ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
[Unicode]
ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၏ အနောက်ဘက်၊ ကတ္တလင်း (Kotlin) ကျွန်းပေါ်ရှိဆိပ်ကမ်းမြို့ဖြစ်သောကရန်းရှ်တပ်မြို့ (Kronstadt) မှ လှမ်းမျှော်ကြည့်ရှုလျှင် အလက်ဇန္ဒြားဧကရာဇ် ခံတပ် (Fort Emperor Alexander )(သို့မဟုတ်) ပလိပ်ခံတပ်ကြီး၏ နံရံများကိုတွေ့မြင်နိုင်မည် ဖြစ်သည်။
ကတ္တလင်းကျွန်း၏ တောင်ဘက်ခြမ်းပင်လယ်ရေပြင်အတွင်းတည်ရှိသည့် အလက်ဇန္ဒြားဧကရာဇ်ခံတပ်ကြီးသည် ကရန်းရှ်တပ်မြို့အတွက် ခံတပ်အကာအကွယ်တစ်ခုလည်း ဖြစ်သည်။
ယခုအခါ အသုံးမပြုတော့ဘဲစွန့်ပစ်ထားခြင်းခံရသောခံတပ်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ခန့်က အံ့ဖွယ်ဓာတ်ခွဲခန်းတစ်ခုအဖြစ် အသုံးပြုခဲ့သည့်နေရာအဖြစ် နာမည်ကျော်သည်။
၁၈၃၈ ခုနှစ်တွင် နီကိုလပ်စ် (၁) ဧကရာဇ်က (နီကိုလပ်စ်-၁ သည် ရုရှားနိုင်ငံကို ၁၈၂၅ ခုနှစ်မှ ၁၈၅၅ ခုနှစ်အထိအုပ်စိုးခဲ့သည့် ဘုရင်ဖြစ်သည်) တသီးတခြားတည်ရှိနေသည့် ခံတပ်တစ်ခုတည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။
ခံတပ်ကြီးဆောက်လုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာစိန့်ပီတာစဘတ်မြို့သို့ တောင်ဘက်ဝင်ပေါက်တွင် နှစ်ဘက်ညှပ်ကာပစ်ခတ်နိုင်မှုစနစ်ဖြင့် ခံစစ်ထိန်းချုပ်မှု ထားရှိရန် ဖြစ်သည်။
သို့သော် အလက်ဇန္ဒြားဧကရာဇ်ခံတပ်ကြီးကိုစစ်ရေးအတွက် လုံးဝအသုံးပြုခဲ့ရခြင်းမရှိချေ။
သို့သော် ကရိုင်းမီးယားစစ်ပွဲအတွင်း ဗြိတိသျှနှင့် ပြင်သစ်ရေတပ်တို့၏ ရန်မှ ရေတပ်အခြေစိုက်စခန်းကိုထိန်းသိမ်းစောင့်ရှောက်ပေးခဲ့မှု ရှိသည်။
၁၉ ရာစုအကုန်ပိုင်းတွင်ကားအလက်ဇန္ဒြားဧကရာဇ်ခံတပ်ကြီးတွင် စီမံတည်ဆောက်ထားခဲ့သည့် လက်နက်တပ်ဆင်မှု အနေအထားတို့မှာခေတ်နောက်ကျ ကျန်ခဲ့ပြီ ဖြစ်သည်။
