လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်နှင့် သတ်မှတ်နည်းလမ်း

လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်နှင့် သတ်မှတ်နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
11 Jan 2021 11:34 am တွင် တင်ခဲ့သည်
900 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

လယ်ယာမြေတွင် စိုက်ပျိုးခြင်းမှအပ အိမ်ဆောက်၊ ဆိုင်ဆောက်၊ ဆီဆိုင်ဖွင့် စသည်ဖြင့် အခြားနည်း တစ်ခုခုအသုံးပြုရန် တင်ပြလျောက်ထားမှုကို လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနအဆင့်ဆင့်က စိစစ်ပြီး သတ်မှတ်နည်းလမ်းများဖြင့် အသုံးပြုရန် လယ်ယာမြေကို အခြားနည်းအသုံးပြုရန်ခွင့်ပြုမိန့် (ယခင်အခေါ် လ/န ၃၉၊ လယ ၃၀) ကို ခွင့်ပြုပေးလျှက်ရှိပါသည်။

သတ်မှတ်နည်းလမ်းဆိုသည်မှာ လယ်မြေကို စက်သုံးဆီဆိုင် လုပ်ကိုင်ရန် လျောက်ထားခြင်းတွင် လယ်စီအဖွဲ့က လျောက်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုရန် ခွင့်ပြုမိန့် ချပေးခဲ့ပါက အဆိုပါ ခွင့်ပြုမိန့်ပါ နည်းလမ်းအတိုင်း စက်သုံးဆီဆိုင်လုပ်ငန်း အသုံးပြုခြင်းကို ဆိုလိုပါသည်။

စက်သုံးဆီဆိုင်လုပ်ငန်းအတွက် အသုံးပြုရန်ခွင့်ပြုခြင်းဖြစ်ပါက စက်သုံးဆီဆိုင် ဖွင့်လှစ်ရန် အတွက် သာဖြစ်ပါသည်။ အခြားလုပ်ငန်း လုပ်ကိုင်နေလျှင် သတ်မှတ်နည်းလမ်းအတိုင်း အသုံးမပြုခြင်းဖြစ်၍ အရေးယူ ခံရခြင်း၊ ဒဏ်ကြေးငွေ ပေးဆောင်ရခြင်း၊ ခွင့်ပြုမိန့် ပယ်ဖျက်ခံရခြင်းများဖြင့် အရေးယူဆောင်ရွက် နိုင်ကြောင်း တရားဝင်ပြဌာန်းဆောင်ရွက်လျက်ရှိပါသည်။ အခြားနည်းသုံးစွဲရန် ခွင့်ပြုမိန့်ရပြီးသော်လည်း မည်သည့်လုပ်ငန်း မျှ မလုပ်ပဲ (၆) လအထက်ထားရှိပါက အခြားနည်းသုံးရန်ခွင့်ပြုမိန့်ကို ပယ်ဖျက်မည်ဖြစ်ပါသည်။

အခြားနည်းအသုံးပြုရန် ခွင့်ပြုထားသည့် မြေများနှင့်ပတ်သက်၍ ခရိုင်နှင့် မြို့နယ်လယ်ယာမြေ စီမံ ခန့်ခွဲရေးဦးစီးဌာနများသည် လယ်ယာမြေကို အခြားနည်းအသုံးပြုရန်ခွင့်ပြုထားခဲ့သည့် မြေများအား ကွင်းဆင်း စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်ကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ အသုံးပြုနေမှုအခြေအနေအား တိုင်းဒေသ ကြီး/ပြည်နယ် လယ်စီအဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် လယ်စီအဖွဲ့များက ခရိုင်/ မြို့နယ်၏ စိစစ်တွေ့ရှိချက်များကို စစ်ဆေးပြီး (ပုံစံ ၁၆)ဖြင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သို့ (၆)လ တစ်ကြိမ် တင်ပြရပါသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်သည့်အခါ သတ်မှတ်နည်းလမ်းအတိုင်း လယ်ယာမြေကို အသုံးမပြုကြောင်း တွေ့ရှိပါက ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်းခံရနိုင်ကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]












 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
Mingalar Market
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service