ရေလမ်းခရီးက သွားတော့မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်သွားရမလဲ။ ။

ရေလမ်းခရီးက သွားတော့မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင်သွားရမလဲ။ ။ - Property Knowledge in Myanmar from iMyanmarHouse.com
8 Jan 2021 3:20 pm တွင် တင်ခဲ့သည်
794 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode] ကား လေယာဉ်တွေနဲ့ သွားရင် ဘာတွေ ပြင်ဆင်သွားရမလဲ၊ ဘာတွေ သတိထားရမလဲဆိုတာ အားလုံးသိပြီးကြပြီဖြစ်ပေမယ့် အသွားနည်းကြတဲ့ ရေလမ်းခရီးကသွားရင်ရော ကိုယ့်ဘက်က ဘာတွေကြိုပြင်ဆင်သွားရမလဲ ။ သင်္ဘောတွေ မြုပ်ကြ၊ စက်လှေတွေ ရေနစ်ကြတာကလည်း သိပ်မရှားတော့ ရှောင်လွဲလို့ မရဘဲ ရေလမ်းခရီးကနေသွားရတော့မယ်ဆိုရင် ဒါမျိုးလေးတွေ ပြင်ဆင်သွားစေချင်ပါတယ်။ ။

ကြိုမမြင်နိုင်တဲ့ အရာတွေအတွက် ပြင်ဆင်ထားရမယ့်အချက်များ ။ ။

ခရီးဆောင်အိတ်ထဲမှာ

* ကိုယ့်ခရီးဆောင်အိတ်ထဲမှာ လှိုင်းမူးရင် သောက်ရမယ့် ဆေးတွေ မပါမဖြစ်ဆောင်သွားပါ။

* အင်္ကျီကို ပေါ့ပေါ့ပါးပါးပဲ ဝတ်သွားပါ။ ရေစိုရင်လေးမယ့် အင်္ကျီတွေမဝတ်ပါနဲ့။ ။

* ရေလမ်းခရီးသွားမယ်ဆိုမှတော့ ကိုယ်က ရေကူးတတ်ထားဖို့ အရေးကြီးပါတယ်။

* အရေးပေါ် အဆာပြေစားဖို့ မုန့်ခြောက်တွေလည်း အိတ်ထဲ ဆောင်သွားပါ။ ရေသန့်လည်း ၂ ဘူးလောက်ဆောင်သွားပါ။

သင်္ဘောပေါ်ရောက်လျှင်

* သဘောံပေါ် ရောက်ရောက်ချင်း အရေးအကြီးဆုံးကတော့ သက်ကယ်အင်္ကျီဘယ်မှာထားလဲ၊ သက်ကယ်လှေ ဘယ်မှာလဲဆိုတာ အရင်ရှာထားပါ။

* မတော်လို့ သင်္ဘောနစ်ရင် ဖက်တွယ်ထားရမယ့် ရေပေါ်ပေ်နိုင်တဲ့ ပစ္စည်းတွေ ထားတဲ့နေရာကို ကြိုရှာထားပါ။

* လှိုင်းအရမ်းကြမ်းရင် သင်္ဘောဝမ်းထဲပဲ ဝင်နေပါ။ မထိခိုက်မိစေဖို့ တန်းတစ်ခုခုကို ကိုင်ထားပါ။

အရေးပေါ် တစ်ခုခုဖြစ်လာခဲ့ရင်

* ဥသြဆွဲသံကို သေချာနားထောင်ပါ။ ဥသြအသံ အတို ၇ခု ဆက်တိုက် ဆွဲပြီး အသံရှည်ကြီး ထပ် ဆွဲရင်တော့ ဒါ အရေးပေါ် အခြေအနေဖြစ်နေပြီဆိုတာကို ပြောတာပါ။

* အရေးပေါ် ဖြစ်နေတာ သေချာသွားပြီဆို ကြောက်စိတ်ကို ဘေးချိတ်ပြီး စိတ်ကို အေးအေးထားပါ။

* သင်္ဘောဝမ်းအတွင်းပြေးဝင်ပြီး နေမယ့်အစား ကုန်းပတ်ပေါ်မှာ နေပြီး အခြေအနေကို သေချာလေ့လာပါ။

* မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်များကို ကိုယ်နဲ့ မကွာဆောင်ထားနိုင်ရင် အကောင်းဆုံးပါ။

* အရေးပေါ် အခြေအနေမှာ ကလေး ၊ လူကြီး၊ အမျိုးသမီးတို့ကို ဦးစားပေး ဂရုစိုက်ပါ။

* အသက်ကယ်အင်္ကျီီရှိရာဆီ အမြန်သွားပြီး အင်္ကျီကို ဝတ်ပါ။ သက်ကယ် ဘောကွင်းကိုရှာပါ။ တစ်ခြားရေပေါ်ပေါ်နိုင်တဲ့ ပစ္စည်းတွေကိုရှာပါ။

* စိတ်ထင်ရာ လျှောက်မလုပ်ဘဲ သင်္ဘောသား၊ ကပ္ပတိန်တို့ လမ်းညွှန်မှု အတိုင်း သေချာလိုက်နာပါ။

* ကိုယ့်ဘေးနားက အဖော်အပေါင်းတို့ကိုလည်း အားပေးပါ။

* သင်္ဘောစောင်းသွားရင် ကုန်းပတ်ပေါ်ကနေ ပြုတ်ကျသွားနိုင်တဲ့အတွက် တစ်ခုခုကိုကိုင်ထားပါ။

*ရေအရှိန်နဲ့ ဝင်လာပြီး ကိုယ့်ကို ထိမှန်စေနိုင်တဲ့ ပစ္စည်းတွေကို သတိနဲ့ ရှောင်ပါ။

* ဒဏ်ရာ တစ်ခုခုရသွားပြီဆိုရင်သွေးထွက်မလွန်စေဖို့သေချာအဝတ်နဲ့ စည်းထားပါ။

သင်္ဘောမြုပ်ပြီဆိုရင်

* သက်ကယ်လှေရေထဲချပြီဆိုတာနဲ့ သက်ကယ်လှေရှိရာဆီ အမြန်သွားပါ။ သက်ကယ်လှေ ဆီ မရောက်နိုင်တော့ဘူးဆိုရင် ရေပေါ်ပေါ်နိုင်တဲ့ ပစ္စည်းတစ်ခုခုကို ဖက်တွယ်ထားပြီး ရေထဲခုန်ချပါ။

* ရေလည်းကူးတတ်တယ် ၊ သက်ကယ်လှေကလည်း မဝေးသေးဘူးဆိုရင် သင်္ဘောမြုပ်တဲ့ နေရာနဲ့ ဝေးလောက်တဲ့ ရေထဲ အမြန်ခုန်ချသွားပြီး သက်ကယ်လှေဆီကူးသွားပါ။ ကိုယ့်လာနေပြီဆိုတာသိဖို့အတွက် အသံထွက်ပြီး အကူအညီတောင်းပါ။

* သက်ကယ်လှေဆီရောက်သွားပြီဆိုတာနဲ့ အသက်ချက်ချင်းဆုံးရှုံးမယ့် ဘေးကနေ ကင်းဝေသွားပြီမို့ စိတ်ကိုအေးအေးထားပြီး လာရောက်ကယ်ဆယ်မယ့်သူများကို စောင့်ပါ။

ဘယ်လောက်ပဲ ရေထဲမမြုပ်ဘူးလို့ ကြွေးကြော်ထားတဲ့ တိုင်တန်းနစ် သင်္ဘောကြီးတောင် ရေထဲနစ်သွားသေးတာပဲ။ ကိုယ့်တွေစီးနေတဲ့ သင်္ဘောလည်း အခန့်မသင့်ရင် တစ်ခုခုဖြစ်သွားနိုင်တဲ့အတွက် ဘယ်ခရီးပဲသွားသွား သတိတစ်လုံးအစဉ်သုံးပြီး ပြင်ဆင်သွားစေချင်ပါတယ်။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

