ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ

ရေခဲသေတ္တာထဲသို့ အမြဲထည့်မထားသင့်သော အစားအသောက်များ - Property Knowledge in Myanmar from iMyanmarHouse.com
28 Dec 2020 2:43 pm တွင် တင်ခဲ့သည်
1014 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

တချို့အစားအစာတွေကို ကျန်းမာရေးကောင်းစေတယ်လို့ ထင်မှတ်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပြီး စားသုံးလေ့ရှိကြပါတယ်။ ဒါပေမဲ့ တချို့အစာတွေဟာ သင်ထင်သလိုမဟုတ်ဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအစားအသောက်တွေက အမြဲနေ့စဉ်စားသုံးရင် အန္တရာယ်ရှိနိုင်တာကြောင့် သင့်အိမ်ရှိ ရေခဲသေတ္တာထဲ အမြဲထည့်မထားသင့်ပါဘူး။

၁။ နို့နဲ့ နို့ထွက်ပစ္စည်း

နို့နဲ့ နို့ထွက်ပစ္စည်းမှာ ကယ်လ်စီယမ် ပါဝင်တာကြောင့် အဓိက စားသုံးသင့်တယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ တရုတ်နိုင်ငံမှာ မကြာခင်က ပြုလုပ်တဲ့ လေ့လာမှုအရ နို့နဲ့ နို့ထွက်ပစ္စည်းဟာ အရိုးကျန်းမာရေးအတွက် အသုံးမဝင်ရုံမက နို့ထွက်ပစ္စည်း များများ အသုံးပြုတာကြောင့် အရိုးပါးရောဂါနဲ့ ဆက်စပ်နေတဲ့ အရိုးကျိုးနိုင်ခြေ ပိုမြင့်မားတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နို့ထွက် ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း အက်စစ်ဓာတ်ဖြစ်စေ တာကြောင့်လို့ ဆိုပါတယ်။ အက်စစ် ဓာတ်ပြယ်ဖို့အတွက် ခန္ဓာကိုယ်က အရိုးထဲမှ ဆားတွေကို ဆွဲထုတ် လိုက်ရတာကြောင့် အရိုးတွေ အားနည်းသွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူအများစုဟာ နို့နဲ့ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ Lactose ခေါ်တဲ့ သကြားတစ်မျိုးနဲ့ Casein ခေါ်တဲ့ ပရိုတင်း အမျိုးအစားကို ခံနိုင်ရည်နည်းကြပါတယ်။ နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ rGBH ခေါ်တဲ့ ဟော်မုန်းဟာလည်း တချို့ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။

၂။ မွေးမြူရေးကြက်ဥ

‌မွေးမြူရေးကြက်ဥတွေမှာ ပဋိဇီဝဆေးဝါးတွေ၊ ဟော်မုန်းတွေ၊ ပိုးသတ်ဆေးတေ၊ ဆာမိုနဲလားနဲ့ တခြား ဘက်တီးရီးယားပိုးမွှားတွေ ပါဝင်တတ်ပါတယ်။ အကယ်၍ ကြက်ဥ စားတော့မယ်ဆိုရင် အိမ်မွေးကြက်ဥနဲ့ သြဂဲနစ် နည်းပညာနဲ့ မွေးမြူထားတဲ့ ကြက်ဥတွေကို စားပါ။

၃။ မာဂျရင်းနှင့် ထောပတ်

မာဂျရင်းမှာ ထပ်ပြန်ကြော်ဆီတွေနဲ့ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ ထောပတ်မှာ တိရစ္ဆာန်မှရရှိတဲ့ ပြည့်ဝဆီတွေ အများအပြား ပါဝင်တာကြောင့် နှလုံးကို ပျက်စီးစေနိုင် ပါတယ်။ နှစ်မျိုး စလုံးမှာ ကယ်လိုရီ အများအပြား ရရှိနိုင်ပြီး သွေးတွင်းကိုလက်စထရော အဆင့်ကိုလည်း မြင့်မားစေနိုင်ပါတယ်။