ထိုအချက်ကြောင့်ပင် အလက်ဇန္ဒြားဧကရာဇ်ခံတပ်နှင့် အခြားသောခံတပ်အချို့ကိုခံစစ်ဖွဲ့စည်းပုံမှ ရုပ်သိမ်းခဲ့သည်။
ယင်းနောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် အဖြစ်အပျက်များကြောင့် အလက်ဇန္ဒြားဧကရာဇ်ခံတပ်ကြီးမှာပလိပ်ခံတပ်ဟုစတင် အမည်တွင်လာခဲ့သည်။
၁၈၉၄ ခုနှစ်တွင် တရုတ်ပြည်အရှေ့တောင်ပိုင်းကန်တုံ (ယနေ့ခေတ်တွင် ကွမ်ကျိုးဟုခေါ်) နှင့် ဟောင်ကောင်တို့တွင် ပလိပ်ရောဂါ ကပ်ဘေးကြီးစတင်ပေါ်ပေါက်လာခဲ့သည်။
ပလိပ်ရောဂါသည် ကမ္ဘာတစ်ဝန်းလျင်မြန်စွာပျံ့နှံ့သွားပြီးကမ္ဘာ့ပြည်သူများအလုံးအရင်းသေဆုံးခဲ့ကြရသည်။
စုစုပေါင်းသေဆုံးမှု ပမာဏမှာလူပေါင်းတစ်သိန်းနီးပါးရှိခဲ့သည်။
၁၈၉၆ ခုနှစ်တွင် ပလိပ်ရောဂါကပ်ဘေးသည် ဥရောပ၏ အရှေ့ဘက်၊ အာရှ၏ အနောက်ဘက် ကုန်းတွင်းပင်လယ်ဖြစ်သောကက်စ်ပီယန်ဒေသသို့ ရောက်ရှိလာခဲ့သည်။
ပလိပ်ရောဂါအတွက် ဆေးဝါးရှာဖွေဖော်ထုတ်ရန် လိုအပ်လာပြီ ဖြစ်သည်။
ထိုသို့ လိုအပ်နေချိန်တွင် ရောဂါပိုးများပျံ့နှံ့နေသော ပြင်ပကမ္ဘာနှင့် အထိအတွေ့မရှိဘဲပင်လယ်ပြင်အတွင်းသီးခြားတည်ရှိနေသည့် ခံတပ်ကြီးမှာပလိပ်ရောဂါအတွက် ဆေးဝါးသုတေသနပြုလုပ်ရေးဓာတ်ခွဲခန်းထားရှိရန် အကောင်းဆုံးနေရာ ဖြစ်လာသည်။
၁၈၉၇ ခုနှစ်တွင် ပလိပ်ခံတပ်ကြီးကိုစိန့်ပီတာစဘတ်မြို့တွင် တည်ရှိသောInstitute of Experimental Medicineဆေးဝါးသုတေသနသိပ္ပံအဖွဲ့သို့ လွှဲပြောင်းပေးရန် ဆုံးဖြတ်ခဲ့သည်။
(Institute of Experimental Medicineသည် ရုရှားတွင် သက်တမ်းအရင့်ဆုံးသိပ္ပံပညာဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သည်)
ပလိပ်ခံတပ်ကြီးအတွင်းသိပ္ပံပညာရှင်တို့ကကိုမိုချူးအမ် (Komochum) ဟုအမည်ပေးထားသည့် ပလိပ်ရောဂါ တိုက်ဖျက်ရေးဓာတ်ခွဲခန်းတစ်ခုကိုတည်ထောင်ခဲ့ကြသည်။
ဓာတ်ခွဲခန်းကို မြို့စားကြီးအလက်ဇန္ဒြားအိုးလ်ဒင်ဘာ့ဂ် (Alexander Oldenburg) က ဦးဆောင်ခဲ့ပြီးရန်ပုံငွေလည်းထုတ်ပေးခဲ့သည်။
