သောမတ်စ်အက်ဒီဆင်၏ အောင်မြင်မှုသင်ခန်းစာများ

သောမတ်စ်အက်ဒီဆင်၏ အောင်မြင်မှုသင်ခန်းစာများ - Property Knowledge in Myanmar from iMyanmarHouse.com
10 Jan 2021 11:16 am တွင် တင်ခဲ့သည်
7713 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

သောမတ်အက်ဒီဆင်လို့ ပြောလိုက်တာနဲ့ ကမာ္ဘကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ နာမည်ကျော် တီထွင်သူ၊ သိပ္ပံပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် သိပြီးသားဖြစ်မှာပါ။ ဓာတ်စက်၊ ရုပ်ရှင်ကင်မရာနဲ့ နေ့စဉ်သုံး လျှပ်စစ်မီးလုံးတို့က အက်ဒီဆင်ရဲ့ ထင်ရှားကျော်ကြားလှတဲ့ တီထွင်မှုတွေပဲဖြစ်ပါတယ်။ အက်ဒီဆင်ဟာ သမိုင်းကြောင်းတစ်လျှောက်မှာ တီထွင်မှုအများဆုံး ပြုလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး အမေရိကန်၊ ပြင်သစ်၊ ဗြိတိသျှပြည်ထောင်စုနဲ့ ဂျာမနီနိုင်ငံတို့မှာ သူ့နာမည်နဲ့ မူပိုင်ခွင့်ပေါင်း ထောင်နဲ့ချီပြီး ရှိပါတယ်။ ဒီလိုအောင်မြင်ကျော်ကြားတဲ့ သိပ္ပံပညာရှင် သောမတ်အက်ဒီဆင်ဆီ ပြောခဲ့တဲ့ အောင်မြင်မှု သင်ခန်းစာတစ်ချို့ကို ဖော်ပြလိုက်ပါတယ်။

၁။ မဖြစ်နိုင်တာ မရှိပါဘူး။

“စိတ်ကူးကို အကောင်အထည်ဖော်နိုင်သူတိုင်းဟာ မဖြစ်နိုင်တဲ့အခြေအနေတစ်ခုကို ကြုံတွေ့ရတဲ့အခါ စိတ်ပျက်အားငယ်တတ်ကြတယ်။ ဒီနေရာက စိတ်ပျက်အားငယ်နေရမယ့် နေရာမဟုတ်ဘူး” မဖြစ်နိုင်ဘူးဆိုတာက စိတ်ပျက်စရာမဟုတ်ပါဘူး။ မဖြစ်နိုင်ဘူးဆိုတာတွေက အောင်မြင်မှုနဲ့ ကျောချင်းကပ်လို့ ဆိုနိုင်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတဲ့အတားအဆီးတွေကို ကျော်ဖြတ်နိုင်ရင် အောင်မြင်မှုက သင့်အတွက်ပါပဲ။ ဒါ့ကြောင့် မဖြစ်နိုင်ဘူးထင်ရတိုင်း စိတ်ပျက်အားငယ်မနေပါနဲ့။ အာရုဏ်မတက်ခင်အချိန်က အမှောင်မိုက်ဆုံးဆိုတာက နားလည်ထားပါ။

၂။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။

“ပါရမီရှင်ဖြစ်လာဖို့ဆိုတာ ဉာဏ်ရည်ကွန့်မြူးမှု (၁)ရာခိုင်နှုန်းနဲ့ ချွေးစက်(၉၉)ရာခိုင်နှုန်း ပေါင်းစပ်ထားတာဖြစ်တယ်” လူအများစု အခွင့်အရေးကို ဆုံးရှုံးလိုက်ကြတာဟာ ပင်ပန်းခက်ခဲတယ်လို့ ထင်ရတာကြောင့် ဖြစ်တယ်လို့ သောမတ်အက်ဒီဆင်က ပြောခဲ့ဖူးပါတယ်။ အလုပ်မကြိုးစားပဲ အောင်မြင်မှုဆိုတာ ရှိမလာနိုင်ပါဘူး။ အောင်မြင်မှုဆိုတာ သွေးချွေးနဲ့ ရင်းပြီး တည်ဆောက်ရတာဖြစ်ပါတယ်။ အလုပ်ကြိုးစားတဲ့သူဆီကိုပဲ အောင်မြင်မှုရ ရောက်လာမှာဖြစ်ပါတယ်။

