အေဒီ ၅၃၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လူ့သမိုင်းကို အကြီးအကျယ် ပြောင်းလဲစေခဲ့သော ဆန်းကြယ်သည့် တိမ်တိုက်မဲကြီးများ

အေဒီ ၅၃၆ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော လူ့သမိုင်းကို အကြီးအကျယ် ပြောင်းလဲစေခဲ့သော ဆန်းကြယ်သည့် တိမ်တိုက်မဲကြီးများ - Property News in Myanmar from iMyanmarHouse.com
30 Dec 2020 11:43 am တွင် တင်ခဲ့သည်
1087 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အလယ်ခေတ်သမိုင်းပညာရှင် မိုက်ကယ် မက်ခ်ကော်မစ်ခ်အား လူ့သမိုင်းတွင် ရှင်သန်နေထိုင်ရန် အခက်ခဲခဲ့ဆုံး နှစ်တစ်နှစ်ကို ပြောပါဟု မေးခွန်းထုတ်ရာ သူ၏ အဖြေမှာ မည်သည့်ခုနှစ် ဖြစ်ပါသနည်း။

သူဖြေကြားခဲ့သည်မှာ ဥရောပတိုက်၏ လူဦးရေ ထက်ဝက်နီးပါး သေဆုံးခဲ့ရသည့် မဟူရာသေမင်းဟု တင်စားကြသော ပလိပ်ရောဂါကပ်ဘေးကြီး ဖြစ်ပေါ်ခဲ့သည့် ၁၃၄၉ ခုနှစ် မဟုတ်။

ကမ္ဘာ့လူဦးရေ သန်း ၅၀ မှ သန်း ၁၀၀ ကြား သေဆုံးခဲ့ရသည့် စပိန်တုပ်ကွေးရောဂါကြီးပေါ်ပေါက်ခဲ့သော ၁၉၁၈ ခုနှစ်လည်း မဟုတ်။ သူ၏ အဖြေမှာ အေဒီ ၅၃၆ ခုနှစ် ဟူ၏။

ခရစ်တော်ပေါ်ပြီး ၅၃၆ ခုနှစ်သည် ဥရောပတွင် ရှင်သန်နေထိုင်ရန် အဆိုးရွားဆုံး ကာလများ စတင်ခဲ့သည့် နှစ်တစ်နှစ်ဖြစ်ကြောင်း မက်ခ် ကော်မစ်က ပြောသည်။

မက်ခ် ကော်မစ်သည် ဟားဘတ်တက္ကသိုလ်မှ သမိုင်းပညာရှင်၊ ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦး ဖြစ်သည်။

အေဒီ ၅၃၆ ခုနှစ်တွင် ဆန်းကြယ်သော တိမ်တိုက်မဲထုကြီးသည် ဥရောပတောင်ပိုင်း၊ မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှတိုက်၏ အနောက်ပိုင်းတို့တွင် ၁၈ လတာ ဖုံးအုပ်ထားခဲ့ရာ နေ့ညဟူ၍ မရှိတော့ဘဲ အမှောင်ထုကြီးသာ အမြဲဖုံးလွှမ်းနေခဲ့သည်။

အေဒီ ၅၃၆ ခုနှစ် တစ်နှစ်လုံးတွင် နေသည် အလင်းရောင်ရှိနေသော်လည်း တောက်ပမှု မရှိတော့ဘဲ လကဲ့သို့ဖြစ်နေကြောင်း ဘိုင်ဇန်တိုင်း အင်ပါယာဆိုင်ရာ သမိုင်းပညာရှင် ပရိုကိုပီးယပ်စ်က ပြောသည်။

ဘိုင်ဇန်တိုင်း အင်ပါယာဟူသည်မှာ ရောမအင်ပါယာခေတ်အဆုံးတွင် ပေါ်ပေါက်လာသည့် အင်ပါယာဖြစ်ပြီး ခေတ်ကာလမှာ အေဒီ ၃၉၅ မှ ၁၄၅၃ ခုနှစ်အထိ ဖြစ်သည်။

အေဒီ ၅၃၆ ခုနှစ်၊ နွေရာသီ၏ အပူချိန်မှာ ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်မှ ၂ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်သာရှိပြီး နှစ်ပေါင်း ၂၃၀၀ ကာလအတွင်း အအေးစက်ဆုံး ဆယ်စုနှစ်တစ်ခုကို စတင်စေခဲ့သည်။