၄။ မေရိုးနိစ်

 ‌မေရိုးနိစ်မှာ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ပဲပိစပ်အဆီတွေ ပါဝင်ပါတယ်။ သုတေသနပြုလုပ်ချက်အရ မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အစားအစာတွေဟာ မြုံတာ၊ မွေးကင်းစကလေး သေဆုံးတာတို့နဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ မေရိုးနိစ်ရဲ့ သွင်ပြင်သဏ္ဌာန်ဟာလည်း အဆီအခဲပျစ်ပျစ်တွေနဲ့ တူညီနေတာမို့ အဆီပါဝင်မှု များပြားနေမယ်ဆိုတာ အမှန်အကန်ပါ။ ဒီအစာတွေ စားတာကြောင့် ခန္ဓာကိုယ်မှာ အဆီစုဆောင်းမှုတွေလည်း များပြားနိုင်ပါတယ်။

၅။ Ketchup (ဆော့စ်အမျိုးမျိုး)

Ketchup တွေမှာ ဖရုတို့စ် ပါဝင်မှုများတဲ့ ပြောင်းဖူးအချိုရည် (High-frutose corn syrup, HFCS) နဲ့ တခြားဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။ သစ်သီးတွေမှာ HFCS ဟာ အနည်းငယ် ပါဝင်ပေမယ့် သူတို့မှာ အမျှင်ဓာတ်၊ ဗီတာမင်စီနဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါ ပါဝင်တာမို့ ခန္ဓာကိုယ်တွင်းမှာ ဖရုတို့စ်ကို ထိရောက်စွာ ချေဖျက်နိုင်ပါတယ်။ HFCS ပါဝင်မှု များပြားတဲ့ အစားအစာတွေကိုမူ အသည်းမှ ချေဖျက်နိုင်စွမ်း အရမ်းခက်ခဲသွားပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတာ၊ ထရိုင်ဂလစ်စရိုက်အဆင့် မြင့်မားတာ အစရှိတဲ့ ပြဿနာတွေအပြင် ခန္ဓာကိုယ်မှ အစာစားချင်စိတ်ကို အချက်ပြတဲ့ စနစ်တွေပါ ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးအစား (၂) ဆီးချိုရောဂါနဲ့ Metabolic Syndrome ဖြစ်နိုင်ခြေလည်း မြင့်မားသွားပါတယ်။

၆။ စူပါမားကက်ရှိ ဟင်းရွက်သုပ်ရာတွင် ထည့်သောပစ္စည်း (Salad Dressings)

ဒီ Dressings တွေမှာ ဓာတုပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေ၊ သကြား၊ HFCS ၊ နို့ထွက်ပစ္စည်းနဲ့ မျိုးရိုးဗီဇပြုပြင်ထားတဲ့ အစာတွေ ပါဝင်ပါတယ်။ ရှလကာရည်၊ သံလွင်ဆီနဲ့ ဟင်းခတ်အမွေးအကြိုင်တွေကို အသုံးပြုပြီး ဟင်းသီး ဟင်းရွက်တွေနဲ့ သုပ်စားပါ။ ၇။ အသားလွှာ  အဆီပါဝင်မှုနည်းတဲ့ အသားလွှာမှာတောင် ပါဝင်တဲ့ပစ္စည်းတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ အသားလွှာတွေ ပါးစပ်ထဲမှာ အလွယ်တကူ ပျော်ဝင်သွားစေနိုင်ဖို့ ဆား၊ သကြားနဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုရလို့ပါ။ တာရှည်ခံပစ္စည်းနဲ့ အရောင်ဆိုးပစ္စည်းတွေကိုလည်း အသုံးပြုထားပါတယ်။

