Covid 19 နှင့်ပတ်သတ်၍ နိုင်ငံတော်မှ ထုတ်ပြန်သည့်စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်သဖြင့် အရေးယူခံရလျှင် ထောင်ဒဏ်မည်မျှချမှတ်ခံရနိုင်လဲ ...?

Covid 19 နှင့်ပတ်သတ်၍ နိုင်ငံတော်မှ ထုတ်ပြန်သည့်စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်သဖြင့် အရေးယူခံရလျှင် ထောင်ဒဏ်မည်မျှချမှတ်ခံရနိုင်လဲ ...? - Property Knowledge in Myanmar from iMyanmarHouse.com
7 Jan 2021 12:34 pm တွင် တင်ခဲ့သည်
553 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

Covid 19 နှင့်ပတ်သတ်၍ နိုင်ငံတော်မှ ထုတ်ပြန်သည့်စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက် ကျူးလွန်လျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူဖမ်းဆီခံရမည်ဖြစ်ပါသည်။ ထိုသို့ ဖမ်းဆီးခံရပါက ထောင်ဒဏ် မည်မျှချမှတ်ခံရနိုင်သလဲဆိုတာကို ဥပဒေကြောင်းအရ ဗဟုသုတရစေရန် ရေးသားဖော်ပြပေးပါမည်။

မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစ်စုံတစ်ရာ ကျရောက်နိုင်သည်ကိုသိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် လျှင် (သို့မဟုတ်) ဖြစ်ပေါ်စေရန်အကြောင်းရှိသည်ကို သိလျက် ပွဲလမ်းသဘင်ကျင်းပခြင်း၊ night club၊ စင်တင်တေးဂီတဆိုင်များ (KTV)၊ စားသောက်ဆိုင်များ၊ လူစုလူဝေးဖြစ်စေသည့် အခမ်းအနားများကို ပြုလုပ် ကျင်းပလျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၅ အရ အရေးယူအမှုဖွင့်လှစ်ခြင်းခံရပြီး ထိုသူသည် သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင်ငွေဒဏ်လည်း ချမှတ်ခြင်းခံရနိုင်သည်။

မည်သူမဆို အောက်ဖော်ပြပါ ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှုတစ်ရပ်ရပ်ကို ကျူးလွန် ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀ အရ အရေးယူအမှုဖွင့်လှစ်ခြင်းခံရပြီး ထိုသူသည် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ချမှတ် ရမည်။

- သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ဤဥပဒေအရ တာဝန်ပေး အပ်ခြင်း ခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ခြင်း။

- သဘာဝဘေးအန္တရာယ်ကျရောက်သည့်နေရာ (သို့မဟုတ်) အဆောက်အအုံအတွင်းသို့ ခွင့်ပြုချက် မရှိဘဲဝင်ရောက်ခြင်း။

- ဘေးသင့်သူများအား ထောက်ပံ့သည့် စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည် ထူထောင်ရေး ပစ္စည်းများကို မရိုးမဖြောင့်သောသဘောဖြင့်အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်း၊ တားဆီးခြင်း (သို့မဟုတ်) ဖျက်ဆီးခြင်း။

- ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ထံ သဘာဝ ဘေးအန္တရာယ် ခံစားရသည်ဟု မဟုတ်မမှန်လိမ်လည်၍ စားရေရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးပစ္စည်း များကိုဖြစ်စေ၊ ထောက်ပံ့ငွေကိုဖြစ်စေ တင်ပြတောင်းခံခြင်း။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အရေးယူခံရပါက အထက်ပါအတိုင်း ပြစ်ဒဏ် အသီးသီးချမှတ်ခံရမှာဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် Covid 19 နှင့်ပတ်သတ်၍ နိုင်ငံတော်မှ ထုတ်ပြန် သည့်စည်းမျဉ်းစည်းကမ်းများကို တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် ရောဂါဆိုးကြီးအမြန်ကင်းရှင်းအောင် လိုက်နာဆောင်ရွက်ပေးကျပါရန် နှိုးဆော်လိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

Covid 19 ႏွင့္ပတ္သတ္၍ ႏိုင္ငံေတာ္မွ ထုတ္ျပန္သည့္စည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္က်ဴးလြန္သျဖင့္ အေရးယူခံရလွ်င္ ေထာင္ဒဏ္မည္မွ်ခ်မွတ္ခံရႏိုင္လဲ ...?