ထိုနှစ်က တရုတ်ပြည်တွင် နွေခေါင်ခေါင် နှင်းများကျဆင်းခဲ့ကာ ကောက်ပဲသီးနှံများ မဖြစ်ထွန်းဘဲ လူတို့မှာ အငတ်ဘေးဆိုက်ခဲ့ ကြသည်။ အိုင်ယာလန်၏ မှတ်တမ်းများအရ အေဒီ ၅၃၆ မှ ၅၃၉ အကြားနှစ်များကို ပေါင်မုန့်မရှိသောနှစ်များဟု မှတ်တမ်းတင်ထားသည်။

သစ်ပင်တို့ကို လေ့လာချက်များအရ အေဒီ ၅၃၆ ခုနှစ်မှ ၅၅၁ ခုနှစ်အကြား တရုတ်ပြည်၊ ဥရောပနှင့် မြောက်အမေရိကတို့တွင် သစ်ပင်များ ကြီးထွားမှု နည်းပါးခဲ့ကြောင်း တွေ့ရှိခဲ့ကြသည်။ (သစ်ပင် ပင်စည်တို့ရှိ စက်ဝန်းကွင်းများကို ကြည့်လိုက်သည်နှင့် သစ်ပင်၏ သက်တမ်းအတွင်း တစ်နှစ်ချင်းစီ၏ ရာသီဥတုကို သိရှိနိုင်သည်)

ကမ္ဘာမြေသို့ နေရောင်ခြည်ရရှိမှု နည်းပါးသွားခြင်းကြောင့် ကမ္ဘာ့အပူချိန်ကျဆင်းသွားခဲ့ပြီး မူမမှန်သည့် ရာသီဥတု ပုံစံများ ပေါ်ပေါက်လာခဲ့သည်။ လူသားတို့ ရင်ဆိုင်ရသည့်အကျိုးဆက်မှာ စားသောက်ကုန်ထုတ်လုပ်ရေးတွင် ထွက်ကုန်အလွန်နည်းပါးသွားခြင်း၊ အငတ်ဘေးဆိုက်ခြင်း၊လူမှုရေးနှင့် နိုင်ငံရေးများ ကသောင်းကနင်းဖြစ်လာမှုများ များပြားလာခြင်းတို့ ဖြစ်ပေါ်လာကြသည်။

တိမ်တိုက်မဲကြီး အုပ်လွှမ်းထားမှု၏ အကျိုးဆက်အားဖြင့် အဖြစ်အပျက်များစွာ ပေါ်ပေါက်လာခဲ့သည်။

အေဒီ ၅၄၁ မှ ၅၄၂ ခုနှစ်ကြားတွင် ပလိပ်ရောဂါကပ်ဆိုးကြီး စတင်ကျရောက်ခဲ့ပြီး Justinian Plague ဟု လူသိများခဲ့သည်။

အဆိုပါ ပလိပ်ရောဂါကြီးသည် တမဟုတ်ခြင်း ပျံ့နှံ့သွားပြီး ဘိုင်ဇန်တိုင်း အင်ပါယာ၏ လူဦးရေ ၃ ပုံ ၁ ပုံကျော်ခန့်အထိ သေဆုံးခဲ့ရသည်။ ရောဂါလက္ခဏာများမှာ ကြောက်မက်ဖွယ်ရာဖြစ်ပြီး အဖျားနှင့် တစ်ကိုယ်လုံး ရောင်ယမ်းလာခြင်းတို့ ခံစားကြရသည်။

အေဒီ ၅၃၆ ခုနှစ်တွင် တရုတ်ပြည်၌ အငတ်ဘေးကြီးကျရောက်ခြင်း၊ မိုးခေါင်ရေရှားခြင်းတို့ ဖြစ်ပေါ်ခဲ့ရာ လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ သမိုင်းမှတ်တမ်းများအရ အဝါရောင်ဖုန်မှုန့်များသည် နှင်းကဲ့သို့ ကျဆင်းခဲ့သည်ဟု ဆိုသည်။

တချိန်တည်းမှာပင် ကိုရီးယားတွင်လည်း မုန်တိုင်းကြီးများတိုက်ခတ်ခြင်း၊ ရေကြီးခြင်းများ ရင်ဆိုင်ခဲ့ရသည်။

