ကိုယ်ဝန်ဆောင်တွေကို ဒီအိမ်အလုပ်တွေ ပေးမလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်တွေကို ဒီအိမ်အလုပ်တွေ ပေးမလုပ်ပါနဲ့။ - Property Knowledge in Myanmar from iMyanmarHouse.com
18 Dec 2020 2:13 pm တွင် တင်ခဲ့သည်
1297 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကိုယ်ဝန်ဆောင်ချိန်ဆိုတာ အစစအရာရာ သတိထားရတာပါ။ အထူးသဖြင့် လနုချိန်မှာပေါ့။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ တခြား အပြင်အလုပ်မလုပ်ရဘူး ဆိုရင်တောင် အိမ်အလုပ်တော့ လုပ်တတ်ကြပါတယ်။ အရင်ကလုပ်နေကြမို့လို့ရော၊ လှုပ်လှုပ်ရှားရှားနေဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ရောပေါ့။ ဒီလိုလုပ်မယ်ဆိုရင်တောင် အိမ်အလုပ်တိုင်းကို လုပ်လို့ မရပါဘူး။ တချို့အလုပ်တွေက ဗိုက်ထဲကို ကလေးကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အောက်ကအလုပ်တွေကိုတော့ မလုပ်ပါနဲ့။

ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ရမယ့် အလုပ်တွေ

အိမ်သန့်ရှင်းရေး

အိမ်မှာ သုံးတဲ့ အစွန်းချွတ်ဆေးတွေ၊ လေသန့်အောင် ဖြန်းတဲ့ စပရေးတွေ၊ ကြမ်းတိုက်ဆေးတွေ စတာတွေဟာ ဓာတုပစ္စည်းတွေ အပြည့်ပါ။ ဒါတွေကို မေမေတွေ ကိုင်မိရင် အရေပြားမှာ ဓာတ်မတည့်တာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အမျိုးသမီးတွေရဲ့ အရေပြားက အရင်ကထက် ထိလွယ်ရှလွယ်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် သဘာဝပစ္စည်းတွေပဲ သုံးပါ။ သဘာဝပစ္စည်းဆိုရင်တောင် ခွင့်ပြုချက်ရပြီးသားတွေပဲ သုံးပါ။

နောက်တစ်ချက်က တချို့သော ဓာတုပစ္စည်းတွေက ရှူမိရင် ကလေးဆီရောက်ပြီး မွေးရာပါချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ မသုံးပါနဲ့။ တံမြက်စည်းလှည်းတာ၊ ကြမ်းတိုက်တာ၊ ခါးကုန်းပြီး လုပ်ရမှာတွေကို ရှောင်ပါ။ ဒါတွေက အခန့်မသင့်ရင် ပေါင်နောက်က အကြောတွေ ရောင်တတ်ပါတယ်။

ကြောင်ချေးမကျုံးပါနဲ့။

သင်ရဲ့ ချစ်လှစွာသော ညောင်ညောင်လေးက သင့်အတွက် အန္တရာယ်များတဲ့ Toxoplasma gondii ကပ်ပါးပိုးကို သယ်ထားနိုင်ပါတယ်။ သူတို့ရဲ့ မစင်မှာပါတဲ့ကပ်ပါးပိုးက ကိုယ်ဝန်ပျက်စေတာ၊ မွေးရာပါချို့ယွင်းချက် ပါတာမျိုးဖြစ်စေပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ကြောင်ချေးကျုံးတာ မလုပ်ပါနဲ့။ ကြောင်နဲ့ တော့ ဆော့လို့ရပါတယ်။ ကြောင်ကိုင်ပြီးတိုင်း လက်ဆေးပါ။

ဒါကြောင့် တတ်နိုင်သမျှ ကြောင်ရဲ့ မစင်ပုံးကို သူများကိုပဲ သန့်ရှင်းရေး လုပ်ခိုင်းပါ။ ကိုယ်ခွဲမရှိလို့ ကိုယ့်ဟာကိုယ် လုပ်ရမယ်ဆိုရင် လက်အိတ်ဝတ်ပြီး သန့်ရှင်းရေး လုပ်ပါ။ ပြီးရင် လက်ကို သေချာဆေးပါ။ ကြောင်ကိုလည်း တခြားကြောင်ရိုင်းတွေနဲ့ မတွေ့ပါစေနဲ့။ ပိုပြီး စိတ်ချချင်ရင် ကြောင်ကို အစာခြောက်ပဲ ကျွေးပါ။ အသားစိမ်းတွေ၊ မကျက်တကျက်တွေ မကျွေးပါနဲ့။ ကိုယ်ဝန်ရှိချိန်မှာ အပြင်က ကြောင်တွေ၊ ကြောင်ရိုင်းတွေ ခေါ်မမွေးပါနဲ့။

