အခွင့်အမိန့်အရ နေထိုင်သူသည် နေထိုင်သည့်ဥပစာတွင် အကျိုးခံစားခွင့်မရှိပါ

အခွင့်အမိန့်အရ နေထိုင်သူသည် နေထိုင်သည့်ဥပစာတွင် အကျိုးခံစားခွင့်မရှိပါ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jan 2021 12:06 pm တွင် တင်ခဲ့သည်
662 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကျွန်တော်၏သူငယ်ချင်း ဒေါ်မြင့်မြင့်မိုး ဖုန်းဆက်လာသည့်အကြောင်းမှာ သူအမွေရထားသည့်အိမ်တွင် သူစိမ်းလင်မယားနှစ်ယောက်အား အိမ်စောင့်ထားပြီး မိဘများ ကွယ်လွန်သော်လည်း မပြောင်းရွှေ့ခိုင်းပေ ။ယခုအိမ်ဆောက်လို၍ ရွှေ့ပြောင်းခိုင်းသည့်အခါမှ အခွင့်အမိန့်ရနေသူတွေဟာ အဲဒီအိမ်မှာနေစဉ် ကျသင့်သည့် လျှပ်စစ်မီတာ ၊ စည်ပင်ခွန်များ ပေးဆောင်ခဲ့ပြီး အိမ်သားတစ်ဦးအဖြစ် နေထိုင်သည်မို့ ဖယ်မပေးနိုင်ကြောင်း ပြောလာသည် ။

ဒေါ်မြင့်မြင့်မိုးမှာ အိမ်ဆောက်ပြီးသားသမီးများကို တစ်ထပ်စီပေးရန် ရည်ရွယ်ထားပြီး အိမ်သစ်ဆောက်ပါကလည်း သူတို့ကိုပင် တစ်ထပ်ပေးရမည့်ဖြစ်ကြောင်း တောင်းဆိုနေ၍ အခက်တွေ့နေကြောင်း အကြံတောင်းလာသည်မို့ ထိုအခါ ကျွန်တော်က တခြားအိမ်တစ်အိမ် ငှါးပေးပြီး အိမ်လခက်ိုလည်း (၁)နှစ်စာဖြစ်ဖြစ်ပေးလိုက်ဖို့ ပြောရလေသည် ။ထိုအကြောင်းနှင့် ပတ်သက်၍လည်း ဒေါ်မြင့်မြင့်မိုးကိုနားလည်းအောင် ရှင်းပြရလေသည် ။

“ အမှန်တော့ အဲဒီအိမ်စောင့်မိသာစုဟာ လိုချင်တဲ့လောဘဖိစီးသွားပြီ မှားယွင်းစွာ ဆုံးဖြတ်မိကြတာပါ ”

“ ဥပေဒအရဆိုရင် အခွင့်အမိန့်အရနေထိုင်သူဆိုသည်မှာ ခွင့်ပြူသူ၏ ခွင့်ပြုချက်အရ ဥပစာတွင် နေထိုင်ခွင့်ရသူကို ခေါ်ပါသည် ။အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့်ဥပစာတွင် အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရှိနိုင်ပါ ။ရောင်းချခြင်း ၊ ပေါင်နှံခြင်း ၊ အငှါးချထားခြင်းတို့တွင် ဝယ်ယူသူ ၊ အပေါင်ခံသူနှင့် ငှါးရမ်းသူတို့သည် ရောင်းချသည့်ပစ္စည်း ပေါင်နှံသည့်ပစ္စည်း ၊ အငှါးချထားသည့်ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့်ကိုရရှိနိုင်ကြပါတယ် ”

“ အခွင့်အမိန့်အရ နေထိုင်သူဟာ ခွင့်ပြုချက်အရ နေထိုင်စဉ် လျှပ်စစ်မီတာအခွန်အခ ၊ စည်ပင်သာယာအခွန်အခများကို ပေးဆောင်ရုံမျှဖြင့် အခွင့်အမိန့်အရ နေထိုင်သည့် ဥပစာတွင် အကျိုးခံစာခွင့်ရရှိမည် မဟုတ်ပါ ။အကျိုးခံစာခွင့် မရှိပါက အခွင့်အမိန့်အရ နေထိုင်သူအဖြစ်မှ ပြောင်းလဲသွားရန် အကြောင်းမရှိပါ ”

“အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့် ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့် မရှိသဖြင့် ခွင့်ပြုသူက ကြည်ဖြူသရွှေသာ ထိုပစ္စည်းပေါ်၌ နေထိုင်ခွင့်ရှိသည် ။ ခွင့်ပြူသူသည် ၎င်း၏ခွင့်ပြုချက်ကို အချိန်မရွေး ရပ်စဲနိုင်တယ် ။ ယင်းသို့ ရပ်စဲလိုက်လျှင် အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့်ပစ္စည်းပေါ်မှ မထွက်ခွာလိုကြောင်း မခုခံနိုင်တဲ့အတွက် ဖယ်ရှားပေးရမှာသာဖြစ်တယ် ”

“ စီရင်ထုံးနဲ့ပြောရရင် “ဒေါ်စောမြင့်ကြည်နှင့် ဦးမြင့်စိုးပါ ၂ ၊ ၂၀၀၀ ပြည့်နှစ် ၊ တရားမအထူးအယူခံမှု အမှတ် ၁၈ ၊ ၂၀၀၁ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာ-၁၅၅ ” မှာဆိုရင် အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့်ဥပစာတွင် အကျိုးခံစားခွင့်တစ်စုံတစ်ရာမရရှိခြင်း ၊ အခွင့်အမိန့်အရ နေထိုင်သူက လျှပ်စစ်မီတာခ ၊ စည်ပင်သာယာအခွန်အခများပေးသွင်းပါက ထိုသူအား အခွင့်အမိန့်အရ နေထိုင်သည်ဟု ဆိုနိုင်ခြင်းရှိမရှိ မြေးဝမ်းကွဲသာတော်စပ်သူသည် ငယ်စဉ်က စ၍အချင်းဖြစ်ဥပစာတွင် နေထိုင်ခဲ့ခြင်းမရှိလျှင်အိမ်သာတစ်ဦးအဖြစ် နေထိုင်ရာမရောက်ခြင်းတို့ကို ဆုံးဖြတ်ထားပါတယ် ။”

“ အမှုဖြစ်စဉ်ကို သူငယ်ချင်း သိအောင် ပြောပြရရင် ဒေါ်စောမြင့်ကြည်က ရန်ကုန်တိုင်း ၊ သာကေတမြို့နယ် ၊ ၂/မြောက်ရပ်ကွက် ၊ ဇင်္ဂမလမ်း ၊ မြေကွက် အမှတ် ၂၁/က ၊ အိမ်အမှတ် ၅၄ တွင် မိဘများဖြစ်ကြသော ဦးဘိုးတူ ၊ ဒေါ်ကြည်တို့နှင့် အတူတကွ နေထိုင်ကြတယ် ။မိဘများရှိစဉ်က ၁၉၈၀ ပြည့်နှစ်တွင် တရားပြိုင်ဦးစိုးမြင့် ၊ ဒေါ်ခင်အေးစန်းတို့က လက်ထပ်ပြီးကာစဖြစ်၍ နေထိုင်စရာမရှိသဖြင့် မေတ္တာဖြင့် နေထိုင်ခွင့်ပြုပါရန် တောင်းခံလာသောကြောင့် တရားလို ဒေါ်စောမြင့်ကြည်မိဘများပိုင်၏ အောက်ထပ်ခြေရင်းခန်းတွင် နေထိုင်ခွင့်ပေးခဲ့ပါတယ် ။ ၁၉၉၃ ခုနှစ်တွင် အောက်ထပ်ခေါင်းရင်းခန်းကိုပါ မိဘများက နေထိုင်ပြုခဲ့ပြန်ပါတယ် ”

“ တရားလိုသည် မိဘများ၏ တစ်ဦးတည်းသော သမီးဖြစ်၍ မိဘများကွယ်လွန်သောအခါ မိဘများမှ တရားပြိုင်တို့အား ခွင့်ပြူချက်ဖြင့် ထားခဲ့ခြင်းကိုဆက်ခံခွင့်ရကြောင်း တရားလိုက ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ကို ရုပ်သိမ်းခဲ့ကြောင်းအဆိုပြုတယ် ” “ တရားပြိုင် ဦးမြင့်စိုးတို့က ဒေါ်ခင်အေးစန်းသည် ကွယ်လွန်သူ ဒေါ်ကြည်၏မြေးဖြစ်ပြီး ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်းမဟုတ်ကြောင်း ၊ ဦးဘိုးတူ ၊ ဒေါ်ကြည်တို့၏ အမွေဆိုင်များဖြစ်၍ ဆိုင်ရေးဆိုင်ခွင့်အရ နေထိုင်ခြင်းကြောင်း ချေပတယ် ”

