ကြက်ဥအစိမ်းစားရင် ကျန်းမာရေးအတွက်အကျိုးရှိတာ သေချာလား

ကြက်ဥအစိမ်းစားရင် ကျန်းမာရေးအတွက်အကျိုးရှိတာ သေချာလား - Property Knowledge in Myanmar from iMyanmarHouse.com
9 Jan 2021 12:41 pm တွင် တင်ခဲ့သည်
1520 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကြက်ဥ၊ ဘဲဥတွေမှာ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုနဲ့ အာဟာရဓာတ်များစွာ ပါဝင်သလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အကျိုးပြုတဲ့ အစားအစာအဖြစ် လူတိုင်းက လက်ခံထားကြပါတယ်။ ကိုလက်စထရောနဲ့ ကယ်လိုရီဓာတ် အနည်းငယ်ပါဝင်တဲ့အတွက် တန်ဆေး လွန်ဘေး အတော်အသင့်စားမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။

ကြက်ဥတွေက ချက်ရ၊ ပြုတ်ရတာလည်း အဆင်ပြေသလို ဟင်းအမည် တော်တော်များများမှာလည်း ကြက်ဥကို မပါမဖြစ် ထည့်သွင်းကြပါတယ်။ မွှေကြော်မလား၊ ထမင်းနဲ့ တွဲကြော်မလား၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါးနဲ့ ရောချက်မလား၊ ဆီပြန်ဟင်းချက်မလား၊ ပြုတ်ပြီး၊ ပေါင်းပြီးလည်း စားလို့ရတာမို့ အိမ်ရှင်မတွေအတွက် ချက်ပြုတ်ရတာလည်း အရမ်းလွယ်ကူပါတယ်။

ကြက်ဥအစိမ်းစားခြင်း

ခုနောက်ပိုင်းမှာ ကြက်ဥကို အစိမ်းလိုက်စားတဲ့ အလေ့အကျင့်က ပြန်ပြီးခေတ်စားလာပါတယ်။ တချို့ကလည်း အားရှိတယ်၊ ကြွက်သားတက်တယ်၊ ကျန်းမာတယ်ပေါ့။ အစိမ်းမစားရဲတဲ့သူတွေကလည်း ဒီအကျင့်က မကောင်းဘူး၊ ရောဂါပိုးတွေ ပါနိုင်တယ်၊ ချက်ပြီးစားတာပဲ ကောင်းတယ်ပေါ့။ ဒီနေ့ဆောင်းပါးမှာ ကြက်ဥအစိမ်းစားခြင်းနဲ့ ပတ်သက်ပြီး လူတွေသိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေ၊ သတိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးချင်ပါတယ်။

၁။ ကြက်ဥအစိမ်းစားခြင်းဟာ ချက်ပြီးစားသလိုပဲ အာဟာရတွေ အပြည့်အဝရနိုင်ပါတယ်။

မူလကြက်ဥမှာ ပရိုတင်းဓာတ်၊ ကျန်းမာစေတဲ့ အဆီဓါတ်တွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဆီလီနီယမ်ဓာတ်၊ ဖော့စဖရပ်စ်ဓာတ်၊ ဖောလစ်အက်ဆစ်တွေ၊ မျက်စိအားကောင်းစေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဦးနှောက်ကို ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ကိုလင်းဓာတ်တွေ ပါဝင်ပါတယ်။

၂။ ကြက်ဥကို အနှစ်ပဲစားမလား၊ အကာပဲ စားမလား။

ကျန်းမာရေးကို အလေးထားတဲ့သူတွေအတွက်တော့ ကြက်ဥကို တစ်လုံးလုံး အပြည့်အဝစားပေးတာ အကောင်းဆုံးပါပဲ။ ကြက်ဥမှာ ပါဝင်တဲ့ အာဟာရဓာတ်အများစုက အနှစ်ထဲမှာ စုနေတာဖြစ်ပြီး အကာထဲမှာတော့ ပရိုတင်းဓာတ်တွေ အများဆုံး ပါဝင်နေပါတယ်။ အားကစားသမားတွေ၊ ကြွက်သားတက်ဖို့ လေ့ကျင့်နေတဲ့ အမျိုးသားတွေအတွက်တော့ အကာကို များများစားပေးသင့်ပါတယ်။