ေရလမ္းခရီးက သြားေတာ့မယ္ဆိုရင္ ဘာေတြ ႀကိဳတင္ျပင္ဆင္သြားရမလဲ။ ။

ကား ေလယာဥ္ေတြနဲ႔ သြားရင္ ဘာေတြ ျပင္ဆင္သြားရမလဲ၊ ဘာေတြ သတိထားရမလဲဆိုတာ အားလုံးသိၿပီးၾကျပီျဖစ္ေပမယ့္ အသြားနည္းၾကတဲ့ ေရလမ္းခရီးကသြားရင္ေရာ ကိုယ့္ဘက္က ဘာေတြႀကိဳျပင္ဆင္သြားရမလဲ ။ သေဘၤာေတြ ျမဳပ္ၾက၊ စက္ေလွေတြ ေရနစ္ၾကတာကလည္း သိပ္မ႐ွားေတာ့ ေ႐ွာင္လြဲလို႔ မရဘဲ ေရလမ္းခရီးကေနသြားရေတာ့မယ္ဆိုရင္ ဒါမ်ိဳးေလးေတြ ျပင္ဆင္သြားေစခ်င္ပါတယ္။ ။

ႀကိဳမျမင္ႏိုင္တဲ့ အရာေတြအတြက္ ျပင္ဆင္ထားရမယ့္အခ်က္မ်ား ။ ။

ခရီးေဆာင္အိတ္ထဲမွာ

* ကိုယ့္ခရီးေဆာင္အိတ္ထဲမွာ လိႈင္းမူးရင္ ေသာက္ရမယ့္ ေဆးေတြ မပါမျဖစ္ေဆာင္သြားပါ။

* အက်ီၤကို ေပါ့ေပါ့ပါးပါးပဲ ဝတ္သြားပါ။ ေရစိုရင္ေလးမယ့္ အက်ီၤေတြမဝတ္ပါနဲ႔။ ။

* ေရလမ္းခရီးသြားမယ္ဆိုမွေတာ့ ကိုယ္က ေရကူးတတ္ထားဖို႔ အေရးႀကီးပါတယ္။

* အေရးေပၚ အဆာေျပစားဖို႔ မုန္႔ေျခာက္ေတြလည္း အိတ္ထဲ ေဆာင္သြားပါ။ ေရသန္႔လည္း ၂ ဘူးေလာက္ေဆာင္သြားပါ။

သေဘၤာေပၚေရာက္လွ်င္

* သေဘာံေပၚ ေရာက္ေရာက္ခ်င္း အေရးအႀကီးဆုံးကေတာ့ သက္ကယ္အက်ႌဘယ္မွာထားလဲ၊ သက္ကယ္ေလွ ဘယ္မွာလဲဆိုတာ အရင္႐ွာထားပါ။

* မေတာ္လို႔ သေဘၤာနစ္ရင္ ဖက္တြယ္ထားရမယ့္ ေရေပၚေ ပၚႏိုင္တဲ့ ပစၥည္းေတြ ထားတဲ့ေနရာကို ႀကိဳ႐ွာထားပါ။

* လိႈင္းအရမ္းၾကမ္းရင္ သေဘၤာဝမ္းထဲပဲ ဝင္ေနပါ။ မထိခိုက္မိေစဖို႔ တန္းတစ္ခုခုကို ကိုင္ထားပါ။

အေရးေပၚ တစ္ခုခုျဖစ္လာခဲ့ရင္

* ဥၾသဆြဲသံကို ေသခ်ာနားေထာင္ပါ။ ဥၾသအသံ အတို ၇ခု ဆက္တိုက္ ဆြဲၿပီး အသံ႐ွည္ႀကီး ထပ္ ဆြဲရင္ေတာ့ ဒါ အေရးေပၚ အေျခအေနျဖစ္ေနၿပီဆိုတာကို ေျပာတာပါ။

* အေရးေပၚ ျဖစ္ေနတာ ေသခ်ာသြားၿပီဆို ေၾကာက္စိတ္ကို ေဘးခ်ိတ္ၿပီး စိတ္ကို ေအးေအးထားပါ။

* သေဘၤာဝမ္းအတြင္းေျပးဝင္ၿပီး ေနမယ့္အစား ကုန္းပတ္ေပၚမွာ ေနၿပီး အေျခအေနကို ေသခ်ာေလ့လာပါ။

