ဘယ်ကျော် လေးတို့အကြောင်း

ဘယ်ကျော် လေးတို့အကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
10 Jan 2021 10:41 am တွင် တင်ခဲ့သည်
712 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode] သင့်သူငယ်ချင်းထဲမှာ ဘယ်ကျော် လေးတွေ ရှိလား။ သူတို့ ဘယ်လက်နဲ့ စာရေးရင် သင်အထူးအဆန်း လိုက်ကြည့်ဖူးတယ်ဟုတ်။ တကယ်တော့ ဘယ်ကျော်လေးတွေအကြောင်းကို သိပ္ပံပညာရှင်တွေ လေ့လာနေတာ နှစ်ပေါင်း ၁၅၀လောက်ရှိနေပါပြီ။ အိမ်မှာ ဘယ်ကျော်လေးတွေ ရှိရင် မိဘတွေက အတင်းညာဘက်လက်နဲ့ သုံးတတ်အောင် သင်ပေးကြပါတယ်။ ဘာကြောင့်လည်းဆို အသုံးအဆောင်ပစ္စည်းတွေ အတော်များများကို ညာဘက်လက်နဲ့ သုံးဖို့ ထွင်ထားတာကိုး။ ဒီတော့ မသုံးတတ်မှာစိုးလို့ အတင်းပြောင်းခိုင်းတာပေါ့။

စဉ်းစားကြည့်ရင် ဘယ်သန်ကို ညာဘက်လက်နဲ့ သုံးခိုင်းတာဟာ၊ ညာသန်ကို ဘယ်လက်နဲ့ စာရေးခိုင်းသလိုပဲ အတော့်ကို ဒုက္ခများပါတယ်။ ဒီခေတ်မှာတော့ ဒါမျိုးလုပ်တာကို အားမပေးတော့ပါဘူး။ ဘယ်သန်ခြင်း၊ ညာသန်ခြင်းဆိုတာ ဘာနဲ့ဆိုင်လဲ။ ဘာကြောင့် ဖြစ်တာလဲဆိုတာ ဆက်ကြည့်ရအောင်။

ဘာကြောင့် ဘယ်ကျော် ဖြစ်ရတာလဲ။

လူ၁၀ယောက်မှာ ဘာကြောင့် ရှားရှားပါးပါး သူ့၁ယောက်မှာ ဘယ်သန်ဖြစ်ရတာလည်း ဆိုတာကိုတော့ ပညာရှင်တွေက အဖြေရှာဆဲပါပဲ။ မျိုးရိုးလိုက်တယ်လို့ ပြေကြပေမယ့် မိဘနှစ်ပါး ညာသန်ဖြစ်ရဲ့နဲ့ ကလေးက ဘယ်သန်ဖြစ်နေတာတွေလည်း အများကြီးပါပဲ။ ပညာရှင်တွေရဲ့ ယူဆချက်တွေကတော့ အများကြီးပါပဲ။ ဥပမာ

မျိုးရိုးဗီဇ

ဆိုလိုတာက မိခင် ဒါမှမဟုတ် ဖခင်ဆီက ထူးခြားတဲ့ မျိုးဗီဇတစ်ခု ကလေးဆီ ရောက်သွားခဲ့ရင် ကလေးက ဘယ်သန်ဖြစ်သွားနိုင်ပါတယ်တဲ့။ ဒါပေမယ့် မကြာသေးခင်က လုပ်တဲ့ သုတေသနတွေမှာတော့ မျိုးဗီဇတစ်ခုတည်းထက်စာရင် မျိုးဗိဇတွေ အများကြီးပေါင်းပြီး ကလေးဆီမှာ ဘယ်သန်ဖြစ်ခြင်း မဖြစ်ခြင်းကို ဆုံးဖြတ်ပေးတာပါတဲ့။

လိင်

ဘယ်သန်ဦးရေကို ကြည့်မယ်ဆိုရင် ယောက်ျားလေးတွေက မိန်းကလေးတွေထက် နည်းနည်းပိုများပါတယ်။ လေ့လာချက်တွေအရ ကျားဟော်မုန်း တက်စတိုစတီရုန်းက ဘယ်သန်၊ ညာသန်ဖြစ်ခြင်းအပေါ် လွှမ်းမိုးမှုရှိလို့ပါတဲ့။

