အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး (၇)ခု

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး (၇)ခု - Property Knowledge in Myanmar from iMyanmarHouse.com
2 Jan 2021 12:39 pm တွင် တင်ခဲ့သည်
1030 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အာလူးဆိုတာ အလွယ်တကူဝယ်ယူလို့ရသလို လူကြိုက်လည်းများတဲ့ အစားအစာတစ်ခုပါ။ ပေါပေါလောလော လွယ်လွယ်ကူကူရနိုင်တော့ တချို့တွေက အာလူးလေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို မျက်စိလျှမ်းနေတတ်ပါတယ်။

တကယ်တော့ အာလူးဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အမြောက်အများပေးနိုင်တဲ့တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အာလူးက ဆိုလာနေစီအီးမျိုးရင်းဝင်ဖြစ်ပြီးတော့ ရုက္ခဗေဒအလိုအားဖြင့် အာလူးပင်ကို ဆိုလေနမ် တျူဗာရိုဆမ် (Solanum Tuberosum) လို့ ခေါ်ပါတယ်။

အကြမ်းဖျဉ်းအားဖြင့် အာလူးတစ်လုံးရဲ့ ၄ ပုံ ၃ ပုံလောက်က ရေဓာတ်ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေက ကစီဓာတ်တွေပါ။ ဒါကြောင့်လည်း အာလူးက ကျန်းမာရေးကို ကောင်းကောင်းအထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ အာလူးမှာ အသားဓာတ်နည်းနည်းနဲ့ အဆီဓာတ်နည်းနည်းလည်းပါရှိပါတယ်။

သတိထားရမယ့်အချက်တစ်ချက်ကတော့ အာလူးတစ်လုံးရဲ့ အာဟာရအဖြစ်ထွန်းဆုံးအစိတ်အပိုင်းတွေက အခွံရဲ့ အောက်ခြေကပ်လျက်နေရာမှာရှိနေတာမို့ အာလူးခွံသင်ရင် ခပ်ပါးပါးလှီးသင်ပေးဖို့ လိုအပ်တာပါပဲ။

တကယ်တော့ အာလူးဟာ စွယ်စုံရတဲ့ ဘက်စုံသုံး အစားအစာတစ်မျိုးပါ။ အာဟာရပြည့်အောင် စီမံစားသောက်လို့ရသလို သမိုင်းအဆက်ဆက်မှာလည်း အသက်ရှင်ရပ်တည်ရေးအတွက် အရေးပေါ်အစားအစာအနေနဲ့လည်း အသုံးပြုခဲ့ကြဖူးပါတယ်။ အာလူးရဲ့ အာဟာရဓာတ်ပါဝင်မှုနဲ့ ကျန်းမာရေးအထောက်အကူပြုမှုက ကမ္ဘာ့စစ်မက်ကပ်ဘေးကာလတွေတိုင်းမှာ လူပေါင်းမြောက်များစွာရဲ့ အသက်ကို ကယ်တင်ခဲ့ဖူးတာပါ။

ဒီလိုဂုဏ်ပုဒ်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ အာလူးမှာ ဘယ်လိုကျန်းမာရေး အကျိုးကျေးဇူးတွေ ပိုင်ဆိုင်နေလဲဆိုတာကို သိချင်ကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် အာလူးရဲ့ အကောင်းဆုံး အကျိုးကျေးဇူး ၇ ချက်ကို ပြောပြပေးလိုက်ပါတယ်။

၁။ အာဟာရဓာတ်ကြွယ်ဝစွာ မှီတင်းနေတာ

အာလူးမှာ ရေဓာတ်နဲ့ ကစီဓာတ်အပြင် ဗီတာမင်နဲ့ သက်စောင့်ဓာတ်တွေလည်း ပါဝင်နေပါတယ်။ အလယ်အလတ်အရွယ်အစား အာလူးတစ်လုံးမှာ ကယ်လိုရီ၊ ပရိုတိန်း၊ အဆီဓာတ်၊ ကာဘိုဟိုက်ဒြိတ်၊ ဖိုက်ဘာ၊ ဗီတာမင် C၊ ဗီတာမင် B6၊ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ဖော့စ်ဖောရပ်စ်၊ နီယာဆင်နဲ့ ဖောလိတ်တွေလည်းပါဝင်နေပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက အာလူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစွာ ရရှိဖို့ဆိုရင် နည်းမှန်လမ်းမှန်နဲ့ ပြင်ဆင်ချက်ပြုတ်ဖို့ လိုအပ်မယ်ဆိုတာပါပဲ။

