မိုက်ကယ်ဂျက်ဆင်၏ ဧကပေါင်း ၂၇၀၀ ကျယ်ဝန်းသည့် နဲဗားလန်းခြံကြီး အံ့အားသင့်ဖွယ် အလွန်နည်းပါးလှသော ဈေးနှုန်းဖြင့် ရောင်းထွက်ပြီ

မိုက်ကယ်ဂျက်ဆင်၏ ဧကပေါင်း ၂၇၀၀ ကျယ်ဝန်းသည့် နဲဗားလန်းခြံကြီး အံ့အားသင့်ဖွယ် အလွန်နည်းပါးလှသော ဈေးနှုန်းဖြင့် ရောင်းထွက်ပြီ - Property News in Myanmar from iMyanmarHouse.com
27 Dec 2020 11:29 am တွင် တင်ခဲ့သည်
13281 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ပေါ့ပ်ဂီတ၏ ဘုရင်ဟု တင်စားကြသော မိုက်ကယ်ဂျက်ဆင် ပိုင်ဆိုင်ခဲ့သည့် နဲဗားလန်း ခြံကြီး ရောင်းထွက်သွားပြီ ဖြစ်သည်။

ယောက်ျားလေး ကလေးငယ်တစ်ဦးကို မဖွယ်မရာပြုကျင့်သည်ဟူသော စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်ခဲ့ရပြီးနောက် မိုက်ကယ်ဂျက်ဆင်က အဆိုပါခြံကြီးကို စွန့်ပစ်ထားခဲ့ကာ ၎င်းကွယ်လွန်သွားပြီး ၁၀ နှစ်ကျော်တွင် ရောင်းထွက်သွားခြင်းလည်း ဖြစ်သည်။

မိုက်ကယ်ဂျက်ဆင်၏ မိသားစုမိတ်ဆွေဟောင်း ဘီလျံနာသူဌေးကြီး ရွန် ဘာ့ကယ်က ဟက်တာပေါင်း ၁၁၀၀ (ဧက ၂၇၀၀) ကျယ်ဝန်းသည့် နဲဗားလန်းခြံကြိးကို မကြာသေးမီက ဝယ်ယူလိုက်ကြောင်း ဘာကယ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောသည်။

ဝေါစထရိဂျာနယ်တွင် ဖော်ပြချက်အရ အဆိုပါခြံကြီးကို ကန်ဒေါ်လာ ၂၂ သန်းမျှဖြင့် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နဲဗားလန်းခြံကြီးသည် ၂၀၁၅ ခုနှစ်အတွင်းက ကန်ဒေါ်လာ သန်း ၁၀၀ အထိ ဈေးခေါ်ကာ ရောင်းချခဲ့ဖူးပြီး ရောင်းမထွက်ခဲ့ချေ။ ယင်းနောက်ပိုင်း ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၆၇ သန်းသို့ ဈေးလျှော့ပေးကာ အရောင်းဈေးကွက်တင်ခဲ့ပြန်သည်။

ဘာကယ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောရာတွင် ဘာကယ်သည် အခြားခြံနေရာများကို လိုက်လံရှာဖွေနေစဉ် နဲဗားလန်းခြံကြီးကို ဝေဟင်မှတဆင့် တွေ့မြင်ခဲ့ကြောင်း၊ ယင်းနောက် Colony Capital LLC အိမ်ခြံမြေကုမ္ပဏီ တည်ထောင်သူ တွမ် ဘားရက်ခ် (Tom Barrack) ကို ဆက်သွယ်ကာ နဲဗားလန်းခြံကြီးကို ဝယ်ယူရန် ဆွေးနွေးခဲ့သည်။

ထိုအချိန်က နဲဗားလန်းခြံကြီးကို အရောင်းဈေးကွက်တင်ထားခြင်း မရှိချေ။ မိုက်ကယ်ဂျက်ဆင်သည် ၂၀၀၉ ခုနှစ်က anaesthetic Propofol ဆေးလွန်ကာ သေဆုံးခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၀ ရှိပြီ ဖြစ်သည်။

မိုက်ကယ်ဂျက်ဆင်သည် လော့စ်အိန်ဂျလိမြို့၏ မြောက်ဘက် ၁၉၃ ကီလိုမီတာ (မိုင် ၁၂၀) အကွာ Los Olivos အရပ်ရှိ နဲဗားလန်းခြံကြီးကို ၁၉၈၈ ခုနှစ်တွင် ကန်ဒေါ်လာ ၁၉ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် မိုက်ကယ်ဂျက်ဆင်သည် ဘဏ္ဍာရေးအကျပ်အတည်းတွေ့ရပြီးနောက် နဲဗာလန်းခြံကြီးကို ချေးငွေထုတ်ပေးထားသော Colony Capital LLC ကုမ္ပဏီထံ ပိုင်ဆိုင်မှု လွှဲပြောင်းပေးခဲ့သည်။

