မြန်မာနိုင်ငံတွင်း လူမှုကွန်ရက်တွင် သတင်းတုများ ပျံ့နှံ့နေမှုကြောင့် ဒိန်းမတ်သံရုံးက အချက်အလက်စစ်ဆေးရေးအဖွဲ့များအား ရန်ပုံငွေ ချထားပေး
မြန်မာနိုင်ငံတွင်း လူမှုကွန်ရက်တွင် သတင်းတုများ ပျံ့နှံ့နေမှုကြောင့် ဒိန်းမတ်သံရုံးက အချက်အလက်စစ်ဆေးရေးအဖွဲ့များအား ရန်ပုံငွေ ချထားပေး - Property News in Myanmar from iMyanmarHouse.com
6 Jan 2021 11:06 am တွင် တင်ခဲ့သည်
1186 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပြီးခဲ့သော ၂၀၂၀ ပြညှ့်နှစ်၊ နိုဝင်ဘာအတွင်း ကျင်းပခဲ့သည့် မြန်မာ့ရွေးကောက်ပွဲကာလမတိုင်မီတွင် ဒိန်းမတ်သံရုံးက TechPlomacy (နည်းပညာဆိုင်ရာ သံတမန်ရေး) အစီအစဉ်ဖြင့် မြန်မာအခြေစိုက် အဖွဲ့ ၆ ခုကို အချက်အလက်စစ်ဆေးရေးအတွက် ရန်ပုံငွေ ရှေ့ပြေးချထားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသည် အင်တာနက်နှင့် လူမှုကွန်ရက်များသို့ အလွယ်တကူ ထိတွေ့ခွင့် ရရှိမှုနောက်ပိုင်း သတင်းနှင့် ဒီဂျစ်တယ် အွန်လိုင်းအကြောင်း သိနားလည်ကျွမ်းကျင်မှု မရှိခြင်းအပြင် သတင်းမှား (misinformation )၊ တမင်ဖန်တီးသည့် လုပ်ကြံ သတင်းတု (disinformation)၊ အမုန်းစကားများ (hate speech) တို့နှင့် ပတ်သက်ပြီး စိန်ခေါ်မှုများစွာရင်ဆိုင်ရလျက်ရှိသည်။
အထက်ပါအချက်များအပြင် မြန်မာနိုင်ငံတွင်းရှိ သတင်းမီဒီယာအများစုမှာ အချက်အလက်စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ကြခြင်းမရှိချေ။ မြန်မာနိုင်ငံအတွင်း ပြည်တွင်းအခြေစိုက် အချက်အလက်စစ်ဆေးမှုအဖွဲ့အစည်း လက်ရှိအားဖြင့် ၆ ခုသာ ရှိသည်။
TechPlomacy အစီအစဉ်ကို ဒိန်းမတ်နိုင်ငံတွင် ၂၀၁၇ ခုနှစ်တွင်မှ စတင်ခဲ့ခြင်းဖြစ်သော်လည်း ဒိန်းမတ်သည် ကမ္ဘာပေါ်တွင် ပြည်ပနှင့် လုံခြုံမှုမူဝါဒ ဦးစားပေးမှုအတွက် နည်းပညာနှင့် ဒီဂျစ်တယ်ပြောင်းလဲမှုကို မြှင့်တင်ပေးရန် ပထမဆုံး ကြိုးပမ်းခဲ့သည့် နိုင်ငံဖြစ်လာသည်။
အဆိုပါ ကြိုးပမ်းမှုကို နည်းပညာဆိုင်ရာ သံတမန်ရေး (သို့မဟုတ်) အတိုကောက်အားဖြင့် TechPlomacy ဟု အမည်ပေးခဲ့သည်။ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် နည်းပညာအပေါ် တာဝန်ယူမှုရှိခြင်း ၊ မျှခြေညီခြင်း၊ လူသားဗဟိုပြုခြင်းကဏ္ဍများတွင် အားပေးမြှင့်တင်ရန်အတွက် ပြည်ပနှင့် ပြည်တွင်း မိတ်ဖက်များနှင့် အနီးကပ် လက်တွဲဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အစီအစဉ်သည် ထွက်ပေါ်လာနေသာ နည်းပညာတို့၏ အန္တရာယ်အချို့ကို ကူညီဖြေရှင်းပေးရန်နှင့် မျက်မှောက်ခေတ်၏ ကြီးမားသည့် စိန်ခေါ်မှုအချို့ကို တီထွင်ဆန်းသစ်သည့် ဖြေရှာမှုမျိုးအား အားပေးရန် အကူအညီပြုမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် ကပ်ရောဂါဘေးတို့နှင့် စပ်လျဉ်းပြီး ပုံကြီးချဲ့ထားသော သတင်းတုများစွာ ပေါ်ပေါက်လေ့ရှိသည်။ အဓိကအားဖြင့် Covid-19 ရောဂါနှင့် စပ်လျဉ်းသင့် သတင်းကပ်ဘေးဆိုက်နေပြီး အများအားဖြင့် သတင်းမှားများ (သို့မဟုတ်) အတည်မပြုနိုင်သော သတင်းများ ဖြစ်ကြသည်။