၂။ Antioxidants တွေလည်း ပါဝင်နေတယ်

အာလူးမှာ Flavonoids ၊ Carotenoids နဲ့ Phenolic acids ဆိုတဲ့ Antioxidants တွေပါဝင်နေပါတယ်။ ဒီကွန်ပေါင်းဓာတ်လေးတွေက ခန္ဓာကိုယ်ထဲက Free Radicals လို့ခေါ်တဲ့ မကောင်းတဲ့ မော်လီကျူးလေးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံး၊ ဆီးချိုနဲ့ ကင်ဆာဝေဒနာတွေ မဖြစ်အောင်ကာကွယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။

၃။ သွေးတွင်းသကြားဓာတ်ကို ထိမ်းချုပ်ပေးနိုင်တယ်

အာလူးမှာ ပင်ကိုယ်အားဖြင့် Resistant Starch လို့ခေါ်တဲ့ အထူးကစီဓာတ်တစ်မျိုး ပါဝင်နေတာမို့ သွေးတွင်းသကြားဓာတ်ကို ထိမ်းချုပ်ရာမှာ အထူးအထောက်အကူဖြစ်စေပါတယ်။ ဒီဓာတ်ဟာ အစာအိမ်အတွင်းက အကျိုးပြုဘက်တီးရီးယားတွေကိုလည်း အထောက်အကူပြုပေးပါတယ်။

၄။ အစာခြေစနစ်ကို အကျိုးပြုတယ်

အထက်မှာပြောခဲ့သလိုပဲ Resistant Starch က အစာအိမ်ကိုလည်း အထောက်အကူပြုပါတယ်။ အထူးသဖြင့် အူလမ်းကြောင်းအတွင်းက ဘက်တီးရီးယားလေးတွေဟာ အစာအိမ်ကျန်းမာစေဖို့ အထောက်အကူဖြစ်စေတဲ့ short-chain fatty acids butyrate တွေကို ဖန်တီးပေးပါတယ်။ အဆိုပါ butyrate တွေက အူမကြီးကို ကျန်းမာစေသလို အူမကြီးကင်ဆာနဲ့ ဗိုက်အောင့် ဗိုက်နာတာတွေမဖြစ်အောင်လည်း ကူညီပေးပါတယ်။

၅။ သဘာဝ Gluten-Free diet

Gluten-free diet ဆိုတာ ဝိတ်ချနေသူတွေနဲ့ ကျန်းမာစွာမှီဝဲစားသောက်သူတွေအကြားမှာ အလွန်ရေပန်းစားတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ပရိုတိန်းနွယ်ဝင် ဂလူတန်မှီဝဲမှုကို လျှော့ချခြင်းအားဖြင့် ကိုယ်အလေးချိန်မြင့်တက်မှုကို လျော့ကျစေတဲ့နည်းပါ။ တကယ်လို့ Gluten-free diet နဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတယ်ဆိုရင် ဒါမှမဟုတ် Gluten Sensitivity ဝေဒနာမျိုးရှိနေတယ်ဆိုရင် အာလူးစားဖို့ကိုသာ အရင်ဆုံးစဉ်းစားဖို့ တိုက်တွန်းပါရစေ။

၆။ ဗိုက်ပြည့်စေတယ်

အာလူးဟာ ကမ္ဘာ့သမိုင်း အထူးသဖြင့် ဥရောတိုက်ရဲ့သမိုင်းမှာ အရေးအပါဆုံး အစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် နှစ် ၃၀ စစ်ပွဲကာလ စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုဒါဏ်ခံခဲ့ရတဲ့ ဂျာမနီမှာ အာလူးဟာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ခဲ့တဲ့ အစားအစာဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးက စစ်မက်ကပ်ဘေးတွေတိုင်းမှာ အာလူးဟာ လူသန်းပေါင်းများစွာကို အသက်ဆက်စေတဲ့ နတ်သုဒ္ဓါဖြစ်ခဲ့တာပါ။ အာလူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ ဗိုက်ပြည့်စေတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာကြောင့် အဆာခံစေတဲ့ သဘောသဘာဝရှိပါတယ်။ တစ်ချို့လေ့လာချက်တွေမှာတော့ အာလူးဟာ ဗိုက်ပြည့်တယ်လို့ ခံစားမိစေဆုံး အစားအစာလို့တောင်ဆိုကြပါတယ်။