နဲဗားလန်းဟူသောအမည်မှာ စကော့တလန်စာရေးဆရာ ဂျေ-အမ်- ဘာရီ ဖန်တီးခဲ့သော Peter Pan ဟူသော ယောက်ျားကလေးတစ်ဦး နေထိုင်သည်ဆိုသည့် Neverland ဟူသော စိတ်ကူးယဉ်ဒေသတစ်ခု၏ နာမည်ကို ရယူထားခြင်း ဖြစ်သည်။

နဲဗားလန်းခြံကြိးသည် မိုက်ကယ်ဂျက်ဆင် အနှစ်သက်ဆုံး အပန်းဖြေနေရာဖြစ်လာပြီး တိရ စ္ဆာန်ရုံ၊ မီးရထားလမ်းနှင့် ကစားကွင်း အပျော်စီးရဟတ်တို့ ထည့်သွင်းခဲ့သည်။

မိုက်ကယ်ဂျက်ဆင်သည် နဲဗားလန်းခြံကြီးတွင် ကလေးငယ်များကို ဖျော်ဖြေမှုများ ပြုလုပ်ပေးခဲ့ပြီး ကလေးငယ်များထဲမှ တစ်ဦးက မဖွယ်မရာပြုမှုဖြင့် မိုက်ကယ်ဂျက်ဆင်အား ၂၀၁၅ ခုနှစ်အတွင်း တရားစွဲခဲ့သည်။ နောက်ပိုင်းတွင် မိုက်ကယ်ဂျက်ဆင်ကို စွဲချက်များမှ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

အဆိုပါအမှု ပြီးဆုံးပြီးနောက် မိုက်ကယ်ဂျက်ဆင်က နဲဗားလန်းခြံကြီးသို့ မည်သည့်အခါမျှ မသွားတော့ဟု ကတိပြုခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Michael Jackson’s Neverland Ranch sells for a song (Aljazeera)

 

[Zawgyi]

 

မိုက္ကယ္ဂ်က္ဆင္၏ ဧကေပါင္း ၂၇၀၀ က်ယ္ဝန္းသည့္ နဲဗားလန္းျခံၾကီး အံ့အားသင့္ဖြယ္ အလြန္နည္းပါးလွေသာ ေစ်းႏႈန္းျဖင့္ ေရာင္းထြက္ျပီ

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္တြင္ ေပါ့ပ္ဂီတ၏ ဘုရင္ဟု တင္စားၾကေသာ မိုက္ကယ္ဂ်က္ဆင္ ပိုင္ဆိုင္ခဲ့သည့္ နဲဗားလန္း ျခံၾကီး ေရာင္းထြက္သြားျပီ ျဖစ္သည္။

ေယာက်္ားေလး ကေလးငယ္တစ္ဦးကို မဖြယ္မရာျပဳက်င့္သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ အမႈရင္ဆိုင္ခဲ့ရျပီးေနာက္ မိုက္ကယ္ဂ်က္ဆင္က အဆိုပါျခံၾကီးကို စြန္႔ပစ္ထားခဲ့ကာ ၎ကြယ္လြန္သြားျပီး ၁၀ ႏွစ္ေက်ာ္တြင္ ေရာင္းထြက္သြားျခင္းလည္း ျဖစ္သည္။

မိုက္ကယ္ဂ်က္ဆင္၏ မိသားစုမိတ္ေဆြေဟာင္း ဘီလ်ံနာသူေဌးၾကီး ရြန္ ဘာ့ကယ္က ဟက္တာေပါင္း ၁၁၀၀ (ဧက ၂၇၀၀) က်ယ္ဝန္းသည့္ နဲဗားလန္းျခံၾကိးကို မၾကာေသးမီက ဝယ္ယူလိုက္ေၾကာင္း ဘာကယ္၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာသည္။

ေဝါစထရိဂ်ာနယ္တြင္ ေဖာ္ျပခ်က္အရ အဆိုပါျခံၾကီးကို ကန္ေဒၚလာ ၂၂ သန္းမွ်ျဖင့္ ေရာင္းခ်လိုက္ျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

