တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ

တီလားပီးယားငါးကင် သိပ်ကြိုက်တယ်ဆို သိထားသင့်တဲ့အကောင်းအဆိုးလေးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
6 Jan 2021 12:00 pm တွင် တင်ခဲ့သည်
1931 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ငါးကင်မှ ငါးကင် အရမ်းကြိုက်ကြတာ တီလားပီးယားငါးပါနော်။ ငါးသံပရာပေါင်းလည်း ဒီငါးပါပဲ၊ ငါးချိုချဉ်ဆိုလည်း သူပဲ၊ ငါးကြွပ်ဆော့စ် လည်းသူပဲ။ ငါးနဲ့ပတ်သက်တဲ့ လူကြိုက်များတဲ့ ဆိုင်ဟင်းလျာတွေမှာ တီလားပီးယားငါးကိုပဲသုံးကြပါတယ်။ အသားလည်းနူးညံ့တယ်၊ ချက်ပြုတ်စီမံသမျှအနံ့အရသာလည်းဝင်တယ်၊ အညှီနံ့နည်းတယ်၊ ချက်ရမြန်တယ်၊ အရိုးနည်းတယ် ဆိုတာတွေက သူ့ရဲ့အားသာချက်တွေပါ။ ဒါပေမယ့် သတင်းပြန့်နေတာတစ်ခုက တီလားပီးယားစားရတာ ကျန်းမာရေးအတွက်မကောင်းဘူးတဲ့လေ။ အဆိပ်သင့်မယ် ဘာညာတွေ သတင်းထွက်ခဲ့ပါတယ်။ ကြိုက်နှစ်သက်နေကြတုန်း၊ စားနေကြတုန်းဆိုပေမယ့် စိတ်ထဲလည်း သင်္ကာမကင်းဘဲ စားရမဖြောင့်ဘူးပေါ့။ အခုတော့ ဒီကိစ္စအဖြေထုတ်ဖို့အတွက် တီလားပီးယားက ကျန်းမာရေးအတွက်ဘယ်လိုအကျိုးပြုလဲဆိုတာ အရင်ပြောကြရအောင်။

ဘာတွေ အကျိုးကျေးဇူးပေးနိုင်လဲ

ကြီးထွားဖွံ့ဖြိုးမှု

တီလားပီးယားရဲ့အရေးပါဆုံးအကျိုးကျေးဇူးတစ်ခုက သူ့ရဲ့အလန်းစားပရိုတင်းပါဝင်မှုပမာဏပါပဲ။ တစ်ခါစားပမာဏလောက်မှာပဲ တစ်နေ့တာလိုအပ်တဲ့ပရိုတင်းပမာဏရဲ့ ၁၅ ရာခိုင်နှုန်းကျော်ကျော်ကိုဖြည့်တင်းပေးလိုက်နိုင်ပါတယ်တဲ့။ ပရိုတင်းဓါတ်ဟာ ကိုယ်တွင်းအင်္ဂါတွေ၊ အမြှေးပါးတွေ၊ ဆဲလ်တွေနဲ့ ကြွက်သားတွေကို ထိုက်သင့်တဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်လာအောင်တိုက်ရိုက်အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် ကြွက်သားကြံ့ခိုင်ဖို့၊ ဆဲလ်တွေပြန်လည်ပြုပြင်ဖို့၊ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုအဆင်ပြေစေဖို့လည်း ပရိုတင်းကိုလိုအပ်ပါတယ်။

အရိုးကျန်းမာရေး

တီလားပီးယားငါးမှာ များများပါဝင်နေတဲ့ သတ္တုဓါတ်ကတော့ အရိုးကျန်းမာရေးနဲ့ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ဖော့စဖရပ်စ်ဖြစ်ပါတယ်။ဖော့စဖရပ်စ်ကို သွားနဲ့လက်သည်းကျန်းမာရေးအတွက်လည်း မရှိမဖြစ်လိုအပ်တာပါ။ အသက်ကြီးလာတာနဲ့အမျှ အားနည်းလျော့ရဲလာတဲ့ အရိုးကျန်းမာရေးနဲ့ အရိုးပါးခြင်းတို့ကို ကာကွယ်ပေးနိုင်တဲ့ဓါတ်လည်းဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာ

ငါးတော်တော်များများမှာလိုပဲ တီလားပီးယားငါးမှာ ဆယ်လီနီယမ်ပါဝင်မှုအရမ်းများပါတယ်။ ဆယ်လီနီယမ်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေက သိပ်များသလို ဓါတ်တိုးဆန့်ကျင်အာနိသင်လည်းရှိပါတယ်။ သုတေသနတွေအရ ဆယ်လီနီယမ်က ဆီးကျိတ်ကင်ဆာအပြင် နှလုံးရောဂါပြဿနာတွေကိုကာကွယ်ပေးနိုင်တယ်လို့တွေ့ရှိထားပါတယ်။ free radical တွေရဲ့သက်ရောက်မှုကိုလျော့နည်းစေဖို့ ဓါတ်တိုးဆန့်ကျင်အာနိသင်နဲ့ကာကွယ်ပေးနိုင်တာမို့ ကင်ဆာကာကွယ်နိုင်တာဖြစ်ပါတယ်။

နှလုံးကျန်းမာရေး

တီလားပီးယားမှာ အကျိုးပြုအဆီဓါတ် Omega-3 fatty acids ကြွယ်ဝတဲ့အတွက် ကိုလက်စထရောနဲ့မကောင်းတဲ့အဆီဓါတ်တွေကိုလျော့နည်းစေနိုင်ပါတယ်။ Omega-3 fatty acids က နှလုံးသွေးကြောကျဉ်းအပါအဝင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊လေဖြတ်ခြင်းတို့ကု ကာကွယ်ပေးနိုင်ပါတယ်။ ပိုတက်စီယမ်ပါဝင်မှုကြောင့်လည်းသွေးတိုးကျစေပြီး နှလုံးကျန်းမာရေးအတွက်အကျိုးပြုပါသေးတယ်။

ဦးနှောက်ကျန်းမာရေး

တီလားပီးယားမှာပါတဲ့ ပိုတက်စီယမ်နဲ့ Omega-3 fatty acids တို့က ဦးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး အာရုံကြောလုပ်ဆောင်ချက်တွေကို ပိုကောင်းစေပါတယ်။ ပိုတက်စီယမ်က ဦးနှောက်ကိုအောက်ဆီဂျင်ပို့လွှတ်မှုပိုကောင်းစေပြီးခန္ဓါကိုယ်အနှံ့ အရည်ဓါတ်ထိန်းညှိမှုမှန်ကန်စေဖို့ မရှိမဖြစ်လိုတဲ့ဓါတ်ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အာရုံကြောတုံ့ပြန်မှုကိုထောက်ပံ့ပေးပြီး ဦးနှောက်အပါအဝင် ခန္ဓါကိုယ်အနှံ့က လိုအပ်တဲ့အစိတ်အပိုင်းတွေဆီကို အာဟာရတွေပို့ပေးတာဖြစ်ပါတယ်။

အရွယ်မတိုင်မီ ရင့်ရော်ခြင်း

ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဆယ်လီနီယမ်က ဗီတာမင် အီး နဲ့ ဗီတာမင် စီ တို့ကို နှိုးဆွပေးပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးဟာ အသားအရေရဲ့ ကျန်းမာရေးနဲ့ အလှအပကို ပိုကောင်းစေဖို့ထောက်ပံ့ပေးတဲ့ဓါတ်တွေပါ။ တီလားပီးယားမှာပါဝင်တဲ့ ဆယ်လီနီယမ် ၂၀ ရာခိုင်နှုန်းကျော်ဟာ free radicalတွေကြောင့်ထိခိုက်မှုရန်က ကာကွယ်ပေးပြီး အသားအရေကိုထောက်ပံ့ပေးတဲ့အကောင်းဆုံးအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အရေးအကြောင်းတွေ၊ အသားအရေလျော့ရဲတာ၊ အစက်အပျောက်တွေ၊ စတဲ့ ရင့်ရော်မှုလက္ခဏာတွေကို ဒီလိုနည်းလမ်းနဲ့ ကာကွယ်ပေးပါတယ်။