မက်ဆိုပိုတေးမီးယားတွင်လည်း သမားရိုးကျမဟုတ်ဘဲ နှင်းသည်းထန်စွာ ကျဆင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။

စကင်ဒီနေဗီးယားဒေသသည်ကား ပြင်းထန်စွာ ရိုက်ခတ်ခံခဲ့ရသော ဒေသဖြစ်ဟန်ရှိခဲ့သည်။

ရှေးဟောင်းသုတေသန အထောက်အထားများအရ တွေ့ရှိရသည်မှာ ဆွီဒင်နိုင်ငံရှိ နေရာပေါင်းများစွာမှ ကျေးရွာများ၏ နေအိမ် ၇၅ ရာခိုင်နှုန်းမှာ အဆိုပါနှစ်များအတွင်း လူသူနေထိုင်ခြင်းမရှိဘဲ စွန့်ပစ်ခံခဲ့ရကြောင်း တွေ့ရှိခဲ့ကြသည်။

ထိုကာလကြီးအကြောင်း ရေးဖွဲ့ထားသည့် နော်ဝေ ကဗျာတစ်ပုဒ်ရှိ၏။

“တနင်္ဂနွေဂြိုလ်မင်း မှောင်ကျဆင်းချိန်…

အဏ္ဏဝါလှိုင်းအောက် မြေကမ္ဘာရောက်

ကောင်းကင်ဘုံအောက် ဝေ့ချာပတ်လည် မှိတ်တုတ်ကြယ်များ…” ဟု ဖြစ်သည်။

ရာသီဥတု ဆိုးရွားပြင်းထန်မှုကြီးသည် အခြားသော သမိုင်းကြောင်း လားရာတို့ကိုလည်း ထိခိုက်စေခဲ့သည်။

ယင်းသို့ သမိုင်းလားရာပြောင်းလဲမှုများတွင် မွန်ဂိုလီယန်မျိုးနွှယ်စုတို့ အနောက်အရပ်သို့ ပြောင်းရွှေ့အခြေချလာကြခြင်း၊ ပါရှား ဆာဆနစ် အင်ပါယာကြီး ပြိုကွဲခြင်း၊ အစ္စလာမ်ဘာသာ ပေါ်ပေါက်လာခြင်းနှင့် လျင်မြန်စွာဖြန့်ကျက်လာခြင်းတို့ ပါဝင်သည်။

အချို့သော သမိုင်းပညာရှင်တို့က ရာသီဥတု ပုံစံများ ယင်းသို့ ပြောင်းလဲခြင်းသည် သမိုင်းဦးခေတ်မှကုန်ဆုံးကာ အမှောင်ခေတ်နှင့် အလယ်ခေတ်တို့ အစပျိုးခြင်းဆီသို့ သမိုင်းအရွေ့ကို ဖြစ်စေခဲ့ခြင်းဖြစ်ကြောင်း သတ်မှတ်ကြသည်။

ရာသီဥတု လျင်မြန်စွာပြောင်းလဲခဲ့ခြင်းသည် လူသားတို့၏ လူဦးရေအပေါ်တွင်လည်း သက်ရောက်မှုများ ဖြစ်စေခဲ့သည်။

ယင်းသို့ ရာသီဥတု ရုတ်တရက် ဆိုးရွားစွာ ပြောင်းလဲသွားခဲ့ခြင်းမှာ မည်သည့် အကြောင်းရင်းကြောင့် ဖြစ်သနည်း။ သမိုင်းပညာရှင်တို့အကြားတွင်ပင် ဝိဝါဒကွဲနေကြရာ ကျွန်ုပ်တို့အနေဖြင့် ယင်းပုစ္ဆာ၏အဖြေကို အပြည့်အစုံ မည်သည့်အခါမျှ မသိနိုင်ချေ။

ဖြစ်နိုင်ဖွယ်ရာ သီအိုရီတစ်ခုမှာ ဗဟိုအမေရိကမှ ဖြစ်ဖွယ်ရှိသော မီးတောင်ပေါက်ကွဲမှုကြီးတစ်ခုကြောင့်ဟု ဆိုသည်။

အဆိုပါ မီးတောင်ပေါက်ကွဲမှုကြောင့် ပြာနှင့် ဖုန်မှုန့်များက ကမ္ဘာ့ဒေသများစွာ၏ ကောင်းကင်ကို ဖုံးလွှမ်းသွားစေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