၃။ လုပ်နိုင်စွမ်းကို အသုံးချပါ

“ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိသလောက် လုပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်တောင် အံ့အားသင့်ရပါလိမ့်မယ်။” လူအများစုက အမှန်တကယ်လုပ်နိုင်စွမ်းထက် လျော့နည်းပြီး လုပ်ကြပါတယ်။ ဘယ်သောအခါမှ အားကုန်ထုတ်ပြီး လုပ်ဆောင်လေ့မရှိတဲ့အတွက် ဘယ်လောက်အထိလုပ်နိုင်စွမ်းရှိတယ်ဆိုတာကို မသိကြပါဘူး။ လူတစ်ယောက်ဟာ ကိစ္စတစ်ခုကို သိရှိတတ်မြောက်ထားပြီး နှစ်ပေါင်းများစွာ အာရုံစိုက်လုပ်ဆောင်မယ်ဆိုရင် အံ့သြစရာကိစ္စတွေ လုပ်နိုင်လာပါလိမ့်မယ်။ ဒီအခါမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို ကိုယ်ကိုယ်တိုင် အံ့သြလို့ဆုံးမှာ မဟုတ်ပါဘူး။

၄။ သီးသန့်နေတတ်ပါစေ

“အကောင်းဆုံး စဉ်းစားတွေးခေါ်မှုတွေကို တစ်ဦးတည်းရှိချိန်မှာပဲ လုပ်ဆောင်နိုင်တယ်” ဟုတ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာပဲ အကောင်းဆုံး အကြံဉာဏ်တွေကို ရရှိနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတာတွေကိုပဲ ဆွေးနွေးနေတဲ့ လူတွေကြားထဲမှာ မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ဖို့ စဉ်းစားတွေးခေါ်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် တစ်ဦးတည်းအေးချမ်းတိတ်ဆိတ်စွာ စဉ်းစားနိုင်မယ့်နေရာကို သွားပါ။ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေကို သိမြင်လာပါလိမ့်မယ်။

၅။ မနားမနေအလုပ်လုပ်ပါ

“မနားမနေအလုပ်လုပ်ခြင်းက ရောင့်ရဲမှုမရှိခြင်းဖြစ်ပြီး ရောင့်ရဲမှုမရှိခြင်းက တိုးတက်မှုရဲ့ လိုအပ်ချက်ဖြစ်တယ်” အလုံးစုံကျေနပ်နေသူတစ်ယောက်ဆိုတာ ကျရှုံးမှုတစ်ခုပဲလို့ သောမတ်အက်ဒီဆင်က ပြောခဲ့ဖူးပါတယ်။ လက်ရှိအခြေအနေနဲ့ တင်းတိမ်ရောင့်ရဲနေသမျှ တိုးတက်မှုရှိလာမှာ မဟုတ်ပါဘူး။ မရောင့်ရဲ မတင်းတိမ်နိုင်မှ တိုးတက်မှုရှိလာမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ်အလေးချိန် ပေါင်(၃၀)လောက် ပိုများနေတာကို အဆင်ပြေနေတာပဲလို့ မှတ်ထင်ထားသမျှ ခန္ဓာကိုယ်အချိုးအစား ဘယ်တော့မှပြောင်းလဲ လျော့ကျသွားမှာ မဟုတ်ပါဘူး။