၃။ အစိမ်းစားတဲ့အခါ ကြက်ဥရဲ့ ပရိုတင်းဓာတ်ကို ကောင်းစွာ မစုပ်ယူနိုင်ပါဘူး။

စစ်တမ်းကောက်ယူကြည့်တဲ့အခါ ကြက်ဥကို ချက်စားတဲ့အခါ သူ့မှာပါဝင်တဲ့ ပရိုတင်းဓာတ်ရဲ့ ၉၀ ရာခိုင်နှုန်းကို ကိုယ်ခန္ဓာက ကောင်းစွာ စုပ်ယူနိုင်ပေမယ့် အစိမ်းစားမယ်ဆိုရင်တော့ ပရိုတင်း ၅၀ ရာခိုင်နှုန်းကိုပဲ စုပ်ယူနိုင်တာကို တွေ့ရှိရပါတယ်။ ဒါပေမယ့် ချက်စားတဲ့အခါ ကိုယ်ချက်တဲ့ ပုံစံ၊ မီးအပူချိန်ပေါ် မူတည်ပြီး တခြား ဗီတာမင်နဲ့ အာဟာရဓာတ်တွေ လျော့နည်းသွားတာမျိုး ဖြစ်နိုင်ပါတယ်။

၄။ ကြက်ဥအစိမ်းမှာ ဘက်တီးရီးယားပိုးတွေ ပါနိုင်ပါတယ်။

ဘယ်အရာမဆို မချက်ဘဲ အစိမ်းစားတဲ့အခါ ဘက်တီးရီးယားပိုးတွေ အနည်းနဲ့ အများ ပါလာတတ်ပါတယ်။ ကြက်ဥမှာ ဆယ်မွန်နယ်လား (Salmonella) လို့ ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်နေပါတယ်။ ဒီဘက်တီးရီးယားကောင်လေးတွေဟာ ကြက်ဥအပြင်ခွံမှာရော အတွင်းထဲမှာပါ ရှိနေနိုင်ပါတယ်။ ပိုးပါနေတဲ့ ကြက်ဥကို အစိမ်းအတိုင်းစားလိုက်ရင် ဗိုက်အောင့်ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ အော့အန်တာ၊ ဖျားနာတာ၊ ခေါင်းမူးတာ အစရှိတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ စားပြီး ၆နာရီမှ ၄၈နာရီအတွင်း အစာအဆိပ်သင့်ခြင်း ဖြစ်ပြီး ၃ရက်မှ ၇ရက်အထိ ဝေဒနာခံစားရတတ်ပါတယ်။ စတိုးဆိုင်တွေမှာ ထုတ်ပိုးပြီး ရောင်းနေတဲ့ ကြက်ဥအစိမ်းတွေကတော့ သေချာပိုးသတ်ပြီး သန့်စင်ထားတာဖြစ်တဲ့အတွက် ဘက်တီးရီးယားပိုး ပါဝင်နိုင်ခြေ အလွန်နည်းတာကိုတွေ့ရပါတယ်။

၅။ ဘယ်အသက်အရွယ်တွေ ကြက်ဥအစိမ်း မစားသင့်ဘူးလဲ။

ကြက်ဥကို အစိမ်းအတိုင်းစားဖို့ မသင့်လျော်တဲ့ အသက်ရယ်လို့တော့ မရှိပေမဲ့ သူ့နောက်မှာ ပါလာနိုင်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် စိုးရိမ်စရာရှိပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ် အရမ်းအားနည်းနေတဲ့ မွေးကင်းစကလေးတွေ၊ အရွယ်ငယ်သေးတဲ့ ကလေးတွေမှာ ပိုးကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဘက်တီးရီးယားပိုးပါနေတဲ့ ကြက်ဥကို အစိမ်းစားမိရင် သားအိမ်ညှစ်ပြီး ကိုက်ခဲတာတွေ ဖြစ်နိုင်တဲ့အတွက် လမစေ့ဘဲ ကလေးမွေးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေ ကိုယ်ခံအားစနစ်အားနည်းနေတဲ့သူတွေ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ HIV ပိုးရှိသူတွေအနေနဲ့ ကြက်ဥအစိမ်းစားဖို့ မသင့်လျော်ပါဘူး။

