ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်အား စုံစမ်းမည့် WHO အဖွဲ့ကို တရုတ်အဝင်မခံ

ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်အား စုံစမ်းမည့် WHO အဖွဲ့ကို တရုတ်အဝင်မခံ - Property News in Myanmar from iMyanmarHouse.com
6 Jan 2021 12:08 pm တွင် တင်ခဲ့သည်
1364 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ ဇာတ်မြစ်ဇာတိကို စုံစမ်းစစ်ဆေးမည့် အဖွဲ့တစ်ဖွဲ့ ဆိုက်ရောက်မှုအား တရုတ်နိုင်ငံက တားမြစ်လိုက်ကြောင်း ကုလသမဂ္ဂ၏ကျန်းမာရေးအဖွဲ့အစည်းဖြစ်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ခဲ့သည်။

WHO ၏ သိပ္ပံပညာရှင်နှစ်ဦးသည် တရုတ်နိုင်ငံ ဝူဟန်မြို့သို့ ထွက်ခွါသွားခဲ့ပြီဖြစ်ကာ သူတို့ ဝူဟန်သို့ ဆိုက်ရောက်သည့်အခါ တရုတ်အစိုးရတာဝန်ရှိသူများက နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မပြုကြောင်း WHO ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂေဘရီယက်စ်ဆက်က ပြောကြားခဲ့သည်။

ထိုခရီးစဉ်အတွက် WHO သည် တရုတ်နှင့် ကြိုတင်ကာ အပြန်အလှန်သဘောတူညီမှုရရှိထားခဲ့ပြီးဖြစ်သည်။

“ကျွန်တော် ဒီသတင်းကို သိပ်စိတ်ပျက်မိတယ်” ဟု တက်ဒရော့စ်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဇန်နဝါရီလ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတစ်ခုသို့ ပြောကြားခဲ့သည်။ “ကျွန်တော် တရုတ်အကြီးတန်းအစိုးရတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီးပါပြီ၊ ပြီးတော့လည်း ဒီမစ်ရှင်က WHO နဲ့ နိုင်ငံတကာအဖွဲ့အတွက် ဦးစားပေးကိစ္စဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် နောက်တစ်ခါ ထပ်ပြောပြီးပါပြီ။” ဟုလည်း ပြောကြားခဲ့သည်။

WHO သည် ထိုမစ်ရှင်အား တတ်နိုင်သမျှအမြန်ဆုံး ခရီးရောက်ရန် စိတ်အားထက်သန်နေကြောင်း တက်ဒရော့စ်၏ အဆိုအရ သိရသည်။

၎င်းသိပ္ပံပညာရှင်နှစ်ဦး၏ ပြည်ဝင်ခွင့်ဗီဇာများတွင် ပြဿနာတစ်ခုရှိနေခဲ့ကာ တစ်ဦးမှာ နေရပ်သို့ပင် ပြန်ရောက်နေခဲ့ပြီးဖြစ်ပြီး ကျန်တစ်ဦးမှာ တတိယနိုင်ငံတစ်နိုင်ငံတွင် စောင့်ဆိုင်းနေကြောင်း WHO ၏ ကျန်းမာရေးအရေးပေါ်အစီအစဉ်၏ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ မိုက်ကယ်ရိုင်ယန်က ပြောကြားခဲ့သည်။

WHO တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ဝူဟန်မြို့၌ ပထမဆုံးစတင်တွေ့ရှိခဲ့ပြီး မည်သည်မှန်း မသိရသေးသော လက်ခံမျိုးစိတ်မှ လူသို့ ခုန်ကူးသွားခဲ့ခြင်းဖြစ်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ်၏ ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးရန် အဓိကနေရာများသို့ နိုင်ငံတကာသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့အား ဝင်ရောက်ခွင့်ပြုရန် တရုတ်အစိုးရနှင့် အချိန်အတန်ကြာကတည်းက ဆွေးနွေးညှိနှိုင်းလာခဲ့ခြင်းဖြစ်သည်။

နိုင်ငံ ၁၀၀ ကျော်မှ သဘောတူလက်မှတ်ရေးထိုးထားသည့် ဆုံးဖြတ်ချက်တစ်ရပ်က လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတစ်ခုကို တောင်းဆိုပြီးနောက် ၎င်းကပ်ရောဂါကို ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်ဖြေရှင်းရေးအတွက် စုံစမ်းစစ်ဆေးရန် မေတွင် WHO က သဘောတူခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုစတင်ခဲ့ကတည်းက တဖြည်းဖြည်းပျံ့နှံ့လာကာ ကမ္ဘာတစ်ဝန်းတွင် ၎င်းကိုရိုနာဗိုင်းရပ်စ်အား ကူးစက်ခံရသူ ၈၆ သန်းကျော် ရှိပြီဖြစ်ကာ ထိုဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ ဒသမ ၈ သန်းကျော်နှင့် ပြန်လည်ကောင်းမွန်လာသူ ၆၁ သန်းကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: WHO team blocked from entering China to study origins of coronavirus (CNN)

[Zawgyi]

ကို႐ိုနာဗိုင္းရပ္စ္၏ ဇာစ္ျမစ္အား စုံစမ္းမည့္ WHO အဖြဲ႕ကို တ႐ုတ္အဝင္မခံ

ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါ၏ ဇာတ္ျမစ္ဇာတိကို စုံစမ္းစစ္ေဆးမည့္ အဖြဲ႕တစ္ဖြဲ႕ ဆိုက္ေရာက္မႈအား တ႐ုတ္ႏိုင္ငံက တားျမစ္လိုက္ေၾကာင္း ကုလသမဂၢ၏က်န္းမာေရးအဖြဲ႕အစည္းျဖစ္ေသာ ကမ႓ာ့က်န္းမာေရးအဖြဲ႕ (WHO) က ထုတ္ျပန္ခဲ့သည္။

