တရုတ်ဘီလျံနာကြီး ဂျက်မား အစိုးရအား ဝေဖန်ပြောကြားပြီးနောက်ပိုင်း ပျောက်ဆုံးလျက်ရှိ

တရုတ်ဘီလျံနာကြီး ဂျက်မား အစိုးရအား ဝေဖန်ပြောကြားပြီးနောက်ပိုင်း ပျောက်ဆုံးလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
5 Jan 2021 12:12 pm တွင် တင်ခဲ့သည်
1216 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Alibaba Group တည်ထောင်သူ၊ တရုတ်ဘီလျံနာသူဌေးကြီး ဂျက်မားက တရုတ်အာဏာပိုင်များနှင့် နိုင်ငံပိုင်ဘဏ်များသည် တီထွင်ဆန်းသစ်မှုများအား နှေးကွေးအောင်ပြုလုပ်နေကြောင်း ဝေဖန်ပြောကြးခဲ့ပြီးနောက်ပိုင်း ပျောက်ဆုံးလျက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

သူဌေးကြီး ဂျက်မားကို အများမြင်ကွင်းတွင် မတွေ့ရတော့သည်မှာ ၂ လခန့်ရှိနေပြီဖြစ်ပြီး သူကိုယ်တိုင် ပါဝင်တင်ဆက်နေသည့် ရုပ်သံအစီအစဉ်တစ်ခုဖြစ်သော အာဖရိကတိုက်၏ စီးပွားရေးသူရဲကောင်းများ (Africa’s Business Heroes) နောက်ဆုံးအပိုင်း တွင်လည်း ပါဝင်လာခြင်း မရှိချေ။

သူဌေးကြီးဂျက်မားသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၄ ရက်က ရှန်ဟိုင်းမြို့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာ၌ တရုတ်ဘဏ် စည်းမျဉ်းများနှင့် လုပ်ငန်းစဉ်တို့သည် လူအိုကြီးများအဖွဲ့နှင့် အလားတူနေကြောင်း ဝေဖန်ပြောကြားခဲ့သည်။

“ယနေ့ခေတ် ဘဏ္ဍာရေးစနစ်ဟာ စက်မှုခေတ်က ချန်ထားခဲ့တဲ့ အမွေအနှစ်ပါ။ ကျွန်တော်တို့ဟာ လာမယ့်မျိုးဆက်နဲ့ လူငယ်တွေအတွက် အသစ်တစ်ခု တည်ထောင်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိစနစ်ကို ကျွန်တော်တို့ ပြောင်းလဲကြရမယ်” ဟု ဂျက်မားက ပြောကြားခဲ့သည်။

ဂျက်မားက ထိုသို့ပြောကြားခဲ့ပြီးနောက်ပိုင်း သူ၏ စီးပွားရေးအင်ပါယာဖြစ်သော Ant Group မှာ အစိုးရအာဏာပိုင်တို့၏ တင်းကျပ်သည့် ထိန်းချုပ်ကန့်သတ်မှုများ ခံခဲ့ရသည်။

တရုတ်ဘဏ်စနစ်အပေါ် ဂျက်မားက ရဲရဲဝံ့ဝံ့ ဝေဖန်ခဲ့ပြီးနောက်ပိုင်း ကန်ဒေါ်လာ ၃၇ ဘီလီယံဖိုး ရှယ်ယာရောင်းချရန် စီစဉ်ထားမှုမှာ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

ရုပ်သံအစီအစဉ် နောက်ဆုံးအပိုင်းတွင် ပါဝင်လာခြင်းမရှိမှုကြောင့် ဂျက်မား၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ရမှုများ မြင့်မားလာ နေသည်။

ထို့အပြင် Africa’s Business Heroes အစီအစဉ်တင်ဆက်သည့် တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာမှလည်း ဂျက်မား၏ ရုပ်ပုံကို ဖယ်ရှားခြင်း ခံလိုက်ရသည်။

သို့သော် Alibaba Group ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ အဆိုပါသတင်းများကို ပယ်ချခဲ့ပြီး ဂျက်မား ပျောက်ဆုံးခြင်းမရှိကြောင်း၊ ကိစ္စရပ်အသီးသီးကို အစီအစဉ်ဆွဲနေခြင်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။

“အစီအစဉ်တွေ တိုက်ဆိုင်နေမှုကြောင့် မစ္စတာဂျက်မားဟာ အာဖရိကစီးပွားရေးသူရဲကောင်းများ နောက်ဆုံးအဆင့် ဒိုင်အဖွဲ့မှာ မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်”ဟု ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်။

Alibaba group ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ဂျက်မား၏နေရာတွင် လူစီပန်ကို အစားထိုးခြင်းခံခဲ့ရသည်။

“တရုတ်ပြည်နဲ့ ဂျက်မားမှာ တစ်ခုခုဖြစ်နေပါတယ်။ ဒါကြောင့် လူစီ ရောက်လာတာလည်း ဖြစ်တယ်” ဟု အာဖရိက စီးပွားရေး သူရဲကောင်းများမှ ပြိုင်ပွဲဝင်တစ်ဦးက ဒေသတွင်း မီဒီယာတစ်ခုအား ပြောကြားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chinese billionaire Jack Ma goes missing after controversial speech (wionews)

[Zawgyi]

တရုတ္ဘီလ်ံနာၾကီး ဂ်က္မား အစိုးရအား ေဝဖန္ေျပာၾကားျပီးေနာက္ပိုင္း ေပ်ာက္ဆံုးလ်က္ရွိ