နဲဗားလန္းျခံၾကီးသည္ ၂၀၁၅ ခုႏွစ္အတြင္းက ကန္ေဒၚလာ သန္း ၁၀၀ အထိ ေစ်းေခၚကာ ေရာင္းခ်ခဲ့ဖူးျပီး ေရာင္းမထြက္ခဲ့ေခ်။ ယင္းေနာက္ပိုင္း ၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၆၇ သန္းသို႔ ေစ်းေလွ်ာ့ေပးကာ အေရာင္းေစ်းကြက္တင္ခဲ့ျပန္သည္။

ဘာကယ္၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္က ေျပာရာတြင္ ဘာကယ္သည္ အျခားျခံေနရာမ်ားကို လိုက္လံရွာေဖြေနစဥ္ နဲဗားလန္းျခံၾကီးကို ေဝဟင္မွတဆင့္ ေတြ႔ျမင္ခဲ့ေၾကာင္း၊ ယင္းေနာက္ Colony Capital LLC အိမ္ျခံေျမကုမၸဏီ တည္ေထာင္သူ တြမ္ ဘားရက္ခ္ (Tom Barrack) ကို ဆက္သြယ္ကာ နဲဗားလန္းျခံၾကီးကို ဝယ္ယူရန္ ေဆြးေႏြးခဲ့သည္။

ထိုအခ်ိန္က နဲဗားလန္းျခံၾကီးကို အေရာင္းေစ်းကြက္တင္ထားျခင္း မရွိေခ်။ မိုက္ကယ္ဂ်က္ဆင္သည္ ၂၀၀၉ ခုႏွစ္က anaesthetic Propofol ေဆးလြန္ကာ ေသဆံုးခဲ့ျခင္းျဖစ္ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၅၀ ရွိျပီ ျဖစ္သည္။

မိုက္ကယ္ဂ်က္ဆင္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၏ ေျမာက္ဘက္ ၁၉၃ ကီလိုမီတာ (မိုင္ ၁၂၀) အကြာ Los Olivos အရပ္ရွိ နဲဗားလန္းျခံၾကီးကို ၁၉၈၈ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၉ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

၂၀၀၈ ခုႏွစ္တြင္ မိုက္ကယ္ဂ်က္ဆင္သည္ ဘ႑ာေရးအက်ပ္အတည္းေတြ႔ရျပီးေနာက္ နဲဗာလန္းျခံၾကီးကို ေခ်းေငြထုတ္ေပးထားေသာ Colony Capital LLC ကုမၸဏီထံ ပိုင္ဆိုင္မႈ လႊဲေျပာင္းေပးခဲ့သည္။

နဲဗားလန္းဟူေသာအမည္မွာ စေကာ့တလန္စာေရးဆရာ ေဂ်-အမ္- ဘာရီ ဖန္တီးခဲ့ေသာ Peter Pan ဟူေသာ ေယာက်ာ္းကေလးတစ္ဦး ေနထိုင္သည္ဆိုသည့္ Neverland ဟူေသာ စိတ္ကူးယဥ္ေဒသတစ္ခု၏ နာမည္ကို ရယူထားျခင္း ျဖစ္သည္။

နဲဗားလန္းျခံၾကိးသည္ မိုက္ကယ္ဂ်က္ဆင္ အႏွစ္သက္ဆံုး အပန္းေျဖေနရာျဖစ္လာျပီး တိရ စၦာန္ရံု၊ မီးရထားလမ္းႏွင့္ ကစားကြင္း အေပ်ာ္စီးရဟတ္တို႔ ထည့္သြင္းခဲ့သည္။

မိုက္ကယ္ဂ်က္ဆင္သည္ နဲဗားလန္းျခံၾကီးတြင္ ကေလးငယ္မ်ားကို ေဖ်ာ္ေျဖမႈမ်ား ျပဳလုပ္ေပးခဲ့ျပီး ကေလးငယ္မ်ားထဲမွ တစ္ဦးက မဖြယ္မရာျပဳမႈျဖင့္ မိုက္ကယ္ဂ်က္ဆင္အား ၂၀၁၅ ခုႏွစ္အတြင္း တရားစြဲခဲ့သည္။ ေနာက္ပိုင္းတြင္ မိုက္ကယ္ဂ်က္ဆင္ကို စြဲခ်က္မ်ားမွ အျပစ္မရွိေၾကာင္း ဆံုးျဖတ္ခဲ့သည္။

အဆိုပါအမႈ ျပီးဆံုးျပီးေနာက္ မိုက္ကယ္ဂ်က္ဆင္က နဲဗားလန္းျခံၾကီးသို႔ မည္သည့္အခါမွ် မသြားေတာ့ဟု ကတိျပဳခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Michael Jackson’s Neverland Ranch sells for a song (Aljazeera)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
MIngalardon Garden City
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service