မက်ခ် ကော်မစ်နှင့် အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ် ၊ အိုရိုးနိုမြို့ (Orono) ရှိ မိန်းတက္ကသိုလ် University of Maine (UM) မှ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အင်စတီကျု၏ ရေခဲတောင်ဆိုင်ရာပညာရှင် ပေါလ် မာယူစကီးတို့ ဦးဆောင်သည့်အဖွဲ့က ဆွစ်ဇာလန်ရှိ ရေခဲတောင်တစ်ခုကို လေ့လာချက်အား ဟားဘတ်တက္ကသိုလ်တွင် ပြုလုပ်သည့် ဆွေးနွေးပွဲတွင် တင်ပြခဲ့သည်။

ဆွစ်ဇာလန်ရှိ ရေခဲတောင်ကို လေ့လာချက်အရ ၎င်းတို့အဖွဲ့ တွေ့ရှိသည်မှာ အေဒီ ၅၃၆ တွင် အိုင်စလန်ရှိ မီးတောင်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဆက်လက်၍ အေဒီ ၅၄၀ နှင့် ၅၄၇ ခုနှစ်တို့တွင်လည်း ပေါက်ကွဲမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့ကြောင်း တင်ပြခဲ့ကြသည်။

အဆိုပါပေါက်ကွဲမှုများကြောင့် ဥရောပသည် အေဒီ ၆၄၀ အထိ ဆိုးကျိုးများ ခံစားခဲ့ရသည်ဟု ဆိုသည်။

မြောက်ဝင်ရိုးစွန်းနှင့် တောင်ဝင်ရိုးစွန်းဒေသတို့တွင် တွေ့ရှိခဲ့သော အထောက်အထားများကလည်း မီးတောင်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ညွှန်ပြနေသည်။

အန္တာတိကတိုက်နှင့် ဂရင်းလန်ကျွန်းတို့တွင် တွေ့ရသော ဆာလ်ဖိတ်နုန်းများသည် ၆ ရာစုအလယ်ပိုင်းကဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

အခြားသီအိုရီတစ်ခုမှာ ကြယ်တံခွန် (သို့မဟုတ်) ဥက္ကာခဲကြီးတစ်ခုခုက ကမ္ဘာမြေပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင်း ဖြစ်နိုင်သည်ဟု ဆိုသည်။ ကျွမ်းကျင်ပညာရှင်တို့ကမူ အဆိုပါအယူအဆမှာ မီးတောင်ပေါက်ကွဲမှုကြောင့်ဟူသော အယူအဆလောက် လက်ခံဖွယ်မဟုတ်ကြောင်း သုံးသပ်ကြသည်။

မည်သို့ဖြစ်စေ ထိုခေတ်ထိုကာလက အသက်ရှင်နေထိုင်ခဲ့ကြသူများသည် သဘာဝတရားကြီး ရုတ်တရက်ပြောင်းလဲသွားမှုကို သတိပြုမိခဲ့ကြသည်။

ကမ္ဘာတစ်ဝန်းရှိ ပြည်သူများသည် ကမ္ဘာကြီး နိဂုံးဆီသို့ ဦးတည်နေပြီလောဟု ခံစားခဲ့ကြရမည် ဖြစ်၏။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why 536 was ‘the worst year to be alive’ (Sciencemag, Wikipedia, vintagenews)

 

[Zawgyi]

 

ေအဒီ ၅၃၆ ခုႏွစ္တြင္ ေပၚေပါက္ခဲ့ေသာ လူ႔သမိုင္းကို အၾကီးအက်ယ္ ေျပာင္းလဲေစခဲ့ေသာ ဆန္းၾကယ္သည့္ တိမ္တိုက္မဲၾကီးမ်ား

အလယ္ေခတ္သမိုင္းပညာရွင္ မိုက္ကယ္ မက္ခ္ေကာ္မစ္ခ္အား လူ႔သမိုင္းတြင္ ရွင္သန္ေနထိုင္ရန္ အခက္ခဲခဲ့ဆံုး ႏွစ္တစ္ႏွစ္ကို ေျပာပါဟု ေမးခြန္းထုတ္ရာ သူ၏ အေျဖမွာ မည္သည့္ခုႏွစ္ ျဖစ္ပါသနည္း။