၇။ ပြုပြင်ထားသည့် အသားများနှင့် ဝက်ပေါင်ခြောက်

 ဝက်အူချောင်းနဲ့ ဝက်ပေါင်ခြောက်လိုမျိုး ပြုပြင်ထားတဲ့ အစားအစာတွေဟာ ကျန်းမာရေးအတွက် အန္တရာယ်များပါတယ်။ လေ့လာမှုတစ်ခုအရ ပြုပြင်ထားတဲ့ အစာတွေ စားတာကြောင့် မုန့်ချိုအိတ်ကင်ဆာဖြစ်နှုန်း ၆၇ ရာခိုင်နှုန်း မြင့်တက်နိုင် တယ်လို့ သိရပါတယ်။

၈။ ဒိန်ချဉ် 

ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးရှိတယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ ဒါပေမဲ့ ဒိန်ချဉ်ဟာ ပိုးသတ်ထားတဲ့ နို့နဲ့ ပြုလုပ်ထားတာဖြစ်ပြီး သူ့မှာ Lactose နဲ့ Casein တွေအပြင် နို့ထွက်ပစ္စည်းမှာ ပါဝင်တဲ့ အရာတွေအားလုံး ပါဝင်ပါတယ်။

၉။ တို့ဟူး

အသားကို စားမယ့်အစား တိုဟူးကို စားမယ်ဆိုရင် ကျန်းမာရေးအတွက် အကျိုးကျေးဇူးရနိုင်တယ်လို့ လူအများ ထင်မှတ်ကြပါတယ်။ တိုဟူးဟာ ပဲပိစပ် ထုတ်ကုန်တစ်မျိုးပါ။ အမေရိကန်မှ ထုတ်လုပ်တဲ့ ပဲပိစပ်တွေရဲ့ ၈၇ ရာခိုင်နှုန်းဟာ မျိုးရိုးဗီဇ ပြုပြင်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပဲပိစပ်ဟာ တချို့ ကင်ဆာရောဂါ၊ သိုင်းရွိုက်ရောဂါ၊ မြုံတာ အပါအဝင် ကျန်းမာရေးပြဿနာတချို့နဲ့ ဆက်စပ်နေပါတယ်။ ကောက်နှံတစ်ခုလုံးပါဝင်စာတွေ စားပေးရင် အသားဓာတ်ကို အများအပြား ရရှိနိုင်ပါတယ်။

၁၀။ ဖျော်ရည် 

‌ဖျော်ရည်တွေမှာ သကြားအများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ် အနည်းငယ်သာ ပါဝင်ပြီး ကယ်လိုရီ အများအပြားလည်း ပါဝင်တာမို့ သွေးတွင်း သကြားဓာတ်ကိုလည်း မြင့်တက်စေနိုင်တဲ့အပြင် အစာ စားချင်စိတ် ကိုလည်း ဖြစ်ပေါ်စေနိုင် ပါတယ်။ စူပါမားကက်မှာ တင်ရောင်းထားတဲ့ ဖျော်ရည်တွေဟာ ပိုးသတ် ထားတာတွေ ဖြစ်တာကြောင့် အာဟာရဓာတ်တွေ အများအပြား ဆုံးရှုံးပြီးသား ဖြစ်ပါတယ်။

၁၁။ ဆော်ဒါ

‌ဆော်ဒါဟာ ခန္ဓာကိုယ်တွင်း အက်ဆစ်ဓာတ်ကို ဖြစ်စေတဲ့အပြင် သူ့မှာလည်း HFCS တွေ အများအပြား ပါဝင်ပါတယ်။ Diet ဆော်ဒါမှာ ဆေးသကြားတွေ ပါဝင်တာကြောင့် အဲဒီနှစ်မျိုးစလုံးဟာ ကိုယ်အလေးချိန် ပြဿနာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ရေခဲသေတ္တာအတွင်း ထည့်သင့်သည့် အစားအစာများ

* အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

* ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံများ

* သြဂဲနစ် သစ်သီးများ

* ရှာလကာရည်

* သြဂဲနစ် ကြက်ဥ

* ဗာဒံစေ့

*ထောပတ်သီး

* ပဲအမျိုးမျိုး

* လတ်လတ်ဆတ်ဆတ် အသားများ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]

ေရခဲေသတၱာထဲသို႔ အၿမဲထည့္မထားသင့္ေသာ အစားအေသာက္မ်ား

တခ်ိဳ႕အစားအစာေတြကို က်န္းမာေရးေကာင္းေစတယ္လို႔ ထင္မွတ္ၿပီး ေရခဲေသတၱာထဲမွာ သိမ္းဆည္းၿပီး စားသုံးေလ့႐ွိၾကပါတယ္။ ဒါေပမဲ့ တခ်ိဳ႕အစာေတြဟာ သင္ထင္သလိုမဟုတ္ဘဲ က်န္းမာေရးအတြက္ အႏၲရာယ္႐ွိႏိုင္ပါတယ္။ ဒါေၾကာင့္ ေအာက္ပါအစားအေသာက္ေတြက အၿမဲေန႔စဥ္စားသုံးရင္ အႏၲရာယ္႐ွိႏိုင္တာေၾကာင့္ သင့္အိမ္႐ွိ ေရခဲေသတၱာထဲ အၿမဲထည့္မထားသင့္ပါဘူး။

၁။ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္း

ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းမွာ ကယ္လ္စီယမ္ ပါဝင္တာေၾကာင့္ အဓိက စားသုံးသင့္တယ္လို႔ လူအမ်ားစုက ထင္မွတ္ထားၾကပါတယ္။ တ႐ုတ္ႏိုင္ငံမွာ မၾကာခင္က ျပဳလုပ္တဲ့ ေလ့လာမႈအရ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းဟာ အ႐ိုးက်န္းမာေရးအတြက္ အသုံးမဝင္႐ုံမက ႏို႔ထြက္ပစၥည္း မ်ားမ်ား အသုံးျပဳတာေၾကာင့္ အ႐ိုးပါးေရာဂါနဲ႔ ဆက္စပ္ေနတဲ့ အ႐ိုးက်ိဳးႏိုင္ေျခ ပိုျမင့္မားတယ္လို႔ ေတြ႕႐ွိခဲ့ပါတယ္။ ႏို႔ထြက္ ပစၥည္းေတြဟာ ခႏၶာကိုယ္အတြင္း အက္စစ္ဓာတ္ျဖစ္ေစ တာေၾကာင့္လို႔ ဆိုပါတယ္။ အက္စစ္ ဓာတ္ျပယ္ဖို႔အတြက္ ခႏၶာကိုယ္က အ႐ိုးထဲမွ ဆားေတြကို ဆြဲထုတ္ လိုက္ရတာေၾကာင့္ အ႐ိုးေတြ အားနည္းသြားတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ လူအမ်ားစုဟာ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းမွာ ပါဝင္တဲ့ Lactose ေခၚတဲ့ သၾကားတစ္မ်ိဳးနဲ႔ Casein ေခၚတဲ့ ပ႐ိုတင္း အမ်ိဳးအစားကို ခံႏိုင္ရည္နည္းၾကပါတယ္။ ႏို႔ထြက္ပစၥည္းမွာ ပါဝင္တဲ့ rGBH ေခၚတဲ့ ေဟာ္မုန္းဟာလည္း တခ်ိဳ႕ကင္ဆာေရာဂါ ျဖစ္ႏိုင္ေျခကို ျမင့္မားေစႏိုင္ပါတယ္။