“ ရန်ကုန်တိုင်းတရားရုံးက တရားလို ဒေါ်စောမြင့်ကြည်သည် ဦးဘိုးတူနှင့်ဒေါ်ကြည်တို့၏ သမီးရင်းဖြစ်ကြောင်း ၊ တရာလိုပြသက်သေများ၏ ထွက်ဆိုချက်အရ ၊ တရားပြိုင်များသည် ဦးဘိုးတူနှင့်တရားလိုတို့ထံ ခွင့်တောင်၍ နေထိုင်ခြင်းဖြစ်ကြောင်း ထောက်ခံထားသောကြောင့် လည်းကောင်း ၊ တရားပြိုင် ဒေါ်ခင်အေးစန်းသည် ဦးဘိုတူ၏ အိမ်ထောင်စုဇယား၌ ပါရှိသူများမဟုတ်၍ အိမ်သာများအဖြစ် နေထိုင်သူများ မဟုတ်ကြောင်း ၊ ထို့ကြောင့် တရားလိုတို့သည် တရားပြိုင်တို့အား အချင်းဖြစ်ဥပစာတွင် ခွင့်ပြုချက်ဖြင့် နေတိုင်ခွင့်ပြုခဲ့သည်မှာ မှန်ကန်ကြောင်း ဆုံးဖြတ်ပါတယ် ”

“ တရားရုံးချုပ်က ဦးမြင့်စိုးတို့ လင်မယာသည် အချင်းဖြစ်အိမ်၌ နေထိုင်စဉ်မီတာခများ ပေးသွင်း ရကြောင်း ၊ မြေငှါးခအခွန်များ ထမ်းဆောင်ရကြောင်း တွေ့ရသည့်အတွက် ၎င်းတို့သည် ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်သည်ဆိုခြင်းထက် ဦးဘိုးတူ ၊ ဒေါ်ကြည် ၊ ဒေါ်စောမြင့်ကြည်တို့နှင့် မိသာစုအသွင် နေထိုင်ခြင်းဖြစ်သည်ဟု ယူဆခဲ့ပါတယ် ”

“ တရားရုံးချုပ်၏ စီရင်ချက်နှင့်ဒီကရီကို ၁၉၈၈ ခုနစ် ၊ တရားစီရင်ရေးဥပဒေပုဒ်မ ၆ အရ ပြန်လည်စစ်ဆေးစီရင်ပေးရန် ဒေါ်စောမြင့်ကြည်က လျှောက်ထား၍ အထူးအယူခံခုံရုံးဖြင့် ကြားနာရန်အထူးအယူခံဝင်ခွင့်ပြုခဲ့တယ် ”

“ ဆုံးဖြတ်ချက်မှာ ဒေါ်ခင်အေးစန်းသည် ဒေါ်ကြည်၏သမီးမဟုတ် ၊ မြေးဝမ်းကွဲတော်စပ်ရုံသာရှိသည့်အပြင် ၊ ငယ်စဉ်ကစ၍ အတူနေထိုင်လာသူမဟုတ်၍ ဦးဘိုးတူ ၊ ဒေါ်ကြည်တို့အိမ်ဥပစာတွင် အိမ်သားတစ်ဦးအဖြစ် နေထိုင်ရာ မရောက်နိုင်သည့်အပြင် တရားရုံးချုပ်၏ သုံးသပ်ချက်သည် မှန်ကန်သည်ဟု မဆိုနိုင်ချေ ။သို့ဖြစ်၍ တရားရုံးချုပ်က တရားပြိုင်များသည် အချင်းဖြစ်နေအိမ် ဥပစာအောက်ထပ်၌ ခွင့်ပြုချက်ဖြင့် အခမဲ့နေထိုင်သည်ဆိုခြင်းထက် ၊ မိသာစုအသွင် နေထ်ိုင်ခြင်းဖြစ်သည်ဟု ကောက်ယူဆုံးဖြတ်မှုသည် မှန်ကန်မှု မရှိကြောင်းနှင့် မြေဝမ်းကွဲတော်စပ်သူ က ဘိုးဘွားများအိမ်တွင်နေထိုင်စဉ် အခါအားလျော်စွာ မီတာခများ ၊ မြေငှါးအခွန်များ ထမ်းဆောင်ပေးခြင်းသည် ၊ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်း မဟုတ်ဘဲ မိသာစုအသွင်နေထိုင်သည့်အထောက်အထားမဖြစ်နိုင်ကြောင်း ဆုံးဖြတ်ကာ ဤအထူးအယူခံမှုကို ခွင့်ပြုပြီးတရားရုံးချုပ်၏ စီရင်ချက်နှင့် ဒီကရီကိုပယ်ဖျက်ကာ တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီကရီကို ပြန်လည်အတည်ပြုလိုက်ပါတယ် ” “ အဲဒီစီရင်ထုံအရ ဦးမြင့်စိုး ၊ ဒေါ်ခင်အေးစန်းတို့လည်း ဥပစာမှ ထွက်ခွာပေးလိုက်ရတယ် ၊ မိမိုးရေ ၊ သူငယ်ချင်းလည်း ဒီပုံစံအတိုင်းပဲပေါ့ကွယ် ”

