တရားဝင် လက်ရှိလက်ငုတ် လုပ်ကိုင်သူဖြစ်လျှင် ပုံစံ ၇ ထုတ်ပေးခြင်း

တရားဝင် လက်ရှိလက်ငုတ် လုပ်ကိုင်သူဖြစ်လျှင် ပုံစံ ၇ ထုတ်ပေးခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
26 Dec 2020 11:21 am တွင် တင်ခဲ့သည်
962 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကျွန်တော်၏ ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ဦးလှအောင်မှ သူက “ ဒီလိုပါ သူငယ်ချင်းရေ ၊ လောလောဆယ် ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေဥပဒေ အတည်မပြုမှီ ၊ တည်ဆဲလယ်ယာမြေဥပဒေများနှင့်အညီ တရားဝင် လက်ရှိလက်ငုတ်ဖြစ်သူအား၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးနေတာ တွေ့ရပါတယ်၊ အဲဒါဟာ တရားရော ဝင်ရဲ့လား၊ နောက်ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်သလားဆိုတာ သိချင်လို့ပါ ” ဟု ဆိုသဖြင့် ကျွန်တော်က “သူငယ်ချင်းရဲ့ မေးခွန်းကို ဖြေပေးရရင် ၊ တရားဝင် လက်ရှိလက်ငုတ်ဖြစ်သူအား ၊ လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူ မဟုတ်သော်လည်း ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ- ၇ ကို ထုတ်ပေးတာ ၊ တရားဝင်ပါတယ် ၊ အတည်လည်း ဖြစ်ပါတယ်၊ ဘာကိုသိချင်လို့ပါလဲ ” ဟု မေးရာ ၊ သူက “ ပြဿနာလေးတစ်ခုရှိလို့ပါ ၊ ကိုယ်ရဲ့ ဖခင်အသုံးပြုခွင့် ရရှိထားတဲ့ အမည်ပေါက် လယ်ယာမြေမှာ ၊ ကိုယ်ကတော့ သားသမီးဖြစ်လို့ အမွေရမှာ သေချာနေပေမယ့် ၊ အဖေ့ရဲ့တူတွေက ၊ ဝင်ရောက်လုပ်ကိုင်ပြီး ၊ ပုံစံ-၇ ထုတ်ဖို့ ကြိုးစားနေလို့ပါ ၊ ပြီးရင်လည်း သူတို့တွေက စားသောက်ဆိုင်ဖွင့်မှာဆိုတာ ၊ ကိုယ်က သတင်းရထားပါတယ်၊ အဲဒါဘယ်လိုထားဆီရင် ရမလဲဆိုတာ ၊ အကူအညီပေးပါဦး ” ဟု ဆိုလာသဖြင့် ကိုလှအောင်အနေနဲ့ ဒီကိစ္စကတော့ ၊ ကိုလှအောင်ရှင်းရှင်းလင်းလင်း သိအောင် ပြောပြပါ့မယ်၊ ကိုလှအောင်အနေနဲ့က လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူဖြစ်ပြီး၊ ကိုလှအောင်ဖခင်ရဲ့ တူတွေကတော့ လယ်ယာမြေပိုင်ခွင့်ပြု လက်မှတ်ရရှိနိုင်သူဆိုပြီး ကွဲပြားနေပါတယ်၊ အမှတ်ကတော့ လယ်ယာမြေကို အသုံးပြခွင့် ရရှိထားခဲ့ရင်လည်း ၊လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ ၇ ကို ထုတ်ပေးရန် လျှောက်ထားရမှာပါ ၊ ဒါ့ထက် မေးပါရစေဦး ၊ မနှစ်တုန်းကကော ၊ အဲဒီလယ်ကွက်ကို ၊ ဘယ်သူကလက်ရှိလက်ငုတ် လုပ်ကိုင်ပါသလဲ ” ဟု မေးရာ ၊ သူက “ဟာ အဲဒါကတော့ က်ိုယ်ပဲလုပ်နေတာလေ ၊ မနှစ်ကစပါးပေါ်ပြီး၊ ရောင်းချပြီးမှ ၊ က်ိုယ့်ရဲ့သားဖြစ်သူက ၊ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ အလုပ်လုပ်ရင်း ၊ လုပ်ငန်းခွင်ထိခိုက်မိလို့ ဆေးရုံတင်ထားတာကို သွားစောင့်နေတာ (၅) လလောက်ကြာသွားပါတယ် ၊ ဒီကို ပြန်ရောက်တော့ ၊ အဖေ့တူတွေက အဲဒီလယ်ယာမြေမှာ ဝင်လုပ်နေကြပြီလေ ၊ သီးစားတောင် လျှောက်ထားသေးတယ် ၊ အဲဒါကြောင့် သူငယ်ချင်းကို အကူအညီ တောင်းနေရတာပေါ့ ” ဟု အားငယ်သံဖြင့် ပြောလာပါသည် ။

