တရုတ်ပြည်ရှိ ကုမ္ပဏီတစ်ခုက အိမ်သာတစ်ကြိမ်ထက် ပိုဝင်သည့် ဝန်ထမ်းများကို ယွမ်ငွေ ၂၀ (မြန်မာငွေအားဖြင့် ၄၁၀၀ ကျပ်) ဒဏ်ကြေးချမှတ်

တရုတ်ပြည်ရှိ ကုမ္ပဏီတစ်ခုက အိမ်သာတစ်ကြိမ်ထက် ပိုဝင်သည့် ဝန်ထမ်းများကို ယွမ်ငွေ ၂၀ (မြန်မာငွေအားဖြင့် ၄၁၀၀ ကျပ်) ဒဏ်ကြေးချမှတ် - Property News in Myanmar from iMyanmarHouse.com
12 Jan 2021 11:49 am တွင် တင်ခဲ့သည်
1128 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်ပြည်တွင် ကုမ္ပဏီတစ်ခုသည် အလုပ်ချိန်အတွင်း အိမ်သာခန်းသို့ တစ်ကြိမ်ထက် ပိုမိုဝင်ရောက်သည့် ဝန်ထမ်းများကို ဒဏ်ကြေးချမှတ်သည့် စည်းကမ်းချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

အဆိုပါစက်ရုံက ပြောကြားရာတွင် လုပ်ငန်းထိရောက်မှု တိုးတက်စေရန်အတွက် အဆိုပါစည်းကမ်းကို ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း၊ အချို့ အလုပ်သမားများသည် အိမ်သာထဲတွင် ၎င်းတို့၏ ဖုန်းများဖြင့် အချိန်ကြာမြင့်စွာ ဂိမ်းကစားနေခြင်း (သို့မဟုတ်) စီးကရက်ထိုင်သောက် နေခြင်းများကို တွေ့ရှိရပြီးနောက် ထိုစည်းကမ်းချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

မကျေနပ်သည့် ဝန်ထမ်းများက ပြီးခဲ့သော ရက်သတ္တပတ်အတွင်း အွန်လိုင်းတွင် လွှင့်တင်ခဲ့သော ဓာတ်ပုံများအရ ကွမ်ကျိုးပြည်နယ်၊ တုံးကွမ်မြို့(Dongguan) တွင် တည်ရှိသော အဆိုပါစက်ရုံသည် အလုပ်သမား ၆ ဦးကို ၎င်းတို့၏ အလုပ်ချိန် ၈ နာရီအတွင်း အိမ်သာ ၂ ခါဝင်သောကြောင့် ယွမ်ငွေ ၂၀ (အမေရိကန် ၃ ဒေါ်လာ) ဒဏ်ကြေးပေးဆောင်စေခဲ့ကြောင်း သိရသည်။

အခြားဝန်ထမ်းအမျိုးသမီးတစ်ဦးမှာမူ အိမ်သာခန်းဝင်ခြင်းကို စာရင်းမပေးသောကြောင့် ဒဏ်ကြေးချမှတ်ခြင်း ခံခဲ့ရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်းကလည်း ပေကျင်းမြို့တွင် အခြေစိုက်သော Kuaishou ကုမ္ပဏီသည် အိမ်သာခန်းများတွင် အချိန်မှတ်စက်တပ်ဆင်ထားပြီး ဝန်ထမ်းများ အိမ်သာဝင်ချိန် မည်မျှကြာသည်ကို မှတ်သားထားလေ့ရှိသည်။

တရုတ်ပြည် အရှေ့ပိုင်း ရှီးန်ကျန် (Xinjiang ) မြို့တွင်လည်း ဈေးဝယ်စင်တာတစ်ခုမှ ဝန်ထမ်းများကို အိမ်သာဝင်ချိန် ၈ မိနစ်ထက် မကြာရန် စည်းကမ်းသတ်မှတ်ထားပြီး သတ်မှတ်ချိန်ထက်ကျော်လွန်ပါက တစ်မိနစ်လျှင် ယွမ် ၂၀ (အမေရိကန် ၃ ဒေါ်လာ) ဒဏ်ကြေး ပေးဆောင်ရသည်ဟု ဆိုသည်။