ပလိပ်ရောဂါအတွက် ဆေးဝါးစမ်းသပ်နေစဉ်ကာလအတွင်းဆရာဝန်ပေါင်းများစွာသေဆုံးခဲ့ကြရသည်။
ကရန်းရှ်တပ်မှ မြို့ခံများမှာပလိပ်ခံတပ်ကြီးမှ ဖြတ်သန်းတိုက်ခတ်လာသည့် လေများကိုရှုရန်ပင် ကြောက်ရွံ့ခဲ့ကြသည်။
ထိုအချိန်မှ စတင်ပြီးပလိပ်ခံတပ်ဟူ၍ အမည်တွင်ခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းကာလက ပြင်ပကမ္ဘာမှ အခြားသူများပလိပ်ခံတပ်သို့ လာရောက်မှုကိုတင်းကြပ်စွာတားမြစ်ထားခဲ့သည်။
ပြင်ပကမ္ဘာနှင့် ပလိပ်ခံတပ်အကြားဆက်သွယ်မှုမှာ“Microbe”ဟုအမည်ပေးထားသည့် မီးသင်္ဘောငယ်ကလေးဖြင့်သာဆက်သွယ်သည်။
စိန့်ပီတာစဘတ်မြို့သို့ ဆက်သွယ်ရန်မူကြေးနန်းကိုအသုံးပြုပြီးကရန်းရှ်တပ်မြို့သို့ ဆက်သွယ်ရန်အတွက်မူတယ်လီဖုန်းလိုင်းတစ်ခုကိုအသုံးပြုခဲ့ကြသည်။
ခံတပ်ကြီး၏ အပြင်ဘက်တွင် တံခါး ၂ ခုရှိပြီးအတွင်းပိုင်းတွင် ၃ ခုရှိသည်။
အဆောက်အအုံကြီးကိုအပိုင်း ၂ ပိုင်းခွဲခြားထားပြီးတစ်ပိုင်းစီတွင် လှေကားတစ်ခုစီပါဝင်သည်။
လှေကားတစ်ခုကိုကျောက်တုံးများဖြင့် ပြုလုပ်ထားပြီးဒုတိယတစ်ခုကိုမူသံကြွပ်ဖြင့် ပြုလုပ်ထားသည်။
အဆောက်အအုံကြီး၏ ယာဘက်ခြမ်းမှာရောဂါကူးစက်နိုင်ပြီးလူတို့အတွက် အန္တရာယ်ရှိသည်။ ဝဲဘက်အခြမ်းမှာမူရောဂါကူးစက်မည့် အန္တရာယ်မရှိချေ။
ပလိပ်ခံတပ်ကြီးအတွင်းအထူးတင်းကြပ်စွာထိန်းချုပ်မှုနှင့် စက္ကန့်မလပ် သတိထားနေသည့်ကြားမှ ခံတပ်အတွင်းပလိပ်ရောဂါကူးစက်မှု ၂ ကြိမ် ပေါ်ပေါက်ခဲ့သည်။
ခံတပ်ကြီးအတွင်းခွဲစိတ်ခန်းများ၊ ဓာတ်ခွဲခန်းများနှင့် စမ်းသပ်ခံတိရစ္ဆာန်များထားရှိရာနေရာများပါဝင်သည်။
ဆိတ်များ၊ နွားများ၊ မြင်းများ၊ ယုန်များ၊ မျောက်များ၊ ကုလားအုတ်များနှင့် သမင်များကဲ့သို့ တိရစ္ဆာန်များစွာတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။