သန္ဓေသားဖွံ့ဖြိုးမှု

တချို့ပညာရှင်တွေ ယုံကြည်ကြတာတော့ ဘယ်သန်၊ ညာသန်ဆိုတာ မျိုးရိုးဗီဇထက် ပတ်ဝန်းကျင်နဲ့ ပိုဆိုင်ပါတယ်တဲ့။ အမေ့ဗိုက်ထဲမှာ နေတုန်း ပြင်ပကနေ ထိတွေ့နိုင်တဲ့အရာတွေ (ဟော်မုန်းအပါအဝင်)က ကလေးကို သက်ရောက်မှု ရှိပါတယ်တဲ့။

အတုယူတာ

တစ်ခါတလေ ကလေးတွေက မိဘတွေ၊ သူတို့ကို ထိန်းကျောင်းတဲ့သူတွေကို အတုယူတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ချွင်းချက်တော့ရှိနေပါတယ်။ ဘယ်သန်မိဘရဲ့ ကလေးက ညာသန်ဖြစ်နေတာမျိုး၊ ညာသန်မိဘရဲ့ ကလေးက ဘယ်သန်ဖြစ်နေတာမျိုးကိုတော့ ဘာကြောင့်ဆိုတာ ရှင်းပြနိုင်ခြင်း မရှိပါဘူး။

ဦးနှောက်ထိခိုက်တာ

သုတေသနအနည်းငယ်ကတော့ လူသားတွေက ညာသန်အဖြစ်နဲ့ မွေးဖွားလာတာပါတဲ့။ မွေးစမှာ ဦးနှောက်ထိခိုက်မှုတစ်ခုခုကြောင့်သာ ဘယ်သန်ဖြစ်သွားကြတာပါတဲ့။ ဒါက သေသေချာချာ သက်သေပြထားတာမျိုးတော့ မဟုတ်ပါဘူး။

သင့်တင့်လျောက်ပတ်အောင် လေ့ကျင့်တာ

တချို့တွေက ညာသန်တွေပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် ဘယ်သန်အောင် လေ့ကျင့်ယူထားကြတာပါ။ ဥပမာ ညာဘက်လက်က ထိခိုက်ဒဏ်ရာကြောင့် သုံးမရတော့လို့ ဘယ်လက်နဲ့ သုံးတတ်အောင် လေ့ကျင့်ထားတာပါ။

ဘယ်သန်လား ညာသန်လား ဘာဖြစ်လာမှာလဲ။

ကလေးက ဘယ်သန်လား ညာသန်လား ဘာဖြစ်လာမှာလဲ။ သိပ်ငယ်လွန်းတဲ့ ကလေးတွေက စစချင်းမှာ လက်နှစ်ဖက်လုံးကို သုံးတတ်ပါတယ်။ ဘယ်ရယ် ညာရယ်လို့ မရှိပါဘူး။ ကလေးဘဝမှာ ဘယ်သန်၊ ညာသန်ဖြစ်ခြင်းက သူပစ္စည်းကို ဘယ်လိုယူရတာ အဆင်ပြေသလဲနဲ့ ဆိုင်ပါတယ်။ ဥပမာ ကလေးက ဘယ်ဘက်မှာ ရှိတဲ့ အရုပ်ကို ဘယ်လက်နဲ့ပဲ ယူမှာပေါ့။ သူတို့အတွက် ဒါက ပိုလွယ်တယ်လေ။

ကလေးက ၁နှစ်ခွဲလောက်ဆိုရင် သူ့လက်တွေကို ကောင်းကောင်းသုံးနိုင်နေပါပြီ။ ၃နှစ်လောက်ဆိုရင်တော့ ဘယ်သန်လား၊ ညာသန်လား ပြောလို့ရပါပြီ။ ဒါပေမယ့် UKက လုပ်တဲ့ မကြာသေးခင်က လေ့လာချက်မှာ ကလေးတွေ ဘယ်ဘက်သန်မှာလဲဆိုတာ အမေ့ဗိုက်ထဲမှာတည်းက သတ်မှတ်ထားပြီးသားပါတဲ့။ ကလေး၁၀ယောက်မှာ ၉ယောက်လောက်က လက်စုပ်ရင် ညာဘက်လက်စုပ်တာ ပိုများပါတယ်တဲ့။ နောက်မှသာ ဘယ်သန်တွေ ညာသန်တွေ ဖြစ်သွားတာပါတဲ့။