ယခုဖြစ်ရပ်ဖြစ်ပွားသော စက်ရုံတွင် အိမ်သာဝင်မည့် အလုပ်သမားများအနေဖြင့် စာရင်းပေးသွင်းရပြီး ၈ နာရီအလုပ်ချိန်အတွင်း အိမ်သာ ၁ ကြိမ်သာ ဝင်ခွင့်ပြုကြောင်း ပြောကြားထားသည်။

ဒဏ်ကြေးပေးဆောင်ရမှုကို မကျေနပ်သောဝန်ထမ်းများက ၎င်းတို့၏ ဒဏ်ကြေးဆောင်ရမှု ဓာတ်ပုံများကို တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်ဖြစ်သည့် Weibo တွင် တင်ခဲ့ကြရာ အခြေအတင် ငြင်းခုံမှုများ ဂယက်ရိုက်ပေါ်ပေါက်ခဲ့သည်။

လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ကွန်မန့်ရေးသား မှတ်ချက်ပြုရာတွင် “အလုပ်ထိရောက်မှုကို လိုချင်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ အလုပ်သမားတွေကို ဆုချီးမြှင့်တဲ့ နည်းလမ်းသုံးလို့ရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ တင်းကျပ်မှုတွေအရမ်းလုပ်တာက ဝန်ထမ်းတွေကို အမြဲတင်းကျပ်ပင်ပန်းစေပြီး သူတို့ရဲ့ စွမ်းအားတွေနဲ့ အလုပ်အပေါ် အာရုံစိုက်နိုင်မှုတွေ ဆုံးရှုံးနိုင်ပါတယ်” ဟု ရေးသားထားသည်။

အချို့သူများကမူ ကုမ္ပဏီ၏ တင်းကြပ်သည့်စည်းကမ်းများ ချမှတ်မှုကို ထောက်ခံကြသည်။

“ဒီကုမ္ပဏီကို ကျွန်တော်ကိုယ်ချင်းစာပါတယ်။ ဒီလိုမျိုး မလုပ်ချင်ဘဲလုပ်ခဲ့ရတယ်လို့ ယုံကြည်ပါတယ်။ တချို့ဝန်ထမ်းတွေက အိမ်သာကို အကြာကြီးဝင်နေပြီး ခဏခဏဝင်တာမျိုးလည်း ရှိတယ်။ ဒါမျိုးက ကုမ္ပဏီရဲ့ ထုတ်လုပ်နိုင်စွမ်းကို ထိခိုက်စေမယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး” ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက မှတ်ချက်ပြုသည်။

သို့သော် ဒေသတွင်း အစိုးရအရာရှိများကမူ အဆိုပါကုမ္ပဏီ၏ စည်းကမ်းမှာ ဥပဒေနှင့် မညီကြောင်း ပြောကြားသည်။

ဒေသအာဏာပိုင်တို့က အဆိုပါကုမ္ပဏီအား ဒဏ်ကြေးချမှတ်မှုများကို ရပ်တန့်ရန်နှင့် ဒဏ်ကြေးငွေများ ပြန်ပေးရန် ညွှန်ကြားခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သော The Paper တွင် ဖော်ပြသည်။

အဆိုပါကုမ္ပဏီမှ မန်နေဂျာတစ်ဦးဖြစ်သူ (“ကောင်း”ဟူသော နာမည်ရှေ့စာလုံးသာသိရ) က ပြောသည်မှာ ဒဏ်ကြေးငွေများမှာ ဝန်ထမ်းများ၏ လစဉ်ဆုကြေးငွေစာရင်းမှ နှုတ်ယူခြင်းဖြစ်ပြီး နှုတ်ယူငွေများကို ပြန်လည်ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

မန်နေဂျာ “ကောင်း” က ရှင်းပြသည်မှာ မိမိတို့ကုမ္ပဏီအနေဖြင့် အဆိုပါစည်းမျဉ်းကို ချမှတ်ရခြင်းမှာ အချို့သော အလုပ်သမားများသည် အိမ်သာထဲသို့သွားကာ မကြာခဏ ဆေးလိပ်သောက်ကြကြောင်း ရှင်းပြသည်ဟု ကွမ်တုံရုပ်မြင်သံကြားဌာနက တင်ပြခဲ့သည်။