သူေျဖၾကားခဲ့သည္မွာ ဥေရာပတိုက္၏ လူဦးေရ ထက္ဝက္နီးပါး ေသဆံုးခဲ့ရသည့္ မဟူရာေသမင္းဟု တင္စားၾကေသာ ပလိပ္ေရာဂါကပ္ေဘးၾကီး ျဖစ္ေပၚခဲ့သည့္ ၁၃၄၉ ခုႏွစ္ မဟုတ္။

ကမၻာ့လူဦးေရ သန္း ၅၀ မွ သန္း ၁၀၀ ၾကား ေသဆံုးခဲ့ရသည့္ စပိန္တုပ္ေကြးေရာဂါၾကီးေပၚေပါက္ခဲ့ေသာ ၁၉၁၈ ခုႏွစ္လည္း မဟုတ္။ သူ၏ အေျဖမွာ ေအဒီ ၅၃၆ ခုႏွစ္ ဟူ၏။

ခရစ္ေတာ္ေပၚျပီး ၅၃၆ ခုႏွစ္သည္ ဥေရာပတြင္ ရွင္သန္ေနထိုင္ရန္ အဆိုးရြားဆံုး ကာလမ်ား စတင္ခဲ့သည့္ ႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္း မက္ခ္ ေကာ္မစ္က ေျပာသည္။

မက္ခ္ ေကာ္မစ္သည္ ဟားဘတ္တကၠသိုလ္မွ သမိုင္းပညာရွင္၊ ေရွးေဟာင္းသုေတသန ပညာရွင္တစ္ဦး ျဖစ္သည္။

ေအဒီ ၅၃၆ ခုႏွစ္တြင္ ဆန္းၾကယ္ေသာ တိမ္တိုက္မဲထုၾကီးသည္ ဥေရာပေတာင္ပိုင္း၊ ေျမာက္အာဖရိက၊ အေရွ႕အလယ္ပိုင္းေဒသႏွင့္ အာရွတိုက္၏ အေနာက္ပိုင္းတို႔တြင္ ၁၈ လတာ ဖံုးအုပ္ထားခဲ့ရာ ေန႔ညဟူ၍ မရွိေတာ့ဘဲ အေမွာင္ထုၾကီးသာ အျမဲဖံုးလႊမ္းေနခဲ့သည္။

ေအဒီ ၅၃၆ ခုႏွစ္ တစ္ႏွစ္လံုးတြင္ ေနသည္ အလင္းေရာင္ရွိေနေသာ္လည္း ေတာက္ပမႈ မရွိေတာ့ဘဲ လကဲ့သို႔ျဖစ္ေနေၾကာင္း ဘိုင္ဇန္တိုင္း အင္ပါယာဆိုင္ရာ သမိုင္းပညာရွင္ ပရိုကိုပီးယပ္စ္က ေျပာသည္။

ဘိုင္ဇန္တိုင္း အင္ပါယာဟူသည္မွာ ေရာမအင္ပါယာေခတ္အဆံုးတြင္ ေပၚေပါက္လာသည့္ အင္ပါယာျဖစ္ျပီး ေခတ္ကာလမွာ ေအဒီ ၃၉၅ မွ ၁၄၅၃ ခုႏွစ္အထိ ျဖစ္သည္။

ေအဒီ ၅၃၆ ခုႏွစ္၊ ေႏြရာသီ၏ အပူခ်ိန္မွာ ၁ ဒသမ ၅ ဒီဂရီ စင္တီဂရိတ္မွ ၂ ဒသမ ၅ ဒီဂရီ စင္တီဂရိတ္သာရွိျပီး ႏွစ္ေပါင္း ၂၃၀၀ ကာလအတြင္း အေအးစက္ဆံုး ဆယ္စုႏွစ္တစ္ခုကို စတင္ေစခဲ့သည္။

ထိုႏွစ္က တရုတ္ျပည္တြင္ ေႏြေခါင္ေခါင္ ႏွင္းမ်ားက်ဆင္းခဲ့ကာ ေကာက္ပဲသီးႏွံမ်ား မျဖစ္ထြန္းဘဲ လူတို႔မွာ အငတ္ေဘးဆိုက္ခဲ့ ၾကသည္။ အိုင္ယာလန္၏ မွတ္တမ္းမ်ားအရ ေအဒီ ၅၃၆ မွ ၅၃၉ အၾကားႏွစ္မ်ားကို ေပါင္မုန္႔မရွိေသာႏွစ္မ်ားဟု မွတ္တမ္းတင္ထားသည္။