အရင်က ထင်ခဲ့တာက ညာသန်ဆိုတာ ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းက ပိုကောင်းနေလို့ ပိုလွှမ်းမိုးနိုင်လို့ ညာဘက်က ပိုသန်တယ်လို့ ထင်ကြတယ်။ (ဦးနှောက်ရဲ့ အခြမ်းနှစ်ခြမ်းက ခန္ဓာကိုယ်ရဲ့ ဆန့်ကျင်ဘက်ကို ထိန်းချုပ်ပါတယ်။) ဒါပေမယ့် ဒါသာတကယ်ဆိုရင် ဘယ်သန် ညာသန်တင်မကဘဲ ခန္ဓာကိုယ်ရဲ့ တခြား အလုပ်တွေကိုပါ လွှမ်းမိုးသင့်တာပေါ့။ ဘာဖြစ်လို့ ဒီလိုပြောရလဲဆိုရင် ဘယ်သန်မှာရော ညာသန်မှာရော စကားပြောတာကို ထိန်းချုပ်တဲ့အပိုင်းက ဦးနှောက်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိနေလို့ပါပဲ။

နောက်ပြီး ညာသန်တွေက ညာဘက်ကို ပိုသုံးမယ်ထင်ခဲ့တာ တကယ်တော့ အဲ့လို မဟုတ်ပါဘူး။ ညာသန်တွေ အများစုက ခြေလှမ်းလှမ်းရင် ဘယ်ဘက်က စလှမ်းပါတယ်တဲ့။

ဘယ်သန်ဘာကြောင့် ဖြစ်တာလဲဆိုတာကို ပြောပြပေးတဲ့ သီအိုရီတွေ အများကြီး ရှိပေမယ့် ဘယ်ဟာကမှ တိတိကျကျ သက်သေပြနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်လည်း နှစ် ၁၅၀ကျော်တဲ့အထိ အဖြေမတွေ့သေးတာပေါ့။ ဦးနှောက်ဆိုတာကလည်း လူ့ခန္ဓာကိုယ်မှာ အဆန်းကြယ်ဆုံး အစိတ်အပိုင်းပဲလေ။

အနောက်နိုင်ငံတွေမှာ ၁၀ရာခိုင်နှုန်းလောက်က ဘယ်သန်ပါ။ ဘယ်သန်ဖြစ်ခြင်းဟာ သင့်ကို အများနဲ့ မတူအောင် ခွဲခြားလိုက်တာ မဟုတ်ပါဘူး။ သင်သိတဲ့ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား၊ နာမည်ကျော် ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေး၊ အင်္ဂလန် တော်ဝင်မင်းသားဝီလီယံတို့ဟာလည်း ဘယ်သန်တွေပါပဲ။ ဘယ်သန်ဖြစ်ခြင်း၊ ညာသန်ဖြစ်ခြင်းဟာ သင့်ဘဝအတွက် အားနည်းချက် မဟုတ်ပါဘူး။ သင်က ကျွန်ုပ်တို့နဲ့ တူတူပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit hellosayarwon

 

[Zawgyi]