အခြားသောအခန်းပေါင်းများစွာလည်းပါဝင်သေးရာရေချိုးခန်း၊ မီးဖိုဆောင်၊ ဆေးဝါးအခန်းများ၊ အဝတ်လျှော်ခန်း၊ စာကြည့်တိုက်၊ စားသောက်ဆောင်၊ ဓာတ်အားပေးစခန်း၊ အမှိုက်သရိုက်နှင့် အသေကောင်များမီးသဂြိုဟ်ရာအခန်းများလည်းပါဝင်သည်။ ပလိပ်ခံတပ်ကြီးအတွင်းဆေးဝါးရှာဖွေဖော်ထုတ်မှု လုပ်ငန်းများမှာပထမကမ္ဘာစစ်ကြီးပေါ်ပေါက်လာချိန်တွင် ရပ်ဆိုင်းသွားခဲ့သည်။
ပလိပ်ခံတပ်မှ သိပ္ပံပညာရှင်အများစုကိုစစ်တပ်သို့ လွှဲပြောင်းနေရာချထားခဲ့ပြီးစစ်ဘက်ကိုအကူအညီပေးစေခဲ့သည်။
ရုရှားတွင် သက်ဦးဆံပိုင် ဘုရင်စနစ်ကိုအဆုံးသတ်စေခဲ့သည့် ၁၉၁၇ ဖေဖော်ဝါရီတော်လှန်ရေး (February Revolution) ကြီး ပြီးဆုံးသွားချိန်တွင် ပလိပ်ခံတပ်မှ ဓာတ်ခွဲခန်းကိုဦးဆောင်ခဲ့သည့် မြို့စားကြီးအလက်ဇန္ဒြားအိုးလ်ဒင်ဘာ့ဂ်မှာရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ပလိပ်ခံတပ်တွင် သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိထားမှု အားလုံးကို “Microbe” ဟုအမည်ပေးထားသည့် ရုရှားပလိပ်ရောဂါ တိုက်ဖျက်ရေးအင်စတီကျုသို့ လွှဲပြောင်းပေးခြင်းခံခဲ့ရသည်။
ယနေ့ကာလတွင် ပလိပ်ခံတပ်ကြီးမှာလေ့လာရေးခရီးထွက်သူများလာရောက်ကြရာနေရာတစ်ခုဖြစ်လာသည်။
လေ့လာရေးခရီးလာရောက်သူများအနေဖြင့် တမူထူးသည့် ဖွဲ့စည်းတည်ဆောက်ပုံ၊ ဆန်းကြယ်သည့် အခန်းများကိုတွေ့မြင်ရမည် ဖြစ်သည်။
ထို့အပြင် ပလိပ်ခံတပ်ကြီးကိုမှတ်တမ်းရုပ်ရှင်များနှင့် ရုပ်မြင်သံကြားဇာတ်လမ်းတွဲများရိုက်ကူးရာတွင်လည်းအသုံးပြုလေ့ရှိသည်။
ပလိပ်ခံတပ်ကြီးအားဖျော်ဖြေရေးစခန်းနေရာအဖြစ် ပြောင်းလဲရန် စီမံကိန်းရှိခဲ့ဖူးသော်လည်းအကောင်အထည် မပေါ်ခဲ့ချေ။
ဆောင်းကာလသို့ ရောက်ပါကပလိပ်ခံတပ်ကြီး၏ ပတ်လည်တွင် ဝန်းပတ်နေသောရေပြင်မှာရေခဲပြင်များ ဖြစ်သွား၏။ ထိုကာလများတွင် ပလိပ်ခံတပ်ကြီး၌ အစောင့်အရှောက် မရှိတော့ချေ။
ထိုသို့ အစောင့်အရှောက်မရှိချိန်များတွင် စိတ်ဝင်တစားစူးစမ်းလိုသူများစွာသည် ပလိပ်ခံတပ်ကြီးသို့ ဝင်ရောက်ကြလေ့ရှိသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: The Mysterious “Plague Fort” of St. Petersburg (warhistory)