သစ္ပင္တို႔ကို ေလ့လာခ်က္မ်ားအရ ေအဒီ ၅၃၆ ခုႏွစ္မွ ၅၅၁ ခုႏွစ္အၾကား တရုတ္ျပည္၊ ဥေရာပႏွင့္ ေျမာက္အေမရိကတို႔တြင္ သစ္ပင္မ်ား ၾကီးထြားမႈ နည္းပါးခဲ့ေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။ (သစ္ပင္ ပင္စည္တို႔ရွိ စက္ဝန္းကြင္းမ်ားကို ၾကည့္လိုက္သည္ႏွင့္ သစ္ပင္၏ သက္တမ္းအတြင္း တစ္ႏွစ္ခ်င္းစီ၏ ရာသီဥတုကို သိရွိႏိုင္သည္)

ကမၻာေျမသို႔ ေနေရာင္ျခည္ရရွိမႈ နည္းပါးသြားျခင္းေၾကာင့္ ကမၻာ့အပူခ်ိန္က်ဆင္းသြားခဲ့ျပီး မူမမွန္သည့္ ရာသီဥတု ပံုစံမ်ား ေပၚေပါက္လာခဲ့သည္။ လူသားတို႔ ရင္ဆိုင္ရသည့္အက်ဳိးဆက္မွာ စားေသာက္ကုန္ထုတ္လုပ္ေရးတြင္ ထြက္ကုန္အလြန္နည္းပါးသြားျခင္း၊ အငတ္ေဘးဆိုက္ျခင္း၊လူမႈေရးႏွင့္ ႏိုင္ငံေရးမ်ား ကေသာင္းကနင္းျဖစ္လာမႈမ်ား မ်ားျပားလာျခင္းတို႔ ျဖစ္ေပၚလာၾကသည္။

တိမ္တိုက္မဲၾကီး အုပ္လႊမ္းထားမႈ၏ အက်ဳိးဆက္အားျဖင့္ အျဖစ္အပ်က္မ်ားစြာ ေပၚေပါက္လာခဲ့သည္။

ေအဒီ ၅၄၁ မွ ၅၄၂ ခုႏွစ္ၾကားတြင္ ပလိပ္ေရာဂါကပ္ဆိုးၾကီး စတင္က်ေရာက္ခဲ့ျပီး Justinian Plague ဟု လူသိမ်ားခဲ့သည္။

အဆိုပါ ပလိပ္ေရာဂါၾကီးသည္ တမဟုတ္ျခင္း ပ်ံ႕ႏွံ႔သြားျပီး ဘိုင္ဇန္တိုင္း အင္ပါယာ၏ လူဦးေရ ၃ ပံု ၁ ပံုေက်ာ္ခန္႔အထိ ေသဆံုးခဲ့ရသည္။ ေရာဂါလကၡဏာမ်ားမွာ ေၾကာက္မက္ဖြယ္ရာျဖစ္ျပီး အဖ်ားႏွင့္ တစ္ကိုယ္လံုး ေရာင္ယမ္းလာျခင္းတို႔ ခံစားၾကရသည္။

ေအဒီ ၅၃၆ ခုႏွစ္တြင္ တရုတ္ျပည္၌ အငတ္ေဘးၾကီးက်ေရာက္ျခင္း၊ မိုးေခါင္ေရရွားျခင္းတို႔ ျဖစ္ေပၚခဲ့ရာ လူေပါင္းမ်ားစြာ ေသဆံုးခဲ့ရသည္။ သမိုင္းမွတ္တမ္းမ်ားအရ အဝါေရာင္ဖုန္မႈန္႔မ်ားသည္ ႏွင္းကဲ့သို႔ က်ဆင္းခဲ့သည္ဟု ဆိုသည္။

တခ်ိန္တည္းမွာပင္ ကိုရီးယားတြင္လည္း မုန္တိုင္းၾကီးမ်ားတိုက္ခတ္ျခင္း၊ ေရၾကီးျခင္းမ်ား ရင္ဆိုင္ခဲ့ရသည္။

မက္ဆိုပိုေတးမီးယားတြင္လည္း သမားရိုးက်မဟုတ္ဘဲ ႏွင္းသည္းထန္စြာ က်ဆင္းျခင္းမ်ား ျဖစ္ေပၚခဲ့သည္။

