မြန်မာအများစုအလုပ်လုပ်ကိုင်သည့်ဘန်ကောက်မြို့၊ မဟာချိုင်ဈေးကြီးမှ ပင်လယ်စာဈေးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းတွေ့ရှိပြီးဈေးပိတ်သိမ်းလိုက်ရ၊ မြန်မာငါးဖမ်းသမားများထံမှ ကူးစက်ခြင်းဟုကျန်းမာရေးဝန်ကြီးယူဆ

မြန်မာအများစုအလုပ်လုပ်ကိုင်သည့်ဘန်ကောက်မြို့၊ မဟာချိုင်ဈေးကြီးမှ ပင်လယ်စာဈေးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းတွေ့ရှိပြီးဈေးပိတ်သိမ်းလိုက်ရ၊ မြန်မာငါးဖမ်းသမားများထံမှ ကူးစက်ခြင်းဟုကျန်းမာရေးဝန်ကြီးယူဆ - Property News in Myanmar from iMyanmarHouse.com
20 Dec 2020 12:07 pm တွင် တင်ခဲ့သည်
1034 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ အနောက်တောင်ဘက်တွင်ရှိသောမဟာချိုင် ပင်လယ်စာဈေးကြီးသည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံးပင်လယ်စာဈေးကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည်။

ယခုအခါ အဆိုပါဈေးတွင် ပင်လယ်စာရောင်းချသည့် ဆိုင်ရှင်အမျိုးသမီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းစစ်ဆေးတွေ့ရှိပြီးနောက် ဈေးကြီးပိတ်သိမ်းလိုက်ရပြီ ဖြစ်သည်။ အဆိုပါ အမျိုးသမီး၏ ဆွေမျိုး ၃ ဦး( မိခင် - အသက် ၉၅ နှစ်၊ အစ်မ ၇၃ နှစ်၊ မရီး- ၅၇ နှစ်) မှာလည်းကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့သည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးအနုထင် ချန်ဗီရကူ (AnutinCharnvirakul) က အဆိုပါရောဂါကူးစက်ခံရသူတို့သည် မြန်မာငါးဖမ်းသမားများထံမှ ကူးစက်ခံရခြင်း ဖြစ်သည်ဟုသံသယဖြစ်နေသည်။

အသက် ၆၇ နှစ်အရွယ်ရှိဆိုင်ရှင်အမျိုးသမီးရောဂါကူးစက်ခံရပြီးနောက် ကျန်းမာရေးအရာရှိတို့ကမဟာချိုင်ဈေးကြီးကိုပိုးမွှားသန့်စင်မှု ပြုလုပ်ရေးအတွက် ၃ ရက်ပိတ်ရန် အမိန့်ထုတ်ခဲ့သည်။

ကွာရန်တင်းဌာနတစ်ခု၏ ညစ်ပတ်နေသောတံခါးလက်ကိုင်မှတဆင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးရောဂါကူးစက်ခံရခြင်းအပါအဝင် ပြည်တွင်းကူးစက်မှု ၇ ခုဖြစ်ပေါ်ပြီးရက်သတ္တ ၁ ပတ်နီးပါးအကြာတွင် ယခုဖြစ်ရပ်ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ပင်လယ်စာရောင်းချသည့်အမျိုးသမီးကြီးရောဂါကူးစက်ခံရမှု ရင်းမြစ်ကိုမသိရသေးချေ။ သို့သော် ထိုင်း၏ Cannery Row ဟုတင်စားကြသောမဟာချိုင်တွင် နေထိုင်၊ အလုပ်လုပ်ကိုင်သူအများစုမှာ မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။

(Cannery Row မှာအမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်မှ စည်သွတ်စက်ရုံများတည်ရှိရာလမ်းတစ်ခုဖြစ်ပြီးယခုအခါတွင်မူစည်သွတ်စက်ရုံများမရှိတော့ချေ။)

ယခုဖြစ်ရပ်မတိုင်မီနောက်ဆုံးဖြစ်ပေါ်ခဲ့သောရောဂါကူးစက်မှုဖြစ်ရပ်မှာရောဂါကူးစက်မှုများပြားနေသော မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ထိုင်းအလုပ်သမားများစွာအနက်မှ တစ်ဦးနှင့် ထိတွေ့ခဲ့သောချင်းရိုင်ပြည်နယ်မှ အသက် ၃၀ အရွယ်အမျိုးသားသည် ရောဂါကူးစက်ခံရကြောင်းဒီဇင်ဘာ ၄ ရက်ကတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်တွင် ထိတွေ့ခဲ့သူများကိုကနဦးခြေရာခံမှုအရ ၁၈ ဦးတွေ့ရှိထားသည်။ ပင်လယ်စာရောင်းချသည့် အမျိုးသမီးကြီး၏ မိသားစုဝင်များနှင့် ၎င်းတို့နှင့် ပတ်သက်သူ ၁၀ ဦး၊ ကျန်းမာရေးဝန်ထမ်း ၆ ဦးနှင့် မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးတို့ ဖြစ်သည်။