WHO ၏ သိပၸံပညာ႐ွင္ႏွစ္ဦးသည္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕သို႔ ထြက္ခြါသြားခဲ့ၿပီျဖစ္ကာ သူတို႔ ဝူဟန္သို႔ ဆိုက္ေရာက္သည့္အခါ တ႐ုတ္အစိုးရတာဝန္႐ွိသူမ်ားက ႏိုင္ငံအတြင္းသို႔ ဝင္ေရာက္ခြင့္မျပဳေၾကာင္း WHO ၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ တက္ဒေရာ့စ္ အက္ဒမ္ႏြမ္ ေဂဘရီယက္စ္ဆက္က ေျပာၾကားခဲ့သည္။

ထိုခရီးစဥ္အတြက္ WHO သည္ တ႐ုတ္ႏွင့္ ႀကိဳတင္ကာ အျပန္အလွန္သေဘာတူညီမႈရ႐ွိထားခဲ့ၿပီးျဖစ္သည္။

“ကြၽန္ေတာ္ ဒီသတင္းကို သိပ္စိတ္ပ်က္မိတယ္” ဟု တက္ဒေရာ့စ္က ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕တြင္ ဇန္နဝါရီလ ၅ ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ေသာ သတင္းစာ႐ွင္းလင္းပြဲတစ္ခုသို႔ ေျပာၾကားခဲ့သည္။ “ကြၽန္ေတာ္ တ႐ုတ္အႀကီးတန္းအစိုးရတာဝန္႐ွိသူေတြနဲ႔ ဆက္သြယ္ၿပီးပါၿပီ၊ ၿပီးေတာ့လည္း ဒီမစ္႐ွင္က WHO နဲ႔ ႏိုင္ငံတကာအဖြဲ႕အတြက္ ဦးစားေပးကိစၥဆိုတာကို ႐ွင္း႐ွင္းလင္းလင္းသိေအာင္ ေနာက္တစ္ခါ ထပ္ေျပာၿပီးပါၿပီ။” ဟုလည္း ေျပာၾကားခဲ့သည္။

WHO သည္ ထိုမစ္႐ွင္အား တတ္ႏိုင္သမွ်အျမန္ဆုံး ခရီးေရာက္ရန္ စိတ္အားထက္သန္ေနေၾကာင္း တက္ဒေရာ့စ္၏ အဆိုအရ သိရသည္။

၎သိပၸံပညာ႐ွင္ႏွစ္ဦး၏ ျပည္ဝင္ခြင့္ဗီဇာမ်ားတြင္ ျပႆနာတစ္ခု႐ွိေနခဲ့ကာ တစ္ဦးမွာ ေနရပ္သို႔ပင္ ျပန္ေရာက္ေနခဲ့ၿပီးျဖစ္ၿပီး က်န္တစ္ဦးမွာ တတိယႏိုင္ငံတစ္ႏိုင္ငံတြင္ ေစာင့္ဆိုင္းေနေၾကာင္း WHO ၏ က်န္းမာေရးအေရးေပၚအစီအစဥ္၏ အမႈေဆာင္ၫႊန္ၾကားေရးမႉး ေဒါက္တာ မိုက္ကယ္႐ိုင္ယန္က ေျပာၾကားခဲ့သည္။

WHO တာဝန္႐ွိသူမ်ားသည္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာတြင္ ဝူဟန္ၿမိဳ႕၌ ပထမဆုံးစတင္ေတြ႕႐ွိခဲ့ၿပီး မည္သည္မွန္း မသိရေသးေသာ လက္ခံမ်ိဳးစိတ္မွ လူသို႔ ခုန္ကူးသြားခဲ့ျခင္းျဖစ္ႏိုင္သည့္ ကို႐ိုနာဗိုင္းရပ္စ္၏ ဇာစ္ျမစ္ကို စုံစမ္းစစ္ေဆးရန္ အဓိကေနရာမ်ားသို႔ ႏိုင္ငံတကာသိပၸံပညာ႐ွင္အဖြဲ႕တစ္ဖြဲ႕အား ဝင္ေရာက္ခြင့္ျပဳရန္ တ႐ုတ္အစိုးရႏွင့္ အခ်ိန္အတန္ၾကာကတည္းက ေဆြးေႏြးညႇိႏိႈင္းလာခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံ ၁၀၀ ေက်ာ္မွ သေဘာတူလက္မွတ္ေရးထိုးထားသည့္ ဆုံးျဖတ္ခ်က္တစ္ရပ္က လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈတစ္ခုကို ေတာင္းဆိုၿပီးေနာက္ ၎ကပ္ေရာဂါကို ကမ႓ာလုံးဆိုင္ရာတုံ႔ျပန္ေျဖ႐ွင္းေရးအတြက္ စုံစမ္းစစ္ေဆးရန္ ေမတြင္ WHO က သေဘာတူခဲ့ျခင္းျဖစ္သည္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာတြင္ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕၌ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈစတင္ခဲ့ကတည္းက တျဖည္းျဖည္းပ်ံ႕ႏွံ႔လာကာ ကမ႓ာတစ္ဝန္းတြင္ ၎ကို႐ိုနာဗိုင္းရပ္စ္အား ကူးစက္ခံရသူ ၈၆ သန္းေက်ာ္ ႐ွိၿပီျဖစ္ကာ ထိုဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁ ဒသမ ၈ သန္းေက်ာ္ႏွင့္ ျပန္လည္ေကာင္းမြန္လာသူ ၆၁ သန္းေက်ာ္ ႐ွိၿပီျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: WHO team blocked from entering China to study origins of coronavirus (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service