စကင္ဒီေနဗီးယားေဒသသည္ကား ျပင္းထန္စြာ ရိုက္ခတ္ခံခဲ့ရေသာ ေဒသျဖစ္ဟန္ရွိခဲ့သည္။

ေရွးေဟာင္းသုေတသန အေထာက္အထားမ်ားအရ ေတြ႔ရွိရသည္မွာ ဆြီဒင္ႏိုင္ငံရွိ ေနရာေပါင္းမ်ားစြာမွ ေက်းရြာမ်ား၏ ေနအိမ္ ၇၅ ရာခိုင္ႏႈန္းမွာ အဆိုပါႏွစ္မ်ားအတြင္း လူသူေနထုိင္ျခင္းမရွိဘဲ စြန္႔ပစ္ခံခဲ့ရေၾကာင္း ေတြ႔ရွိခဲ့ၾကသည္။

ထိုကာလၾကီးအေၾကာင္း ေရးဖြဲ႔ထားသည့္ ေနာ္ေဝ ကဗ်ာတစ္ပုဒ္ရွိ၏။

“တနဂၤေႏြျဂိဳလ္မင္း ေမွာင္က်ဆင္းခ်ိန္…

အဏၰဝါလႈိင္းေအာက္ ေျမကမၻာေရာက္

ေကာင္းကင္ဘံုေအာက္ ေဝ့ခ်ာပတ္လည္ မွိတ္တုတ္ၾကယ္မ်ား…” ဟု ျဖစ္သည္။

ရာသီဥတု ဆိုးရြားျပင္းထန္မႈၾကီးသည္ အျခားေသာ သမိုင္းေၾကာင္း လားရာတို႔ကိုလည္း ထိခိုက္ေစခဲ့သည္။

ယင္းသို႔ သမိုင္းလားရာေျပာင္းလဲမႈမ်ားတြင္ မြန္ဂိုလီယန္မ်ဳိးႏႊယ္စုတို႔ အေနာက္အရပ္သို႔ ေျပာင္းေရႊ႕အေျခခ်လာၾကျခင္း၊ ပါရွား ဆာဆနစ္ အင္ပါယာၾကီး ျပိဳကြဲျခင္း၊ အစၥလာမ္ဘာသာ ေပၚေပါက္လာျခင္းႏွင့္ လ်င္ျမန္စြာျဖန္႔က်က္လာျခင္းတို႔ ပါဝင္သည္။

အခ်ဳိ႕ေသာ သမိုင္းပညာရွင္တို႔က ရာသီဥတု ပံုစံမ်ား ယင္းသို႔ ေျပာင္းလဲျခင္းသည္ သမိုင္းဦးေခတ္မွကုန္ဆံုးကာ အေမွာင္ေခတ္ႏွင့္ အလယ္ေခတ္တို႔ အစပ်ဳိးျခင္းဆီသို႔ သမိုင္းအေရြ႕ကို ျဖစ္ေစခဲ့ျခင္းျဖစ္ေၾကာင္း သတ္မွတ္ၾကသည္။

ရာသီဥတု လ်င္ျမန္စြာေျပာင္းလဲခဲ့ျခင္းသည္ လူသားတို႔၏ လူဦးေရအေပၚတြင္လည္း သက္ေရာက္မႈမ်ား ျဖစ္ေစခဲ့သည္။

ယင္းသို႔ ရာသီဥတု ရုတ္တရက္ ဆိုးရြားစြာ ေျပာင္းလဲသြားခဲ့ျခင္းမွာ မည္သည့္ အေၾကာင္းရင္းေၾကာင့္ ျဖစ္သနည္း။ သမိုင္းပညာရွင္တို႔အၾကားတြင္ပင္ ဝိဝါဒကြဲေနၾကရာ ကၽြႏု္ပ္တို႔အေနျဖင့္ ယင္းပုစၦာ၏အေျဖကို အျပည့္အစံု မည္သည့္အခါမွ် မသိႏိုင္ေခ်။

ျဖစ္ႏိုင္ဖြယ္ရာ သီအိုရီတစ္ခုမွာ ဗဟိုအေမရိကမွ ျဖစ္ဖြယ္ရွိေသာ မီးေတာင္ေပါက္ကြဲမႈၾကီးတစ္ခုေၾကာင့္ဟု ဆိုသည္။