ယင်းအနက် ၁၀ ဦးမှာရောဂါမရှိကြောင်းစစ်ဆေးတွေ့ရှိထားသည်။

အဆိုပါ အမျိုးသမီးကြီးသည် ကြွက်သားနာကျင်ခြင်း၊ အနံ့ပျောက်ခြင်းကဲ့သို့ ရောဂါလက္ခဏာများခံစားရပြီးနောက် မဟာချိုင်ဆေးရုံသို့ ပြီးခဲ့သောဗုဒ္ဓဟူးနေ့ကတက်ရောက်ခဲ့ရပြီးပေါ့စတစ် ၂ ကြိမ် စစ်ဆေးအဖြေထွက်ခဲ့သည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သော ၆ လကျော်က Covid-19 ရောဂါကိုအောင်နိုင်ခဲ့သော်လည်းအခါအားလျော်စွာကူးစက်မှုအချို့ ဖြစ်ပေါ်မှုများကားရှိသည်။

ပြည်သူ့ကျန်းမာရေးဝန်ကြီးအနုထင် ချန်ဗီရကူက နှစ်သစ်အားလပ်ရက်များအပေါ် မထိခိုက်စေရန်အတွက် ကျန်းမာရေးအရာရှိများအားယခုကူးစက်မှုကိုအဆောတလျင် ကိုင်တွယ်ဖြေရှင်းရန် တောင်းဆိုလိုက်သည်။

ယခုလအစောပိုင်းကလည်းဘန်ကောက်ရှိကွာရန်တင်းဌာနတစ်ခုတွင် သူနာပြု ၇ ဦးရောဂါကူးစက်ခံခဲ့ရသည်။

အဆိုပါ ကူးစက်မှု ၇ ခုလုံးသည် ကွာရန်တင်းဟိုတယ်ရှိတံခါးလက်ကိုင်မှတဆင့် ကူးစက်ခြင်းဖြစ်သည်ဟုအရာရှိများကပြောကြားသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Massive Mahachai Market shut down after seafood vendor contracts COVID-19 (coconuts)

 

[Zawgyi]

ျမန္မာအမ်ားစုအလုပ္လုပ္ကိုင္သည့္ဘန္ေကာက္ျမိဳ႕၊ မဟာခ်ဳိင္ေစ်းၾကီးမွ ပင္လယ္စာေစ်းသည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္းေတြ႔ရွိျပီးေစ်းပိတ္သိမ္းလိုက္ရ၊ ျမန္မာငါးဖမ္းသမားမ်ားထံမွ ကူးစက္ျခင္းဟုက်န္းမာေရးဝန္ၾကီးယူဆ

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ႕၏ အေနာက္ေတာင္ဘက္တြင္ရွိေသာမဟာခ်ဳိင္ ပင္လယ္စာေစ်းၾကီးသည္ ထိုင္းႏိုင္ငံ၏ အၾကီးမားဆံုးပင္လယ္စာေစ်းၾကီးမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္သည္။

ယခုအခါ အဆိုပါေစ်းတြင္ ပင္လယ္စာေရာင္းခ်သည့္ ဆိုင္ရွင္အမ်ဳိးသမီးတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရေၾကာင္းစစ္ေဆးေတြ႔ရိွျပီးေနာက္ ေစ်းၾကီးပိတ္သိမ္းလိုက္ရျပီ ျဖစ္သည္။ အဆိုပါ အမ်ဳိးသမီး၏ ေဆြမ်ဳိး ၃ ဦး( မိခင္ - အသက္ ၉၅ ႏွစ္၊ အစ္မ ၇၃ ႏွစ္၊ မရီး- ၅၇ ႏွစ္) မွာလည္းကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရေၾကာင္းစစ္ေဆးေတြ႔ရွိခဲ့သည္။

ျပည္သူ႔က်န္းမာေရးဝန္ၾကီးအႏုထင္ ခ်န္ဗီရကူ (AnutinCharnvirakul) က အဆိုပါေရာဂါကူးစက္ခံရသူတို႔သည္ ျမန္မာငါးဖမ္းသမားမ်ားထံမွ ကူးစက္ခံရျခင္း ျဖစ္သည္ဟုသံသယျဖစ္ေနသည္။

အသက္ ၆၇ ႏွစ္အရြယ္ရွိဆိုင္ရွင္အမ်ဳိးသမီးေရာဂါကူးစက္ခံရျပီးေနာက္ က်န္းမာေရးအရာရွိတို႔ကမဟာခ်ဳိင္ေစ်းၾကီးကိုပိုးမႊားသန္႔စင္မႈ ျပဳလုပ္ေရးအတြက္ ၃ ရက္ပိတ္ရန္ အမိန္႔ထုတ္ခဲ့သည္။

ကြာရန္တင္းဌာနတစ္ခု၏ ညစ္ပတ္ေနေသာတံခါးလက္ကိုင္မွတဆင့္ က်န္းမာေရးဝန္ထမ္းတစ္ဦးေရာဂါကူးစက္ခံရျခင္းအပါအဝင္ ျပည္တြင္းကူးစက္မႈ ၇ ခုျဖစ္ေပၚျပီးရက္သတၱ ၁ ပတ္နီးပါးအၾကာတြင္ ယခုျဖစ္ရပ္ေပၚေပါက္လာျခင္းလည္း ျဖစ္သည္။