၂။ ေမြးျမဴေရးၾကက္ဥ

‌ေမြးျမဴေရးၾကက္ဥေတြမွာ ပဋိဇီဝေဆးဝါးေတြ၊ ေဟာ္မုန္းေတြ၊ ပိုးသတ္ေဆးေတ၊ ဆာမိုနဲလားနဲ႔ တျခား ဘက္တီးရီးယားပိုးမႊားေတြ ပါဝင္တတ္ပါတယ္။ အကယ္၍ ၾကက္ဥ စားေတာ့မယ္ဆိုရင္ အိမ္ေမြးၾကက္ဥနဲ႔ ၾသဂဲနစ္ နည္းပညာနဲ႔ ေမြးျမဴထားတဲ့ ၾကက္ဥေတြကို စားပါ။

၃။ မာဂ်ရင္းႏွင့္ ေထာပတ္

မာဂ်ရင္းမွာ ထပ္ျပန္ေၾကာ္ဆီေတြနဲ႔ ခႏၶာကိုယ္အတြက္ မလိုအပ္တဲ့ တျခားဓာတုပစၥည္းေတြ အမ်ားအျပား ပါဝင္ပါတယ္။ ေထာပတ္မွာ တိရစၧာန္မွရ႐ွိတဲ့ ျပည့္ဝဆီေတြ အမ်ားအျပား ပါဝင္တာေၾကာင့္ ႏွလုံးကို ပ်က္စီးေစႏိုင္ ပါတယ္။ ႏွစ္မ်ိဳး စလုံးမွာ ကယ္လိုရီ အမ်ားအျပား ရ႐ွိႏိုင္ၿပီး ေသြးတြင္းကိုလက္စထေရာ အဆင့္ကိုလည္း ျမင့္မားေစႏိုင္ပါတယ္။

၄။ ေမ႐ိုးနိစ္

‌ေမ႐ိုးနိစ္မွာ မ်ိဳး႐ိုးဗီဇ ျပဳျပင္ထားတဲ့ ပဲပိစပ္အဆီေတြ ပါဝင္ပါတယ္။ သုေတသနျပဳလုပ္ခ်က္အရ မ်ိဳး႐ိုးဗီဇ ျပဳျပင္ထားတဲ့ အစားအစာေတြဟာ ျမဳံတာ၊ ေမြးကင္းစကေလး ေသဆုံးတာတို႔နဲ႔ ဆက္စပ္ေနတယ္လို႔ ေတြ႕႐ွိခဲ့ပါတယ္။ ေမ႐ိုးနိစ္ရဲ႕ သြင္ျပင္သဏၭာန္ဟာလည္း အဆီအခဲပ်စ္ပ်စ္ေတြနဲ႔ တူညီေနတာမို႔ အဆီပါဝင္မႈ မ်ားျပားေနမယ္ဆိုတာ အမွန္အကန္ပါ။ ဒီအစာေတြ စားတာေၾကာင့္ ခႏၶာကိုယ္မွာ အဆီစုေဆာင္းမႈေတြလည္း မ်ားျပားႏိုင္ပါတယ္။

၅။ Ketchup (ေဆာ့စ္အမ်ိဳးမ်ိဳး)

Ketchup ေတြမွာ ဖ႐ုတို႔စ္ ပါဝင္မႈမ်ားတဲ့ ေျပာင္းဖူးအခ်ိဳရည္ (High-frutose corn syrup, HFCS) နဲ႔ တျခားဓာတုပစၥည္းေတြ အမ်ားအျပား ပါဝင္ပါတယ္။ သစ္သီးေတြမွာ HFCS ဟာ အနည္းငယ္ ပါဝင္ေပမယ့္ သူတို႔မွာ အမွ်င္ဓာတ္၊ ဗီတာမင္စီနဲ႔ ဓာတ္တိုးဆန္႔က်င္ ပစၥည္းေတြပါ ပါဝင္တာမို႔ ခႏၶာကိုယ္တြင္းမွာ ဖ႐ုတို႔စ္ကို ထိေရာက္စြာ ေခ်ဖ်က္ႏိုင္ပါတယ္။ HFCS ပါဝင္မႈ မ်ားျပားတဲ့ အစားအစာေတြကိုမူ အသည္းမွ ေခ်ဖ်က္ႏိုင္စြမ္း အရမ္းခက္ခဲသြားပါတယ္။ ဒါေၾကာင့္ အသည္းအဆီဖုံးတာ၊ ထ႐ိုင္ဂလစ္စ႐ိုက္အဆင့္ ျမင့္မားတာ အစ႐ွိတဲ့ ျပႆနာေတြအျပင္ ခႏၶာကိုယ္မွ အစာစားခ်င္စိတ္ကို အခ်က္ျပတဲ့ စနစ္ေတြပါ ပ်က္စီးေစႏိုင္ပါတယ္။ ဒါ့အျပင္ အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါနဲ႔ Metabolic Syndrome ျဖစ္ႏိုင္ေျခလည္း ျမင့္မားသြားပါတယ္။