[Zawgyi]
ပလိပ္ခံတပ္ (သို႔မဟုတ္) ပလိပ္ေရာဂါအတြက္ ေဆးဝါးထုတ္လုပ္ႏိုင္ရန္ ျပင္ပကမၻာႏွင့္ အဆက္အသြယ္ျဖတ္ကာ ၾကိဳးပမ္းခဲ့သည့္ ပင္လယ္ထဲကခံတပ္စခန္းၾကီး
ရုရွားႏိုင္ငံ၊ စိန္႔ပီတာစဘတ္ျမိဳ႕၏ အေနာက္ဘက္၊ ကတၱလင္း (Kotlin) ကၽြန္းေပၚရွိဆိပ္ကမ္းျမိဳ႕ျဖစ္ေသာကရန္းရွ္တပ္ျမိဳ႕ (Kronstadt) မွ လွမ္းေမွ်ာ္ၾကည့္ရႈလွ်င္ အလက္ဇျႏၵားဧကရာဇ္ ခံတပ္ (Fort Emperor Alexander )(သို႔မဟုတ္) ပလိပ္ခံတပ္ၾကီး၏ နံရံမ်ားကိုေတြ႔ျမင္ႏိုင္မည္ ျဖစ္သည္။
ကတၱလင္းကၽြန္း၏ ေတာင္ဘက္ျခမ္းပင္လယ္ေရျပင္အတြင္းတည္ရွိသည့္ အလက္ဇျႏၵားဧကရာဇ္ခံတပ္ၾကီးသည္ ကရန္းရွ္တပ္ျမိဳ႕အတြက္ ခံတပ္အကာအကြယ္တစ္ခုလည္း ျဖစ္သည္။
ယခုအခါ အသံုးမျပဳေတာ့ဘဲစြန္႔ပစ္ထားျခင္းခံရေသာခံတပ္ၾကီးသည္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၀၀ ခန္႔က အံ့ဖြယ္ဓာတ္ခြဲခန္းတစ္ခုအျဖစ္ အသံုးျပဳခဲ့သည့္ေနရာအျဖစ္ နာမည္ေက်ာ္သည္။
၁၈၃၈ ခုႏွစ္တြင္ နီကိုလပ္စ္ (၁) ဧကရာဇ္က (နီကိုလပ္စ္-၁ သည္ ရုရွားႏိုင္ငံကို ၁၈၂၅ ခုႏွစ္မွ ၁၈၅၅ ခုႏွစ္အထိအုပ္စိုးခဲ့သည့္ ဘုရင္ျဖစ္သည္) တသီးတျခားတည္ရွိေနသည့္ ခံတပ္တစ္ခုတည္ေဆာက္ရန္ ဆံုးျဖတ္ခဲ့သည္။
ခံတပ္ၾကီးေဆာက္လုပ္ရျခင္း၏ အဓိကရည္ရြယ္ခ်က္မွာစိန္႔ပီတာစဘတ္ျမိဳ႕သို႔ ေတာင္ဘက္ဝင္ေပါက္တြင္ ႏွစ္ဘက္ညွပ္ကာပစ္ခတ္ႏိုင္မႈစနစ္ျဖင့္ ခံစစ္ထိန္းခ်ဳပ္မႈ ထားရွိရန္ ျဖစ္သည္။
သို႔ေသာ္ အလက္ဇျႏၵားဧကရာဇ္ခံတပ္ၾကီးကိုစစ္ေရးအတြက္ လံုးဝအသံုးျပဳခဲ့ရျခင္းမရွိေခ်။
သို႔ေသာ္ ကရိုင္းမီးယားစစ္ပြဲအတြင္း ျဗိတိသွ်ႏွင့္ ျပင္သစ္ေရတပ္တို႔၏ ရန္မွ ေရတပ္အေျခစိုက္စခန္းကိုထိန္းသိမ္းေစာင့္ေရွာက္ေပးခဲ့မႈ ရွိသည္။
၁၉ ရာစုအကုန္ပိုင္းတြင္ကားအလက္ဇျႏၵားဧကရာဇ္ခံတပ္ၾကီးတြင္ စီမံတည္ေဆာက္ထားခဲ့သည့္ လက္နက္တပ္ဆင္မႈ အေနအထားတို႔မွာေခတ္ေနာက္က် က်န္ခဲ့ျပီ ျဖစ္သည္။