ထိုအခါ ကျွန်တော်က “ သိပ်လည်းစိတ်ပူမနေပါနဲ့ ၊ သူငယ်ချင်းအနေနဲ့ ဒီကပြန်သွားလို့ ၊ အိမ်ကိုရောက်တာနဲ့ ၊ လုပ်ရမှာက ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ-၇ ကို သူငယ်ချင်းဖခင်ရဲ့ တူတွေနဲ့ အပြိုင် လျှောက်ထားရမယ် ၊ သက်ဆိုင်ရာ ဌာနများမှ အဆင့်ဆင့် စိစစ်ကြပါလိမ့်မယ် ” “ သူငယ်ချင်းအနေနဲ့ သူတိုတွေထက်သာတဲ့အချက်တွေ ရှိပါတယ် ” “ အဲဒါကတော့ ၊ ၂၀၁၂ ခုနှစ် ၊ လယ်ယာမြေဥပဒေပုဒ်မ ၆(က) (၂)တွင် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ၊ ဤဥပဒေအာဏ တည်သည့်နေရက်တွင် ၊ တည်ရှိနေသော လယ်ယာမြေများနှင့်စပ်လျဉ်း၍ လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသော အိမ်ထောင်သားစု အကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်စုတွင် ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည် ဤဥပဒေပြဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ်လုပ်ကိုင်နေသူဖြစ်လျှင် သက်ဆိုင်ရာ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးရမည်ဖြစ်ကြောင်းကို ပြဌာန်းထားတယ် ”

“ သူငယ်ချင်းအနေနဲ့ မိမိရဲ့ဖခင်က မူလပိုင်ရှင်ဖြစ်သော်လည်း၊ ဖခင်ဖြစ်သူ၏ အိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦးလည်းဖြစ်ပြီး၊ မိမိကိုယ်တိုင် နှစ်စဉ်တိုင်း၊ လက်ရှိလက်ငုပ်လုပ်ကိုင်နေကြောင်းကို သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်က စိစစ်ပြီး၊ ထောက်ခံပေးမှာဖြစ်ပါတယ် ”

“ အဲဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တဲ့ အမှုကိုညွန်းဆိုပြီး ရှင်းပြပေးပါ့မယ် ” “ ဦးဝင်းလွင်နှင့် ဥက္ကဌ ၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ၊ ရန်ကုန်တိုင်းဒေသကြီးပါ -၅ ၊ ၂၀၁၇ ခုနှစ် ၊ တရားမအထွေထွေ လျှောက်ထားမှု ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာ-၂၂၈ ” မှာ ဆိုရင် လျှောက်ထားခံရသူ ဦးသိန်းလွင်ဟာ အချင်းဖြစ် လယ်ယာမြေ ၄၅.၈၁ ဧက၏ မူလပိုင်ရှင်ဖြစ်သူ ဘကြီးဦးကျော်ငြိမ်းနှင့် ၂၀၁၀ ပြည့်နှစ်၌ မြေယာမှုခင်း ဖြစ်ပွားပြီးနောက် ၊ဓနုတ်ကျေးရွာ ၊ ရယကနှင့် ဒလမြို့နယ် ၊ မြေစာရင်းဦးစီးဌာနတို့၏ ဆုံးဖြတ်ချက်အရ အချင်းဖြစ်လယ်မြေ ၄၅.၈၁ ဧကကို ဆက်လက်လုပ်ကိုင်ခွင့် ရရှိခဲ့သူဖြစ်ပြီး၊ ဦးကျော်ငြိမ်းကွယ်လွန်ခဲ့ပြီးနောက် ဦးသိန်းလွင်မှ လက်ရှိလက်ငုတ်လုပ်ကိုင်နေကြောင်း သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဆင့်ဆင့်က စိစစ်တွေ့ရှိရ၍ ဦးသိန်းလွင်အား ၁၅-၁၀-၂၀၁၃ ရက်နေ့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ-၇ (၄)စောင် ထုတ်ပေးခဲ့ခြင်း သည် ၊ ဥပဒေနှင့် ညီညွတ်မှုမရှိဟု ဆိုနိုင်မည် မဟုတ်ပေ ”

“လျှောက်ထားသူ ဦးဝင်းလွင်သည် အချင်းဖြစ် လယ်မြေတွင် စိုက်ပျိုးလုပ်ကိုင်နေကြောင်း ခိုင်လုံသော အထောက်အထား တင်ပြနိုင်မှု မရှိခြင်း၊ လျှောက်ထားခံရသူ ဦးသိန်းလွင်သည် အချင်းဖြစ်လယ်ယာမြေများကို ၂၀၀၇ ခုနှစ်မှစ၍ လက်ရှိလက်ငုတ်လုပ်ကိုင်နေသူဖြစ်၍ လယ်ယာမြေဥပဒေ ၊ နည်းဥပဒေပြဌာန်းချက်များနှင့် အညီ ညီညွတ်မှု ရှိခြင်းတို့ကြောင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အချင်းဖြစ်လယ်ယာမြေများကို လျှောက်ထားခံရသူ ဦးသိန်းလွင်အား လုပ်ကိုင်ခွင့်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်းအပေါ် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အတည်ပြုခဲ့ခြင်းသည် ၊ ယင်းတို့၏ စီရင်ပိုင်ခွင့်အခွင့်အာဏအရ ဆောင်ရွက်ခြင်းဖြစ်၍ ယင်းဆုံးဖြတ်ချက်အပေါ် ၊ အမှုခေါ် စာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက်ရန် အကြောင်းမရှိပေဟု သုံးသပ်ဆုံးဖြတ်ထားပါတယ် ”

“ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ဓနုတ်စံပြကျေးရွာအုပ်စုတွင် ၊ ကွင်းအမှတ် ၂၃၆-အေ ၊ ဘုရားကြီးချောင်းကွင်း ၊ ဧရိယာ ၄၅.၈၁ ဧကရှိ လယ်ယာမြေနှင့် စပ်လျဉ်း၍ လျှောက်ထားသူ ဦးဝင်းလွင်နှင့် လျှောက်ထားခံရသူ ဦးသိန်းလွင်တို့မှ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ-၇ လျှောက်ထားရာ ၊ ဓနုတ်စံပြကျေးရွာအုပ်စု ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ဦးသိန်းလွင်အား ၃၀.၅၆ ဧက ၊ ဦးဝင်းလွင်အား ၁၅.၂၅ ဧက လုပ်ခွင့်ပြုကြောင်း ၊ ဦးဝင်းလွင်က ၂၅.၃၀ ဧက လုပ်ခွင့်ပြုကြောင်း ၊ ဦးဝင်းလွင်နှင့်ဦးသိန်းလွင်တို့ က ရန်ကုန်တောင်ပိုင်းခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရာ ဦးဝင်းလွင်၏ အယူခံလွှာကို ငြင်းပယ်ပြီး ၊ ဦးသိန်းလွင်အား ၄၅.၈၁ ဧကကို ၊ လက်ရှိလုပ်ကိုင်နေသူဖြစ်၍ ဆက်လက်လုပ်ကိုင်ခွင့်ပြုကြောင်း ၊ ခရိုင်ဆုံးဖြတ်ချက်အား မကျေနပ်၍ လျှောက်ထားသူက ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရာ အယူခံလွှာကို ပယ်ခဲ့သဖြင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကို အမှုခေါ် စာချွန်တော်အမိန့် ထုတ်ဆင့်ပယ်ဖျက်ပေးရန် ဦးဝင်းလွင်က လျှောက်ထားခြင်း ဖြစ်ပါတယ် ”

“ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုခေါ် စာချွန်တော်အမိန့် ထုတ်ဆင့်ရန် မသင့်ကြောင်း အကြောင်းပြစေရန် လျှောက်ထားခံရသူထံ အကြောင်းကြားစာ ထုတ်ဆင့်ခဲ့၍ လျှောက်ထားခံရသူတို့ ပြန်ကြားအစီရင်ခံစာနှင့် ပြန်လှန်ကျမ်းကျိန်လွှာများအရ ၊ အချင်းဖြစ်လယ်မြေနှင့်စပ်လျဉ်း၍ လျှောက်ထားခံရသူဦးသိန်းလွင်အား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးထားကြောင်း သိရှိရသဖြင့် ၊ ဤတရားမအထွေထွေလျှောက်ထားမှုကို စရိတ်နှင့်တကွ ပယ်လိုက်ကြောင်း ဆုံးဖြတ်ခဲ့တယ် ၊ သူငယ်ချင်းရေ ” “ ကဲ ၊ ကိုလှအောင်ရေ၊ က်ိုယ်ပြောသလိုသာ လုပ်ပေတော့ကွာ ” ဟု သာအကြံပြု အားပေးလိုက်ရပါတော့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ကြယ်နီလေး(ဥပေဒ)

 

[Zawgyi]

