘူးဆိုရင္ ကၽြန္ေတာ္တို႔က ဝန္ေဆာင္မႈေပးဖို႔ ျငင္းဆန္လိမ့္မွာျဖစ္ပါတယ္။ ဒါက ကၽြန္ေတာ္တို႔ ဆံုးျဖတ္ခဲ့တာပါပဲ။ ဆက္လက္ျပီးေတာ့လည္း အမိန္႔ေတြ ထုတ္ျပန္ဖို႔ရွိပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ႏိုင္ငံျခားသား ကမၻာလွည့္ခရီးသည္ေတြဟာ စည္းမ်ဥ္းခ်ဳိးေဖာက္မႈေတြ အမ်ားၾကီးရွိေနဆဲ ျဖစ္လို႔ပါ” ဟု အုပ္ခ်ဳပ္ေရးမွဴး ေကာ့စတာက ေျပာသည္။

ဘာလီေဒသဆိုင္ရာအတြင္းဝန္ ေဒဝ မာဒီ အင္ဒရာကလည္း ႏိုင္ငံျခားသားမ်ားႏွင့္ စပ္လ်ဥ္းျပီး ထုတ္ျပန္ခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့ရာ ျပည္ပႏိုင္ငံသားမ်ားအေနျဖင့္ က်န္းမာေရးစည္းမ်ဥ္းမ်ားျဖစ္ေသာ ပါးစပ္ႏွာေခါင္းစည္းတပ္ဆင္ျခင္း၊ လူစုလူေဝးေရွာင္ရွားျခင္းကဲ့သို႔ စည္းမ်ဥ္းမ်ားကို လိုက္နာရန္ တာဝန္ရွိေၾကာင္း ထုတ္ျပန္သည္။

“က်န္းမာေရးစည္းမ်ဥ္းမလိုက္နာေသာ ျပည္ပႏိုင္ငံသားတိုင္းအား ဝန္ေဆာင္မႈမ်ား ေပးမည္မဟုတ္ေခ်” ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ဘန္ေဒါင္းမွ Public Order Agency အၾကီးအကဲ ေကတု ဆာယာနီဂါရာ (Ketut Suryanegara) က ေျပာသည္မွာ ႏိုင္ငံျခားသားမ်ားအား ပါးစပ္ႏွာေခါင္းစည္းမတပ္ဆင္ဘဲ ေတြ႔ရွိပါက ျမင့္မားသည့္ ဒဏ္ေၾကးေငြခ်မွတ္ရန္လည္း သံုးသပ္လ်က္ရွိေၾကာင္း ေျပာၾကားသည္။

ဘာလီကၽြန္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ပြားမႈ ထိန္းခ်ဳပ္ရန္အတြက္ ျပီးခဲ့ေသာ စက္တင္ဘာမွစတင္ျပီး လူတိုင္း မျဖစ္မေန ပါးစပ္ႏွာေခါင္းစည္းတပ္ဆင္ရန္ အမိန္႔ထုတ္ျပန္ထားျပီး အမ်ားျပည္သူဆိုင္ရာေနရာမ်ားတြင္ ပါးစပ္ႏွာေခါင္းစည္းတပ္ဆင္မထားသည္ကို ေတြ႔ရွိပါက အင္ဒိုနီးရွား ရူပီးယားေငြ ၁၀၀,၀၀၀ ( ျမန္မာေငြအားျဖင့္ ၉၄၀၀ က်ပ္) ဒဏ္ေငြခ်မွတ္ရန္ အမိန္႔ထုတ္ထားသည္။

“ႏိုင္ငံျခားသားေတြဟာ က်န္းမာေရးစည္းမ်ဥ္းေတြကိ ခ်ဳိးေဖာက္ေနၾကျပီး သူတို႔မ်က္လံုးထဲမွာ ကၽြန္ေတာ္တို႔ကို ရွိတယ္လို႔ေတာင္ မထင္ၾကဘူး။ ပါးစပ္ႏွာေခါင္းစည္းမတပ္တ့ဲအတြက္ ဒိုက္ထိုးခိုင္းတာမ်ဳိး (ဒါမွမဟုတ္) လူမႈေရးျပစ္ဒဏ္ေပးတာမ်ဳိးလုပ္ရင္ သူတို႔က ရယ္ေတာင္ေနၾကေသးတယ္။ သူတို႔ကို ဒဏ္ေငြေဆာင္ခိုင္းမယ္ဆိုရင္လည္း သူတုိ႔အတြက္ ဘာမွသိပ္မကုန္ရသလို ျဖစ္ေနၾကတယ္”ဟု ဆာယာနီဂါရာက ေျပာသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bali governor says foreigners without masks will be refused service (coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service