ရေချိုးခန်းသန့်ရှင်းရေး မလုပ်ပါနဲ့။

ရေချိုးခန်းမှာ သုံးတဲ့ သန့်ရှင်းရေးပစ္စည်းတွေက ဓာတုပစ္စည်းတွေပါတဲ့အတွက် ရှူမိရင် မိခင်ကိုရော၊ ကလေးကိုရော ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သန့်ရှင်းရေး လုပ်မယ်ဆိုရင် ဓာတုပစ္စည်းနည်းတာကိုပဲ သုံးပါ။ နောက်တစ်ခုက ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေရင်း မတော်တဆ ချော်လဲပြီး ထိခိုက်ဒဏ်ရာ ရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိချိန်မှာတော့ တတ်နိုင်ရင် ရေချိုးခန်းကို သန့်ရှင်းရေး မလုပ်ပါနဲ့။ မတတ်သာလို့ သန့်ရှင်းရေး လုပ်ရမယ်ဆိုရင် ဓာတုပစ္စည်းတွေ ဖျော်တဲ့အခါ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ဖျော်ပါ။ သတိထားပြီး သန့်ရှင်းရေး လုပ်ပါ။

အဝတ်လျှော်တာ

ရေချိုးခန်းသုံး ပစ္စည်းတွေလိုပါပဲ။ အဝတ်လျှော်ရင်လည်း ဓာတုပစ္စည်းနည်းတာကိုပဲ သုံးပါ။ အကောင်းဆုံးကတော့ အဝတ်လျှော်တဲ့အလုပ်မှာ ဝင်မပါတာပဲ။ အဝတ်လျှော် ဆပ်ပြာမှုန့်တွေက အနံ့ပြင်းတဲ့အပြင် တချို့တွေဆို သာမန်လူကိုင်တာတောင် ဆပ်ပြာစားပါတယ်။ ဒါ့ပြင် အဝတ်လျှော်ဖို့ ပုံးကို မ လိုက်တဲ့အချိန်၊ ခါးကုန်းလိုက်တဲ့အချိန်ကျရင် ခါးနာတာ၊ ပေါင်က အကြောတွေ နာတာမျိုး ဖြစ်တတ်ပါတယ်။ နောက်တချို့ဆို အကြာကြီး စောင့်ကြောင့်ထိုင်ပြီး အဝတ်ကို အားရပါးရ လျှော်တတ်ပါတယ်။ ဒါကလည်း နေ့မစေ့ လမစေ့မွေးတာ၊ သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။

အလေးအပင်မ မ ပါနဲ့။

အရင်လို ဘာပစ္စည်းပဲ ဖြစ်ဖြစ် တွေ့တာနဲ့ ဆတ်ခနဲကောက် မ ဖို့ စိတ်မကူးပါနဲ့။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ကလေးက ပိုကြီးလာပြီး ဝိတ်ပိုတက်လာမယ်။ ခါးက အနောက်ကို ပိုကော့လာပါတယ်။ ဒါကြောင့် ကိုယ်ဝန်ကြီးသက်သက်နဲ့ကို ခါးမှာ ဒဏ်ဖြစ်ပြီးသားပါ။ ဒါကို အလေးအပင်တွေ မ နေမယ်ဆိုရင် ပိုဆိုးမှာပါ။ တချို့အမျိုးသမီးတွေမှာဆိုရင် အလေးအပင် မ ပြီးမှ ဗိုက်ထဲမှာ ဆစ်ခနဲနာလာတာမျိုးတွေတောင် ဖြစ်နိုင်ပါတယ်။