၆။ မြင်အောင်ကြည့်မှ အောင်မြင်မှာဖြစ်ပါတယ်။

“ကျွန်တော် ဘယ်တော့မှမကျရှုံးခဲ့ဖူးဘူး။ အလုပ်မဖြစ်တဲ့နည်းလမ်းတွေကိုပဲ တွေ့ခဲ့တာပါ” ကိစ္စတစ်ခုကို ရှုမြင်သုံးသပ်မှုက အရေးကြီးပါတယ်။ ဟုတ်ပါတယ်။ ရလဒ်လို့ မေးရင် အလုပ်မဖြစ်ဘူးဆိုတာကို သိလိုက်ရတာကလည်း ရလဒ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ဘဝကိုလည်း ဒီလိုပဲ ရှုမြင်နိုင်ဖို့ လိုပါတယ်။ ကျရှုံးမှုတွေ၊ အဆင်မပြေမှုတွေလို့ မြင်မယ့်အစား အလုပ်မဖြစ်၊ မအောင်မြင်နိုင်တဲ့ နည်းလမ်းတွေကို တွေ့ရှိခဲ့တယ်လို့ သဘောထားနိုင်ဖို့ လိုပါတယ်။ ဒီလိုမြင်တတ်ရင် အလုပ်ဖြစ်မယ့်နည်းလမ်းကို တွေ့တဲ့အထိ ဆက်လက်လုပ်ဆောင်ရင်း အောင်မြင်မှုကို ရရှိလာမှာဖြစ်ပါတယ်။

၇။ အလုပ်ကြိုးစားပါ၊ ဇွဲလုံ့လရှိပါ၊ ဆင်ခြင်တုံတရားရှိပါ

“ဘယ်အရာမဆို စွမ်းဆောင် အောင်မြင်နိုင်ဖို့အတွက် လိုအပ်တဲ့အရာသုံးခုက အလုပ်ကြိုးစားမှု၊ ဇွဲလုံ့လနဲ့ ဆင်ခြင်တုံတရား ပဲဖြစ်တယ်” အလုပ်ကြိုးစားမှုဟာ အောင်မြင်မှုရဲ့ အခြေခံဖြစ်ပါတယ်။ အလုပ်မကြိုးစားချင်ဘူးဆိုရင် အောင်မြင်မှုကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ဘယ်သူကမှ လွယ်လွယ်လေးနဲ့ အောင်မြင်ခဲ့တယ်လို့ မပြောပါဘူး။ နောက်ထပ် အရေးကြီးတာက အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ရှိဖို့ ဖြစ်ပါတယ်။ စိတ်အားထက်သန်တဲ့ အလုပ်တစ်ခုကို လုပ်ပြီဆိုရင် ဘယ်တော့မှ အာရုံစူးစိုက်မှု မပျက်သွားပါစေနဲ့။ နောက်ဆုံးအချက်ကတော့ ဆင်ခြင်တုံတရားရှိဖို့ ဖြစ်ပါတယ်။ ဘယ်အရာကိုမဆို ဆင်ခြင်သုံးသပ်တတ်ဖို့ လိုပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mmgentleman

 

[Zawgyi]

ေသာမတ္စ္အက္ဒီဆင္၏ ေအာင္ျမင္မႈသင္ခန္းစာမ်ား

ေသာမတ္အက္ဒီဆင္လို႔ ေျပာလိုက္တာနဲ႔ ကမာၻကို ေျပာင္းလဲေပးႏိုင္ခဲ့တဲ့ နာမည္ေက်ာ္ တီထြင္သူ၊ သိပၸံပညာရွင္၊ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးအျဖစ္ သိၿပီးသားျဖစ္မွာပါ။ ဓာတ္စက္၊ ရုပ္ရွင္ကင္မရာနဲ႔ ေန႔စဥ္သံုး လွ်ပ္စစ္မီးလံုးတို႔က အက္ဒီဆင္ရဲ႕ ထင္ရွားေက်ာ္ၾကားလွတဲ့ တီထြင္မႈေတြပဲျဖစ္ပါတယ္။ အက္ဒီဆင္ဟာ သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ တီထြင္မႈအမ်ားဆံုး ျပဳလုပ္ခဲ့သူတစ္ဦးျဖစ္ၿပီး အေမရိကန္၊ ျပင္သစ္၊ ၿဗိတိသွ်ျပည္ေထာင္စုနဲ႔ ဂ်ာမနီႏိုင္ငံတို႔မွာ သူ႕နာမည္နဲ႔ မူပိုင္ခြင့္ေပါင္း ေထာင္နဲ႔ခ်ီၿပီး ရွိပါတယ္။ ဒီလိုေအာင္ျမင္ေက်ာ္ၾကားတဲ့ သိပၸံပညာရွင္ ေသာမတ္အက္ဒီဆင္ဆီ ေျပာခဲ့တဲ့ ေအာင္ျမင္မႈ သင္ခန္းစာတစ္ခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