၆။ အစိမ်းစားခြင်းကြောင့် ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်းမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်လဲ။

ဘယ်အရာမဆို အစိမ်းစားတယ်ဆိုရင်တော့ သူ့မှာ ပါနေတဲ့ ပိုးကူးစက်နိုင်ခြေက အနည်းနဲ့ အများတော့ ရှိပါတယ်။ ကိုယ့်အနေနဲ့ လုပ်နိုင်တာကတော့ ပိုးကူးစက်ခံနိုင်ခြေ ရာခိုင်နှုန်းကို နည်းနိုင်သမျှ နည်းအောင် သေချာပြင်ဆင်ဖို့၊ ဂရုစိုက်ဖို့ပါပဲ။

*စတိုးဆိုင်မှာ ရနိုင်ပြီး ပိုးသတ်ထားတဲ့ ထုတ်ပိုးပြီးသားကြက်ဥမျိုးကို ရွေးဝယ်ပါ။

*လတ်လတ်ဆတ်ဆတ် ဥထားတဲ့ ကြက်ဥဆိုရင်တော့ အစိမ်းမစားတာ အကောင်းဆုံးပါပဲ။

*စတိုးဆိုင်မှာ ဝယ်မယ်ဆိုရင်လည်း သေချာ အအေးခန်းထဲမှာ ထားထားတဲ့ ကြက်ဥမျိုးကို ရွေးဝယ်ပါ။

*အိမ်ပြန်ရောက်ရင် ကြက်ဥကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။ စားမယ်ဆိုမှ တစ်လုံး၊ နှစ်လုံးယူပြီး ချက်ချင်းဖောက်စားပါ။

*အခန်းအပူချိန်မှာ ထားထားမယ်ဆိုရင် ဘက်တီးရီးယားပိုး ပေါက်နိုင်ခြေပိုများတဲ့အတွက် ချက်စားတာ အကောင်းဆုံးပါပဲ။

*ရက်လွန်နေတဲ့ ကြက်ဥတွေ ဝယ်တာ၊ စားတာမျိုး လုံးဝမလုပ်ပါနဲ့။

*ကြက်ဥအခွံက အက်ကွဲနေတာ၊ ညစ်ပတ်နေတာမျိုး မဝယ်ပါနဲ့။

*ဖောက်ကြည့်လိုက်လို့ ကြက်ဥအနံ့က တစ်မျိုးကြီးဖြစ်နေတယ်၊ ပုပ်သလို၊ ညှီသလို အနံ့ဖြစ်နေတယ်ဆိုရင် လုံးဝမစားပါနဲ့။

*ဘက်တီးရီးယားပိုးကို သေစေတဲ့ တစ်ခုတည်းသော နည်းလမ်းက သေချာ အပူပေးပြီး ချက်ပြုတ်တာပဲ ဖြစ်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

ၾကက္ဥအစိမ္းစားရင္ က်န္းမာေရးအတြက္အက်ိဳး႐ွိတာ ေသခ်ာလား

ၾကက္ဥ၊ ဘဲဥေတြမွာ ကိုယ္ခႏၶာႀကီးထြားဖြံ႕ၿဖိဳးမႈနဲ႔ အာဟာရဓာတ္မ်ားစြာ ပါဝင္သလို က်န္းမာေရးအတြက္လည္း ေတာ္ေတာ္ေလး အက်ိဳးျပဳတဲ့ အစားအစာအျဖစ္ လူတိုင္းက လက္ခံထားၾကပါတယ္။ ကိုလက္စထေရာနဲ႔ ကယ္လိုရီဓာတ္ အနည္းငယ္ပါဝင္တဲ့အတြက္ တန္ေဆး လြန္ေဘး အေတာ္အသင့္စားမယ္ဆိုရင္ေတာ့ အေကာင္းဆုံးျဖစ္မွာပါ။