ပင္လယ္စာေရာင္းခ်သည့္အမ်ဳိးသမီးၾကီးေရာဂါကူးစက္ခံရမႈ ရင္းျမစ္ကိုမသိရေသးေခ်။ သို႔ေသာ္ ထိုင္း၏ Cannery Row ဟုတင္စားၾကေသာမဟာခ်ဳိင္တြင္ ေနထိုင္၊ အလုပ္လုပ္ကိုင္သူအမ်ားစုမွာ ျမန္မာႏိုင္ငံသားမ်ား ျဖစ္ၾကသည္။

(Cannery Row မွာအေမရိကန္ျပည္၊ ကယ္လီဖုိးနီးယားျပည္နယ္မွ စည္သြတ္စက္ရံုမ်ားတည္ရွိရာလမ္းတစ္ခုျဖစ္ျပီးယခုအခါတြင္မူစည္သြတ္စက္ရံုမ်ားမရွိေတာ့ေခ်။)

ယခုျဖစ္ရပ္မတိုင္မီေနာက္ဆံုးျဖစ္ေပၚခဲ့ေသာေရာဂါကူးစက္မႈျဖစ္ရပ္မွာေရာဂါကူးစက္မႈမ်ားျပားေနေသာ ျမန္မာႏိုင္ငံမွ ထြက္ေျပးလာသည့္ ထိုင္းအလုပ္သမားမ်ားစြာအနက္မွ တစ္ဦးႏွင့္ ထိေတြ႔ခဲ့ေသာခ်င္းရိုင္ျပည္နယ္မွ အသက္ ၃၀ အရြယ္အမ်ဳိးသားသည္ ေရာဂါကူးစက္ခံရေၾကာင္းဒီဇင္ဘာ ၄ ရက္ကေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

ယခုျဖစ္ရပ္တြင္ ထိေတြ႔ခဲ့သူမ်ားကိုကနဦးေျခရာခံမႈအရ ၁၈ ဦးေတြ႔ရွိထားသည္။ ပင္လယ္စာေရာင္းခ်သည့္ အမ်ဳိးသမီးၾကီး၏ မိသားစုဝင္မ်ားႏွင့္ ၎တို႔ႏွင့္ ပတ္သက္သူ ၁၀ ဦး၊ က်န္းမာေရးဝန္ထမ္း ၆ ဦးႏွင့္ ျမန္မာေရႊ႕ေျပာင္းလုပ္သား ၂ ဦးတို႔ ျဖစ္သည္။

ယင္းအနက္ ၁၀ ဦးမွာေရာဂါမရွိေၾကာင္းစစ္ေဆးေတြ႔ရွိထားသည္။

အဆိုပါ အမ်ဳိးသမီးၾကီးသည္ ၾကြက္သားနာက်င္ျခင္း၊ အနံ႔ေပ်ာက္ျခင္းကဲ့သို႔ ေရာဂါလကၡဏာမ်ားခံစားရျပီးေနာက္ မဟာခ်ဳိင္ေဆးရံုသို႔ ျပီးခဲ့ေသာဗုဒၶဟူးေန႔ကတက္ေရာက္ခဲ့ရျပီးေပါ့စတစ္ ၂ ၾကိမ္ စစ္ေဆးအေျဖထြက္ခဲ့သည္။

ထိုင္းႏိုင္ငံသည္ ျပီးခဲ့ေသာ ၆ လေက်ာ္က Covid-19 ေရာဂါကိုေအာင္ႏိုင္ခဲ့ေသာ္လည္းအခါအားေလ်ာ္စြာကူးစက္မႈအခ်ဳိ႕ ျဖစ္ေပၚမႈမ်ားကားရွိသည္။

ျပည္သူ႔က်န္းမာေရးဝန္ၾကီးအႏုထင္ ခ်န္ဗီရကူက ႏွစ္သစ္အားလပ္ရက္မ်ားအေပၚ မထိခိုက္ေစရန္အတြက္ က်န္းမာေရးအရာရွိမ်ားအားယခုကူးစက္မႈကိုအေဆာတလ်င္ ကိုင္တြယ္ေျဖရွင္းရန္ ေတာင္းဆိုလိုက္သည္။

ယခုလအေစာပိုင္းကလည္းဘန္ေကာက္ရွိကြာရန္တင္းဌာနတစ္ခုတြင္ သူနာျပဳ ၇ ဦးေရာဂါကူးစက္ခံခဲ့ရသည္။

အဆိုပါ ကူးစက္မႈ ၇ ခုလံုးသည္ ကြာရန္တင္းဟိုတယ္ရွိတံခါးလက္ကိုင္မွတဆင့္ ကူးစက္ျခင္းျဖစ္သည္ဟုအရာရွိမ်ားကေျပာၾကားသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Massive Mahachai Market shut down after seafood vendor contracts COVID-19 (coconuts)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service