လိုက်ကာလဲတာ၊ နံရံကပ် ပန်ကာတွေ သန့်ရှင်းတာမျိုး မလုပ်ပါနဲ့။

ဒီအလုပ်တွေက သာမန်လူတွေတောင် သတိကြီးကြီးထားပြီး လုပ်ရတဲ့ အလုပ်ပါ။ ခုံပေါ်က ပြုတ်ကျမှာ၊ ဟန်ချက်မထိန်းနိုင်ဘဲ ပြုတ်ကျမှာ စတဲ့ ပြဿနာတွေ ရှိပါတယ်။ တစ်နေ့ တခြား ဖောင်းလာတဲ့ ဗိုက်နဲ့ နာနေတဲ့ ခါးကြောင့် ကိုယ့်ကိုယ်ကိုထိန်းဖို့ဆိုတာ တော်တော်ခက်ပါတယ်။ ဒါကြောင့် ဒီအလုပ်က လုပ်မယ့်သူမရှိဘူးဆိုရင်တောင် ပစ်ထားလိုက်ရမယ့်အလုပ်ပါ။

ဒါတွေကတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ ရှောင်ရမယ့် အိမ်အလုပ်တွေပါ။ ကိုယ်ဝန်ဆောင်တွေက အိမ်အလုပ်တွေ မလုပ်ဘဲ နေရမှာ မဟုတ်ပါဘူး။ တတ်နိုင်တဲ့၊ အန္တရာယ်မရှိတဲ့ ပေါ့ပေါ့ပါးပါး အလုပ်တွေဆိုရင် လုပ်လို့ရပါတယ်။ ဒါပေမယ့် ခုပြောခဲ့တာတွေကတော့ အန္တရာယ်များလွန်းတာကြောင့် ရှောင်ဖို့ အကြံပေးလိုပါတယ်။

Credit: hellosayarwon

[Zawgyi]

ကိုယ္ဝန္ေဆာင္ေတြကို ဒီအိမ္အလုပ္ေတြ ေပးမလုပ္ပါနဲ႔။

ကိုယ္ဝန္ေဆာင္ခ်ိန္ဆိုတာ အစစအရာရာ သတိထားရတာပါ။ အထူးသျဖင့္ လႏုခ်ိန္မွာေပါ့။ ဒါေပမယ့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ တျခား အျပင္အလုပ္မလုပ္ရဘူး ဆိုရင္ေတာင္ အိမ္အလုပ္ေတာ့ လုပ္တတ္ၾကပါတယ္။ အရင္ကလုပ္ေနၾကမို႔လို႔ေရာ၊ လႈပ္လႈပ္႐ွား႐ွားေနျဖစ္ေအာင္ လုပ္မယ္ဆိုၿပီးေတာ့ေရာေပါ့။ ဒီလိုလုပ္မယ္ဆိုရင္ေတာင္ အိမ္အလုပ္တိုင္းကို လုပ္လို႔ မရပါဘူး။ တခ်ိဳ႕အလုပ္ေတြက ဗိုက္ထဲကို ကေလးကို ထိခိုက္တတ္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေအာက္ကအလုပ္ေတြကိုေတာ့ မလုပ္ပါနဲ႔။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေ႐ွာင္ရမယ့္ အလုပ္ေတြ

အိမ္သန္႔႐ွင္းေရး

အိမ္မွာ သုံးတဲ့ အစြန္းခြၽတ္ေဆးေတြ၊ ေလသန္႔ေအာင္ ျဖန္းတဲ့ စပေရးေတြ၊ ၾကမ္းတိုက္ေဆးေတြ စတာေတြဟာ ဓာတုပစၥည္းေတြ အျပည့္ပါ။ ဒါေတြကို ေမေမေတြ ကိုင္မိရင္ အေရျပားမွာ ဓာတ္မတည့္တာေတြ ျဖစ္ႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္တဲ့အခ်ိန္မွာ အမ်ိဳးသမီးေတြရဲ႕ အေရျပားက အရင္ကထက္ ထိလြယ္႐ွလြယ္ပါတယ္။ ဒါေၾကာင့္ တတ္ႏိုင္ရင္ သဘာဝပစၥည္းေတြပဲ သုံးပါ။ သဘာဝပစၥည္းဆိုရင္ေတာင္ ခြင့္ျပဳခ်က္ရၿပီးသားေတြပဲ သုံးပါ။

ေနာက္တစ္ခ်က္က တခ်ိဳ႕ေသာ ဓာတုပစၥည္းေတြက ႐ွဴမိရင္ ကေလးဆီေရာက္ၿပီး ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ တတ္ႏိုင္သမွ် မသုံးပါနဲ႔။ တံျမက္စည္းလွည္းတာ၊ ၾကမ္းတိုက္တာ၊ ခါးကုန္းၿပီး လုပ္ရမွာေတြကို ေ႐ွာင္ပါ။ ဒါေတြက အခန္႔မသင့္ရင္ ေပါင္ေနာက္က အေၾကာေတြ ေရာင္တတ္ပါတယ္။