ကိုယ်ခံအားစနစ်နဲ့ သိုင်းရွိုက်လုပ်ဆောင်ချက်

ဆယ်လီနီယမ်က သွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို အားပေးမြှင့်တင်နိုင်တာကြောင့် ကိုယ်ခံအားစနစ်အတွက် အကျိုးပြုပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဂလင်းရဲ့လုပ်ဆောင်ချက်ထိန်းညှိရာမှာ အရေးပါတဲ့အတွက်ဟော်မုန်းလုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်နိုင်စေပါတယ်။ ဒါ့ကြောင့် ဇီဝကမ္မဖြစ်စဉ်ကိုထိန်းညှိနိုင်ပြီး ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေပိုကောင်းစေတယ်၊ ခန္ဓါကိုယ်ရဲ့ ဓါတုတုံ့ပြန်မှုတွေကို ပုံမှန်ဖြစ်စေပါတယ်။

သတိထားရမယ့်အချက်

အစပိုင်းကပြောခဲ့သလိုပဲ တီလားပီးယားက အဆိပ်အတောက်ရှိနိုင်တယ်ဆိုတဲ့အချက်ကို ဆက်ပြောပါမယ်။ တီလားပီးယားဟာ သူ့စားကျက်နဲ့နေထိုင်ရာအတွင်း အဆိပ်အတောက်တွေကိုရှင်းလင်းပေးတတ်တဲ့သဘာဝရှိတာမို့ သူတို့ခန္ဓါကိုယ်က စုပ်ယူလာတတ်ပါတယ်။ ငါးမွေးကန်မသန့်တာ၊မွေးမြူတဲ့နည်းစနစ်မမှန်တာ၊သေချာဂရုမစိုက်တာတွေကြောင့် ငါးမှာ အဆိပ်အတောက်ပါလာတတ်ပါတယ်။ သူ့ဝန်းကျင်က အဆိပ်အတောက်ကင်းမယ်၊မွေးမြူမှုမှန်ကန်မယ်ဆိုရင် ဘာပြဿနာမှမရှိပါဘူး။ပြောရရင် ငါးနဲ့မဆိုင်၊မွေးမြူရေးနဲ့သာဆိုင်တာမို့ ဝယ်ယူတဲ့အခါ ငါးအနေအထားကို သတိထားရွေးချယ်သင့်ပါတယ်။ ညှီတဲ့နံတဲ့ တီလားပီးယားသာဆိုသေချာပါပြီ၊ သူရှင်သန်တဲ့နေရာ မသန့်တာ။ လတ်ဆတ်သန့်ပြန့်တဲ့ငါး၊ အရည်အသွေးကောင်းတဲ့ငါးဟာ အာဟာရဓါတ်တွေသာ ပေးမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ သူ့မှာ လွန်ကဲရင်ဘေးဖြစ်နိုင်တဲ့ Omega-6 fatty acids လည်းပါတာကြောင့် နှလုံးရောဂါရှိထားပြီးသားလူတွေအနေနဲ့ အလွန်အကျွံအများကြီးမစားဖို့ သတိပြုသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