ဘယ္ေက်ာ္ ေလးတို႔အေၾကာင္း

သင့္သူငယ္ခ်င္းထဲမွာ ဘယ္ေက်ာ္ ေလးေတြ ႐ွိလား။ သူတို႔ ဘယ္လက္နဲ႔ စာေရးရင္ သင္အထူးအဆန္း လိုက္ၾကည့္ဖူးတယ္ဟုတ္။ တကယ္ေတာ့ ဘယ္ေက်ာ္ေလးေတြအေၾကာင္းကို သိပၸံပညာ႐ွင္ေတြ ေလ့လာေနတာ ႏွစ္ေပါင္း ၁၅၀ေလာက္႐ွိေနပါၿပီ။ အိမ္မွာ ဘယ္ေက်ာ္ေလးေတြ ႐ွိရင္ မိဘေတြက အတင္းညာဘက္လက္နဲ႔ သုံးတတ္ေအာင္ သင္ေပးၾကပါတယ္။ ဘာေၾကာင့္လည္းဆို အသုံးအေဆာင္ပစၥည္းေတြ အေတာ္မ်ားမ်ားကို ညာဘက္လက္နဲ႔ သုံးဖို႔ ထြင္ထားတာကိုး။ ဒီေတာ့ မသုံးတတ္မွာစိုးလို႔ အတင္းေျပာင္းခိုင္းတာေပါ့။

စဥ္းစားၾကည့္ရင္ ဘယ္သန္ကို ညာဘက္လက္နဲ႔ သုံးခိုင္းတာဟာ၊ ညာသန္ကို ဘယ္လက္နဲ႔ စာေရးခိုင္းသလိုပဲ အေတာ္႕ကို ဒုကၡမ်ားပါတယ္။ ဒီေခတ္မွာေတာ့ ဒါမ်ိဳးလုပ္တာကို အားမေပးေတာ့ပါဘူး။ ဘယ္သန္ျခင္း၊ ညာသန္ျခင္းဆိုတာ ဘာနဲ႔ဆိုင္လဲ။ ဘာေၾကာင့္ ျဖစ္တာလဲဆိုတာ ဆက္ၾကည့္ရေအာင္။

ဘာေၾကာင့္ ဘယ္ေက်ာ္ ျဖစ္ရတာလဲ။

လူ၁၀ေယာက္မွာ ဘာေၾကာင့္ ႐ွား႐ွားပါးပါး သူ႕၁ေယာက္မွာ ဘယ္သန္ျဖစ္ရတာလည္း ဆိုတာကိုေတာ့ ပညာ႐ွင္ေတြက အေျဖ႐ွာဆဲပါပဲ။ မ်ိဳး႐ိုးလိုက္တယ္လို႔ ေျပၾကေပမယ့္ မိဘႏွစ္ပါး ညာသန္ျဖစ္ရဲ႕နဲ႔ ကေလးက ဘယ္သန္ျဖစ္ေနတာေတြလည္း အမ်ားႀကီးပါပဲ။ ပညာ႐ွင္ေတြရဲ႕ ယူဆခ်က္ေတြကေတာ့ အမ်ားႀကီးပါပဲ။ ဥပမာ

မ်ိဳး႐ိုးဗီဇ

ဆိုလိုတာက မိခင္ ဒါမွမဟုတ္ ဖခင္ဆီက ထူးျခားတဲ့ မ်ိဳးဗီဇတစ္ခု ကေလးဆီ ေရာက္သြားခဲ့ရင္ ကေလးက ဘယ္သန္ျဖစ္သြားႏိုင္ပါတယ္တဲ့။ ဒါေပမယ့္ မၾကာေသးခင္က လုပ္တဲ့ သုေတသနေတြမွာေတာ့ မ်ိဳးဗီဇတစ္ခုတည္းထက္စာရင္ မ်ိဳးဗိဇေတြ အမ်ားႀကီးေပါင္းၿပီး ကေလးဆီမွာ ဘယ္သန္ျဖစ္ျခင္း မျဖစ္ျခင္းကို ဆုံးျဖတ္ေပးတာပါတဲ့။

လိင္

ဘယ္သန္ဦးေရကို ၾကည့္မယ္ဆိုရင္ ေယာက်္ားေလးေတြက မိန္းကေလးေတြထက္ နည္းနည္းပိုမ်ားပါတယ္။ ေလ့လာခ်က္ေတြအရ က်ားေဟာ္မုန္း တက္စတိုစတီ႐ုန္းက ဘယ္သန္၊ ညာသန္ျဖစ္ျခင္းအေပၚ လႊမ္းမိုးမႈ႐ွိလို႔ပါတဲ့။

