အလေ့ကျပေါက်တဲ့ သကြားသီးလေးက ဒီလိုဆေးဖက်ဝင်ပါတယ်

အလေ့ကျပေါက်တဲ့ သကြားသီးလေးက ဒီလိုဆေးဖက်ဝင်ပါတယ် - Property Knowledge in Myanmar from iMyanmarHouse.com
10 Jan 2021 10:26 am တွင် တင်ခဲ့သည်
5586 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ဒီသကြားသီးဆိုတာက ဈေးကွက်ထဲမှာရောင်းချနေတဲ့ သကြားသီးမဟုတ်ပါဘူး။ အလေ့ကျပေါက်ပင်လိုမျိုးတွေ မိမိပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ အသီးနီနီလေးတွေသီးတဲ့ သကြားပင်ရဲ့ အသီးနီနီလေးတွေကို ဆိုလိုချင်တာပါ။ အသီးလေးတွေက သီးစမှာ အစိမ်းရောင်ဆိုပေမယ့် မှည့်လာတဲ့အခါ အနီရောင် လေးတွေဖြစ်လာပါတယ်။ အခွံကခပ်ပျော့ပျော့ရှိပြီး တစ်လုံးလုံးကို စားလို့ရပါတယ်။ အခုတစ်ခေါက် ဒီအသီးလေးတွေက ဘယ်လိုဆေးဖက်ဝင်လဲ ဆိုတာကိုပြောပြပေးပါရစေ။ ဒီအပင်က ဖိလစ်ပိုင်နဲ့မက္ကဆီကို မျိုးရင်းပင်တွေပါ။

သကြားသီးနီနီလေးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်

သကြားသီးက ခန္ဓါကိုယ်ထဲကို ပြင်ပကဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် တိုက်ထုတ်ပေးပါတယ်။ သကြားသီးမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာကြောင့် ဘက်တီးရီးယားတွေကြောင့်ဖြစ် တဲ့ကူးစက်ရောဂါတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေတယ်

သကြားသီးက ခန္ဓါကိုယ်အစိတ်အပိုင်းတွေ ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ သဘာဝအရောင်ကျဆေးတစ်မျိုးလို့လည်းဆိုလို့ရပါတယ်။ သကြားသီးက အရောင်ကျဆေးတွေနီးပါး ထိရောက်မှုရှိ ပါတယ်။ အဖျားကိုလည်း သက်သာစေနိုင်ပါတယ်။

ဂေါက်ရောဂါကို သက်သာစေနိုင်ပါတယ်

ဂေါက်ရောဂါဆိုတာက အဆစ်တွေရောင်ရမ်းပြီး နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်။ အဆစ်ထဲကနေ တဆစ်ဆစ်နာပြီး နီရဲရောင်ရမ်းနေတတ်ပါတယ်။

ဂေါက်ရောဂါက အမျိုးသားတွေမှာ အဖြစ်များပြီး အဆစ်တွေ၊အရွတ်တွေနဲ့ အခြားတစ်ရှုးတွေကို ထိခိုက်စေနိုင်ပါ တယ်။ သကြားသီးကို ဂေါက်ရောဂါသက်သာစေဖို့အတွက် စားသုံးပေးလို့ရပါတယ်။ တစ်နေ့ကို သကြားသီး ၉ လုံးကနေ ၁၂ လုံးအထိစားသုံးပေးမယ်ဆိုရင် အရိုးအဆစ်တွေထိခိုက်နာကျင်တာကို သက်သာစေနိုင်မှာပါ။

ဦးနှောက်ရဲ့ လုပ်ဆောင်မှုကိုကောင်းစေနိုင်တယ်

ဖလေဗာနွိုက်ကြွယ်ဝတဲ့အစားအစာတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနဲ့လုပ်ဆောင်မှုတွေကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ သကြားသီးမှာ ဖလေဗာနွိုက်ကြွယ်ဝစွာပါဝင်နေတာကြောင့် သိမြင်မှုစွမ်းရည်ကို ကောင်းမွန်စေပြီး လူကြီးတွေမှာဖြစ်တတ်တဲ့ အသက်အရွယ်ရလာလို့မေ့တတ်တာကိုလည်း သက်သာစေနိုင်ပါတယ်။

ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်

သကြားသီးမှာပါတဲ့ Cytoxic Flavnoids က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ရာမှာ တော်တော်လေးအသုံးဝင်ပါ တယ်။ အသီးတင်မကဘဲ သကြာသီးပင်ရဲ့ အရွက်ကပါ ကင်ဆာကိုတိုက်ဖျက်နိုင်တဲ့ အာနိသင်ရှိနေတာပါ။ ရင်သားကင်ဆာကလွဲလို့ အခြားကင်ဆာတွေကိုတိုက်ဖျက်ရာမှာ သကြားသီးက အထောက်အကူပြုပေးပါတယ်။

ယူရစ်အက်ဆစ်ကို လျှော့ချပေးတယ်

သကြားသီးမှာ ခန္ဓါကိုယ်တွင်းမှာ ယူရစ်အက်ဆစ်တွေပိုလျှံနေတာမျိုးမဖြစ်အောင် ကာကွယ်ရာမှာ အထောက်အကူပြုပေးတဲ့ Anthrosyanin လို့သိကြတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေပါတယ်။ သကြားသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်တွင်း ယူရစ်အက်ဆစ်ပမာဏကိုကျဆင်းစေနိုင် ပါတယ်။

ကင်ဆာကျိတ်ကို လျော့ပါးစေတယ်

သကြားသီးမှာပါတဲ့ ဖလေဗာနွိုက်က ခန္ဓါကိုယ်မှာ ကင်ဆာကျိတ်တွေဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ သကြားသီးရဲ့ အရွက်နဲ့ပင်စည်တွေမှာပါ ကင်ဆာကျိတ်ကို တားဆီးနိုင်တဲ့ အာနိသင်ရှိတာပါ။

အစာအိမ်ဝေဒနာကို သက်သာစေနိုင်တယ်

သကြားသီးမှာပါတဲ့ ဒြပ်ပေါင်းက အစာအိမ်ထဲမှာ လေထတာကိုသက်သာစေနိုင်ပါတယ်။ သကြားသီးက လေသက်စေနိုင်သလို၊ ဓါတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပြီး ရောင်ရမ်းမှုကိုလည်း လျော့ပါးသက်သာစေ နိုင်ပါတယ်။

ဆီးချိုသက်သာစေတယ်

သကြားသီးက ချိုတယ်ဆိုပေမယ့် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ဆီးချိုသမားတွေအနေ နဲ့ သကြားသီးကိုစားသုံးပေးမယ်ဆိုရင် သွေးတွင်းသကြားဓါတ်ကိုထိန်းညှိနိုင်မှာဖြစ်ပါတယ်။

ရာသီလာစဉ်ကိုက်ခဲတာကို သက်သာစေနိုင်တယ်

သကြားသီးရော သကြားသီးပင်ရဲ့ အပွင့်ကပါ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို လျော့ပါးသက်သာစေနိုင်ပါတယ်။

အမျှင်ဓါတ်ရရှိစေနိုင်တယ်

သကြားသီးမှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ ပျော်ဝင်လွယ်တဲ့အမျှင်ဓါတ်တွေပါဝင်နေပါတယ်။ သကြားသီးက သွေးတွင်းအဆီနဲ့ကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး ဝမ်းလည်းမှန်စေပါတယ်။

အစာအိမ်အနာကို သက်သာစေနိုင်တယ်

အစာအိမ်အနာရှိသူတွေအနေနဲ့ သကြားသီးစားသုံးပေးသင့်ပါတယ်။ သကြားသီးက အစာအိမ်အနာကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်ခုပါ။ သကြားသီးပင်က ရောင်ရမ်းနာကျင်မှုကိုလျော့ပါးသက်သာစေနိုင် တာကြောင့် အစာအိမ်ထဲက အနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

ကိုယ်ခံအားကောင်းစေတယ်

သကြားသီးမှာ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေအတွက် အထူးသင့်တော်ပါတယ်။ သွေးအားနည်းသူတွေလည်းစားသုံးပေးသင့်ပါတယ်။

သကြားသီးမှာ ဗီတာမင် C ပါဝင်တာကြောင့် အအေးမိ၊ချောင်းဆိုး၊ တုပ်ကွေးရောဂါတွေလိုမျိုး ကိုယ်ခံအားနည်းတာကြောင့်ဖြစ်တဲ့ ဝေဒနာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်