တီလားပီးယားငါးကင္ သိပ္ႀကိဳက္တယ္ဆို သိထားသင့္တဲ့အေကာင္းအဆိုးေလးေတြ

ငါးကင္မွ ငါးကင္ အရမ္းႀကိဳက္ၾကတာ တီလားပီးယားငါးပါေနာ္။ ငါးသံပရာေပါင္းလည္း ဒီငါးပါပဲ၊ ငါးခ်ိဳခ်ဥ္ဆိုလည္း သူပဲ၊ ငါးႂကြပ္ေဆာ့စ္ လည္းသူပဲ။ ငါးနဲ႔ပတ္သက္တဲ့ လူႀကိဳက္မ်ားတဲ့ ဆိုင္ဟင္းလ်ာေတြမွာ တီလားပီးယားငါးကိုပဲသုံးၾကပါတယ္။ အသားလည္းႏူးညံ့တယ္၊ ခ်က္ျပဳတ္စီမံသမွ်အနံ႔အရသာလည္းဝင္တယ္၊ အညႇီနံ႔နည္းတယ္၊ ခ်က္ရျမန္တယ္၊ အ႐ိုးနည္းတယ္ ဆိုတာေတြက သူ႕ရဲ႕အားသာခ်က္ေတြပါ။ ဒါေပမယ့္ သတင္းျပန္႔ေနတာတစ္ခုက တီလားပီးယားစားရတာ က်န္းမာေရးအတြက္မေကာင္းဘူးတဲ့ေလ။ အဆိပ္သင့္မယ္ ဘာညာေတြ သတင္းထြက္ခဲ့ပါတယ္။ ႀကိဳက္ႏွစ္သက္ေနၾကတုန္း၊ စားေနၾကတုန္းဆိုေပမယ့္ စိတ္ထဲလည္း သကၤာမကင္းဘဲ စားရမေျဖာင့္ဘူးေပါ့။ အခုေတာ့ ဒီကိစၥအေျဖထုတ္ဖို႔အတြက္ တီလားပီးယားက က်န္းမာေရးအတြက္ဘယ္လိုအက်ိဳးျပဳလဲဆိုတာ အရင္ေျပာၾကရေအာင္။

ဘာေတြ အက်ိဳးေက်းဇူးေပးႏိုင္လဲ

ႀကီးထြားဖြံ႕ၿဖိဳးမႈ

တီလားပီးယားရဲ႕အေရးပါဆုံးအက်ိဳးေက်းဇူးတစ္ခုက သူ႕ရဲ႕အလန္းစားပ႐ိုတင္းပါဝင္မႈပမာဏပါပဲ။ တစ္ခါစားပမာဏေလာက္မွာပဲ တစ္ေန႔တာလိုအပ္တဲ့ပ႐ိုတင္းပမာဏရဲ႕ ၁၅ ရာခိုင္ႏႈန္းေက်ာ္ေက်ာ္ကိုျဖည့္တင္းေပးလိုက္ႏိုင္ပါတယ္တဲ့။ ပ႐ိုတင္းဓါတ္ဟာ ကိုယ္တြင္းအဂၤါေတြ၊ အေျမႇးပါးေတြ၊ ဆဲလ္ေတြနဲ႔ ႂကြက္သားေတြကို ထိုက္သင့္တဲ့ ႀကီးထြားဖြံ႕ၿဖိဳးမႈျဖစ္လာေအာင္တိုက္႐ိုက္အေထာက္အပံ့ေပးပါတယ္။ ဒါ့ေၾကာင့္ ႂကြက္သားၾကံ့ခိုင္ဖို႔၊ ဆဲလ္ေတြျပန္လည္ျပဳျပင္ဖို႔၊ ဇီဝကမၼျဖစ္စဥ္ေတြကို ပိုအဆင္ေျပေစဖို႔လည္း ပ႐ိုတင္းကိုလိုအပ္ပါတယ္။

အ႐ိုးက်န္းမာေရး

တီလားပီးယားငါးမွာ မ်ားမ်ားပါဝင္ေနတဲ့ သတၱဳဓါတ္ကေတာ့ အ႐ိုးက်န္းမာေရးနဲ႔ဖြံ႕ၿဖိဳးမႈအတြက္ အေရးပါတဲ့ ေဖာ့စဖရပ္စ္ျဖစ္ပါတယ္။ေဖာ့စဖရပ္စ္ကို သြားနဲ႔လက္သည္းက်န္းမာေရးအတြက္လည္း မ႐ွိမျဖစ္လိုအပ္တာပါ။ အသက္ႀကီးလာတာနဲ႔အမွ် အားနည္းေလ်ာ့ရဲလာတဲ့ အ႐ိုးက်န္းမာေရးနဲ႔ အ႐ိုးပါးျခင္းတို႔ကို ကာကြယ္ေပးႏိုင္တဲ့ဓါတ္လည္းျဖစ္ပါတယ္။