၁။ မျဖစ္ႏိုင္တာ မရွိပါဘူး။

“စိတ္ကူးကို အေကာင္အထည္ေဖာ္ႏိုင္သူတိုင္းဟာ မျဖစ္ႏိုင္တဲ့အေျခအေနတစ္ခုကို ၾကံဳေတြ႕ရတဲ့အခါ စိတ္ပ်က္အားငယ္တတ္ၾကတယ္။ ဒီေနရာက စိတ္ပ်က္အားငယ္ေနရမယ့္ ေနရာမဟုတ္ဘူး” မျဖစ္ႏိုင္ဘူးဆိုတာက စိတ္ပ်က္စရာမဟုတ္ပါဘူး။ မျဖစ္ႏိုင္ဘူးဆိုတာေတြက ေအာင္ျမင္မႈနဲ႔ ေက်ာခ်င္းကပ္လို႔ ဆိုႏိုင္ပါတယ္။ မျဖစ္ႏိုင္ဘူးဆုိတဲ့အတားအဆီးေတြကို ေက်ာ္ျဖတ္ႏိုင္ရင္ ေအာင္ျမင္မႈက သင့္အတြက္ပါပဲ။ ဒါ့ေၾကာင့္ မျဖစ္ႏိုင္ဘူးထင္ရတိုင္း စိတ္ပ်က္အားငယ္မေနပါနဲ႔။ အာရုဏ္မတက္ခင္အခ်ိန္က အေမွာင္မိုက္ဆံုးဆိုတာက နားလည္ထားပါ။

၂။ ေခၽြးထြက္မ်ားမွ ေသြးထြက္နည္းမယ္။

“ပါရမီရွင္ျဖစ္လာဖို႔ဆိုတာ ဥာဏ္ရည္ကြန္႔ျမဴးမႈ (၁)ရာခိုင္ႏႈန္းနဲ႔ ေခၽြးစက္(၉၉)ရာခိုင္ႏႈန္း ေပါင္းစပ္ထားတာျဖစ္တယ္” လူအမ်ားစု အခြင့္အေရးကို ဆံုး႐ႈံးလိုက္ၾကတာဟာ ပင္ပန္းခက္ခဲတယ္လို႔ ထင္ရတာေၾကာင့္ ျဖစ္တယ္လို႔ ေသာမတ္အက္ဒီဆင္က ေျပာခဲ့ဖူးပါတယ္။ အလုပ္မႀကိဳးစားပဲ ေအာင္ျမင္မႈဆိုတာ ရွိမလာႏိုင္ပါဘူး။ ေအာင္ျမင္မႈဆိုတာ ေသြးေခၽြးနဲ႔ ရင္းၿပီး တည္ေဆာက္ရတာျဖစ္ပါတယ္။ အလုပ္ႀကိဳးစားတဲ့သူဆီကိုပဲ ေအာင္ျမင္မႈရ ေရာက္လာမွာျဖစ္ပါတယ္။

၃။ လုပ္ႏိုင္စြမ္းကို အသံုးခ်ပါ

“ကၽြန္ေတာ္တို႔ လုပ္ႏိုင္စြမ္းရွိသေလာက္ လုပ္ၾကည့္မယ္ဆိုရင္ ကၽြန္ေတာ္တို႔ ကိုယ္တိုင္ေတာင္ အံ့အားသင့္ရပါလိမ့္မယ္။” လူအမ်ားစုက အမွန္တကယ္လုပ္ႏိုင္စြမ္းထက္ ေလ်ာ့နည္းၿပီး လုပ္ၾကပါတယ္။ ဘယ္ေသာအခါမွ အားကုန္ထုတ္ၿပီး လုပ္ေဆာင္ေလ့မရွိတဲ့အတြက္ ဘယ္ေလာက္အထိလုပ္ႏိုင္စြမ္းရွိတယ္ဆိုတာကို မသိၾကပါဘူး။ လူတစ္ေယာက္ဟာ ကိစၥတစ္ခုကို သိရွိတတ္ေျမာက္ထားၿပီး ႏွစ္ေပါင္းမ်ားစြာ အာရုံစိုက္လုပ္ေဆာင္မယ္ဆိုရင္ အံ့ၾသစရာကိစၥေတြ လုပ္ႏိုင္လာပါလိမ့္မယ္။ ဒီအခါမွာ ကိုယ့္ရဲ႕လုပ္ႏိုင္စြမ္းကို ကိုယ္ကိုယ္တိုင္ အံ့ၾသလို႔ဆံုးမွာ မဟုတ္ပါဘူး။