၇။ ဘက်စုံသုံး အစားအစာ

အာလူးကို Extremely Versatile (အဆုံးအစွန် ဘက်စုံသုံး) အစားအစာလို့ တင်စားကြပါတယ်။ အရသာနဲ့ အာဟာရဓာတ်ပြည့်ဝရုံတင်မကပါဘူး။ အာလူးကို နည်းလမ်းအမျိုးမျိုးနဲ့ ချက်ပြုတ်ကြော်လှော်မှီဝဲလို့ရနိုင်တာကြောင့်ပါ။ ဒါ့အပြင် အာလူးဟာ အစားအစာအမျိုးမျိုးနဲ့လည်း ပေါင်းစပ်လို့ရနိုင်တဲ့အပြင် တွဲဖက်စားသုံးမှုအမျိုးမျိုးကိုလည်း စီမံနိုင်ပါတယ်။ အနောက်တိုင်းမှာဆိုရင် အာလူးနဲ့တွဲဖက်စားလို့မရတဲ့အရာ မရှိဘူးလို့တောင် ဆိုကြတာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

အာလူးမွ အာလူး တမ္းတမ္းစြဲ ျဖစ္သြားေစမယ့္ ေကာင္းက်ိဳး (၇)ခု

အာလူးဆိုတာ အလြယ္တကူဝယ္ယူလို႔ရသလို လူႀကိဳက္လည္းမ်ားတဲ့ အစားအစာတစ္ခုပါ။ ေပါေပါေလာေလာ လြယ္လြယ္ကူကူရႏိုင္ေတာ့ တခ်ိဳ႕ေတြက အာလူးေလးေတြရဲ႕ က်န္းမာေရးအက်ိဳးေက်းဇူးကို မ်က္စိလွ်မ္းေနတတ္ပါတယ္။

တကယ္ေတာ့ အာလူးဟာ အာဟာရဓာတ္ႂကြယ္ဝၿပီး က်န္းမာေရးအက်ိဳးေက်းဇူးေတြ အေျမာက္အမ်ားေပးႏိုင္တဲ့တဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ အာလူးက ဆိုလာေနစီအီးမ်ိဳးရင္းဝင္ျဖစ္ၿပီးေတာ့ ႐ုကၡေဗဒအလိုအားျဖင့္ အာလူးပင္ကို ဆိုေလနမ္ တ်ဴဗာ႐ိုဆမ္ (Solanum Tuberosum) လို႔ ေခၚပါတယ္။

အၾကမ္းဖ်ဥ္းအားျဖင့္ အာလူးတစ္လုံးရဲ႕ ၄ ပုံ ၃ ပုံေလာက္က ေရဓာတ္ျဖစ္ပါတယ္။ က်န္တဲ့အပိုင္းေတြက ကစီဓာတ္ေတြပါ။ ဒါေၾကာင့္လည္း အာလူးက က်န္းမာေရးကို ေကာင္းေကာင္းအေထာက္အကူျဖစ္ေစတာျဖစ္ပါတယ္။ အာလူးမွာ အသားဓာတ္နည္းနည္းနဲ႔ အဆီဓာတ္နည္းနည္းလည္းပါ႐ွိပါတယ္။

သတိထားရမယ့္အခ်က္တစ္ခ်က္ကေတာ့ အာလူးတစ္လုံးရဲ႕ အာဟာရအျဖစ္ထြန္းဆုံးအစိတ္အပိုင္းေတြက အခြံရဲ႕ ေအာက္ေျခကပ္လ်က္ေနရာမွာ႐ွိေနတာမို႔ အာလူးခြံသင္ရင္ ခပ္ပါးပါးလွီးသင္ေပးဖို႔ လိုအပ္တာပါပဲ။

တကယ္ေတာ့ အာလူးဟာ စြယ္စုံရတဲ့ ဘက္စုံသုံး အစားအစာတစ္မ်ိဳးပါ။ အာဟာရျပည့္ေအာင္ စီမံစားေသာက္လို႔ရသလို သမိုင္းအဆက္ဆက္မွာလည္း အသက္႐ွင္ရပ္တည္ေရးအတြက္ အေရးေပၚအစားအစာအေနနဲ႔လည္း အသုံးျပဳခဲ့ၾကဖူးပါတယ္။ အာလူးရဲ႕ အာဟာရဓာတ္ပါဝင္မႈနဲ႔ က်န္းမာေရးအေထာက္အကူျပဳမႈက ကမ႓ာ့စစ္မက္ကပ္ေဘးကာလေတြတိုင္းမွာ လူေပါင္းေျမာက္မ်ားစြာရဲ႕ အသက္ကို ကယ္တင္ခဲ့ဖူးတာပါ။