သေႏၶသားဖြံ႕ၿဖိဳးမႈ

တခ်ိဳ႕ပညာ႐ွင္ေတြ ယုံၾကည္ၾကတာေတာ့ ဘယ္သန္၊ ညာသန္ဆိုတာ မ်ိဳး႐ိုးဗီဇထက္ ပတ္ဝန္းက်င္နဲ႔ ပိုဆိုင္ပါတယ္တဲ့။ အေမ့ဗိုက္ထဲမွာ ေနတုန္း ျပင္ပကေန ထိေတြ႕ႏိုင္တဲ့အရာေတြ (ေဟာ္မုန္းအပါအဝင္)က ကေလးကို သက္ေရာက္မႈ ႐ွိပါတယ္တဲ့။

အတုယူတာ

တစ္ခါတေလ ကေလးေတြက မိဘေတြ၊ သူတို႔ကို ထိန္းေက်ာင္းတဲ့သူေတြကို အတုယူတာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ဒါဟာ ခြၽင္းခ်က္ေတာ့႐ွိေနပါတယ္။ ဘယ္သန္မိဘရဲ႕ ကေလးက ညာသန္ျဖစ္ေနတာမ်ိဳး၊ ညာသန္မိဘရဲ႕ ကေလးက ဘယ္သန္ျဖစ္ေနတာမ်ိဳးကိုေတာ့ ဘာေၾကာင့္ဆိုတာ ႐ွင္းျပႏိုင္ျခင္း မ႐ွိပါဘူး။

ဦးေႏွာက္ထိခိုက္တာ

သုေတသနအနည္းငယ္ကေတာ့ လူသားေတြက ညာသန္အျဖစ္နဲ႔ ေမြးဖြားလာတာပါတဲ့။ ေမြးစမွာ ဦးေႏွာက္ထိခိုက္မႈတစ္ခုခုေၾကာင့္သာ ဘယ္သန္ျဖစ္သြားၾကတာပါတဲ့။ ဒါက ေသေသခ်ာခ်ာ သက္ေသျပထားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

သင့္တင့္ေလ်ာက္ပတ္ေအာင္ ေလ့က်င့္တာ

တခ်ိဳ႕ေတြက ညာသန္ေတြပါပဲ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဘယ္သန္ေအာင္ ေလ့က်င့္ယူထားၾကတာပါ။ ဥပမာ ညာဘက္လက္က ထိခိုက္ဒဏ္ရာေၾကာင့္ သုံးမရေတာ့လို႔ ဘယ္လက္နဲ႔ သုံးတတ္ေအာင္ ေလ့က်င့္ထားတာပါ။

ဘယ္သန္လား ညာသန္လား ဘာျဖစ္လာမွာလဲ။

ကေလးက ဘယ္သန္လား ညာသန္လား ဘာျဖစ္လာမွာလဲ။ သိပ္ငယ္လြန္းတဲ့ ကေလးေတြက စစခ်င္းမွာ လက္ႏွစ္ဖက္လုံးကို သုံးတတ္ပါတယ္။ ဘယ္ရယ္ ညာရယ္လို႔ မ႐ွိပါဘူး။ ကေလးဘဝမွာ ဘယ္သန္၊ ညာသန္ျဖစ္ျခင္းက သူပစၥည္းကို ဘယ္လိုယူရတာ အဆင္ေျပသလဲနဲ႔ ဆိုင္ပါတယ္။ ဥပမာ ကေလးက ဘယ္ဘက္မွာ ႐ွိတဲ့ အ႐ုပ္ကို ဘယ္လက္နဲ႔ပဲ ယူမွာေပါ့။ သူတို႔အတြက္ ဒါက ပိုလြယ္တယ္ေလ။

ကေလးက ၁ႏွစ္ခြဲေလာက္ဆိုရင္ သူ႕လက္ေတြကို ေကာင္းေကာင္းသုံးႏိုင္ေနပါၿပီ။ ၃ႏွစ္ေလာက္ဆိုရင္ေတာ့ ဘယ္သန္လား၊ ညာသန္လား ေျပာလို႔ရပါၿပီ။ ဒါေပမယ့္ UKက လုပ္တဲ့ မၾကာေသးခင္က ေလ့လာခ်က္မွာ ကေလးေတြ ဘယ္ဘက္သန္မွာလဲဆိုတာ အေမ့ဗိုက္ထဲမွာတည္းက သတ္မွတ္ထားၿပီးသားပါတဲ့။ ကေလး၁၀ေယာက္မွာ ၉ေယာက္ေလာက္က လက္စုပ္ရင္ ညာဘက္လက္စုပ္တာ ပိုမ်ားပါတယ္တဲ့။ ေနာက္မွသာ ဘယ္သန္ေတြ ညာသန္ေတြ ျဖစ္သြားတာပါတဲ့။