၆။ စူပါမားကက္႐ွိ ဟင္း႐ြက္သုပ္ရာတြင္ ထည့္ေသာပစၥည္း (Salad Dressings)

ဒီ Dressings ေတြမွာ ဓာတုပစၥည္းေတြ၊ တာ႐ွည္ခံပစၥည္းေတြ၊ သၾကား၊ HFCS ၊ ႏို႔ထြက္ပစၥည္းနဲ႔ မ်ိဳး႐ိုးဗီဇျပဳျပင္ထားတဲ့ အစာေတြ ပါဝင္ပါတယ္။ ႐ွလကာရည္၊ သံလြင္ဆီနဲ႔ ဟင္းခတ္အေမြးအႀကိဳင္ေတြကို အသုံးျပဳၿပီး ဟင္းသီး ဟင္း႐ြက္ေတြနဲ႔ သုပ္စားပါ။

၇။ အသားလႊာ

အဆီပါဝင္မႈနည္းတဲ့ အသားလႊာမွာေတာင္ ပါဝင္တဲ့ပစၥည္းေတြဟာ က်န္းမာေရးအတြက္ အႏၲရာယ္မ်ားပါတယ္။ အသားလႊာေတြ ပါးစပ္ထဲမွာ အလြယ္တကူ ေပ်ာ္ဝင္သြားေစႏိုင္ဖို႔ ဆား၊ သၾကားနဲ႔ ဓာတုပစၥည္းေတြကို အသုံးျပဳရလို႔ပါ။ တာ႐ွည္ခံပစၥည္းနဲ႔ အေရာင္ဆိုးပစၥည္းေတြကိုလည္း အသုံးျပဳထားပါတယ္။

၇။ ျပဳျပင္ထားသည့္ အသားမ်ားႏွင့္ ဝက္ေပါင္ေျခာက္

ဝက္အူေခ်ာင္းနဲ႔ ဝက္ေပါင္ေျခာက္လိုမ်ိဳး ျပဳျပင္ထားတဲ့ အစားအစာေတြဟာ က်န္းမာေရးအတြက္ အႏၲရာယ္မ်ားပါတယ္။ ေလ့လာမႈတစ္ခုအရ ျပဳျပင္ထားတဲ့ အစာေတြ စားတာေၾကာင့္ မုန္႔ခ်ိဳအိတ္ကင္ဆာျဖစ္ႏႈန္း ၆၇ ရာခိုင္ႏႈန္း ျမင့္တက္ႏိုင္ တယ္လို႔ သိရပါတယ္။

၈။ ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာ လူ႕အက်ိဳးျပဳဘက္တီးရီးယားေတြ ပါဝင္တာေၾကာင့္ က်န္းမာေရးအတြက္ အက်ိဳး႐ွိတယ္လို႔ လူအမ်ား ထင္မွတ္ၾကပါတယ္။ ဒါေပမဲ့ ဒိန္ခ်ဥ္ဟာ ပိုးသတ္ထားတဲ့ ႏို႔နဲ႔ ျပဳလုပ္ထားတာျဖစ္ၿပီး သူ႕မွာ Lactose နဲ႔ Casein ေတြအျပင္ ႏို႔ထြက္ပစၥည္းမွာ ပါဝင္တဲ့ အရာေတြအားလုံး ပါဝင္ပါတယ္။