ဒီလိုဂုဏ္ပုဒ္ေကာင္းေတြ ပိုင္ဆိုင္ေနတဲ့ အာလူးမွာ ဘယ္လိုက်န္းမာေရး အက်ိဳးေက်းဇူးေတြ ပိုင္ဆိုင္ေနလဲဆိုတာကို သိခ်င္ၾကမယ္လို႔ထင္ပါတယ္။ ဒါေၾကာင့္ အာလူးရဲ႕ အေကာင္းဆုံး အက်ိဳးေက်းဇူး ၇ ခ်က္ကို ေျပာျပေပးလိုက္ပါတယ္။

၁။ အာဟာရဓာတ္ႂကြယ္ဝစြာ မွီတင္းေနတာ

အာလူးမွာ ေရဓာတ္နဲ႔ ကစီဓာတ္အျပင္ ဗီတာမင္နဲ႔ သက္ေစာင့္ဓာတ္ေတြလည္း ပါဝင္ေနပါတယ္။ အလယ္အလတ္အ႐ြယ္အစား အာလူးတစ္လုံးမွာ ကယ္လိုရီ၊ ပ႐ိုတိန္း၊ အဆီဓာတ္၊ ကာဘိုဟိုက္ၿဒိတ္၊ ဖိုက္ဘာ၊ ဗီတာမင္ C၊ ဗီတာမင္ B6၊ ပိုတက္ဆီယံ၊ မဂၢနီဆီယံ၊ ေဖာ့စ္ေဖာရပ္စ္၊ နီယာဆင္နဲ႔ ေဖာလိတ္ေတြလည္းပါဝင္ေနပါတယ္။ ဒါေပမယ့္ တစ္ခုသတိထားရမွာက အာလူးမွာပါဝင္တဲ့ အာဟာရဓာတ္ေတြကို ျပည့္ဝစြာ ရ႐ွိဖို႔ဆိုရင္ နည္းမွန္လမ္းမွန္နဲ႔ ျပင္ဆင္ခ်က္ျပဳတ္ဖို႔ လိုအပ္မယ္ဆိုတာပါပဲ။

၂။ Antioxidants ေတြလည္း ပါဝင္ေနတယ္

အာလူးမွာ Flavonoids ၊ Carotenoids နဲ႔ Phenolic acids ဆိုတဲ့ Antioxidants ေတြပါဝင္ေနပါတယ္။ ဒီကြန္ေပါင္းဓာတ္ေလးေတြက ခႏၶာကိုယ္ထဲက Free Radicals လို႔ေခၚတဲ့ မေကာင္းတဲ့ ေမာ္လီက်ဴးေလးေတြကို တိုက္ထုတ္ေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ႏွလုံး၊ ဆီးခ်ိဳနဲ႔ ကင္ဆာေဝဒနာေတြ မျဖစ္ေအာင္ကာကြယ္ရာမွာ အေထာက္အကူျဖစ္ေစမွာပါ။

၃။ ေသြးတြင္းသၾကားဓာတ္ကို ထိမ္းခ်ဳပ္ေပးႏိုင္တယ္

အာလူးမွာ ပင္ကိုယ္အားျဖင့္ Resistant Starch လို႔ေခၚတဲ့ အထူးကစီဓာတ္တစ္မ်ိဳး ပါဝင္ေနတာမို႔ ေသြးတြင္းသၾကားဓာတ္ကို ထိမ္းခ်ဳပ္ရာမွာ အထူးအေထာက္အကူျဖစ္ေစပါတယ္။ ဒီဓာတ္ဟာ အစာအိမ္အတြင္းက အက်ိဳးျပဳဘက္တီးရီးယားေတြကိုလည္း အေထာက္အကူျပဳေပးပါတယ္။

၄။ အစာေျခစနစ္ကို အက်ိဳးျပဳတယ္

အထက္မွာေျပာခဲ့သလိုပဲ Resistant Starch က အစာအိမ္ကိုလည္း အေထာက္အကူျပဳပါတယ္။ အထူးသျဖင့္ အူလမ္းေၾကာင္းအတြင္းက ဘက္တီးရီးယားေလးေတြဟာ အစာအိမ္က်န္းမာေစဖို႔ အေထာက္အကူျဖစ္ေစတဲ့ short-chain fatty acids butyrate ေတြကို ဖန္တီးေပးပါတယ္။ အဆိုပါ butyrate ေတြက အူမႀကီးကို က်န္းမာေစသလို အူမႀကီးကင္ဆာနဲ႔ ဗိုက္ေအာင့္ ဗိုက္နာတာေတြမျဖစ္ေအာင္လည္း ကူညီေပးပါတယ္။