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ကြယ်နီလေး (ဥပဒေ) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အခြင့္အမိန္႕အရ ေနထိုင္သူသည္ ေနထိုင္သည့္ဥပစာတြင္ အက်ိဳးခံစားခြင့္မရွိပါ

ကၽြန္ေတာ္၏သူငယ္ခ်င္း ေဒၚျမင့္ျမင့္မိုး ဖုန္းဆက္လာသည့္အေၾကာင္းမွာ သူအေမြရထားသည့္အိမ္တြင္ သူစိမ္းလင္မယားနွစ္ေယာက္အား အိမ္ေစာင့္ထားျပီး မိဘမ်ား ကြယ္လြန္ေသာ္လည္း မေျပာင္းေရႊ႕ခိုင္းေပ ။ယခုအိမ္ေဆာက္လို၍ ေရႊ႕ေျပာင္းခိုင္းသည့္အခါမွ အခြင့္အမိန္႕ရေနသူေတြဟာ အဲဒီအိမ္မွာေနစဥ္ က်သင့္သည့္ လွ်ပ္စစ္မီတာ ၊ စည္ပင္ခြန္မ်ား ေပးေဆာင္ခဲ့ျပီး အိမ္သားတစ္ဦးအျဖစ္ ေနထိုင္သည္မို႕ ဖယ္မေပးႏိုင္ေၾကာင္း ေျပာလာသည္ ။

ေဒၚျမင့္ျမင့္မိုးမွာ အိမ္ေဆာက္ျပီးသားသမီးမ်ားကို တစ္ထပ္စီေပးရန္ ရည္ရြယ္ထားျပီး အိမ္သစ္ေဆာက္ပါကလည္း သူတို႕ကိုပင္ တစ္ထပ္ေပးရမည့္ျဖစ္ေၾကာင္း ေတာင္းဆိုေန၍ အခက္ေတြ႕ေနေၾကာင္း အၾကံေတာင္းလာသည္မို႕ ထိုအခါ ကၽြန္ေတာ္က တျခားအိမ္တစ္အိမ္ ငွါးေပးျပီး အိမ္လခကို္လည္း (၁)နွစ္စာျဖစ္ျဖစ္ေပးလိုက္ဖို႕ ေျပာရေလသည္ ။ထိုအေၾကာင္းနွင့္ ပတ္သက္၍လည္း ေဒၚျမင့္ျမင့္မိုးကိုနားလည္းေအာင္ ရွင္းျပရေလသည္ ။

“ အမွန္ေတာ့ အဲဒီအိမ္ေစာင့္မိသာစုဟာ လိုခ်င္တဲ့ေလာဘဖိစီးသြားျပီ မွားယြင္းစြာ ဆံုးျဖတ္မိၾကတာပါ ”