မြန်မာပြည်သူများအကြား များစွာပျံ့နှံ့ခဲ့သော သတင်းတုတစ်ခုမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် Covid-19 ရောဂါကူးစက်ခံထားရကြောင်း၊ ပြည်သူများ တွေ့မြင်နေရသည်မှာ ပုံတူတစ်ဦးသာဖြစ်ကြောင်း ရေးသားထားသည့် သတင်းတု ဖြစ်သည်။
ရန်ကုန်မြို့နေ အသက် ၃၀ အရွယ်ရှိ ဝန်ထမ်းတစ်ဦးဖြစ်သူ မပပက ပြောရာတွင် လူမှုကွန်ရက်တွင် Covid-19 ရောဂါနှင့် စပ်လျဉ်းသည့် သတင်းမှားများသည် လျင်မြန်စွာ ပျံ့နှံ့လေ့ရှိကြောင်း ပြောကြားသည်။
အရက်သောက်ခြင်း (သို့မဟုတ်) ဂျင်းပြုတ်ရည်သောက်ခြင်းဖြင့် Covid-19 ရောဂါမကူးစက်နိုင်ဟူသော သတင်းမျိုး၊ တမာရွက်စားခြင်းသည် Covid-19 ရောဂါကာကွယ်နိုင်သည်ဟူသော သတင်းမျိုး၊ ကြက်ဥအရေအတွက်မည်မျှကို မည်သည့်အချိန်တွင် စားသုံးပါဟူသော သတင်းမျိုး၊ ဂါထာမန္တရားတစ်ခုကို ရွတ်ဖတ်ခြင်းအားဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ အပြီးတိုင်ပျောက်ကင်းနိုင်သည်ဟူသော သတင်းမျိုးမှာ ဖေ့စ်ဘုတ်တွင် အများဆုံး ပျံ့နှံ့လေ့ရှိသည့် သတင်းများဖြစ်ကြောင်း သူမက ပြောသည်။
မြန်မာနိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးရေးအဖွဲ့ (MIDO) ၏ စီမံကိန်းမန်နေဂျာ ကိုငြိမ်းချမ်းက ပြောသည်မျာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ဆက်နွှယ်သည့် သတင်းမှားများသည် သတင်းမှန်များကို ပုံဖျက်ထားသည့် သတင်းများ ဖြစ်လေ့ရှိကြောင်း ပြောကြားသည်။
MIDO သည် မြန်မာနိုင်ငံတွင် အစောဆုံး အချက်အလက်စစ်ဆေးရေးအဖွဲ့ဖြစ်ပြီး ကိုငြိမ်းချမ်းမှာ အမေရိကန်အခြေစိုက် နိုင်ငံတကာ အချက်အလက်စစ်ဆေးရေး ကွန်ရက်၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။
ကိုငြိမ်းချမ်းက ဆက်လက်ရှင်းပြသည်မှာ အဆိုပါသတင်းမှားများနှင့် နားလည်မှုလွဲမှားစေမည့် သတင်းများကို Covid-19 ရောဂါနှင့် စပ်လျဉ်းသည့် မြန်မာဖေ့စ်ဘုတ် Closed ဂရုများတွင် ဖြန့်ဝေကြရာ လူအများကြား ထိရောက်စွာပြန့်နှံ့စေသည့် အွန်လိုင်းလိမ်လည် သူများ ဖြစ်လာကြကြောင်း ရှင်းပြသည်။
အဆိုပါ ဖေ့စ်ဘုတ်ဂရုများမှာ အဖွဲ့ဝင် ၁၀၀၀ မှ ၉၀၀၀ ကြားရှိနိုင်ကြောင်း၊ Covid-19 နှင့် ဆက်နွှယ်သည့် သတင်းမှားများသည် ပြည်သူများကို ခြောက်ခြားတုန်လှုပ်မှုများ ဖြစ်စေကြောင်း၊ နိုင်ငံရေးထောက်ခံသူအုပ်စုများကလည်း အခြားအုပ်စုအပေါ် မယုံကြည်မှုများ ဖြစ်လာစေကြောင်း ကိုငြိမ်းချမ်းက ဖြည့်စွက်ပြောကြားသည်။