ဆီးက်ိတ္ကင္ဆာ

ငါးေတာ္ေတာ္မ်ားမ်ားမွာလိုပဲ တီလားပီးယားငါးမွာ ဆယ္လီနီယမ္ပါဝင္မႈအရမ္းမ်ားပါတယ္။ ဆယ္လီနီယမ္ရဲ႕က်န္းမာေရးအက်ိဳးေက်းဇူးေတြက သိပ္မ်ားသလို ဓါတ္တိုးဆန္႔က်င္အာနိသင္လည္း႐ွိပါတယ္။ သုေတသနေတြအရ ဆယ္လီနီယမ္က ဆီးက်ိတ္ကင္ဆာအျပင္ ႏွလုံးေရာဂါျပႆနာေတြကိုကာကြယ္ေပးႏိုင္တယ္လို႔ေတြ႕႐ွိထားပါတယ္။ free radical ေတြရဲ႕သက္ေရာက္မႈကိုေလ်ာ့နည္းေစဖို႔ ဓါတ္တိုးဆန္႔က်င္အာနိသင္နဲ႔ကာကြယ္ေပးႏိုင္တာမို႔ ကင္ဆာကာကြယ္ႏိုင္တာျဖစ္ပါတယ္။

ႏွလုံးက်န္းမာေရး

တီလားပီးယားမွာ အက်ိဳးျပဳအဆီဓါတ္ Omega-3 fatty acids ႂကြယ္ဝတဲ့အတြက္ ကိုလက္စထေရာနဲ႔မေကာင္းတဲ့အဆီဓါတ္ေတြကိုေလ်ာ့နည္းေစႏိုင္ပါတယ္။ Omega-3 fatty acids က ႏွလုံးေသြးေၾကာက်ဥ္းအပါအဝင္ ႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါေတြ၊ေလျဖတ္ျခင္းတို႔ကု ကာကြယ္ေပးႏိုင္ပါတယ္။ ပိုတက္စီယမ္ပါဝင္မႈေၾကာင့္လည္းေသြးတိုးက်ေစၿပီး ႏွလုံးက်န္းမာေရးအတြက္အက်ိဳးျပဳပါေသးတယ္။

ဦးေႏွာက္က်န္းမာေရး

တီလားပီးယားမွာပါတဲ့ ပိုတက္စီယမ္နဲ႔ Omega-3 fatty acids တို႔က ဦးေႏွာက္စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးၿပီး အာ႐ုံေၾကာလုပ္ေဆာင္ခ်က္ေတြကို ပိုေကာင္းေစပါတယ္။ ပိုတက္စီယမ္က ဦးေႏွာက္ကိုေအာက္ဆီဂ်င္ပို႔လႊတ္မႈပိုေကာင္းေစၿပီးခႏၶါကိုယ္အႏွံ႔ အရည္ဓါတ္ထိန္းညႇိမႈမွန္ကန္ေစဖို႔ မ႐ွိမျဖစ္လိုတဲ့ဓါတ္ျဖစ္ပါတယ္။ ဒီလိုနည္းနဲ႔ အာ႐ုံေၾကာတုံ႔ျပန္မႈကိုေထာက္ပံ့ေပးၿပီး ဦးေႏွာက္အပါအဝင္ ခႏၶါကိုယ္အႏွံ႔က လိုအပ္တဲ့အစိတ္အပိုင္းေတြဆီကို အာဟာရေတြပို႔ေပးတာျဖစ္ပါတယ္။

အ႐ြယ္မတိုင္မီ ရင့္ေရာ္ျခင္း

ဓါတ္တိုးဆန္႔က်င္ပစၥည္းတစ္ခုျဖစ္တဲ့ ဆယ္လီနီယမ္က ဗီတာမင္ အီး နဲ႔ ဗီတာမင္ စီ တို႔ကို ႏိႈးဆြေပးပါတယ္။ ဒီဗီတာမင္ႏွစ္မ်ိဳးလုံးဟာ အသားအေရရဲ႕ က်န္းမာေရးနဲ႔ အလွအပကို ပိုေကာင္းေစဖို႔ေထာက္ပံ့ေပးတဲ့ဓါတ္ေတြပါ။ တီလားပီးယားမွာပါဝင္တဲ့ ဆယ္လီနီယမ္ ၂၀ ရာခိုင္ႏႈန္းေက်ာ္ဟာ free radicalေတြေၾကာင့္ထိခိုက္မႈရန္က ကာကြယ္ေပးၿပီး အသားအေရကိုေထာက္ပံ့ေပးတဲ့အေကာင္းဆုံးအရင္းအျမစ္တစ္ခုျဖစ္ပါတယ္။ အေရးအေၾကာင္းေတြ၊ အသားအေရေလ်ာ့ရဲတာ၊ အစက္အေပ်ာက္ေတြ၊ စတဲ့ ရင့္ေရာ္မႈလကၡဏာေတြကို ဒီလိုနည္းလမ္းနဲ႔ ကာကြယ္ေပးပါတယ္။