“ ဥေပဒအရဆိုရင္ အခြင့္အမိန္႕အရေနထိုင္သူဆိုသည္မွာ ခြင့္ျပဴသူ၏ ခြင့္ျပဳခ်က္အရ ဥပစာတြင္ ေနထိုင္ခြင့္ရသူကို ေခၚပါသည္ ။အခြင့္အမိန္႕အရ ေနထိုင္သူသည္ ခြင့္ျပဳခ်က္အရ ေနထိုင္သည့္ဥပစာတြင္ အက်ိဳးခံစားခြင့္ တစ္စံုတစ္ရာ မရွိႏိုင္ပါ ။ေရာင္းခ်ျခင္း ၊ ေပါင္နွံျခင္း ၊ အငွါးခ်ထားျခင္းတို႕တြင္ ဝယ္ယူသူ ၊ အေပါင္ခံသူနွင့္ ငွါးရမ္းသူတို႕သည္ ေရာင္းခ်သည့္ပစၥည္း ေပါင္နွံသည့္ပစၥည္း ၊ အငွါးခ်ထားသည့္ပစၥည္းတြင္ အက်ိဳးသက္ဆိုင္ခြင့္ကိုရရွိႏိုင္ၾကပါတယ္ ”

“ အခြင့္အမိန္႕အရ ေနထိုင္သူဟာ ခြင့္ျပဳခ်က္အရ ေနထိုင္စဥ္ လွ်ပ္စစ္မီတာအခြန္အခ ၊ စည္ပင္သာယာအခြန္အခမ်ားကို ေပးေဆာင္ရုံမွ်ျဖင့္ အခြင့္အမိန္႕အရ ေနထိုင္သည့္ ဥပစာတြင္ အက်ိဳးခံစာခြင့္ရရွိမည္ မဟုတ္ပါ ။အက်ိဳးခံစာခြင့္ မရွိပါက အခြင့္အမိန္႕အရ ေနထိုင္သူအျဖစ္မွ ေျပာင္းလဲသြားရန္ အေၾကာင္းမရွိပါ ”

“အခြင့္အမိန္႔အရ ေနထိုင္သူသည္ ခြင့္ျပဳခ်က္အရ ေနထိုင္သည့္ ပစၥည္းတြင္ အက်ိဳးသက္ဆိုင္ခြင့္ မရွိသျဖင့္ ခြင့္ျပဳသူက ၾကည္ျဖဴသေရႊသာ ထိုပစၥည္းေပၚ၌ ေနထိုင္ခြင့္ရွိသည္ ။ ခြင့္ျပဴသူသည္ ၄င္း၏ခြင့္ျပဳခ်က္ကို အခ်ိန္မေရြး ရပ္စဲႏိုင္တယ္ ။ ယင္းသို႕ ရပ္စဲလိုက္လွ်င္ အခြင့္အမိန္႕အရ ေနထိုင္သူသည္ ခြင့္ျပဳခ်က္အရ ေနထိုင္သည့္ပစၥည္းေပၚမွ မထြက္ခြာလိုေၾကာင္း မခုခံႏိုင္တဲ့အတြက္ ဖယ္ရွားေပးရမွာသာျဖစ္တယ္ ”

“ စီရင္ထံုးနဲ႕ေျပာရရင္ “ေဒၚေစာျမင့္ၾကည္နွင့္ ဦးျမင့္စိုးပါ ၂ ၊ ၂၀၀၀ ျပည့္နွစ္ ၊ တရားမအထူးအယူခံမႈ အမွတ္ ၁၈ ၊ ၂၀၀၁ ခုနွစ္ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထံုး ၊ စာ-၁၅၅ ” မွာဆိုရင္ အခြင့္အမိန္႕အရ ေနထိုင္သူသည္ ခြင့္ျပဳခ်က္အရ ေနထိုင္သည့္ဥပစာတြင္ အက်ိဳးခံစားခြင့္တစ္စံုတစ္ရာမရရွိျခင္း ၊ အခြင့္အမိန္႕အရ ေနထိုင္သူက လွ်ပ္စစ္မီတာခ ၊ စည္ပင္သာယာအခြန္အခမ်ားေပးသြင္းပါက ထိုသူအား အခြင့္အမိန္႕အရ ေနထိုင္သည္ဟု ဆိုႏိုင္ျခင္းရွိမရွိ ေျမး၀မ္းကြဲသာေတာ္စပ္သူသည္ ငယ္စဥ္က စ၍အခ်င္းျဖစ္ဥပစာတြင္ ေနထိုင္ခဲ့ျခင္းမရွိလွ်င္အိမ္သာတစ္ဦးအျဖစ္ ေနထိုင္ရာမေရာက္ျခင္းတို႕ကို ဆံုးျဖတ္ထားပါတယ္ ။”