ၾကက္ဥေတြက ခ်က္ရ၊ ျပဳတ္ရတာလည္း အဆင္ေျပသလို ဟင္းအမည္ ေတာ္ေတာ္မ်ားမ်ားမွာလည္း ၾကက္ဥကို မပါမျဖစ္ ထည့္သြင္းၾကပါတယ္။ ေမႊေၾကာ္မလား၊ ထမင္းနဲ႔ တြဲေၾကာ္မလား၊ ဟင္းသီးဟင္း႐ြက္၊ အသား၊ ငါးနဲ႔ ေရာခ်က္မလား၊ ဆီျပန္ဟင္းခ်က္မလား၊ ျပဳတ္ၿပီး၊ ေပါင္းၿပီးလည္း စားလို႔ရတာမို႔ အိမ္႐ွင္မေတြအတြက္ ခ်က္ျပဳတ္ရတာလည္း အရမ္းလြယ္ကူပါတယ္။

ၾကက္ဥအစိမ္းစားျခင္း

ခုေနာက္ပိုင္းမွာ ၾကက္ဥကို အစိမ္းလိုက္စားတဲ့ အေလ့အက်င့္က ျပန္ၿပီးေခတ္စားလာပါတယ္။ တခ်ိဳ႕ကလည္း အား႐ွိတယ္၊ ႂကြက္သားတက္တယ္၊ က်န္းမာတယ္ေပါ့။ အစိမ္းမစားရဲတဲ့သူေတြကလည္း ဒီအက်င့္က မေကာင္းဘူး၊ ေရာဂါပိုးေတြ ပါႏိုင္တယ္၊ ခ်က္ၿပီးစားတာပဲ ေကာင္းတယ္ေပါ့။ ဒီေန႔ေဆာင္းပါးမွာ ၾကက္ဥအစိမ္းစားျခင္းနဲ႔ ပတ္သက္ၿပီး လူေတြသိထားသင့္တဲ့ က်န္းမာေရးဆိုင္ရာအက်ိဳးေက်းဇူးေတြ၊ သတိထားသင့္တဲ့ ေဆာင္ရန္၊ ေ႐ွာင္ရန္ေတြကို ေျပာျပေပးခ်င္ပါတယ္။

၁။ ၾကက္ဥအစိမ္းစားျခင္းဟာ ခ်က္ၿပီးစားသလိုပဲ အာဟာရေတြ အျပည့္အဝရႏိုင္ပါတယ္။

မူလၾကက္ဥမွာ ပ႐ိုတင္းဓာတ္၊ က်န္းမာေစတဲ့ အဆီဓါတ္ေတြ အမ်ားအျပားပါဝင္ပါတယ္။ ဗီတာမင္ ေအ၊ ဗီတာမင္ ဘီ၊ ဆီလီနီယမ္ဓာတ္၊ ေဖာ့စဖရပ္စ္ဓာတ္၊ ေဖာလစ္အက္ဆစ္ေတြ၊ မ်က္စိအားေကာင္းေစတဲ့ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြ၊ ဦးေႏွာက္ကို ေကာင္းစြာ အလုပ္လုပ္ႏိုင္ေစဖို႔ ကိုလင္းဓာတ္ေတြ ပါဝင္ပါတယ္။

၂။ ၾကက္ဥကို အႏွစ္ပဲစားမလား၊ အကာပဲ စားမလား။

က်န္းမာေရးကို အေလးထားတဲ့သူေတြအတြက္ေတာ့ ၾကက္ဥကို တစ္လုံးလုံး အျပည့္အဝစားေပးတာ အေကာင္းဆုံးပါပဲ။ ၾကက္ဥမွာ ပါဝင္တဲ့ အာဟာရဓာတ္အမ်ားစုက အႏွစ္ထဲမွာ စုေနတာျဖစ္ၿပီး အကာထဲမွာေတာ့ ပ႐ိုတင္းဓာတ္ေတြ အမ်ားဆုံး ပါဝင္ေနပါတယ္။ အားကစားသမားေတြ၊ ႂကြက္သားတက္ဖို႔ ေလ့က်င့္ေနတဲ့ အမ်ိဳးသားေတြအတြက္ေတာ့ အကာကို မ်ားမ်ားစားေပးသင့္ပါတယ္။