“အလုပ်သမားတွေ အလုပ်မှာ ပျင်းရိကြတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ အကူအညီမဲ့နေပါတယ်။ စီမံခန့်ခွဲရေးဌာနအနေနဲ့ အဲ့လိုအလုပ်သမားတွေကို ကြိမ်ဖန်များစွာ ခေါ်ယူဆွေးနွေးခဲ့ပေမယ့် ရလဒ်ကောင်းတွေ မရခဲ့ပါဘူး။” ဟု မန်နေဂျာ “ကောင်း” က ပြောသည်။

ထို့ကြောင့် အလုပ်သမားများကို အလုပ်ထုတ်သည်ထက် အိမ်သာခန်းဝင်ခြင်းနှင့် ပတ်သက်ပြီး စည်းကမ်းထုတ်ခြင်းက အဆိုပါပြဿနာကို ဖြေရှင်းနိုင်မည်ဟု သူဌေးက ယူဆခဲ့ကြောင်းလည်း မန်နေဂျာ “ကောင်း” က ပြောသည်။

တရုတ်လုပ်ငန်းရှင်များက ပြောကြားသည်မှာ အလုပ်သမားများသည် အိမ်သာသို့ ဖုန်းယူသွားကာ လူမှုကွန်ရက်ကြည့်နေခြင်း (သို့မဟုတ်) ဂိမ်းကစားနေခြင်းများမှာ နေရာတိုင်းတွင် ဖြစ်နေသည့်အကြောင်းရပ်ဖြစ်လာကြောင်း ပြောကြားကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese company fines workers who take more than one bathroom brake (inkstonenews)

[Zawgyi]

တရုတ္ျပည္ရွိ ကုမၸဏီတစ္ခုက အိမ္သာတစ္ၾကိမ္ထက္ ပိုဝင္သည့္ ဝန္ထမ္းမ်ားကို ယြမ္ေငြ ၂၀ (ျမန္မာေငြအားျဖင့္ ၄၁၀၀ က်ပ္) ဒဏ္ေၾကးခ်မွတ္

တရုတ္ျပည္တြင္ ကုမၸဏီတစ္ခုသည္ အလုပ္ခ်ိန္အတြင္း အိမ္သာခန္းသို႔ တစ္ၾကိမ္ထက္ ပိုမိုဝင္ေရာက္သည့္ ဝန္ထမ္းမ်ားကို ဒဏ္ေၾကးခ်မွတ္သည့္ စည္းကမ္းခ်က္တစ္ရပ္ ထုတ္ျပန္ခဲ့သည္။

အဆိုပါစက္ရံုက ေျပာၾကားရာတြင္ လုပ္ငန္းထိေရာက္မႈ တိုးတက္ေစရန္အတြက္ အဆိုပါစည္းကမ္းကို ခ်မွတ္ခဲ့ရျခင္းျဖစ္ေၾကာင္း၊ အခ်ဳိ႕ အလုပ္သမားမ်ားသည္ အိမ္သာထဲတြင္ ၎တို႔၏ ဖုန္းမ်ားျဖင့္ အခ်ိန္ၾကာျမင့္စြာ ဂိမ္းကစားေနျခင္း (သို႔မဟုတ္) စီးကရက္ထိုင္ေသာက္ ေနျခင္းမ်ားကို ေတြ႔ရွိရျပီးေနာက္ ထိုစည္းကမ္းခ်မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

မေက်နပ္သည့္ ဝန္ထမ္းမ်ားက ျပီးခဲ့ေသာ ရက္သတၱပတ္အတြင္း အြန္လိုင္းတြင္ လႊင့္တင္ခဲ့ေသာ ဓာတ္ပံုမ်ားအရ ကြမ္က်ဳိးျပည္နယ္၊ တံုးကြမ္ျမိဳ႕(Dongguan) တြင္ တည္ရွိေသာ အဆိုပါစက္ရံုသည္ အလုပ္သမား ၆ ဦးကို ၎တို႔၏ အလုပ္ခ်ိန္ ၈ နာရီအတြင္း အိမ္သာ ၂ ခါဝင္ေသာေၾကာင့္ ယြမ္ေငြ ၂၀ (အေမရိကန္ ၃ ေဒၚလာ) ဒဏ္ေၾကးေပးေဆာင္ေစခဲ့ေၾကာင္း သိရသည္။