“ အမႈျဖစ္စဥ္ကို သူငယ္ခ်င္း သိေအာင္ ေျပာျပရရင္ ေဒၚေစာျမင့္ၾကည္က ရန္ကုန္တိုင္း ၊ သာေကတျမိဳ႕နယ္ ၊ ၂/ေျမာက္ရပ္ကြက္ ၊ ဇဂၤမလမ္း ၊ ေျမကြက္ အမွတ္ ၂၁/က ၊ အိမ္အမွတ္ ၅၄ တြင္ မိဘမ်ားျဖစ္ၾကေသာ ဦးဘိုးတူ ၊ ေဒၚၾကည္တို႕နွင့္ အတူတကြ ေနထိုင္ၾကတယ္ ။မိဘမ်ားရွိစဥ္က ၁၉၈၀ ျပည့္နွစ္တြင္ တရားျပိဳင္ဦးစိုးျမင့္ ၊ ေဒၚခင္ေအးစန္းတို႕က လက္ထပ္ျပီးကာစျဖစ္၍ ေနထိုင္စရာမရွိသျဖင့္ ေမတၱာျဖင့္ ေနထိုင္ခြင့္ျပဳပါရန္ ေတာင္းခံလာေသာေၾကာင့္ တရားလို ေဒၚေစာျမင့္ၾကည္မိဘမ်ားပိုင္၏ ေအာက္ထပ္ေျခရင္းခန္းတြင္ ေနထိုင္ခြင့္ေပးခဲ့ပါတယ္ ။ ၁၉၉၃ ခုနွစ္တြင္ ေအာက္ထပ္ေခါင္းရင္းခန္းကိုပါ မိဘမ်ားက ေနထိုင္ျပဳခဲ့ျပန္ပါတယ္ ”

“ တရားလိုသည္ မိဘမ်ား၏ တစ္ဦးတည္းေသာ သမီးျဖစ္၍ မိဘမ်ားကြယ္လြန္ေသာအခါ မိဘမ်ားမွ တရားျပိဳင္တို႕အား ခြင့္ျပဴခ်က္ျဖင့္ ထားခဲ့ျခင္းကိုဆက္ခံခြင့္ရေၾကာင္း တရားလိုက ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ခြင့္ကို ရုပ္သိမ္းခဲ့ေၾကာင္းအဆိုျပဳတယ္ ” “ တရားျပိဳင္ ဦးျမင့္စိုးတို႕က ေဒၚခင္ေအးစန္းသည္ ကြယ္လြန္သူ ေဒၚၾကည္၏ေျမးျဖစ္ျပီး ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ျခင္းမဟုတ္ေၾကာင္း ၊ ဦးဘိုးတူ ၊ ေဒၚၾကည္တို႕၏ အေမြဆိုင္မ်ားျဖစ္၍ ဆိုင္ေရးဆိုင္ခြင့္အရ ေနထိုင္ျခင္းေၾကာင္း ေခ်ပတယ္ ”

“ ရန္ကုန္တိုင္းတရားရုံးက တရားလို ေဒၚေစာျမင့္ၾကည္သည္ ဦးဘိုးတူနွင့္ေဒၚၾကည္တို႕၏ သမီးရင္းျဖစ္ေၾကာင္း ၊ တရာလိုျပသက္ေသမ်ား၏ ထြက္ဆိုခ်က္အရ ၊ တရားျပိဳင္မ်ားသည္ ဦးဘိုးတူနွင့္တရားလိုတို႕ထံ ခြင့္ေတာင္၍ ေနထိုင္ျခင္းျဖစ္ေၾကာင္း ေထာက္ခံထားေသာေၾကာင့္ လည္းေကာင္း ၊ တရားျပိဳင္ ေဒၚခင္ေအးစန္းသည္ ဦးဘိုတူ၏ အိမ္ေထာင္စုဇယား၌ ပါရွိသူမ်ားမဟုတ္၍ အိမ္သာမ်ားအျဖစ္ ေနထိုင္သူမ်ား မဟုတ္ေၾကာင္း ၊ ထို႕ေၾကာင့္ တရားလိုတို႕သည္ တရားျပိဳင္တို႕အား အခ်င္းျဖစ္ဥပစာတြင္ ခြင့္ျပဳခ်က္ျဖင့္ ေနတိုင္ခြင့္ျပဳခဲ့သည္မွာ မွန္ကန္ေၾကာင္း ဆံုးျဖတ္ပါတယ္ ”