၃။ အစိမ္းစားတဲ့အခါ ၾကက္ဥရဲ႕ ပ႐ိုတင္းဓာတ္ကို ေကာင္းစြာ မစုပ္ယူႏိုင္ပါဘူး။

စစ္တမ္းေကာက္ယူၾကည့္တဲ့အခါ ၾကက္ဥကို ခ်က္စားတဲ့အခါ သူ႕မွာပါဝင္တဲ့ ပ႐ိုတင္းဓာတ္ရဲ႕ ၉၀ ရာခိုင္ႏႈန္းကို ကိုယ္ခႏၶာက ေကာင္းစြာ စုပ္ယူႏိုင္ေပမယ့္ အစိမ္းစားမယ္ဆိုရင္ေတာ့ ပ႐ိုတင္း ၅၀ ရာခိုင္ႏႈန္းကိုပဲ စုပ္ယူႏိုင္တာကို ေတြ႕႐ွိရပါတယ္။ ဒါေပမယ့္ ခ်က္စားတဲ့အခါ ကိုယ္ခ်က္တဲ့ ပုံစံ၊ မီးအပူခ်ိန္ေပၚ မူတည္ၿပီး တျခား ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြ ေလ်ာ့နည္းသြားတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။

၄။ ၾကက္ဥအစိမ္းမွာ ဘက္တီးရီးယားပိုးေတြ ပါႏိုင္ပါတယ္။

ဘယ္အရာမဆို မခ်က္ဘဲ အစိမ္းစားတဲ့အခါ ဘက္တီးရီးယားပိုးေတြ အနည္းနဲ႔ အမ်ား ပါလာတတ္ပါတယ္။ ၾကက္ဥမွာ ဆယ္မြန္နယ္လား (Salmonella) လို႔ ေခၚတဲ့ အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစတဲ့ ဘက္တီးရီးယားပိုးေတြ ပါဝင္ေနပါတယ္။ ဒီဘက္တီးရီးယားေကာင္ေလးေတြဟာ ၾကက္ဥအျပင္ခြံမွာေရာ အတြင္းထဲမွာပါ ႐ွိေနႏိုင္ပါတယ္။ ပိုးပါေနတဲ့ ၾကက္ဥကို အစိမ္းအတိုင္းစားလိုက္ရင္ ဗိုက္ေအာင့္ဗိုက္နာတာ၊ ဝမ္းေလွ်ာတာ၊ ေအာ့အန္တာ၊ ဖ်ားနာတာ၊ ေခါင္းမူးတာ အစ႐ွိတဲ့ လကၡဏာေတြ ျဖစ္တတ္ပါတယ္။ စားၿပီး ၆နာရီမွ ၄၈နာရီအတြင္း အစာအဆိပ္သင့္ျခင္း ျဖစ္ၿပီး ၃ရက္မွ ၇ရက္အထိ ေဝဒနာခံစားရတတ္ပါတယ္။ စတိုးဆိုင္ေတြမွာ ထုတ္ပိုးၿပီး ေရာင္းေနတဲ့ ၾကက္ဥအစိမ္းေတြကေတာ့ ေသခ်ာပိုးသတ္ၿပီး သန္႔စင္ထားတာျဖစ္တဲ့အတြက္ ဘက္တီးရီးယားပိုး ပါဝင္ႏိုင္ေျခ အလြန္နည္းတာကိုေတြ႕ရပါတယ္။

၅။ ဘယ္အသက္အ႐ြယ္ေတြ ၾကက္ဥအစိမ္း မစားသင့္ဘူးလဲ။

ၾကက္ဥကို အစိမ္းအတိုင္းစားဖို႔ မသင့္ေလ်ာ္တဲ့ အသက္ရယ္လို႔ေတာ့ မ႐ွိေပမဲ့ သူ႕ေနာက္မွာ ပါလာႏိုင္တဲ့ ဘက္တီးရီးယားပိုးေတြနဲ႔ ပတ္သက္ၿပီး အနည္းငယ္ စိုးရိမ္စရာ႐ွိပါတယ္။ ဒါေၾကာင့္ ကိုယ္ခံအားစနစ္ အရမ္းအားနည္းေနတဲ့ ေမြးကင္းစကေလးေတြ၊ အ႐ြယ္ငယ္ေသးတဲ့ ကေလးေတြမွာ ပိုးကူးစက္ခံရႏိုင္ေျခ ပိုမ်ားပါတယ္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ ဘက္တီးရီးယားပိုးပါေနတဲ့ ၾကက္ဥကို အစိမ္းစားမိရင္ သားအိမ္ညႇစ္ၿပီး ကိုက္ခဲတာေတြ ျဖစ္ႏိုင္တဲ့အတြက္ လမေစ့ဘဲ ကေလးေမြးတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။ အသက္ ၆၅ ႏွစ္အထက္ သက္ႀကီး႐ြယ္အိုေတြ ကိုယ္ခံအားစနစ္အားနည္းေနတဲ့သူေတြ၊ ဆီးခ်ိဳေရာဂါ၊ ႏွလုံးေရာဂါ၊ HIV ပိုး႐ွိသူေတြအေနနဲ႔ ၾကက္ဥအစိမ္းစားဖို႔ မသင့္ေလ်ာ္ပါဘူး။