အဆိုပါ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ ျပာႏွင့္ ဖုန္မႈန္႔မ်ားက ကမၻာ့ေဒသမ်ားစြာ၏ ေကာင္းကင္ကို ဖံုးလႊမ္းသြားေစခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

မက္ခ္ ေကာ္မစ္ႏွင့္ အေမရိကန္ျပည္ေထာင္စု၊ မိန္းျပည္နယ္ ၊ အိုရိုးႏိုျမိဳ႕ (Orono) ရွိ မိန္းတကၠသိုလ္ University of Maine (UM) မွ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ အင္စတီက်ဳ၏ ေရခဲေတာင္ဆိုင္ရာပညာရွင္ ေပါလ္ မာယူစကီးတို႔ ဦးေဆာင္သည့္အဖြဲ႔က ဆြစ္ဇာလန္ရွိ ေရခဲေတာင္တစ္ခုကို ေလ့လာခ်က္အား ဟားဘတ္တကၠသိုလ္တြင္ ျပဳလုပ္သည့္ ေဆြးေႏြးပြဲတြင္ တင္ျပခဲ့သည္။

ဆြစ္ဇာလန္ရွိ ေရခဲေတာင္ကို ေလ့လာခ်က္အရ ၎တို႔အဖြဲ႔ ေတြ႔ရွိသည္မွာ ေအဒီ ၅၃၆ တြင္ အိုင္စလန္ရွိ မီးေတာင္ေပါက္ကြဲမႈတစ္ခု ျဖစ္ေပၚခဲ့ေၾကာင္း၊ ဆက္လက္၍ ေအဒီ ၅၄၀ ႏွင့္ ၅၄၇ ခုႏွစ္တို႔တြင္လည္း ေပါက္ကြဲမႈမ်ား ဆက္တိုက္ေပၚေပါက္ခဲ့ေၾကာင္း တင္ျပခဲ့ၾကသည္။

အဆိုပါေပါက္ကြဲမႈမ်ားေၾကာင့္ ဥေရာပသည္ ေအဒီ ၆၄၀ အထိ ဆိုးက်ဳိးမ်ား ခံစားခဲ့ရသည္ဟု ဆိုသည္။

ေျမာက္ဝင္ရိုးစြန္းႏွင့္ ေတာင္ဝင္ရိုးစြန္းေဒသတို႔တြင္ ေတြ႔ရွိခဲ့ေသာ အေထာက္အထားမ်ားကလည္း မီးေတာင္ေပါက္ကြဲမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ညႊန္ျပေနသည္။

အႏၱာတိကတိုက္ႏွင့္ ဂရင္းလန္ကၽြန္းတို႔တြင္ ေတြ႔ရေသာ ဆာလ္ဖိတ္ႏုန္းမ်ားသည္ ၆ ရာစုအလယ္ပိုင္းကျဖစ္ေၾကာင္း ေတြ႔ရွိခဲ့သည္။

အျခားသီအိုရီတစ္ခုမွာ ၾကယ္တံခြန္ (သို႔မဟုတ္) ဥကၠာခဲၾကီးတစ္ခုခုက ကမၻာေျမေပၚသို႔ က်ေရာက္ေပါက္ကြဲခဲ့ျခင္းေၾကာင္း ျဖစ္ႏိုင္သည္ဟု ဆိုသည္။ ကၽြမ္းက်င္ပညာရွင္တို႔ကမူ အဆိုပါအယူအဆမွာ မီးေတာင္ေပါက္ကြဲမႈေၾကာင့္ဟူေသာ အယူအဆေလာက္ လက္ခံဖြယ္မဟုတ္ေၾကာင္း သံုးသပ္ၾကသည္။

မည္သို႔ျဖစ္ေစ ထိုေခတ္ထိုကာလက အသက္ရွင္ေနထုိင္ခဲ့ၾကသူမ်ားသည္ သဘာဝတရားၾကီး ရုတ္တရက္ေျပာင္းလဲသြားမႈကို သတိျပဳမိခဲ့ၾကသည္။

ကမၻာတစ္ဝန္းရွိ ျပည္သူမ်ားသည္ ကမၻာၾကီး နိဂံုးဆီသို႔ ဦးတည္ေနျပီေလာဟု ခံစားခဲ့ၾကရမည္ ျဖစ္၏။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why 536 was ‘the worst year to be alive’ (Sciencemag, Wikipedia, vintagenews)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service