အျခားဝန္ထမ္းအမ်ဳိးသမီးတစ္ဦးမွာမူ အိမ္သာခန္းဝင္ျခင္းကို စာရင္းမေပးေသာေၾကာင့္ ဒဏ္ေၾကးခ်မွတ္ျခင္း ခံခဲ့ရသည္။

၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလအတြင္းကလည္း ေပက်င္းျမိဳ႕တြင္ အေျခစိုက္ေသာ Kuaishou ကုမၸဏီသည္ အိမ္သာခန္းမ်ားတြင္ အခ်ိန္မွတ္စက္တပ္ဆင္ထားျပီး ဝန္ထမ္းမ်ား အိမ္သာဝင္ခ်ိန္ မည္မွ်ၾကာသည္ကို မွတ္သားထားေလ့ရွိသည္။

တရုတ္ျပည္ အေရွ႕ပိုင္း ရွီးန္က်န္ (Xinjiang ) ျမိဳ႕တြင္လည္း ေစ်းဝယ္စင္တာတစ္ခုမွ ဝန္ထမ္းမ်ားကို အိမ္သာဝင္ခ်ိန္ ၈ မိနစ္ထက္ မၾကာရန္ စည္းကမ္းသတ္မွတ္ထားျပီး သတ္မွတ္ခ်ိန္ထက္ေက်ာ္လြန္ပါက တစ္မိနစ္လွ်င္ ယြမ္ ၂၀ (အေမရိကန္ ၃ ေဒၚလာ) ဒဏ္ေၾကး ေပးေဆာင္ရသည္ဟု ဆိုသည္။

ယခုျဖစ္ရပ္ျဖစ္ပြားေသာ စက္ရံုတြင္ အိမ္သာဝင္မည့္ အလုပ္သမားမ်ားအေနျဖင့္ စာရင္းေပးသြင္းရျပီး ၈ နာရီအလုပ္ခ်ိန္အတြင္း အိမ္သာ ၁ ၾကိမ္သာ ဝင္ခြင့္ျပဳေၾကာင္း ေျပာၾကားထားသည္။

ဒဏ္ေၾကးေပးေဆာင္ရမႈကို မေက်နပ္ေသာဝန္ထမ္းမ်ားက ၎တို႔၏ ဒဏ္ေၾကးေဆာင္ရမႈ ဓာတ္ပံုမ်ားကို တရုတ္ျပည္တြင္းသံုး လူမႈကြန္ရက္ျဖစ္သည့္ Weibo တြင္ တင္ခဲ့ၾကရာ အေျခအတင္ ျငင္းခံုမႈမ်ား ဂယက္ရိုက္ေပၚေပါက္ခဲ့သည္။

လူမႈကြန္ရက္အသံုးျပဳသူတစ္ဦးက ကြန္မန္႔ေရးသား မွတ္ခ်က္ျပဳရာတြင္ “အလုပ္ထိေရာက္မႈကို လုိခ်င္တဲ့ ကုမၸဏီတစ္ခုအေနနဲ႔ အလုပ္သမားေတြကို ဆုခ်ီးျမွင့္တဲ့ နည္းလမ္းသံုးလို႔ရပါတယ္။ ဆန္႔က်င္ဘက္အေနနဲ႔ တင္းက်ပ္မႈေတြအရမ္းလုပ္တာက ဝန္ထမ္းေတြကို အျမဲတင္းက်ပ္ပင္ပန္းေစျပီး သူတို႔ရဲ႕ စြမ္းအားေတြနဲ႔ အလုပ္အေပၚ အာရံုစိုက္ႏိုင္မႈေတြ ဆံုးရႈံးႏိုင္ပါတယ္” ဟု ေရးသားထားသည္။

အခ်ဳိ႕သူမ်ားကမူ ကုမၸဏီ၏ တင္းၾကပ္သည့္စည္းကမ္းမ်ား ခ်မွတ္မႈကို ေထာက္ခံၾကသည္။

“ဒီကုမၸဏီကို ကၽြန္ေတာ္ကိုယ္ခ်င္းစာပါတယ္။ ဒီလိုမ်ဳိး မလုပ္ခ်င္ဘဲလုပ္ခဲ့ရတယ္လို႔ ယံုၾကည္ပါတယ္။ တခ်ဳိ႕ဝန္ထမ္းေတြက အိမ္သာကို အၾကာၾကီးဝင္ေနျပီး ခဏခဏဝင္တာမ်ဳိးလည္း ရွိတယ္။ ဒါမ်ဳိးက ကုမၸဏီရဲ႕ ထုတ္လုပ္ႏိုင္စြမ္းကို ထိခိုက္ေစမယ္ဆိုတာ သံသယျဖစ္ဖြယ္ မရွိပါဘူး” ဟု လူမႈကြန္ရက္အသံုးျပဳသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