ထိုအခ်က္ေၾကာင့္ပင္ အလက္ဇျႏၵားဧကရာဇ္ခံတပ္ႏွင့္ အျခားေသာခံတပ္အခ်ဳိ႕ကိုခံစစ္ဖြဲ႔စည္းပံုမွ ရုပ္သိမ္းခဲ့သည္။
ယင္းေနာက္ပိုင္းတြင္ ေပၚေပါက္လာသည့္ အျဖစ္အပ်က္မ်ားေၾကာင့္ အလက္ဇျႏၵားဧကရာဇ္ခံတပ္ၾကီးမွာပလိပ္ခံတပ္ဟုစတင္ အမည္တြင္လာခဲ့သည္။
၁၈၉၄ ခုႏွစ္တြင္ တရုတ္ျပည္အေရွ႕ေတာင္ပိုင္းကန္တုံ (ယေန႔ေခတ္တြင္ ကြမ္က်ဳိးဟုေခၚ) ႏွင့္ ေဟာင္ေကာင္တို႔တြင္ ပလိပ္ေရာဂါ ကပ္ေဘးၾကီးစတင္ေပၚေပါက္လာခဲ့သည္။
ပလိပ္ေရာဂါသည္ ကမၻာတစ္ဝန္းလ်င္ျမန္စြာပ်ံ႕ႏွံ႔သြားျပီးကမၻာ့ျပည္သူမ်ားအလံုးအရင္းေသဆံုးခဲ့ၾကရသည္။
စုစုေပါင္းေသဆံုးမႈ ပမာဏမွာလူေပါင္းတစ္သိန္းနီးပါးရွိခဲ့သည္။
၁၈၉၆ ခုႏွစ္တြင္ ပလိပ္ေရာဂါကပ္ေဘးသည္ ဥေရာပ၏ အေရွ႕ဘက္၊ အာရွ၏ အေနာက္ဘက္ ကုန္းတြင္းပင္လယ္ျဖစ္ေသာကက္စ္ပီယန္ေဒသသို႔ ေရာက္ရွိလာခဲ့သည္။
ပလိပ္ေရာဂါအတြက္ ေဆးဝါးရွာေဖြေဖာ္ထုတ္ရန္ လိုအပ္လာျပီ ျဖစ္သည္။
ထိုသို႔ လိုအပ္ေနခ်ိန္တြင္ ေရာဂါပိုးမ်ားပ်ံ႕ႏွံ႔ေနေသာ ျပင္ပကမၻာႏွင့္ အထိအေတြ႔မရွိဘဲပင္လယ္ျပင္အတြင္းသီးျခားတည္ရွိေနသည့္ ခံတပ္ၾကီးမွာပလိပ္ေရာဂါအတြက္ ေဆးဝါးသုေတသနျပဳလုပ္ေရးဓာတ္ခြဲခန္းထားရွိရန္ အေကာင္းဆံုးေနရာ ျဖစ္လာသည္။
၁၈၉၇ ခုႏွစ္တြင္ ပလိပ္ခံတပ္ၾကီးကိုစိန္႔ပီတာစဘတ္ျမိဳ႕တြင္ တည္ရွိေသာInstitute of Experimental Medicineေဆးဝါးသုေတသနသိပၸံအဖြဲ႔သို႔ လႊဲေျပာင္းေပးရန္ ဆံုးျဖတ္ခဲ့သည္။
(Institute of Experimental Medicineသည္ ရုရွားတြင္ သက္တမ္းအရင့္ဆံုးသိပၸံပညာဆိုင္ရာအဖြဲ႔အစည္းတစ္ခုျဖစ္သည္)
ပလိပ္ခံတပ္ၾကီးအတြင္းသိပၸံပညာရွင္တို႔ကကိုမိုခ်ဴးအမ္ (Komochum) ဟုအမည္ေပးထားသည့္ ပလိပ္ေရာဂါ တိုက္ဖ်က္ေရးဓာတ္ခြဲခန္းတစ္ခုကိုတည္ေထာင္ခဲ့ၾကသည္။
ဓာတ္ခြဲခန္းကို ျမိဳ႕စားၾကီးအလက္ဇျႏၵားအိုးလ္ဒင္ဘာ့ဂ္ (Alexander Oldenburg) က ဦးေဆာင္ခဲ့ျပီးရန္ပံုေငြလည္းထုတ္ေပးခဲ့သည္။
