ပြင်သစ်သမ္မတကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၊ ၎င်းနှင့်တွေ့ဆုံခဲ့သောပေါ်တူဂီဝန်ကြီးချုပ်၊ စပိန်ဝန်ကြီးချုပ်နှင့် အခြားအကြီးအကဲများကွာရန်တင်းဝင်ရ

ပြင်သစ်သမ္မတကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၊ ၎င်းနှင့်တွေ့ဆုံခဲ့သောပေါ်တူဂီဝန်ကြီးချုပ်၊ စပိန်ဝန်ကြီးချုပ်နှင့် အခြားအကြီးအကဲများကွာရန်တင်းဝင်ရ - Property News in Myanmar from iMyanmarHouse.com
18 Dec 2020 12:02 pm တွင် တင်ခဲ့သည်
593 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြင်သစ်သမ္မတအီမန်ညူရယ် မက်ခရွန်သည် Covid-19 ရောဂါလက္ခဏာများခံစားရပြီးနောက် ရောဂါကူးစက်ခံထားရကြောင်းစစ်ဆေးတွေ့ရှိခဲ့ရာရက်သတ္တ ၁ ပတ်ကြာသီးခြားနေထိုင်လိမ့်မည်ဖြစ်ကြောင်းသမ္မတရုံးကထုတ်ပြန်သည်။

သမ္မတ၏ အေးလိဇိနန်းတော် (Elysee Palace) က ထုတ်ပြန်ရာတွင် အသက် ၄၂ နှစ်အရွယ်ရှိသမ္မတမက်ခရွန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လက္ခဏာများ ဖြစ်ပေါ်ပြီးနောက် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“လက်ရှိထုတ်ပြန်ထားသောကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်သမ္မတသည် မိမိဘာသာ ၇ ရက် သီးခြားနေထိုင်လိမ့်မည် ဖြစ်သည်။ သူ၏ တာဝန်များကိုအဝေးမှ ဆက်လက်ထမ်းဆောင်သွားမည်ဖြစ်သည်” ဟုအဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြင်သစ်သမ္မတကတော် ဘရီဂျိမက်ခရွန် (Brigitte Macron) (အသက် ၆၇) သည် ရောဂါလက္ခဏာမရှိသော်လည်းကွာရန်တင်းဝင်မည်ဖြစ်သည်။

ပြင်သစ်ဝန်ကြီးချုပ် ယွန်းကက်စ်တက်ဇ် (Jean Castex)သည်လည်းကွာရန်တင်းဝင်ရမည်ဖြစ်ပြီးလာမည့် ရက်သတ္တပတ်တွင် လက်ဘနွန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသောသမ္မတ၏ ခရီးစဉ်ကိုဖျက်သိမ်းလိုက်သည်။

မကြာသေးမီရက်များအတွင်း ပြင်သစ်သမ္မတသည် ဥရောပထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာသမ္မတမက်ခရွန် ရောဂါရှိကြောင်းစစ်ဆေးတွေ့ရှိပြီးနောက် ၎င်းတို့သည်လည်းကွာရန်တင်းဝင်ကြလိမ့်မည်ဖြစ်ကြောင်းကြေညာခဲ့ကြသည်။

ပေါ်တူဂီဝန်ကြီးချုပ် အင်ထိုနီယိုကော့စတာ (Antonio Costa)၊စပိန်ဝန်ကြီးချုပ် ဖီးဒရိုဆန်းချက်ဇ် (Pedro Sanchez) နှင့် ဥရောပကောင်စီဥက္ကဌချားလ်စ်မိုက်ကယ် (Charles Michel)တို့က ကြိုတင်သတိပေးလမ်းညွှန်ချက်များအတိုင်း ၎င်းတို့ ကွာရန်တင်းဝင်ကြမည်ဖြစ်ကြောင်းပြောကြားကြသည်။ မကြာသေးမီရက်ပိုင်းအတွင်း ပြင်သစ်သမ္မတ၏ ဆောင်ရွက်မှုများ

• ဒီဇင်ဘာ ၁၆ ရက်တွင် ပေါ်တူဂီဝန်ကြီးချုပ်နှင့် နေ့လယ်စာစားပွဲတွင် တွေ့ဆုံခဲ့ပြီးအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

• ဒီဇင်ဘာ ၁၅ ရက်တွင် သမ္မတမက်ခရွန်သည် နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ၏ ဥက္ကဌပီတာမောရာ (Peter Maurer)အပါအဝင် လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့သည်။