ေၾကာင္ေခ်းမက်ံဳးပါနဲ႔။

သင္ရဲ႕ ခ်စ္လွစြာေသာ ေညာင္ေညာင္ေလးက သင့္အတြက္ အႏၲရာယ္မ်ားတဲ့ Toxoplasma gondii ကပ္ပါးပိုးကို သယ္ထားႏိုင္ပါတယ္။ သူတို႔ရဲ႕ မစင္မွာပါတဲ့ကပ္ပါးပိုးက ကိုယ္ဝန္ပ်က္ေစတာ၊ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ ပါတာမ်ိဳးျဖစ္ေစပါတယ္။ ဒါေၾကာင့္ တတ္ႏိုင္သမွ် ေၾကာင္ေခ်းက်ံဳးတာ မလုပ္ပါနဲ႔။ ေၾကာင္နဲ႔ ေတာ့ ေဆာ့လို႔ရပါတယ္။ ေၾကာင္ကိုင္ၿပီးတိုင္း လက္ေဆးပါ။

ဒါေၾကာင့္ တတ္ႏိုင္သမွ် ေၾကာင္ရဲ႕ မစင္ပုံးကို သူမ်ားကိုပဲ သန္႔႐ွင္းေရး လုပ္ခိုင္းပါ။ ကိုယ္ခြဲမ႐ွိလို႔ ကိုယ့္ဟာကိုယ္ လုပ္ရမယ္ဆိုရင္ လက္အိတ္ဝတ္ၿပီး သန္႔႐ွင္းေရး လုပ္ပါ။ ၿပီးရင္ လက္ကို ေသခ်ာေဆးပါ။ ေၾကာင္ကိုလည္း တျခားေၾကာင္႐ိုင္းေတြနဲ႔ မေတြ႕ပါေစနဲ႔။ ပိုၿပီး စိတ္ခ်ခ်င္ရင္ ေၾကာင္ကို အစာေျခာက္ပဲ ေကြၽးပါ။ အသားစိမ္းေတြ၊ မက်က္တက်က္ေတြ မေကြၽးပါနဲ႔။ ကိုယ္ဝန္႐ွိခ်ိန္မွာ အျပင္က ေၾကာင္ေတြ၊ ေၾကာင္႐ိုင္းေတြ ေခၚမေမြးပါနဲ႔။

ေရခ်ိဳးခန္းသန္႔႐ွင္းေရး မလုပ္ပါနဲ႔။

ေရခ်ိဳးခန္းမွာ သုံးတဲ့ သန္႔႐ွင္းေရးပစၥည္းေတြက ဓာတုပစၥည္းေတြပါတဲ့အတြက္ ႐ွဴမိရင္ မိခင္ကိုေရာ၊ ကေလးကိုေရာ ထိခိုက္ႏိုင္ပါတယ္။ ဒါေၾကာင့္ သန္႔႐ွင္းေရး လုပ္မယ္ဆိုရင္ ဓာတုပစၥည္းနည္းတာကိုပဲ သုံးပါ။ ေနာက္တစ္ခုက ေရခ်ိဳးခန္းကို သန္႔႐ွင္းေရးလုပ္ေနရင္း မေတာ္တဆ ေခ်ာ္လဲၿပီး ထိခိုက္ဒဏ္ရာ ရတာမ်ိဳးလည္း ႐ွိႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္႐ွိခ်ိန္မွာေတာ့ တတ္ႏိုင္ရင္ ေရခ်ိဳးခန္းကို သန္႔႐ွင္းေရး မလုပ္ပါနဲ႔။ မတတ္သာလို႔ သန္႔႐ွင္းေရး လုပ္ရမယ္ဆိုရင္ ဓာတုပစၥည္းေတြ ေဖ်ာ္တဲ့အခါ ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာ ေဖ်ာ္ပါ။ သတိထားၿပီး သန္႔႐ွင္းေရး လုပ္ပါ။