တရားဝင္ လက္ရွိလက္ငုတ္ လုပ္ကိုင္သူျဖစ္လွ်င္ ပံုစံ ၇ ထုတ္ေပးျခင္း

ကြၽန္ေတာ္၏ ေက်ာင္းေနဖက္သူငယ္ခ်င္းျဖစ္သူ ဦးလွေအာင္မွ သူက “ ဒီလိုပါ သူငယ္ခ်င္းေရ ၊ ေလာေလာဆယ္ ၂၀၁၂ ခုႏွစ္ ၊ လယ္ယာေျမဥပေဒ အတည္မျပဳမွီ ၊ တည္ဆဲလယ္ယာေျမဥပေဒမ်ားႏွင့္အညီ တရားဝင္ လက္႐ွိလက္ငုတ္ျဖစ္သူအား၊ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ထုတ္ေပးေနတာ ေတြ႕ရပါတယ္၊ အဲဒါဟာ တရားေရာ ဝင္ရဲ႕လား၊ ေနာက္ၿပီး တိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္က အတည္ျဖစ္သလားဆိုတာ သိခ်င္လို႔ပါ ” ဟု ဆိုသျဖင့္ ကြၽန္ေတာ္က “သူငယ္ခ်င္းရဲ႕ ေမးခြန္းကို ေျဖေပးရရင္ ၊ တရားဝင္ လက္႐ွိလက္ငုတ္ျဖစ္သူအား ၊ လယ္ယာေျမကို အသုံးျပဳခြင့္ရ႐ွိထားသူ မဟုတ္ေသာ္လည္း ၊ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပုံစံ- ၇ ကို ထုတ္ေပးတာ ၊ တရားဝင္ပါတယ္ ၊ အတည္လည္း ျဖစ္ပါတယ္၊ ဘာကိုသိခ်င္လို႔ပါလဲ ” ဟု ေမးရာ ၊ သူက “ ျပႆနာေလးတစ္ခု႐ွိလို႔ပါ ၊ ကိုယ္ရဲ႕ ဖခင္အသုံးျပဳခြင့္ ရ႐ွိထားတဲ့ အမည္ေပါက္ လယ္ယာေျမမွာ ၊ ကိုယ္ကေတာ့ သားသမီးျဖစ္လို႔ အေမြရမွာ ေသခ်ာေနေပမယ့္ ၊ အေဖ့ရဲ႕တူေတြက ၊ ဝင္ေရာက္လုပ္ကိုင္ၿပီး ၊ ပုံစံ-၇ ထုတ္ဖို႔ ႀကိဳးစားေနလို႔ပါ ၊ ၿပီးရင္လည္း သူတို႔ေတြက စားေသာက္ဆိုင္ဖြင့္မွာဆိုတာ ၊ ကိုယ္က သတင္းရထားပါတယ္၊ အဲဒါဘယ္လိုထားဆီရင္ ရမလဲဆိုတာ ၊ အကူအညီေပးပါဦး ” ဟု ဆိုလာသျဖင့္ ကိုလွေအာင္အေနနဲ႔ ဒီကိစၥကေတာ့ ၊ ကိုလွေအာင္႐ွင္း႐ွင္းလင္းလင္း သိေအာင္ ေျပာျပပါ့မယ္၊ ကိုလွေအာင္အေနနဲ႔က လယ္ယာေျမကို အသုံးျပဳခြင့္ရ႐ွိထားသူျဖစ္ၿပီး၊ ကိုလွေအာင္ဖခင္ရဲ႕ တူေတြကေတာ့ လယ္ယာေျမပိုင္ခြင့္ျပဳ လက္မွတ္ရ႐ွိႏိုင္သူဆိုၿပီး ကြဲျပားေနပါတယ္၊ အမွတ္ကေတာ့ လယ္ယာေျမကို အသုံးျပခြင့္ ရ႐ွိထားခဲ့ရင္လည္း ၊လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပုံစံ ၇ ကို ထုတ္ေပးရန္ ေလွ်ာက္ထားရမွာပါ ၊ ဒါ့ထက္ ေမးပါရေစဦး ၊ မႏွစ္တုန္းကေကာ ၊ အဲဒီလယ္ကြက္ကို ၊ ဘယ္သူကလက္႐ွိလက္ငုတ္ လုပ္ကိုင္ပါသလဲ ” ဟု ေမးရာ ၊ သူက “ဟာ အဲဒါကေတာ့ က္ိဳယ္ပဲလုပ္ေနတာေလ ၊ မႏွစ္ကစပါးေပၚၿပီး၊ ေရာင္းခ်ၿပီးမွ ၊ က္ိဳယ့္ရဲ႕သားျဖစ္သူက ၊ ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕မွာ အလုပ္လုပ္ရင္း ၊ လုပ္ငန္းခြင္ထိခိုက္မိလို႔ ေဆး႐ုံတင္ထားတာကို သြားေစာင့္ေနတာ (၅) လေလာက္ၾကာသြားပါတယ္ ၊ ဒီကို ျပန္ေရာက္ေတာ့ ၊ အေဖ့တူေတြက အဲဒီလယ္ယာေျမမွာ ဝင္လုပ္ေနၾကၿပီေလ ၊ သီးစားေတာင္ ေလွ်ာက္ထားေသးတယ္ ၊ အဲဒါေၾကာင့္ သူငယ္ခ်င္းကို အကူအညီ ေတာင္းေနရတာေပါ့ ” ဟု အားငယ္သံျဖင့္ ေျပာလာပါသည္ ။