၄။ သီးသန္႔ေနတတ္ပါေစ

“အေကာင္းဆံုး စဥ္းစားေတြးေခၚမႈေတြကို တစ္ဦးတည္းရွိခ်ိန္မွာပဲ လုပ္ေဆာင္ႏိုင္တယ္” ဟုတ္ပါတယ္။ တိတ္ဆိတ္ၿငိမ္သက္တဲ့ေနရာတစ္ခုမွာပဲ အေကာင္းဆံုး အၾကံဥာဏ္ေတြကို ရရွိႏိုင္ပါတယ္။ ျဖစ္ႏိုင္ေခ်ရွိတာေတြကိုပဲ ေဆြးေႏြးေနတဲ့ လူေတြၾကားထဲမွာ မျဖစ္ႏိုင္တာကိုျဖစ္ေအာင္လုပ္ဖို႔ စဥ္းစားေတြးေခၚဖို႔ ခက္ခဲပါလိမ့္မယ္။ ဒါ့ေၾကာင့္ တစ္ဦးတည္းေအးခ်မ္းတိတ္ဆိတ္စြာ စဥ္းစားႏိုင္မယ့္ေနရာကို သြားပါ။ ျဖစ္ႏိုင္ေခ်ရွိတဲ့ နည္းလမ္းေတြကို သိျမင္လာပါလိမ့္မယ္။

၅။ မနားမေနအလုပ္လုပ္ပါ

“မနားမေနအလုပ္လုပ္ျခင္းက ေရာင့္ရဲမႈမရွိျခင္းျဖစ္ၿပီး ေရာင့္ရဲမႈမရွိျခင္းက တိုးတက္မႈရဲ႕ လိုအပ္ခ်က္ျဖစ္တယ္” အလံုးစံုေက်နပ္ေနသူတစ္ေယာက္ဆိုတာ က်႐ႈံးမႈတစ္ခုပဲလို႔ ေသာမတ္အက္ဒီဆင္က ေျပာခဲ့ဖူးပါတယ္။ လက္ရွိအေျခအေနနဲ႔ တင္းတိမ္ေရာင့္ရဲေနသမွ် တိုးတက္မႈရွိလာမွာ မဟုတ္ပါဘူး။ မေရာင့္ရဲ မတင္းတိမ္ႏိုင္မွ တိုးတက္မႈရွိလာမွာျဖစ္ပါတယ္။ သင့္အေနနဲ႔ ကိုယ္အေလးခ်ိန္ ေပါင္(၃၀)ေလာက္ ပိုမ်ားေနတာကို အဆင္ေျပေနတာပဲလို႔ မွတ္ထင္ထားသမွ် ခႏၶာကိုယ္အခ်ိဳးအစား ဘယ္ေတာ့မွေျပာင္းလဲ ေလ့်ာက်သြားမွာ မဟုတ္ပါဘူး။