Covid 19 ႏွင့္ပတ္သတ္၍ ႏိုင္ငံေတာ္မွ ထုတ္ျပန္သည့္စည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္ က်ဴးလြန္လွ်င္ သဘာဝေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဥပေဒျဖင့္ အေရးယူဖမ္းဆီခံရမည္ျဖစ္ပါသည္။ ထိုသို႔ ဖမ္းဆီးခံရပါက ေထာင္ဒဏ္ မည္မွ်ခ်မွတ္ခံရနိုင္သလဲဆိုတာကို ဥပေဒေၾကာင္းအရ ဗဟုသုတရေစရန္ ေရးသားေဖာ္ျပေပးပါမည္။

မည္သူမဆို ဆန္းစစ္ခ်က္မျပဳလုပ္ဘဲ ေပါ့ဆစြာေဆာင္႐ြက္မႈ တစ္ခုခုေၾကာင့္ျဖစ္ေစ၊ ေဘးအႏၲရာယ္ တစ္စုံတစ္ရာ က်ေရာက္ႏိုင္သည္ကိုသိလ်က္ႏွင့္ တမင္ျပဳလုပ္မႈေၾကာင့္ျဖစ္ေစ၊ သဘာဝေဘးအႏၲရာယ္ ျဖစ္ေပၚ လွ်င္ (သို႔မဟုတ္) ျဖစ္ေပၚေစရန္အေၾကာင္း႐ွိသည္ကို သိလ်က္ ပြဲလမ္းသဘင္က်င္းပျခင္း၊ night club၊ စင္တင္ေတးဂီတဆိုင္မ်ား (KTV)၊ စားေသာက္ဆိုင္မ်ား၊ လူစုလူေဝးျဖစ္ေစသည့္ အခမ္းအနားမ်ားကို ျပဳလုပ္ က်င္းပလွ်င္ သဘာဝေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဥပေဒပုဒ္မ-၂၅ အရ အေရးယူအမႈဖြင့္လွစ္ျခင္းခံရၿပီး ထိုသူသည္ သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္ အျပင္ေငြဒဏ္လည္း ခ်မွတ္ျခင္းခံရႏိုင္သည္။

မည္သူမဆို ေအာက္ေဖာ္ျပပါ ျပဳလုပ္မႈ (သို႔မဟုတ္) ပ်က္ကြက္မႈတစ္ရပ္ရပ္ကို က်ဴးလြန္ ေၾကာင္းျပစ္မႈထင္႐ွား စီရင္ျခင္းခံရလွ်င္ သဘာဝေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဥပေဒပုဒ္မ-၃၀ အရ အေရးယူအမႈဖြင့္လွစ္ျခင္းခံရၿပီး ထိုသူသည္ တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ ရပ္လုံးျဖစ္ေစ ခ်မွတ္ ရမည္။

- သဘာဝေဘးအႏၲရာယ္ ဆိုင္ရာစီမံခန္႔ခြဲမႈတစ္ရပ္ရပ္ကို ေဆာင္႐ြက္ရန္ ဤဥပေဒအရ တာဝန္ေပး အပ္ျခင္း ခံရသည့္ဌာန၊ အဖြဲ႕အစည္း သို႔မဟုတ္ ပုဂၢိဳလ္၏ၫႊန္ၾကားခ်က္တစ္ရပ္ရပ္ကို လိုက္နာရန္ တမင္ပ်က္ကြက္ျခင္း။

- သဘာဝေဘးအႏၲရာယ္က်ေရာက္သည့္ေနရာ (သို႔မဟုတ္) အေဆာက္အအုံအတြင္းသို႔ ခြင့္ျပဳခ်က္ မ႐ွိဘဲဝင္ေရာက္ျခင္း။

- ေဘးသင့္သူမ်ားအား ေထာက္ပံ့သည့္ စားေရရိကၡာႏွင့္ ကယ္ဆယ္ေရးပစၥည္းမ်ား၊ ျပန္လည္ ထူေထာင္ေရး ပစၥည္းမ်ားကို မ႐ိုးမေျဖာင့္ေသာသေဘာျဖင့္အသုံးျပဳျခင္း၊ ေရာင္းဝယ္ျခင္း၊ တားဆီးျခင္း (သို႔မဟုတ္) ဖ်က္ဆီးျခင္း။

- ဤဥပေဒအရ တာဝန္ေပးအပ္ျခင္းခံရသည့္ ဌာန၊ အဖြဲ႕အစည္း သို႔မဟုတ္ ပုဂၢိဳလ္ထံ သဘာဝ ေဘးအႏၲရာယ္ ခံစားရသည္ဟု မဟုတ္မမွန္လိမ္လည္၍ စားေရရိကၡာႏွင့္ ကယ္ဆယ္ေရးပစၥည္းမ်ား၊ ျပန္လည္ထူေထာင္ေရးပစၥည္း မ်ားကိုျဖစ္ေစ၊ ေထာက္ပံ့ေငြကိုျဖစ္ေစ တင္ျပေတာင္းခံျခင္း။

သဘာဝေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဥပေဒအရ အေရးယူခံရပါက အထက္ပါအတုိင္း ျပစ္ဒဏ္ အသီးသီးခ်မွတ္ခံရမွာျဖစ္သည့္အတြက္ ျပည္သူမ်ားအေနျဖင့္ Covid 19 ႏွင့္ပတ္သတ္၍ ႏိုင္ငံေတာ္မွ ထုတ္ျပန္ သည့္စည္းမ်ဥ္းစည္းကမ္းမ်ားကို တာဝန္သိျပည္သူတစ္ေယာက္အေနျဖင့္ ေရာဂါဆိုးႀကီးအျမန္ကင္းရွင္းေအာင္ လိုက္နာေဆာင္ရြက္ေပးက်ပါရန္ ႏိႈးေဆာ္လိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service