ထိုအခါ ကြၽန္ေတာ္က “ သိပ္လည္းစိတ္ပူမေနပါနဲ႔ ၊ သူငယ္ခ်င္းအေနနဲ႔ ဒီကျပန္သြားလို႔ ၊ အိမ္ကိုေရာက္တာနဲ႔ ၊ လုပ္ရမွာက ၂၀၁၂ ခုႏွစ္ ၊ လယ္ယာေျမဥပေဒအရ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပုံစံ-၇ ကို သူငယ္ခ်င္းဖခင္ရဲ႕ တူေတြနဲ႔ အၿပိဳင္ ေလွ်ာက္ထားရမယ္ ၊ သက္ဆိုင္ရာ ဌာနမ်ားမွ အဆင့္ဆင့္ စိစစ္ၾကပါလိမ့္မယ္ ” “ သူငယ္ခ်င္းအေနနဲ႔ သူတိုေတြထက္သာတဲ့အခ်က္ေတြ ႐ွိပါတယ္ ” “ အဲဒါကေတာ့ ၊ ၂၀၁၂ ခုႏွစ္ ၊ လယ္ယာေျမဥပေဒပုဒ္မ ၆(က) (၂)တြင္ ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕သည္ ၊ ဤဥပေဒအာဏ တည္သည့္ေနရက္တြင္ ၊ တည္႐ွိေနေသာ လယ္ယာေျမမ်ားႏွင့္စပ္လ်ဥ္း၍ လယ္ယာေျမကို အသုံးျပဳခြင့္ ရ႐ွိထားေသာ အိမ္ေထာင္သားစု အႀကီးအကဲ သို႔မဟုတ္ ထိုအိမ္ေထာင္စုတြင္ ပါဝင္သူတစ္ဦး သို႔မဟုတ္ အုပ္ထိန္းသူသည္ ဤဥပေဒျပဌာန္းအတည္မျပဳမီ တည္ဆဲေျမယာဥပေဒမ်ားႏွင့္အညီ တရားဝင္လက္႐ွိ လက္ငုတ္လုပ္ကိုင္ေနသူျဖစ္လွ်င္ သက္ဆိုင္ရာ ခ႐ိုင္လယ္ယာေျမ စီမံခန္႔ခြဲမႈ အဖြဲ႕၏ သေဘာတူညီခ်က္ျဖင့္ ၿမိဳ႕နယ္ဦးစီးဌာန႐ုံးတြင္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ မွတ္ပုံတင္ေၾကးေပးေဆာင္ေစ၍ မွတ္ပုံတင္ၿပီး လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္ထုတ္ေပးရမည္ျဖစ္ေၾကာင္းကို ျပဌာန္းထားတယ္ ”

“ သူငယ္ခ်င္းအေနနဲ႔ မိမိရဲ႕ဖခင္က မူလပိုင္႐ွင္ျဖစ္ေသာ္လည္း၊ ဖခင္ျဖစ္သူ၏ အိမ္ေထာင္သားစုတြင္ ပါဝင္သူတစ္ဦးလည္းျဖစ္ၿပီး၊ မိမိကိုယ္တိုင္ ႏွစ္စဥ္တိုင္း၊ လက္႐ွိလက္ငုပ္လုပ္ကိုင္ေနေၾကာင္းကို သက္ဆိုင္ရာလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ အဆင့္ဆင့္က စိစစ္ၿပီး၊ ေထာက္ခံေပးမွာျဖစ္ပါတယ္ ”