• ဒီဇင်ဘာ ၁၄ ရက်တွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD) တည်ထောင်မှု နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် အေးလိဇိနန်းတော်တွင် ကျင်းပသောအလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ နေ့လယ်စာစားပွဲတွင် စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်၊ ဥရောပကောင်စီဥက္ကဌမိုက်ကယ်နှင့် OECD ၏ အထွေထွေညွှန်ကြားရေးမှူးချုပ် အိန်ဂျယ် ဂါရီယာ (Angel Gurria)တို့နှင့် တွေ့ဆုံခဲ့သည်။

• ပြီးခဲ့သော ကြာသပတေးနှင့် သောကြာနေ့များတွင် သမ္မတသည် ဘရပ်ဆဲလ်ရှိဥရောပကောင်စီသို့လည်းတက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံအနက် ၂၅ နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်ခဲ့ကြသည်။ (ကျန် ၂ နိုင်ငံမှ ခေါင်းဆောင်များမှာ Covid-19 နှင့် ပတ်သက်သောအကြောင်းရင်းများကြောင့် မတက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။)

စပိန်နိုင်ငံခြားရေးဝန်ကြီးကပြောကြားရာတွင် စပိန်ဝန်ကြီးချုပ်သည် Covid-19 စစ်ဆေးမှု ချက်ချင်းပြုလုပ်မည်ဖြစ်ပြီးရက်သတ္တပတ် ကွာရန်တင်းဝင်မည်ဖြစ်ကြောင်းပြောကြားသည်။ ပြင်သစ်သမ္မတအတွက် ဆုမွန်ကောင်းတောင်းပေးပါကြောင်းလည်းစပိန်နိုင်ငံခြားရေးဝန်ကြီးကတွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

ဥရောပကော်မရှင်၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်ကပြောကြားရာတွင် ဥရောပကောင်စီဥက္ကဌမိုက်ကယ်သည် ရောဂါမရှိကြောင်းစစ်ဆေးတွေ့ရှိသော်လည်းကွာရန်တင်းဝင်သွားမည်ဖြစ်ကြောင်းပြောကြားသည်။

ပြင်သစ်သမ္မတမက်ခရွန်သည် ကမ္ဘာ့ခေါင်းဆောင်များအနက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် နောက်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်သည်။ ပြင်သစ်၏ အဓိကမဟာမိတ်များဖြစ်သောအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့လည်းကပ်ဘေးကာလအစောပိုင်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၂ ဦးလုံးဆေးရုံတက်ခဲ့ကြရသည်။

“ကျွန်တော့်ရဲ့ မိတ်ဆွေ အီမန်ညူရယ် မက်ခရွန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ သတင်းကြားရတာဝမ်းနည်းမိပါတယ်။ အမြန်ဆုံး ပြန်လည်ကျန်းမာပါစေလို့ ကျွန်တော်တို့အားလုံးဆုတောင်းပေးပါတယ်”ဟုဘောရစ်ဂျွန်ဆင်ကတွစ်တာတွင် ရေးသားဖော်ပြသည်။

ပြင်သစ်နိုင်ငံသည် နိုဝင်ဘာလကတည်းကလော့ဒေါင်းချမှတ်ထားခဲ့ပြီးယခုရက်သတ္တပတ်အတွင်းလော့ဒေါင်း ပြန်လည်ရုပ်သိမ်းရန် စီစဉ်ထားခဲ့သော်လည်းရည်မှန်းထားသည့် ရောဂါကူးစက်မှုပမာဏဖြစ်သောတစ်ရက်လျှင် ၅၀၀၀ ဦးထက် ကျော်လွန်ကာကူးစက်မှုများဆက်လက်မြင့်တက်နေမှုကြောင့် လော့ဒေါင်းရုပ်သိမ်းရန် နှောင့်နှေးနေခဲ့ရသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: France's Emmanuel Macron tests positive for Covid-19, sending other European leaders into quarantine (CNN)

[Zawgyi]

ျပင္သစ္သမၼတကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရ၊ ၎ႏွင့္ေတြ႔ဆံုခဲ့ေသာေပၚတူဂီဝန္ၾကီးခ်ဳပ္၊ စပိန္ဝန္ၾကီးခ်ဳပ္ႏွင့္ အျခားအၾကီးအကဲမ်ားကြာရန္တင္းဝင္ရ

ျပင္သစ္သမၼတအီမန္ညဴရယ္ မက္ခရြန္သည္ Covid-19 ေရာဂါလကၡဏာမ်ားခံစားရျပီးေနာက္ ေရာဂါကူးစက္ခံထားရေၾကာင္းစစ္ေဆးေတြ႔ရွိခဲ့ရာရက္သတၱ ၁ ပတ္ၾကာသီးျခားေနထိုင္လိမ့္မည္ျဖစ္ေၾကာင္းသမၼတရံုးကထုတ္ျပန္သည္။