သကြားသီးပင်အရွက်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့် နှလုံးသွေးကြောကျဉ်းတာ၊ နှလုံး ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သကြားသီးက နှလုံးဆိုင်ရာ ဝေဒနာတွေဖြစ်မလာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်သက်သာစေတယ်

သကြားသီးရောအရွက်ကပါ အအေးမိတုပ်ကွေးဝေဒနာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင် ပါတယ်။ ခေါင်းကိုက်တဲ့အခါ သကြားသီးကိုစားပေးတာဖြစ်ဖြစ် အရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲ ခတ်သောက်တာမျိုးဖြစ်ဖြစ်လုပ်လို့ရပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwonv

 

[Zawgyi]

အေလ့က်ေပါက္တဲ့ သၾကားသီးေလးက ဒီလိုေဆးဖက္ဝင္ပါတယ္

ဒီသၾကားသီးဆိုတာက ေဈးကြက္ထဲမွာေရာင္းခ်ေနတဲ့ သၾကားသီးမဟုတ္ပါဘူး။ အေလ့က်ေပါက္ပင္လိုမ်ိဳးေတြ မိမိပတ္ဝန္းက်င္မွာျမင္ေတြ႕ေနရတဲ့ အသီးနီနီေလးေတြသီးတဲ့ သၾကားပင္ရဲ႕ အသီးနီနီေလးေတြကို ဆိုလိုခ်င္တာပါ။ အသီးေလးေတြက သီးစမွာ အစိမ္းေရာင္ဆိုေပမယ့္ မွည့္လာတဲ့အခါ အနီေရာင္ ေလးေတြျဖစ္လာပါတယ္။ အခြံကခပ္ေပ်ာ့ေပ်ာ့႐ွိၿပီး တစ္လုံးလုံးကို စားလို႔ရပါတယ္။ အခုတစ္ေခါက္ ဒီအသီးေလးေတြက ဘယ္လိုေဆးဖက္ဝင္လဲ ဆိုတာကိုေျပာျပေပးပါရေစ။ ဒီအပင္က ဖိလစ္ပိုင္နဲ႔မကၠဆီကို မ်ိဳးရင္းပင္ေတြပါ။

သၾကားသီးနီနီေလးကေပးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူး

ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္တယ္

သၾကားသီးက ခႏၶါကိုယ္ထဲကို ျပင္ပကဘက္တီးရီးယားေတြမဝင္ေရာက္ႏိုင္ေအာင္ တိုက္ထုတ္ေပးပါတယ္။ သၾကားသီးမွာ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ႏိုင္တဲ့ အာနိသင္႐ွိေနတာေၾကာင့္ ဘက္တီးရီးယားေတြေၾကာင့္ျဖစ္ တဲ့ကူးစက္ေရာဂါေတြကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။

ေရာင္ရမ္းမႈကို သက္သာေစတယ္

သၾကားသီးက ခႏၶါကိုယ္အစိတ္အပိုင္းေတြ ေရာင္ရမ္းမႈကိုေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။ သဘာဝအေရာင္က်ေဆးတစ္မ်ိဳးလို႔လည္းဆိုလို႔ရပါတယ္။ သၾကားသီးက အေရာင္က်ေဆးေတြနီးပါး ထိေရာက္မႈ႐ွိ ပါတယ္။ အဖ်ားကိုလည္း သက္သာေစႏိုင္ပါတယ္။

ေဂါက္ေရာဂါကို သက္သာေစႏိုင္ပါတယ္

ေဂါက္ေရာဂါဆိုတာက အဆစ္ေတြေရာင္ရမ္းၿပီး နာက်င္မႈကိုျဖစ္ေစႏိုင္ပါတယ္။ အဆစ္ထဲကေန တဆစ္ဆစ္နာၿပီး နီရဲေရာင္ရမ္းေနတတ္ပါတယ္။

ေဂါက္ေရာဂါက အမ်ိဳးသားေတြမွာ အျဖစ္မ်ားၿပီး အဆစ္ေတြ၊အ႐ြတ္ေတြနဲ႔ အျခားတစ္႐ႈးေတြကို ထိခိုက္ေစႏိုင္ပါ တယ္။ သၾကားသီးကို ေဂါက္ေရာဂါသက္သာေစဖို႔အတြက္ စားသုံးေပးလို႔ရပါတယ္။ တစ္ေန႔ကို သၾကားသီး ၉ လုံးကေန ၁၂ လုံးအထိစားသုံးေပးမယ္ဆိုရင္ အ႐ိုးအဆစ္ေတြထိခိုက္နာက်င္တာကို သက္သာေစႏိုင္မွာပါ။