၆။ ျမင္ေအာင္ၾကည့္မွ ေအာင္ျမင္မွာျဖစ္ပါတယ္။

“ကၽြန္ေတာ္ ဘယ္ေတာ့မွမက်႐ႈံးခဲ့ဖူးဘူး။ အလုပ္မျဖစ္တဲ့နည္းလမ္းေတြကုိပဲ ေတြ႕ခဲ့တာပါ” ကိစၥတစ္ခုကို ရႈျမင္သံုးသပ္မႈက အေရးႀကီးပါတယ္။ ဟုတ္ပါတယ္။ ရလဒ္လို႔ ေမးရင္ အလုပ္မျဖစ္ဘူးဆိုတာကို သိလိုက္ရတာကလည္း ရလဒ္ပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ ဘ၀ကိုလည္း ဒီလိုပဲ ႐ႈျမင္ႏိုင္ဖို႔ လိုပါတယ္။ က်႐ႈံးမႈေတြ၊ အဆင္မေျပမႈေတြလို႔ ျမင္မယ့္အစား အလုပ္မျဖစ္၊ မေအာင္ျမင္ႏိုင္တဲ့ နည္းလမ္းေတြကို ေတြ႕ရွိခဲ့တယ္လို႔ သေဘာထားႏိုင္ဖို႔ လိုပါတယ္။ ဒီလိုျမင္တတ္ရင္ အလုပ္ျဖစ္မယ့္နည္းလမ္းကို ေတြ႕တဲ့အထိ ဆက္လက္လုပ္ေဆာင္ရင္း ေအာင္ျမင္မႈကို ရရွိလာမွာျဖစ္ပါတယ္။

၇။ အလုပ္ႀကိဳးစားပါ၊ ဇြဲလံု႔လရွိပါ၊ ဆင္ျခင္တံုတရားရွိပါ

“ဘယ္အရာမဆို စြမ္းေဆာင္ ေအာင္ျမင္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့အရာသံုးခုက အလုပ္ႀကိဳးစားမႈ၊ ဇြဲလုံ႔လနဲ႔ ဆင္ျခင္တံုတရား ပဲျဖစ္တယ္” အလုပ္ႀကိဳးစားမႈဟာ ေအာင္ျမင္မႈရဲ႕ အေျခခံျဖစ္ပါတယ္။ အလုပ္မႀကိဳးစားခ်င္ဘူးဆိုရင္ ေအာင္ျမင္မႈကို ရရွိႏိုင္မွာ မဟုတ္ပါဘူး။ ဘယ္သူကမွ လြယ္လြယ္ေလးနဲ႔ ေအာင္ျမင္ခဲ့တယ္လို႔ မေျပာပါဘူး။ ေနာက္ထပ္ အေရးႀကီးတာက အႏိုင္မခံအရႈံးမေပးစိတ္ဓာတ္ရွိဖို႔ ျဖစ္ပါတယ္။ စိတ္အားထက္သန္တဲ့ အလုပ္တစ္ခုကို လုပ္ၿပီဆိုရင္ ဘယ္ေတာ့မွ အာရုံစူးစုိက္မႈ မပ်က္သြားပါေစနဲ႔။ ေနာက္ဆံုးအခ်က္ကေတာ့ ဆင္ျခင္တံုတရားရွိဖို႔ ျဖစ္ပါတယ္။ ဘယ္အရာကိုမဆို ဆင္ျခင္သံုးသပ္တတ္ဖို႔ လိုပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: mmgentleman

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယမှ ကျောင်းဆရာမတစ်ဦးက YouTube တွင် ရိုးစင်းလွယ်ကူသော ချက်ပြုတ်နည်းများ ရိုက်ကူးတင်ပြကာ ရူပီး ၄၃ ကုဋေအထိ ချမ်းသာလာပ
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
အိန္ဒိယ စက်မှုလုပ်ငန်းရှင်ကြီး ရာတန်တာတာ၏ ကုမ္ပဏီရုံးခန်းစားပွဲပေါ်သို့ စာတစ်စောင်ရောက်ရှိ လာခဲ့ပြီးနောက် ရာတန်တာတာ တုန်
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
ဆွေမျိုးတစ်ဦးထံမှ ရူပီး ၅၀၀၀ (ကန်ဒေါ်လာ ၆၀) ငွေချေးယူကာ ဘဝရပ်တည်နိုင်ရန် စတင်ခဲ့သူ အိန္ဒိယအမျိုးသား ယခုအခါ ကန်ဒေါ်လာ ၅ ဘ
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အိန္ဒိယသူဌေးကြီး တာတာ ကွယ်လွန်ချိန်တွင် သူ၏ အချစ်ရဆုံးခွေးလေး တီတိုးကို ရူပီး ကုဋေပေါင်းများစွာ အမွေပေးခဲ့
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
ဒေါ်နယ်ထရမ့်က Elon Musk အား အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးတစ်ခုပေးအပ်၊ Tesla ၏ ရှယ်ယာဈေးများ ထိုးတက်လာရာ Elon Musk မှာ တစ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service