ဒိန်းမတ်သံရုံးက ချထားပေးသော ရန်ပုံငွေများကို စီမံပေးသည့်“နိုင်ငံတကာ မီဒီယာအထောက်အကူပြုအဖွဲ့ - (IMS) မြန်မာ”မှ ကိုလကျာ်ထွန်းက ရှင်းပြသည်မှာ ဒိန်းမတ်သံရုံး၏ TechPlomacy အစီအစဉ်မှ ချထားပေးသော ရန်ပုံငွေများကို သတင်းအုပ်စု ၄ ခုဖြစ်သော ဒီဗွီဘီမြန်မာပိုင်း(DVB Burmese) ၊ မဇျွိမရုပ်သံ (Mizzima Broadcasting)၊ ဖရွန်တီးယား မြန်မာ (Frontier Myanmar) နှင့် မွန်သတင်းအေဂျင်စီ၊ သတင်းမီဒီယာမဟုတ်သော အုပ်စု ၂ ခုဖြစ်သည့် Real Or Not နှင့် ‘Think Before You Trust’ တို့ထံ ဖြန့်ဝေ ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားသည်။
ဒိန်းမတ်သံရုံး၏ ရန်ပုံငွေရရှိခဲ့သော အုပ်စုများတွင် ပါဝင်သည့် ဒီဗွီဘီ မြန်မာပိုင်းမှ country director ဖြစ်သူ ကိုတိုးဇော်လတ်က ပြောရာတွင် သတင်းမှားပြဿနာများကို ပိုမိုကောင်းမွန်စွာဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် အချက်အလက်စစ်ဆေးမှုအဖွဲ့ ၅၀ မှ ၁၀၀ အကြားလိုအပ်သည်ဟု ယူဆကြောင်း ပြောကြားသည်။
ဖေ့စ်ဘုတ်သုံးစွဲသူ ၂၇ သန်း ကျော်ရှိနေသော မြန်မာနိုင်ငံတွင် လက်ရှိအချက်အလက်စစ်ဆေးမှု အုပ်စုအရေအတွက်မှာ နည်းပါးလွန်းရာ လက်ရှိအချက်အလက်စစ်ဆေးနိုင်မှုမှာ ဆင့်ပါးစပ် နှမ်းပက်သကဲ့သို့ဖြစ်နေကြောင်း ပြောကြားသည်။
 မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Danish Embassy in Myanmar funds fact-checking groups as fake news mutates (Office of Denmark’s Tech Ambassador and Bangkok Post)
  [Zawgyi]
ပြီးခဲ့သော ၂၀၂၀ ပြည့ှ်နှစ်၊ နိုဝင်ဘာအတွင်း ကျင်းပခဲ့သည့် မြန်မာ့ရွေးကောက်ပွဲကာလမတိုင်မီတွင် ဒိန်းမတ်သံရုံးက TechPlomacy (နည်းပညာဆိုင်ရာ သံတမန်ရေး) အစီအစဉ်ဖြင့် မြန်မာအခြေစိုက် အဖွဲ့ ၆ ခုကို အချက်အလက်စစ်ဆေးရေးအတွက် ရန်ပုံငွေ ရှေ့ပြေးချထားမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
ဒိန်းမတ်သံရုံးက ချထားပေးသော ရန်ပုံငွေများကို စီမံပေးသည့်“နိုင်ငံတကာ မီဒီယာအထောက်အကူပြုအဖွဲ့ - (IMS) မြန်မာ”မှ ကိုလက်ျာထွန်းက ရှင်းပြသည်မှာ ဒိန်းမတ်သံရုံး၏ TechPlomacy အစီအစဉ်မှ ချထားပေးသော ရန်ပုံငွေများကို သတင်းအုပ်စု ၄ ခုဖြစ်သော ဒီဗွီဘီမြန်မာပိုင်း(DVB Burmese) ၊ မဇျွိမရုပ်သံ (Mizzima Broadcasting)၊ ဖရွန်တီးယား မြန်မာ (Frontier Myanmar) နှင့် မွန်သတင်းအေဂျင်စီ၊ သတင်းမီဒီယာမဟုတ်သော အုပ်စု ၂ ခုဖြစ်သည့် Real Or Not နှင့် ‘Think Before You Trust’ တို့ထံ ဖြန့်ဝေ ထောက်ပံ့ပေးခဲ့ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mingalar Market
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service