ဦးေႏွာက္ရဲ႕ လုပ္ေဆာင္မႈကိုေကာင္းေစႏိုင္တယ္

ဖေလဗာႏြိဳက္ႂကြယ္ဝတဲ့အစားအစာေတြက ဦးေႏွာက္ရဲ႕ ဖြံ႕ၿဖိဳးမႈနဲ႔လုပ္ေဆာင္မႈေတြေကာင္းမြန္ေအာင္ အေထာက္အကူျပဳေပးပါတယ္။ သၾကားသီးမွာ ဖေလဗာႏြိဳက္ႂကြယ္ဝစြာပါဝင္ေနတာေၾကာင့္ သိျမင္မႈစြမ္းရည္ကို ေကာင္းမြန္ေစၿပီး လူႀကီးေတြမွာျဖစ္တတ္တဲ့ အသက္အ႐ြယ္ရလာလို႔ေမ့တတ္တာကိုလည္း သက္သာေစႏိုင္ပါတယ္။

ကင္ဆာတိုက္ဖ်က္ေပးႏိုင္တယ္

သၾကားသီးမွာပါတဲ့ Cytoxic Flavnoids က ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ရာမွာ ေတာ္ေတာ္ေလးအသုံးဝင္ပါ တယ္။ အသီးတင္မကဘဲ သၾကာသီးပင္ရဲ႕ အ႐ြက္ကပါ ကင္ဆာကိုတိုက္ဖ်က္ႏိုင္တဲ့ အာနိသင္႐ွိေနတာပါ။ ရင္သားကင္ဆာကလြဲလို႔ အျခားကင္ဆာေတြကိုတိုက္ဖ်က္ရာမွာ သၾကားသီးက အေထာက္အကူျပဳေပးပါတယ္။

ယူရစ္အက္ဆစ္ကို ေလွ်ာ့ခ်ေပးတယ္

သၾကားသီးမွာ ခႏၶါကိုယ္တြင္းမွာ ယူရစ္အက္ဆစ္ေတြပိုလွ်ံေနတာမ်ိဳးမျဖစ္ေအာင္ ကာကြယ္ရာမွာ အေထာက္အကူျပဳေပးတဲ့ Anthrosyanin လို႔သိၾကတဲ့ ဓါတ္တိုးဆန္႔က်င္ပစၥည္းပါဝင္ေနပါတယ္။ သၾကားသီးမွာပါတဲ့ ဓါတ္တိုးဆန္႔က်င္အာနိသင္ေတြက ကိုယ္တြင္း ယူရစ္အက္ဆစ္ပမာဏကိုက်ဆင္းေစႏိုင္ ပါတယ္။

ကင္ဆာက်ိတ္ကို ေလ်ာ့ပါးေစတယ္

သၾကားသီးမွာပါတဲ့ ဖေလဗာႏြိဳက္က ခႏၶါကိုယ္မွာ ကင္ဆာက်ိတ္ေတြျဖစ္ေပၚမႈကို တားဆီးေပးပါတယ္။ သၾကားသီးရဲ႕ အ႐ြက္နဲ႔ပင္စည္ေတြမွာပါ ကင္ဆာက်ိတ္ကို တားဆီးႏိုင္တဲ့ အာနိသင္႐ွိတာပါ။

အစာအိမ္ေဝဒနာကို သက္သာေစႏိုင္တယ္

သၾကားသီးမွာပါတဲ့ ျဒပ္ေပါင္းက အစာအိမ္ထဲမွာ ေလထတာကိုသက္သာေစႏိုင္ပါတယ္။ သၾကားသီးက ေလသက္ေစႏိုင္သလို၊ ဓါတ္တိုးဆန္႔က်င္အာနိသင္လည္း႐ွိၿပီး ေရာင္ရမ္းမႈကိုလည္း ေလ်ာ့ပါးသက္သာေစ ႏိုင္ပါတယ္။