ပလိပ္ေရာဂါအတြက္ ေဆးဝါးစမ္းသပ္ေနစဥ္ကာလအတြင္းဆရာဝန္ေပါင္းမ်ားစြာေသဆံုးခဲ့ၾကရသည္။
ကရန္းရွ္တပ္မွ ျမိဳ႕ခံမ်ားမွာပလိပ္ခံတပ္ၾကီးမွ ျဖတ္သန္းတိုက္ခတ္လာသည့္ ေလမ်ားကိုရႈရန္ပင္ ေၾကာက္ရြံ႕ခဲ့ၾကသည္။
ထိုအခ်ိန္မွ စတင္ျပီးပလိပ္ခံတပ္ဟူ၍ အမည္တြင္ခဲ့ျခင္းလည္း ျဖစ္သည္။
ယင္းကာလက ျပင္ပကမၻာမွ အျခားသူမ်ားပလိပ္ခံတပ္သို႔ လာေရာက္မႈကိုတင္းၾကပ္စြာတားျမစ္ထားခဲ့သည္။
ျပင္ပကမၻာႏွင့္ ပလိပ္ခံတပ္အၾကားဆက္သြယ္မႈမွာ“Microbe”ဟုအမည္ေပးထားသည့္ မီးသေဘၤာငယ္ကေလးျဖင့္သာဆက္သြယ္သည္။
စိန္႔ပီတာစဘတ္ျမိဳ႕သို႔ ဆက္သြယ္ရန္မူေၾကးနန္းကိုအသံုးျပဳျပီးကရန္းရွ္တပ္ျမိဳ႕သို႔ ဆက္သြယ္ရန္အတြက္မူတယ္လီဖုန္းလိုင္းတစ္ခုကိုအသံုးျပဳခဲ့ၾကသည္။
ခံတပ္ၾကီး၏ အျပင္ဘက္တြင္ တံခါး ၂ ခုရွိျပီးအတြင္းပိုင္းတြင္ ၃ ခုရွိသည္။
အေဆာက္အအံုၾကီးကိုအပိုင္း ၂ ပိုင္းခြဲျခားထားျပီးတစ္ပိုင္းစီတြင္ ေလွကားတစ္ခုစီပါဝင္သည္။
ေလွကားတစ္ခုကိုေက်ာက္တံုးမ်ားျဖင့္ ျပဳလုပ္ထားျပီးဒုတိယတစ္ခုကိုမူသံၾကြပ္ျဖင့္ ျပဳလုပ္ထားသည္။
အေဆာက္အအံုၾကီး၏ ယာဘက္ျခမ္းမွာေရာဂါကူးစက္ႏိုင္ျပီးလူတို႔အတြက္ အႏၱရာယ္ရွိသည္။ ဝဲဘက္အျခမ္းမွာမူေရာဂါကူးစက္မည့္ အႏၱရာယ္မရွိေခ်။
ပလိပ္ခံတပ္ၾကီးအတြင္းအထူးတင္းၾကပ္စြာထိန္းခ်ဳပ္မႈႏွင့္ စကၠန္႔မလပ္ သတိထားေနသည့္ၾကားမွ ခံတပ္အတြင္းပလိပ္ေရာဂါကူးစက္မႈ ၂ ၾကိမ္ ေပၚေပါက္ခဲ့သည္။
ခံတပ္ၾကီးအတြင္းခြဲစိတ္ခန္းမ်ား၊ ဓာတ္ခြဲခန္းမ်ားႏွင့္ စမ္းသပ္ခံတိရစၦာန္မ်ားထားရွိရာေနရာမ်ားပါဝင္သည္။
ဆိတ္မ်ား၊ ႏြားမ်ား၊ ျမင္းမ်ား၊ ယုန္မ်ား၊ ေမ်ာက္မ်ား၊ ကုလားအုတ္မ်ားႏွင့္ သမင္မ်ားကဲ့သို႔ တိရစၦာန္မ်ားစြာတြင္ စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့ၾကသည္။