၅။ သဘာဝ Gluten-Free diet

Gluten-free diet ဆိုတာ ဝိတ္ခ်ေနသူေတြနဲ႔ က်န္းမာစြာမွီဝဲစားေသာက္သူေတြအၾကားမွာ အလြန္ေရပန္းစားတဲ့ နည္းလမ္းတစ္မ်ိဳးျဖစ္ပါတယ္။ ပ႐ိုတိန္းႏြယ္ဝင္ ဂလူတန္မွီဝဲမႈကို ေလွ်ာ့ခ်ျခင္းအားျဖင့္ ကိုယ္အေလးခ်ိန္ျမင့္တက္မႈကို ေလ်ာ့က်ေစတဲ့နည္းပါ။ တကယ္လို႔ Gluten-free diet နဲ႔ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ စဥ္းစားေနတယ္ဆိုရင္ ဒါမွမဟုတ္ Gluten Sensitivity ေဝဒနာမ်ိဳး႐ွိေနတယ္ဆိုရင္ အာလူးစားဖို႔ကိုသာ အရင္ဆုံးစဥ္းစားဖို႔ တိုက္တြန္းပါရေစ။

၆။ ဗိုက္ျပည့္ေစတယ္

အာလူးဟာ ကမ႓ာ့သမိုင္း အထူးသျဖင့္ ဥေရာတိုက္ရဲ႕သမိုင္းမွာ အေရးအပါဆုံး အစားအစာေတြထဲက တစ္ခုျဖစ္ပါတယ္။ ဥပမာေပးရမယ္ဆိုရင္ ႏွစ္ ၃၀ စစ္ပြဲကာလ စားနပ္ရိကၡာ႐ွားပါးျပတ္လပ္မႈဒါဏ္ခံခဲ့ရတဲ့ ဂ်ာမနီမွာ အာလူးဟာ လူသန္းေပါင္းမ်ားစြာရဲ႕ အသက္ကို ကယ္တင္ခဲ့တဲ့ အစားအစာျဖစ္ပါတယ္။ ကမ႓ာ့သမိုင္းတစ္ေလွ်ာက္လုံးက စစ္မက္ကပ္ေဘးေတြတိုင္းမွာ အာလူးဟာ လူသန္းေပါင္းမ်ားစြာကို အသက္ဆက္ေစတဲ့ နတ္သုဒၶါျဖစ္ခဲ့တာပါ။ အာလူးမွာပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ ဗိုက္ျပည့္ေစတဲ့ အက်ိဳးသက္ေရာက္မႈကို ျဖစ္ေစတာေၾကာင့္ အဆာခံေစတဲ့ သေဘာသဘာဝ႐ွိပါတယ္။ တစ္ခ်ိဳ႕ေလ့လာခ်က္ေတြမွာေတာ့ အာလူးဟာ ဗိုက္ျပည့္တယ္လို႔ ခံစားမိေစဆုံး အစားအစာလို႔ေတာင္ဆိုၾကပါတယ္။

၇။ ဘက္စုံသုံး အစားအစာ

အာလူးကို Extremely Versatile (အဆုံးအစြန္ ဘက္စုံသုံး) အစားအစာလို႔ တင္စားၾကပါတယ္။ အရသာနဲ႔ အာဟာရဓာတ္ျပည့္ဝ႐ုံတင္မကပါဘူး။ အာလူးကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ခ်က္ျပဳတ္ေၾကာ္ေလွာ္မွီဝဲလို႔ရႏိုင္တာေၾကာင့္ပါ။ ဒါ့အျပင္ အာလူးဟာ အစားအစာအမ်ိဳးမ်ိဳးနဲ႔လည္း ေပါင္းစပ္လို႔ရႏိုင္တဲ့အျပင္ တြဲဖက္စားသုံးမႈအမ်ိဳးမ်ိဳးကိုလည္း စီမံႏိုင္ပါတယ္။ အေနာက္တိုင္းမွာဆိုရင္ အာလူးနဲ႔တြဲဖက္စားလို႔မရတဲ့အရာ မ႐ွိဘူးလို႔ေတာင္ ဆိုၾကတာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service