* မွတ္ပုံတင္၊ ႏိုင္ငံကူးလက္မွတ္မ်ားကို ကိုယ္နဲ႔ မကြာေဆာင္ထားႏိုင္ရင္ အေကာင္းဆုံးပါ။

* အေရးေပၚ အေျခအေနမွာ ကေလး ၊ လူႀကီး၊ အမ်ိဳးသမီးတို႔ကို ဦးစားေပး ဂ႐ုစိုက္ပါ။

* အသက္ကယ္အက်ီႌ႐ွိရာဆီ အျမန္သြားၿပီး အက်ႌကို ဝတ္ပါ။ သက္ကယ္ ေဘာကြင္းကို႐ွာပါ။ တစ္ျခားေရေပၚေပၚႏိုင္တဲ့ ပစၥည္းေတြကို႐ွာပါ။

* စိတ္ထင္ရာ ေလွ်ာက္မလုပ္ဘဲ သေဘၤာသား၊ ကပၸတိန္တို႔ လမ္းၫႊန္မႈ အတိုင္း ေသခ်ာလိုက္နာပါ။

* ကိုယ့္ေဘးနားက အေဖာ္အေပါင္းတို႔ကိုလည္း အားေပးပါ။

* သေဘၤာေစာင္းသြားရင္ ကုန္းပတ္ေပၚကေန ျပဳတ္က်သြားႏိုင္တဲ့အတြက္ တစ္ခုခုကိုကိုင္ထားပါ။

*ေ ရအ႐ွိန္နဲ႔ ဝင္လာၿပီး ကိုယ့္ကို ထိမွန္ေစႏိုင္တဲ့ ပစၥည္းေတြကို သတိနဲ႔ ေ႐ွာင္ပါ။

* ဒဏ္ရာ တစ္ခုခုရသြားၿပီဆိုရင္ေသြးထြက္မလြန္ေစဖို႔ေသခ်ာအဝတ္နဲ႔ စည္းထားပါ။

သေဘၤာျမဳပ္ၿပီဆိုရင္

* သက္ကယ္ေလွေရထဲခ်ၿပီဆိုတာနဲ႔ သက္ကယ္ေလွ႐ွိရာဆီ အျမန္သြားပါ။ သက္ကယ္ေလွ ဆီ မေရာက္ႏိုင္ေတာ့ဘူးဆိုရင္ ေရေပၚေပၚႏိုင္တဲ့ ပစၥည္းတစ္ခုခုကို ဖက္တြယ္ထားၿပီး ေရထဲခုန္ခ်ပါ။

* ေရလည္းကူးတတ္တယ္ ၊ သက္ကယ္ေလွကလည္း မေဝးေသးဘူးဆိုရင္ သေဘၤာျမဳပ္တဲ့ ေနရာနဲ႔ ေဝးေလာက္တဲ့ ေရထဲ အျမန္ခုန္ခ်သြားၿပီး သက္ကယ္ေလွဆီကူးသြားပါ။ ကိုယ့္လာေနၿပီဆိုတာသိဖို႔အတြက္ အသံထြက္ၿပီး အကူအညီေတာင္းပါ။

* သက္ကယ္ေလွဆီေရာက္သြားၿပီဆိုတာနဲ႔ အသက္ခ်က္ခ်င္းဆုံး႐ႈံးမယ့္ ေဘးကေန ကင္းေဝသြားၿပီမို႔ စိတ္ကိုေအးေအးထားၿပီး လာေရာက္ကယ္ဆယ္မယ့္သူမ်ားကို ေစာင့္ပါ။

ဘယ္ေလာက္ပဲ ေရထဲမျမဳပ္ဘူးလို႔ ေႂကြးေၾကာ္ထားတဲ့ တိုင္တန္းနစ္ သေဘၤာႀကီးေတာင္ ေရထဲနစ္သြားေသးတာပဲ။ ကိုယ့္ေတြစီးေနတဲ့ သေဘၤာလည္း အခန္႔မသင့္ရင္ တစ္ခုခုျဖစ္သြားႏိုင္တဲ့အတြက္ ဘယ္ခရီးပဲသြားသြား သတိတစ္လုံးအစဥ္သုံးၿပီး ျပင္ဆင္သြားေစခ်င္ပါတယ္။ ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service