အျခားေသာအခန္းေပါင္းမ်ားစြာလည္းပါဝင္ေသးရာေရခ်ဳိးခန္း၊ မီးဖိုေဆာင္၊ ေဆးဝါးအခန္းမ်ား၊ အဝတ္ေလွ်ာ္ခန္း၊ စာၾကည့္တိုက္၊ စားေသာက္ေဆာင္၊ ဓာတ္အားေပးစခန္း၊ အမႈိက္သရိုက္ႏွင့္ အေသေကာင္မ်ားမီးသျဂိဳဟ္ရာအခန္းမ်ားလည္းပါဝင္သည္။ ပလိပ္ခံတပ္ၾကီးအတြင္းေဆးဝါးရွာေဖြေဖာ္ထုတ္မႈ လုပ္ငန္းမ်ားမွာပထမကမၻာစစ္ၾကီးေပၚေပါက္လာခ်ိန္တြင္ ရပ္ဆိုင္းသြားခဲ့သည္။
ပလိပ္ခံတပ္မွ သိပၸံပညာရွင္အမ်ားစုကိုစစ္တပ္သို႔ လႊဲေျပာင္းေနရာခ်ထားခဲ့ျပီးစစ္ဘက္ကိုအကူအညီေပးေစခဲ့သည္။
ရုရွားတြင္ သက္ဦးဆံပိုင္ ဘုရင္စနစ္ကိုအဆံုးသတ္ေစခဲ့သည့္ ၁၉၁၇ ေဖေဖာ္ဝါရီေတာ္လွန္ေရး (February Revolution) ၾကီး ျပီးဆံုးသြားခ်ိန္တြင္ ပလိပ္ခံတပ္မွ ဓာတ္ခြဲခန္းကိုဦးေဆာင္ခဲ့သည့္ ျမိဳ႕စားၾကီးအလက္ဇျႏၵားအိုးလ္ဒင္ဘာ့ဂ္မွာရာထူးမွ ဖယ္ရွားခံခဲ့ရသည္။
ပလိပ္ခံတပ္တြင္ သိပၸံပညာရွင္မ်ားရွာေဖြေတြ႔ရွိထားမႈ အားလံုးကို “Microbe” ဟုအမည္ေပးထားသည့္ ရုရွားပလိပ္ေရာဂါ တိုက္ဖ်က္ေရးအင္စတီက်ဳသို႔ လႊဲေျပာင္းေပးျခင္းခံခဲ့ရသည္။
ယေန႔ကာလတြင္ ပလိပ္ခံတပ္ၾကီးမွာေလ့လာေရးခရီးထြက္သူမ်ားလာေရာက္ၾကရာေနရာတစ္ခုျဖစ္လာသည္။
ေလ့လာေရးခရီးလာေရာက္သူမ်ားအေနျဖင့္ တမူထူးသည့္ ဖြဲ႔စည္းတည္ေဆာက္ပံု၊ ဆန္းၾကယ္သည့္ အခန္းမ်ားကိုေတြ႔ျမင္ရမည္ ျဖစ္သည္။
ထို႔အျပင္ ပလိပ္ခံတပ္ၾကီးကိုမွတ္တမ္းရုပ္ရွင္မ်ားႏွင့္ ရုပ္ျမင္သံၾကားဇာတ္လမ္းတြဲမ်ားရိုက္ကူးရာတြင္လည္းအသံုးျပဳေလ့ရွိသည္။
ပလိပ္ခံတပ္ၾကီးအားေဖ်ာ္ေျဖေရးစခန္းေနရာအျဖစ္ ေျပာင္းလဲရန္ စီမံကိန္းရွိခဲ့ဖူးေသာ္လည္းအေကာင္အထည္ မေပၚခဲ့ေခ်။
ေဆာင္းကာလသို႔ ေရာက္ပါကပလိပ္ခံတပ္ၾကီး၏ ပတ္လည္တြင္ ဝန္းပတ္ေနေသာေရျပင္မွာေရခဲျပင္မ်ား ျဖစ္သြား၏။ ထိုကာလမ်ားတြင္ ပလိပ္ခံတပ္ၾကီး၌ အေစာင့္အေရွာက္ မရွိေတာ့ေခ်။
ထိုသို႔ အေစာင့္အေရွာက္မရွိခ်ိန္မ်ားတြင္ စိတ္ဝင္တစားစူးစမ္းလိုသူမ်ားစြာသည္ ပလိပ္ခံတပ္ၾကီးသို႔ ဝင္ေရာက္ၾကေလ့ရွိသည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: The Mysterious “Plague Fort” of St. Petersburg (warhistory)