အဝတ္ေလွ်ာ္တာ

ေရခ်ိဳးခန္းသုံး ပစၥည္းေတြလိုပါပဲ။ အဝတ္ေလွ်ာ္ရင္လည္း ဓာတုပစၥည္းနည္းတာကိုပဲ သုံးပါ။ အေကာင္းဆုံးကေတာ့ အဝတ္ေလွ်ာ္တဲ့အလုပ္မွာ ဝင္မပါတာပဲ။ အဝတ္ေလွ်ာ္ ဆပ္ျပာမႈန္႔ေတြက အနံ႔ျပင္းတဲ့အျပင္ တခ်ိဳ႕ေတြဆို သာမန္လူကိုင္တာေတာင္ ဆပ္ျပာစားပါတယ္။ ဒါ့ျပင္ အဝတ္ေလွ်ာ္ဖို႔ ပုံးကို မ လိုက္တဲ့အခ်ိန္၊ ခါးကုန္းလိုက္တဲ့အခ်ိန္က်ရင္ ခါးနာတာ၊ ေပါင္က အေၾကာေတြ နာတာမ်ိဳး ျဖစ္တတ္ပါတယ္။ ေနာက္တခ်ိဳ႕ဆို အၾကာႀကီး ေစာင့္ေၾကာင့္ထိုင္ၿပီး အဝတ္ကို အားရပါးရ ေလွ်ာ္တတ္ပါတယ္။ ဒါကလည္း ေန႔မေစ့ လမေစ့ေမြးတာ၊ ေသြးတိုးတာေတြ ျဖစ္တတ္ပါတယ္။

အေလးအပင္မ မ ပါနဲ႔။

အရင္လို ဘာပစၥည္းပဲ ျဖစ္ျဖစ္ ေတြ႕တာနဲ႔ ဆတ္ခနဲေကာက္ မ ဖို႔ စိတ္မကူးပါနဲ႔။ ကိုယ္ဝန္ရင့္လာတာနဲ႔အမွ် ကေလးက ပိုႀကီးလာၿပီး ဝိတ္ပိုတက္လာမယ္။ ခါးက အေနာက္ကို ပိုေကာ့လာပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ႀကီးသက္သက္နဲ႔ကို ခါးမွာ ဒဏ္ျဖစ္ၿပီးသားပါ။ ဒါကို အေလးအပင္ေတြ မ ေနမယ္ဆိုရင္ ပိုဆိုးမွာပါ။ တခ်ိဳ႕အမ်ိဳးသမီးေတြမွာဆိုရင္ အေလးအပင္ မ ၿပီးမွ ဗိုက္ထဲမွာ ဆစ္ခနဲနာလာတာမ်ိဳးေတြေတာင္ ျဖစ္ႏိုင္ပါတယ္။

လိုက္ကာလဲတာ၊ နံရံကပ္ ပန္ကာေတြ သန္႔႐ွင္းတာမ်ိဳး မလုပ္ပါနဲ႔။

ဒီအလုပ္ေတြက သာမန္လူေတြေတာင္ သတိႀကီးႀကီးထားၿပီး လုပ္ရတဲ့ အလုပ္ပါ။ ခုံေပၚက ျပဳတ္က်မွာ၊ ဟန္ခ်က္မထိန္းႏိုင္ဘဲ ျပဳတ္က်မွာ စတဲ့ ျပႆနာေတြ ႐ွိပါတယ္။ တစ္ေန႔ တျခား ေဖာင္းလာတဲ့ ဗိုက္နဲ႔ နာေနတဲ့ ခါးေၾကာင့္ ကိုယ့္ကိုယ္ကိုထိန္းဖို႔ဆိုတာ ေတာ္ေတာ္ခက္ပါတယ္။ ဒါေၾကာင့္ ဒီအလုပ္က လုပ္မယ့္သူမ႐ွိဘူးဆိုရင္ေတာင္ ပစ္ထားလိုက္ရမယ့္အလုပ္ပါ။

ဒါေတြကေတာ့ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြအေနနဲ႔ ေ႐ွာင္ရမယ့္ အိမ္အလုပ္ေတြပါ။ ကိုယ္ဝန္ေဆာင္ေတြက အိမ္အလုပ္ေတြ မလုပ္ဘဲ ေနရမွာ မဟုတ္ပါဘူး။ တတ္ႏိုင္တဲ့၊ အႏၲရာယ္မ႐ွိတဲ့ ေပါ့ေပါ့ပါးပါး အလုပ္ေတြဆိုရင္ လုပ္လို႔ရပါတယ္။ ဒါေပမယ့္ ခုေျပာခဲ့တာေတြကေတာ့ အႏၲရာယ္မ်ားလြန္းတာေၾကာင့္ ေ႐ွာင္ဖို႔ အၾကံေပးလိုပါတယ္။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service