ဆီးခ်ိဳသက္သာေစတယ္

သၾကားသီးက ခ်ိဳတယ္ဆိုေပမယ့္ ေသြးတြင္းသၾကားဓါတ္ကိုထိန္းညႇိေပးႏိုင္စြမ္း႐ွိပါတယ္။ ဆီးခ်ိဳသမားေတြအေန နဲ႔ သၾကားသီးကိုစားသုံးေပးမယ္ဆိုရင္ ေသြးတြင္းသၾကားဓါတ္ကိုထိန္းညႇိႏိုင္မွာျဖစ္ပါတယ္။

ရာသီလာစဥ္ကိုက္ခဲတာကို သက္သာေစႏိုင္တယ္

သၾကားသီးေရာ သၾကားသီးပင္ရဲ႕ အပြင့္ကပါ ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈေဝဒနာကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။

အမွ်င္ဓါတ္ရ႐ွိေစႏိုင္တယ္

သၾကားသီးမွာ ခႏၶါကိုယ္အတြက္လိုအပ္တဲ့ ေပ်ာ္ဝင္လြယ္တဲ့အမွ်င္ဓါတ္ေတြပါဝင္ေနပါတယ္။ သၾကားသီးက ေသြးတြင္းအဆီနဲ႔ကိုလက္စထေရာကိုက်ဆင္းေစႏိုင္ၿပီး ဝမ္းလည္းမွန္ေစပါတယ္။

အစာအိမ္အနာကို သက္သာေစႏိုင္တယ္

အစာအိမ္အနာ႐ွိသူေတြအေနနဲ႔ သၾကားသီးစားသုံးေပးသင့္ပါတယ္။ သၾကားသီးက အစာအိမ္အနာကို သက္သာေစႏိုင္တဲ့ သဘာဝေဆးတစ္ခုပါ။ သၾကားသီးပင္က ေရာင္ရမ္းနာက်င္မႈကိုေလ်ာ့ပါးသက္သာေစႏိုင္ တာေၾကာင့္ အစာအိမ္ထဲက အနာေတြကိုလည္း သက္သာေစႏိုင္ပါတယ္။

ကိုယ္ခံအားေကာင္းေစတယ္

သၾကားသီးမွာ ဗီတာမင္ နဲ႔ သတၱဳဓါတ္ေတြပါဝင္တာေၾကာင့္ ကိုယ္ခံအားကိုေကာင္းမြန္ေစႏိုင္ပါတယ္။ ကိုယ္ခံအားနည္းသူေတြအတြက္ အထူးသင့္ေတာ္ပါတယ္။ ေသြးအားနည္းသူေတြလည္းစားသုံးေပးသင့္ပါတယ္။

သၾကားသီးမွာ ဗီတာမင္ C ပါဝင္တာေၾကာင့္ အေအးမိ၊ေခ်ာင္းဆိုး၊ တုပ္ေကြးေရာဂါေတြလိုမ်ိဳး ကိုယ္ခံအားနည္းတာေၾကာင့္ျဖစ္တဲ့ ေဝဒနာေတြကို ေလ်ာ့ပါးသက္သာေစႏိုင္ပါတယ္။

ႏွလုံးက်န္းမာေစႏိုင္တယ္

သၾကားသီးပင္အ႐ြက္မွာ ဓါတ္တိုးဆန္႔က်င္ပစၥည္းေတြပါဝင္တာေၾကာင့္ ႏွလုံးေသြးေၾကာက်ဥ္းတာ၊ ႏွလုံး ေရာဂါေတြကို သက္သာေစႏိုင္ပါတယ္။ သၾကားသီးက ႏွလုံးဆိုင္ရာ ေဝဒနာေတြျဖစ္မလာေအာင္လည္း ကာကြယ္ေပးႏိုင္ပါတယ္။

ေခါင္းကိုက္သက္သာေစတယ္

သၾကားသီးေရာအ႐ြက္ကပါ အေအးမိတုပ္ေကြးေဝဒနာေၾကာင့္ျဖစ္တဲ့ ေခါင္းကိုက္ေဝဒနာကို သက္သာေစႏိုင္ ပါတယ္။ ေခါင္းကိုက္တဲ့အခါ သၾကားသီးကိုစားေပးတာျဖစ္ျဖစ္ အ႐ြက္ကို ေရစင္ေအာင္ေဆးၿပီး ေရေႏြးထဲ ခတ္ေသာက္တာမ်ိဳးျဖစ္ျဖစ္လုပ္လို႔ရပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service