၆။ အစိမ္းစားျခင္းေၾကာင့္ ဘက္တီးရီးယားပိုး ကူးစက္ခံရျခင္းမျဖစ္ေအာင္ ဘယ္လိုကာကြယ္ႏိုင္လဲ။

ဘယ္အရာမဆို အစိမ္းစားတယ္ဆိုရင္ေတာ့ သူ႕မွာ ပါေနတဲ့ ပိုးကူးစက္ႏိုင္ေျခက အနည္းနဲ႔ အမ်ားေတာ့ ႐ွိပါတယ္။ ကိုယ့္အေနနဲ႔ လုပ္ႏိုင္တာကေတာ့ ပိုးကူးစက္ခံႏိုင္ေျခ ရာခိုင္ႏႈန္းကို နည္းႏိုင္သမွ် နည္းေအာင္ ေသခ်ာျပင္ဆင္ဖို႔၊ ဂ႐ုစိုက္ဖို႔ပါပဲ။

*စတိုးဆိုင္မွာ ရႏိုင္ၿပီး ပိုးသတ္ထားတဲ့ ထုတ္ပိုးၿပီးသားၾကက္ဥမ်ိဳးကို ေ႐ြးဝယ္ပါ။ လတ္လတ္ဆတ္ဆတ္ ဥထားတဲ့ ၾကက္ဥဆိုရင္ေတာ့ အစိမ္းမစားတာ အေကာင္းဆုံးပါပဲ။

*စတိုးဆိုင္မွာ ဝယ္မယ္ဆိုရင္လည္း ေသခ်ာ အေအးခန္းထဲမွာ ထားထားတဲ့ ၾကက္ဥမ်ိဳးကို ေ႐ြးဝယ္ပါ။

*အိမ္ျပန္ေရာက္ရင္ ၾကက္ဥကို ေရခဲေသတၱာထဲ ထည့္သိမ္းထားပါ။ စားမယ္ဆိုမွ တစ္လုံး၊ ႏွစ္လုံးယူၿပီး ခ်က္ခ်င္းေဖာက္စားပါ။

*အခန္းအပူခ်ိန္မွာ ထားထားမယ္ဆိုရင္ ဘက္တီးရီးယားပိုး ေပါက္ႏိုင္ေျခပိုမ်ားတဲ့အတြက္ ခ်က္စားတာ အေကာင္းဆုံးပါပဲ။

*ရက္လြန္ေနတဲ့ ၾကက္ဥေတြ ဝယ္တာ၊ စားတာမ်ိဳး လုံးဝမလုပ္ပါနဲ႔။

*ၾကက္ဥအခြံက အက္ကြဲေနတာ၊ ညစ္ပတ္ေနတာမ်ိဳး မဝယ္ပါနဲ႔။

*ေဖာက္ၾကည့္လိုက္လို႔ ၾကက္ဥအနံ႔က တစ္မ်ိဳးႀကီးျဖစ္ေနတယ္၊ ပုပ္သလို၊ ညႇီသလို အနံ႔ျဖစ္ေနတယ္ဆိုရင္ လုံးဝမစားပါနဲ႔။

*ဘက္တီးရီးယားပိုးကို ေသေစတဲ့ တစ္ခုတည္းေသာ နည္းလမ္းက ေသခ်ာ အပူေပးၿပီး ခ်က္ျပဳတ္တာပဲ ျဖစ္ပါတယ္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service