Alibaba Group တည္ေထာင္သူ၊ တရုတ္ဘီလ်ံနာသူေဌးၾကီး ဂ်က္မားက တရုတ္အာဏာပိုင္မ်ားႏွင့္ ႏိုင္ငံပိုင္ဘဏ္မ်ားသည္ တီထြင္ဆန္းသစ္မႈမ်ားအား ေႏွးေကြးေအာင္ျပဳလုပ္ေနေၾကာင္း ေဝဖန္ေျပာၾကးခဲ့ျပီးေနာက္ပိုင္း ေပ်ာက္ဆံုးလ်က္ရွိေနေၾကာင္း သတင္းမ်ား ထြက္ေပၚလာသည္။

သူေဌးၾကီး ဂ်က္မားကို အမ်ားျမင္ကြင္းတြင္ မေတြ႔ရေတာ့သည္မွာ ၂ လခန္႔ရွိေနျပီျဖစ္ျပီး သူကိုယ္တိုင္ ပါဝင္တင္ဆက္ေနသည့္ ရုပ္သံအစီအစဥ္တစ္ခုျဖစ္ေသာ အာဖရိကတိုက္၏ စီးပြားေရးသူရဲေကာင္းမ်ား (Africa’s Business Heroes) ေနာက္ဆံုးအပိုင္း တြင္လည္း ပါဝင္လာျခင္း မရွိေခ်။

သူေဌးၾကီးဂ်က္မားသည္ ၂၀၂၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ ၂၄ ရက္က ရွန္ဟိုင္းျမိဳ႕တြင္ မိန္႔ခြန္းတစ္ရပ္ေျပာၾကားခဲ့ရာ၌ တရုတ္ဘဏ္ စည္းမ်ဥ္းမ်ားႏွင့္ လုပ္ငန္းစဥ္တို႔သည္ လူအိုၾကီးမ်ားအဖြဲ႔ႏွင့္ အလားတူေနေၾကာင္း ေဝဖန္ေျပာၾကားခဲ့သည္။

“ယေန႔ေခတ္ ဘ႑ာေရးစနစ္ဟာ စက္မႈေခတ္က ခ်န္ထားခဲ့တဲ့ အေမြအႏွစ္ပါ။ ကၽြန္ေတာ္တို႔ဟာ လာမယ့္မ်ဳိးဆက္နဲ႔ လူငယ္ေတြအတြက္ အသစ္တစ္ခု တည္ေထာင္ၾကရမွာ ျဖစ္ပါတယ္။ လက္ရွိစနစ္ကို ကၽြန္ေတာ္တို႔ ေျပာင္းလဲၾကရမယ္” ဟု ဂ်က္မားက ေျပာၾကားခဲ့သည္။

ဂ်က္မားက ထိုသုိ႔ေျပာၾကားခဲ့ျပီးေနာက္ပိုင္း သူ၏ စီးပြားေရးအင္ပါယာျဖစ္ေသာ Ant Group မွာ အစိုးရအာဏာပိုင္တို႔၏ တင္းက်ပ္သည့္ ထိန္းခ်ဳပ္ကန္႔သတ္မႈမ်ား ခံခဲ့ရသည္။

တရုတ္ဘဏ္စနစ္အေပၚ ဂ်က္မားက ရဲရဲဝံ့ဝံ့ ေဝဖန္ခဲ့ျပီးေနာက္ပိုင္း ကန္ေဒၚလာ ၃၇ ဘီလီယံဖိုး ရွယ္ယာေရာင္းခ်ရန္ စီစဥ္ထားမႈမွာ ဖ်က္သိမ္းျခင္း ခံခဲ့ရသည္။

ရုပ္သံအစီအစဥ္ ေနာက္ဆံုးအပိုင္းတြင္ ပါဝင္လာျခင္းမရွိမႈေၾကာင့္ ဂ်က္မား၏ ေဘးကင္းလံုျခံဳမႈအတြက္ စိုးရိမ္ရမႈမ်ား ျမင့္မားလာ ေနသည္။

ထို႔အျပင္ Africa’s Business Heroes အစီအစဥ္တင္ဆက္သည့္ တရားဝင္ဝက္ဘ္ဆိုက္စာမ်က္ႏွာမွလည္း ဂ်က္မား၏ ရုပ္ပံုကို ဖယ္ရွားျခင္း ခံလိုက္ရသည္။

သို႔ေသာ္ Alibaba Group ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္ကမူ အဆိုပါသတင္းမ်ားကို ပယ္ခ်ခဲ့ျပီး ဂ်က္မား ေပ်ာက္ဆံုးျခင္းမရွိေၾကာင္း၊ ကိစၥရပ္အသီးသီးကို အစီအစဥ္ဆြဲေနျခင္းသာျဖစ္ေၾကာင္း ေျဖရွင္းခဲ့သည္။

“အစီအစဥ္ေတြ တိုက္ဆိုင္ေနမႈေၾကာင့္ မစၥတာဂ်က္မားဟာ အာဖရိကစီးပြားေရးသူရဲေကာင္းမ်ား ေနာက္ဆံုးအဆင့္ ဒိုင္အဖြဲ႔မွာ မပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္”ဟု ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာသည္။

Alibaba group ၏ အမႈေဆာင္အရာရွိခ်ဳပ္အျဖစ္ ဂ်က္မား၏ေနရာတြင္ လူစီပန္ကို အစားထိုးျခင္းခံခဲ့ရသည္။

“တရုတ္ျပည္နဲ႔ ဂ်က္မားမွာ တစ္ခုခုျဖစ္ေနပါတယ္။ ဒါေၾကာင့္ လူစီ ေရာက္လာတာလည္း ျဖစ္တယ္” ဟု အာဖရိက စီးပြားေရး သူရဲေကာင္းမ်ားမွ ျပိဳင္ပြဲဝင္တစ္ဦးက ေဒသတြင္း မီဒီယာတစ္ခုအား ေျပာၾကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chinese billionaire Jack Ma goes missing after controversial speech (wionews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service