“ အဲဒါနဲ႔ပတ္သက္ၿပီး ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ဆုံးျဖတ္ခဲ့တဲ့ အမႈကိုၫြန္းဆိုၿပီး ႐ွင္းျပေပးပါ့မယ္ ” “ ဦးဝင္းလြင္ႏွင့္ ဥကၠဌ ၊ တိုင္းေဒသႀကီးလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ ၊ ရန္ကုန္တိုင္းေဒသႀကီးပါ -၅ ၊ ၂၀၁၇ ခုႏွစ္ ၊ တရားမအေထြေထြ ေလွ်ာက္ထားမႈ ၊ ျမန္မာႏိုင္ငံ တရားစီရင္ထုံး၊ စာ-၂၂၈ ” မွာ ဆိုရင္ ေလွ်ာက္ထားခံရသူ ဦးသိန္းလြင္ဟာ အခ်င္းျဖစ္ လယ္ယာေျမ ၄၅.၈၁ ဧက၏ မူလပိုင္႐ွင္ျဖစ္သူ ဘႀကီးဦးေက်ာ္ၿငိမ္းႏွင့္ ၂၀၁၀ ျပည့္ႏွစ္၌ ေျမယာမႈခင္း ျဖစ္ပြားၿပီးေနာက္ ၊ဓႏုတ္ေက်း႐ြာ ၊ ရယကႏွင့္ ဒလၿမိဳ႕နယ္ ၊ ေျမစာရင္းဦးစီးဌာနတို႔၏ ဆုံးျဖတ္ခ်က္အရ အခ်င္းျဖစ္လယ္ေျမ ၄၅.၈၁ ဧကကို ဆက္လက္လုပ္ကိုင္ခြင့္ ရ႐ွိခဲ့သူျဖစ္ၿပီး၊ ဦးေက်ာ္ၿငိမ္းကြယ္လြန္ခဲ့ၿပီးေနာက္ ဦးသိန္းလြင္မွ လက္႐ွိလက္ငုတ္လုပ္ကိုင္ေနေၾကာင္း သက္ဆိုင္ရာ လယ္ယာေျမစီမံခန္႔ခြဲမႈအဆင့္ဆင့္က စိစစ္ေတြ႕႐ွိရ၍ ဦးသိန္းလြင္အား ၁၅-၁၀-၂၀၁၃ ရက္ေန႔တြင္ လယ္ယာေျမလုပ္ပိုင္ခြင့္ျပဳလက္မွတ္ပုံစံ-၇ (၄)ေစာင္ ထုတ္ေပးခဲ့ျခင္း သည္ ၊ ဥပေဒႏွင့္ ညီၫြတ္မႈမ႐ွိဟု ဆိုႏိုင္မည္ မဟုတ္ေပ ”

“ေလွ်ာက္ထားသူ ဦးဝင္းလြင္သည္ အခ်င္းျဖစ္ လယ္ေျမတြင္ စိုက္ပ်ိဳးလုပ္ကိုင္ေနေၾကာင္း ခိုင္လုံေသာ အေထာက္အထား တင္ျပႏိုင္မႈ မ႐ွိျခင္း၊ ေလွ်ာက္ထားခံရသူ ဦးသိန္းလြင္သည္ အခ်င္းျဖစ္လယ္ယာေျမမ်ားကို ၂၀၀၇ ခုႏွစ္မွစ၍ လက္႐ွိလက္ငုတ္လုပ္ကိုင္ေနသူျဖစ္၍ လယ္ယာေျမဥပေဒ ၊ နည္းဥပေဒျပဌာန္းခ်က္မ်ားႏွင့္ အညီ ညီၫြတ္မႈ ႐ွိျခင္းတို႔ေၾကာင့္ ခ႐ိုင္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕က အခ်င္းျဖစ္လယ္ယာေျမမ်ားကို ေလွ်ာက္ထားခံရသူ ဦးသိန္းလြင္အား လုပ္ကိုင္ခြင့္ျပဳေၾကာင္း ဆုံးျဖတ္ခဲ့ျခင္းအေပၚ တိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕က အတည္ျပဳခဲ့ျခင္းသည္ ၊ ယင္းတို႔၏ စီရင္ပိုင္ခြင့္အခြင့္အာဏအရ ေဆာင္႐ြက္ျခင္းျဖစ္၍ ယင္းဆုံးျဖတ္ခ်က္အေပၚ ၊ အမႈေခၚ စာခြၽန္ေတာ္အမိန္႔ ထုတ္ဆင့္ပယ္ဖ်က္ရန္ အေၾကာင္းမ႐ွိေပဟု သုံးသပ္ဆုံးျဖတ္ထားပါတယ္ ”