အရင္က ထင္ခဲ့တာက ညာသန္ဆိုတာ ဦးေႏွာက္ရဲ႕ ဘယ္ဘက္ျခမ္းက ပိုေကာင္းေနလို႔ ပိုလႊမ္းမိုးႏိုင္လို႔ ညာဘက္က ပိုသန္တယ္လို႔ ထင္ၾကတယ္။ (ဦးေႏွာက္ရဲ႕ အျခမ္းႏွစ္ျခမ္းက ခႏၶာကိုယ္ရဲ႕ ဆန္႔က်င္ဘက္ကို ထိန္းခ်ဳပ္ပါတယ္။) ဒါေပမယ့္ ဒါသာတကယ္ဆိုရင္ ဘယ္သန္ ညာသန္တင္မကဘဲ ခႏၶာကိုယ္ရဲ႕ တျခား အလုပ္ေတြကိုပါ လႊမ္းမိုးသင့္တာေပါ့။ ဘာျဖစ္လို႔ ဒီလိုေျပာရလဲဆိုရင္ ဘယ္သန္မွာေရာ ညာသန္မွာေရာ စကားေျပာတာကို ထိန္းခ်ဳပ္တဲ့အပိုင္းက ဦးေႏွာက္ရဲ႕ ဘယ္ဘက္ျခမ္းမွာ ႐ွိေနလို႔ပါပဲ။

ေနာက္ၿပီး ညာသန္ေတြက ညာဘက္ကို ပိုသုံးမယ္ထင္ခဲ့တာ တကယ္ေတာ့ အဲ့လို မဟုတ္ပါဘူး။ ညာသန္ေတြ အမ်ားစုက ေျခလွမ္းလွမ္းရင္ ဘယ္ဘက္က စလွမ္းပါတယ္တဲ့။

ဘယ္သန္ဘာေၾကာင့္ ျဖစ္တာလဲဆိုတာကို ေျပာျပေပးတဲ့ သီအိုရီေတြ အမ်ားႀကီး ႐ွိေပမယ့္ ဘယ္ဟာကမွ တိတိက်က် သက္ေသျပႏိုင္ျခင္း မ႐ွိပါဘူး။ ဒါေၾကာင့္လည္း ႏွစ္ ၁၅၀ေက်ာ္တဲ့အထိ အေျဖမေတြ႕ေသးတာေပါ့။ ဦးေႏွာက္ဆိုတာကလည္း လူ႕ခႏၶာကိုယ္မွာ အဆန္းၾကယ္ဆုံး အစိတ္အပိုင္းပဲေလ။

အေနာက္ႏိုင္ငံေတြမွာ ၁၀ရာခိုင္ႏႈန္းေလာက္က ဘယ္သန္ပါ။ ဘယ္သန္ျဖစ္ျခင္းဟာ သင့္ကို အမ်ားနဲ႔ မတူေအာင္ ခြဲျခားလိုက္တာ မဟုတ္ပါဘူး။ သင္သိတဲ့ အေမရိကန္ သမၼတေဟာင္း ဘားရက္အိုဘားမား၊ နာမည္ေက်ာ္ ႐ုပ္သံတင္ဆက္သူ ေအာ္ပရာဝင္းဖေရး၊ အဂၤလန္ ေတာ္ဝင္မင္းသားဝီလီယံတို႔ဟာလည္း ဘယ္သန္ေတြပါပဲ။ ဘယ္သန္ျဖစ္ျခင္း၊ ညာသန္ျဖစ္ျခင္းဟာ သင့္ဘဝအတြက္ အားနည္းခ်က္ မဟုတ္ပါဘူး။ သင္က ကြၽႏ္ုပ္တို႔နဲ႔ တူတူပါပဲ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service