“ တရားရုံးခ်ဳပ္က ဦးျမင့္စိုးတိုု႕ လင္မယာသည္ အခ်င္းျဖစ္အိမ္၌ ေနထိုင္စဥ္မီတာခမ်ား ေပးသြင္း ရေၾကာင္း ၊ ေျမငွါးခအခြန္မ်ား ထမ္းေဆာင္ရေၾကာင္း ေတြ႕ရသည့္အတြက္ ၄င္းတို႕သည္ ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ေနထိုင္သည္ဆိုျခင္းထက္ ဦးဘိုးတူ ၊ ေဒၚၾကည္ ၊ ေဒၚေစာျမင့္ၾကည္တို႕နွင့္ မိသာစုအသြင္ ေနထိုင္ျခင္းျဖစ္သည္ဟု ယူဆခဲ့ပါတယ္ ”

“ တရားရုံးခ်ဳပ္၏ စီရင္ခ်က္နွင့္ဒီကရီကို ၁၉၈၈ ခုနစ္ ၊ တရားစီရင္ေရးဥပေဒပုဒ္မ ၆ အရ ျပန္လည္စစ္ေဆးစီရင္ေပးရန္ ေဒၚေစာျမင့္ၾကည္က ေလွ်ာက္ထား၍ အထူးအယူခံခံုရုံးျဖင့္ ၾကားနာရန္အထူးအယူခံဝင္ခြင့္ျပဳခဲ့တယ္ ”

“ ဆံုးျဖတ္ခ်က္မွာ ေဒၚခင္ေအးစန္းသည္ ေဒၚၾကည္၏သမီးမဟုတ္ ၊ ေျမးဝမ္းကြဲေတာ္စပ္ရုံသာရွိသည့္အျပင္ ၊ ငယ္စဥ္ကစ၍ အတူေနထိုင္လာသူမဟုတ္၍ ဦးဘိုးတူ ၊ ေဒၚၾကည္တို႕အိမ္ဥပစာတြင္ အိမ္သားတစ္ဦးအျဖစ္ ေနထိုင္ရာ မေရာက္ႏိုင္သည့္အျပင္ တရားရုံးခ်ဳပ္၏ သံုးသပ္ခ်က္သည္ မွန္ကန္သည္ဟု မဆိုႏိုင္ေခ် ။သို႕ျဖစ္၍ တရားရုံးခ်ဳပ္က တရားျပိဳင္မ်ားသည္ အခ်င္းျဖစ္ေနအိမ္ ဥပစာေအာက္ထပ္၌ ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ေနထိုင္သည္ဆိုျခင္းထက္ ၊ မိသာစုအသြင္ ေနထို္င္ျခင္းျဖစ္သည္ဟု ေကာက္ယူဆံုးျဖတ္မႈသည္ မွန္ကန္မႈ မရွိေၾကာင္းနွင့္ ေျမဝမ္းကြဲေတာ္စပ္သူ က ဘိုးဘြားမ်ားအိမ္တြင္ေနထိုင္စဥ္ အခါအားေလ်ာ္စြာ မီတာခမ်ား ၊ ေျမငွါးအခြန္မ်ား ထမ္းေဆာင္ေပးျခင္းသည္ ၊ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္ျခင္း မဟုတ္ဘဲ မိသာစုအသြင္ေနထိုင္သည့္အေထာက္အထားမျဖစ္ႏိုင္ေၾကာင္း ဆံုးျဖတ္ကာ ဤအထူးအယူခံမႈကို ခြင့္ျပဳျပီးတရားရုံးခ်ဳပ္၏ စီရင္ခ်က္နွင့္ ဒီကရီကိုပယ္ဖ်က္ကာ တိုင္းတရားရုံး၏ စီရင္ခ်က္နွင့္ ဒီကရီကို ျပန္လည္အတည္ျပဳလိုက္ပါတယ္ ” “ အဲဒီစီရင္ထံုအရ ဦးျမင့္စိုး ၊ ေဒၚခင္ေအးစန္းတို႕လည္း ဥပစာမွ ထြက္ခြာေပးလိုက္ရတယ္ ၊ မိမိုးေရ ၊ သူငယ္ခ်င္းလည္း ဒီပံုစံအတိုင္းပဲေပါ့ကြယ္ ”

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ၾကယ္နီေလး (ဥပေဒ) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service