သို႔ေသာ္ ေဒသတြင္း အစိုးရအရာရွိမ်ားကမူ အဆိုပါကုမၸဏီ၏ စည္းကမ္းမွာ ဥပေဒႏွင့္ မညီေၾကာင္း ေျပာၾကားသည္။

ေဒသအာဏာပိုင္တို႔က အဆိုပါကုမၸဏီအား ဒဏ္ေၾကးခ်မွတ္မႈမ်ားကို ရပ္တန္႔ရန္ႏွင့္ ဒဏ္ေၾကးေငြမ်ား ျပန္ေပးရန္ ညႊန္ၾကားခဲ့ေၾကာင္း ေဒသတြင္း သတင္းဌာနတစ္ခုျဖစ္ေသာ The Paper တြင္ ေဖာ္ျပသည္။

အဆိုပါကုမၸဏီမွ မန္္ေနဂ်ာတစ္ဦးျဖစ္သူ (“ေကာင္း”ဟူေသာ နာမည္ေရွ႕စာလံုးသာသိရ) က ေျပာသည္မွာ ဒဏ္ေၾကးေငြမ်ားမွာ ဝန္ထမ္းမ်ား၏ လစဥ္ဆုေၾကးေငြစာရင္းမွ ႏႈတ္ယူျခင္းျဖစ္ျပီး ႏႈတ္ယူေငြမ်ားကို ျပန္လည္ထည့္သြင္းေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

မန္ေနဂ်ာ “ေကာင္း” က ရွင္းျပသည္မွာ မိမိတို႔ကုမၸဏီအေနျဖင့္ အဆိုပါစည္းမ်ဥ္းကို ခ်မွတ္ရျခင္းမွာ အခ်ဳိ႕ေသာ အလုပ္သမားမ်ားသည္ အိမ္သာထဲသို႔သြားကာ မၾကာခဏ ေဆးလိပ္ေသာက္ၾကေၾကာင္း ရွင္းျပသည္ဟု ကြမ္တံုရုပ္ျမင္သံၾကားဌာနက တင္ျပခဲ့သည္။

“အလုပ္သမားေတြ အလုပ္မွာ ပ်င္းရိၾကတာနဲ႔ ပတ္သက္ျပီး ကၽြန္ေတာ္တို႔မွာ အကူအညီမဲ့ေနပါတယ္။ စီမံခန္႔ခြဲေရးဌာနအေနနဲ႔ အဲ့လိုအလုပ္သမားေတြကို ၾကိမ္ဖန္မ်ားစြာ ေခၚယူေဆြးေႏြးခဲ့ေပမယ့္ ရလဒ္ေကာင္းေတြ မရခဲ့ပါဘူး။” ဟု မန္ေနဂ်ာ “ေကာင္း” က ေျပာသည္။

ထို႔ေၾကာင့္ အလုပ္သမားမ်ားကို အလုပ္ထုတ္သည္ထက္ အိမ္သာခန္းဝင္ျခင္းႏွင့္ ပတ္သက္ျပီး စည္းကမ္းထုတ္ျခင္းက အဆိုပါျပႆနာကို ေျဖရွင္းႏိုင္မည္ဟု သူေဌးက ယူဆခဲ့ေၾကာင္းလည္း မန္ေနဂ်ာ “ေကာင္း” က ေျပာသည္။

တရုတ္လုပ္ငန္းရွင္မ်ားက ေျပာၾကားသည္မွာ အလုပ္သမားမ်ားသည္ အိမ္သာသို႔ ဖုန္းယူသြားကာ လူမႈကြန္ရက္ၾကည့္ေနျခင္း (သို႔မဟုတ္) ဂိမ္းကစားေနျခင္းမ်ားမွာ ေနရာတိုင္းတြင္ ျဖစ္ေနသည့္အေၾကာင္းရပ္ျဖစ္လာေၾကာင္း ေျပာၾကားၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese company fines workers who take more than one bathroom brake (inkstonenews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service