“ ရန္ကုန္တိုင္းေဒသႀကီး ရန္ကုန္ေတာင္ပိုင္းခ႐ိုင္၊ ဒလၿမိဳ႕နယ္၊ ဓႏုတ္စံျပေက်း႐ြာအုပ္စုတြင္ ၊ ကြင္းအမွတ္ ၂၃၆-ေအ ၊ ဘုရားႀကီးေခ်ာင္းကြင္း ၊ ဧရိယာ ၄၅.၈၁ ဧက႐ွိ လယ္ယာေျမႏွင့္ စပ္လ်ဥ္း၍ ေလွ်ာက္ထားသူ ဦးဝင္းလြင္ႏွင့္ ေလွ်ာက္ထားခံရသူ ဦးသိန္းလြင္တို႔မွ လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္ပုံစံ-၇ ေလွ်ာက္ထားရာ ၊ ဓႏုတ္စံျပေက်း႐ြာအုပ္စု ၊ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕က ဦးသိန္းလြင္အား ၃၀.၅၆ ဧက ၊ ဦးဝင္းလြင္အား ၁၅.၂၅ ဧက လုပ္ခြင့္ျပဳေၾကာင္း ၊ ဦးဝင္းလြင္က ၂၅.၃၀ ဧက လုပ္ခြင့္ျပဳေၾကာင္း ၊ ဦးဝင္းလြင္ႏွင့္ဦးသိန္းလြင္တို႔ က ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သို႔ အယူခံဝင္ရာ ဦးဝင္းလြင္၏ အယူခံလႊာကို ျငင္းပယ္ၿပီး ၊ ဦးသိန္းလြင္အား ၄၅.၈၁ ဧကကို ၊ လက္႐ွိလုပ္ကိုင္ေနသူျဖစ္၍ ဆက္လက္လုပ္ကိုင္ခြင့္ျပဳေၾကာင္း ၊ ခ႐ိုင္ဆုံးျဖတ္ခ်က္အား မေက်နပ္၍ ေလွ်ာက္ထားသူက ရန္ကုန္တိုင္းေဒသႀကီး လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သို႔ အယူခံဝင္ရာ အယူခံလႊာကို ပယ္ခဲ့သျဖင့္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕အဆင့္ဆင့္၏ ဆုံးျဖတ္ခ်က္မ်ားကို အမႈေခၚ စာခြၽန္ေတာ္အမိန္႔ ထုတ္ဆင့္ပယ္ဖ်က္ေပးရန္ ဦးဝင္းလြင္က ေလွ်ာက္ထားျခင္း ျဖစ္ပါတယ္ ”

“ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က အမႈေခၚ စာခြၽန္ေတာ္အမိန္႔ ထုတ္ဆင့္ရန္ မသင့္ေၾကာင္း အေၾကာင္းျပေစရန္ ေလွ်ာက္ထားခံရသူထံ အေၾကာင္းၾကားစာ ထုတ္ဆင့္ခဲ့၍ ေလွ်ာက္ထားခံရသူတို႔ ျပန္ၾကားအစီရင္ခံစာႏွင့္ ျပန္လွန္က်မ္းက်ိန္လႊာမ်ားအရ ၊ အခ်င္းျဖစ္လယ္ေျမႏွင့္စပ္လ်ဥ္း၍ ေလွ်ာက္ထားခံရသူဦးသိန္းလြင္အား လယ္ယာေျမ လုပ္ပိုင္ခြင့္ျပဳ လက္မွတ္ထုတ္ေပးထားေၾကာင္း သိ႐ွိရသျဖင့္ ၊ ဤတရားမအေထြေထြေလွ်ာက္ထားမႈကို စရိတ္ႏွင့္တကြ ပယ္လိုက္ေၾကာင္း ဆုံးျဖတ္ခဲ့တယ္ ၊ သူငယ္ခ်င္းေရ ” “ ကဲ ၊ ကိုလွေအာင္ေရ၊ က္ိဳယ္ေျပာသလိုသာ လုပ္ေပေတာ့ကြာ ” ဟု သာအၾကံျပဳ အားေပးလိုက္ရပါေတာ့သည္။

အိမ္ျခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအၾကံေပးပညာ႐ွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ျခံေျမမ်ားကို သင္စိတ္တိုင္းက် ႐ွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ျခံေျမမ်ားကို သင္စိတ္တိုင္းက် ႐ွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ၾကယ္နီေလး(ဥေပဒ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service