၉။ တို႔ဟူး

အသားကို စားမယ့္အစား တိုဟူးကို စားမယ္ဆိုရင္ က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးရႏိုင္တယ္လို႔ လူအမ်ား ထင္မွတ္ၾကပါတယ္။ တိုဟူးဟာ ပဲပိစပ္ ထုတ္ကုန္တစ္မ်ိဳးပါ။ အေမရိကန္မွ ထုတ္လုပ္တဲ့ ပဲပိစပ္ေတြရဲ႕ ၈၇ ရာခိုင္ႏႈန္းဟာ မ်ိဳး႐ိုးဗီဇ ျပဳျပင္ထားတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ပဲပိစပ္ဟာ တခ်ိဳ႕ ကင္ဆာေရာဂါ၊ သိုင္း႐ြိဳက္ေရာဂါ၊ ျမဳံတာ အပါအဝင္ က်န္းမာေရးျပႆနာတခ်ိဳ႕နဲ႔ ဆက္စပ္ေနပါတယ္။ ေကာက္ႏွံတစ္ခုလုံးပါဝင္စာေတြ စားေပးရင္ အသားဓာတ္ကို အမ်ားအျပား ရ႐ွိႏိုင္ပါတယ္။

၁၀။ ေဖ်ာ္ရည္

‌ေဖ်ာ္ရည္ေတြမွာ သၾကားအမ်ားအျပား ပါဝင္ပါတယ္။ ဒါ့အျပင္ အမွ်င္ဓာတ္ အနည္းငယ္သာ ပါဝင္ၿပီး ကယ္လိုရီ အမ်ားအျပားလည္း ပါဝင္တာမို႔ ေသြးတြင္း သၾကားဓာတ္ကိုလည္း ျမင့္တက္ေစႏိုင္တဲ့အျပင္ အစာ စားခ်င္စိတ္ ကိုလည္း ျဖစ္ေပၚေစႏိုင္ ပါတယ္။ စူပါမားကက္မွာ တင္ေရာင္းထားတဲ့ ေဖ်ာ္ရည္ေတြဟာ ပိုးသတ္ ထားတာေတြ ျဖစ္တာေၾကာင့္ အာဟာရဓာတ္ေတြ အမ်ားအျပား ဆုံး႐ႈံးၿပီးသား ျဖစ္ပါတယ္။

၁၁။ ေဆာ္ဒါ

‌ေဆာ္ဒါဟာ ခႏၶာကိုယ္တြင္း အက္ဆစ္ဓာတ္ကို ျဖစ္ေစတဲ့အျပင္ သူ႕မွာလည္း HFCS ေတြ အမ်ားအျပား ပါဝင္ပါတယ္။ Diet ေဆာ္ဒါမွာ ေဆးသၾကားေတြ ပါဝင္တာေၾကာင့္ အဲဒီႏွစ္မ်ိဳးစလုံးဟာ ကိုယ္အေလးခ်ိန္ ျပႆနာကို ျဖစ္ေပၚေစႏိုင္ပါတယ္။

ေရခဲေသတၱာအတြင္း ထည့္သင့္သည့္ အစားအစာမ်ား

* အစိမ္းရင့္ေရာင္ ဟင္းသီးဟင္း႐ြက္မ်ား

* က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ သစ္သီးဝလံမ်ား

* ၾသဂဲနစ္ သစ္သီးမ်ား

* ႐ွာလကာရည္

* ၾသဂဲနစ္ ၾကက္ဥ

* ဗာဒံေစ့

*ေထာပတ္သီး

* ပဲအမ်ိဳးမ်ိဳး

* လတ္လတ္ဆတ္ဆတ္ အသားမ်ား

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service