ကိုယ္ခံအားစနစ္နဲ႔ သိုင္း႐ြိဳက္လုပ္ေဆာင္ခ်က္

ဆယ္လီနီယမ္က ေသြးျဖဴဥဆဲလ္ေတြရဲ႕လုပ္ေဆာင္ခ်က္ကို အားေပးျမႇင့္တင္ႏိုင္တာေၾကာင့္ ကိုယ္ခံအားစနစ္အတြက္ အက်ိဳးျပဳပါတယ္။ ဒါ့အျပင္ သိုင္း႐ြိဳက္ဂလင္းရဲ႕လုပ္ေဆာင္ခ်က္ထိန္းညႇိရာမွာ အေရးပါတဲ့အတြက္ေဟာ္မုန္းလုပ္ေဆာင္ခ်က္ေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္ေစပါတယ္။ ဒါ့ေၾကာင့္ ဇီဝကမၼျဖစ္စဥ္ကိုထိန္းညႇိႏိုင္ၿပီး ကိုယ္တြင္းအဂၤါလုပ္ေဆာင္ခ်က္ေတြပိုေကာင္းေစတယ္၊ ခႏၶါကိုယ္ရဲ႕ ဓါတုတုံ႔ျပန္မႈေတြကို ပုံမွန္ျဖစ္ေစပါတယ္။

သတိထားရမယ့္အခ်က္

အစပိုင္းကေျပာခဲ့သလိုပဲ တီလားပီးယားက အဆိပ္အေတာက္႐ွိႏိုင္တယ္ဆိုတဲ့အခ်က္ကို ဆက္ေျပာပါမယ္။ တီလားပီးယားဟာ သူ႕စားက်က္နဲ႔ေနထိုင္ရာအတြင္း အဆိပ္အေတာက္ေတြကို႐ွင္းလင္းေပးတတ္တဲ့သဘာဝ႐ွိတာမို႔ သူတို႔ခႏၶါကိုယ္က စုပ္ယူလာတတ္ပါတယ္။ ငါးေမြးကန္မသန္႔တာ၊ေမြးျမဴတဲ့နည္းစနစ္မမွန္တာ၊ေသခ်ာဂ႐ုမစိုက္တာေတြေၾကာင့္ ငါးမွာ အဆိပ္အေတာက္ပါလာတတ္ပါတယ္။ သူ႕ဝန္းက်င္က အဆိပ္အေတာက္ကင္းမယ္၊ေမြးျမဴမႈမွန္ကန္မယ္ဆိုရင္ ဘာျပႆနာမွမ႐ွိပါဘူး။ေျပာရရင္ ငါးနဲ႔မဆိုင္၊ေမြးျမဴေရးနဲ႔သာဆိုင္တာမို႔ ဝယ္ယူတဲ့အခါ ငါးအေနအထားကို သတိထားေ႐ြးခ်ယ္သင့္ပါတယ္။ ညႇီတဲ့နံတဲ့ တီလားပီးယားသာဆိုေသခ်ာပါၿပီ၊ သူ႐ွင္သန္တဲ့ေနရာ မသန္႔တာ။ လတ္ဆတ္သန္႔ျပန္႔တဲ့ငါး၊ အရည္အေသြးေကာင္းတဲ့ငါးဟာ အာဟာရဓါတ္ေတြသာ ေပးမွာျဖစ္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ သူ႕မွာ လြန္ကဲရင္ေဘးျဖစ္ႏိုင္တဲ့ Omega-6 fatty acids လည္းပါတာေၾကာင့္ ႏွလုံးေရာဂါ႐ွိထားၿပီးသားလူေတြအေနနဲ႔ အလြန္အကြၽံအမ်ားႀကီးမစားဖို႔ သတိျပဳသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service