သမၼတ၏ ေအးလိဇိနန္းေတာ္ (Elysee Palace) က ထုတ္ျပန္ရာတြင္ အသက္ ၄၂ ႏွစ္အရြယ္ရွိသမၼတမက္ခရြန္သည္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည့္ လကၡဏာမ်ား ျဖစ္ေပၚျပီးေနာက္ စစ္ေဆးခဲ့ျခင္းျဖစ္သည္ဟုဆိုသည္။

“လက္ရွိထုတ္ျပန္ထားေသာက်န္းမာေရးလမ္းညႊန္ခ်က္မ်ားႏွင့္အညီ ႏိုင္ငံေတာ္သမၼတသည္ မိမိဘာသာ ၇ ရက္ သီးျခားေနထိုင္လိမ့္မည္ ျဖစ္သည္။ သူ၏ တာဝန္မ်ားကိုအေဝးမွ ဆက္လက္ထမ္းေဆာင္သြားမည္ျဖစ္သည္” ဟုအဆိုပါထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ျပင္သစ္သမၼတကေတာ္ ဘရီဂ်ိမက္ခရြန္ (Brigitte Macron) (အသက္ ၆၇) သည္ ေရာဂါလကၡဏာမရွိေသာ္လည္းကြာရန္တင္းဝင္မည္ျဖစ္သည္။

ျပင္သစ္ဝန္ၾကီးခ်ဳပ္ ယြန္းကက္စ္တက္ဇ္ (Jean Castex)သည္လည္းကြာရန္တင္းဝင္ရမည္ျဖစ္ျပီးလာမည့္ ရက္သတၱပတ္တြင္ လက္ဘႏြန္ႏိုင္ငံသို႔ သြားေရာက္ရန္ စီစဥ္ထားေသာသမၼတ၏ ခရီးစဥ္ကိုဖ်က္သိမ္းလိုက္သည္။

မၾကာေသးမီရက္မ်ားအတြင္း ျပင္သစ္သမၼတသည္ ဥေရာပထိပ္တန္းေခါင္းေဆာင္မ်ားႏွင့္ ေတြ႔ဆံုခဲ့ရာသမၼတမက္ခရြန္ ေရာဂါရွိေၾကာင္းစစ္ေဆးေတြ႔ရွိျပီးေနာက္ ၎တို႔သည္လည္းကြာရန္တင္းဝင္ၾကလိမ့္မည္ျဖစ္ေၾကာင္းေၾကညာခဲ့ၾကသည္။

ေပၚတူဂီဝန္ၾကီးခ်ဳပ္ အင္ထိုနီယိုေကာ့စတာ (Antonio Costa)၊စပိန္ဝန္ၾကီးခ်ဳပ္ ဖီးဒရိုဆန္းခ်က္ဇ္ (Pedro Sanchez) ႏွင့္ ဥေရာပေကာင္စီဥကၠဌခ်ားလ္စ္မိုက္ကယ္ (Charles Michel)တို႔က ၾကိဳတင္သတိေပးလမ္းညႊန္ခ်က္မ်ားအတိုင္း ၎တို႔ ကြာရန္တင္းဝင္ၾကမည္ျဖစ္ေၾကာင္းေျပာၾကားၾကသည္။ မၾကာေသးမီရက္ပိုင္းအတြင္း ျပင္သစ္သမၼတ၏ ေဆာင္ရြက္မႈမ်ား

• ဒီဇင္ဘာ ၁၆ ရက္တြင္ ေပၚတူဂီဝန္ၾကီးခ်ဳပ္ႏွင့္ ေန႔လယ္စာစားပြဲတြင္ ေတြ႔ဆံုခဲ့ျပီးအစိုးရအဖြဲ႔ အစည္းအေဝးသို႔ တက္ေရာက္ခဲ့သည္။

• ဒီဇင္ဘာ ၁၅ ရက္တြင္ သမၼတမက္ခရြန္သည္ ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႔ (ICRC) ၏ ဥကၠဌပီတာေမာရာ (Peter Maurer)အပါအဝင္ လူေပါင္းမ်ားစြာႏွင့္ ေတြ႔ဆံုခဲ့သည္။

• ဒီဇင္ဘာ ၁၄ ရက္တြင္ စီးပြားေရးပူးေပါင္းေဆာင္ရြက္မႈႏွင့္ ဖြံ႔ျဖိဳးေရးအဖြဲ႔ (OECD) တည္ေထာင္မႈ ႏွစ္ ၆၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ေအးလိဇိနန္းေတာ္တြင္ က်င္းပေသာအလုပ္သေဘာေန႔လယ္စာစားပြဲသို႔ တက္ေရာက္ခဲ့သည္။ အဆိုပါ ေန႔လယ္စာစားပြဲတြင္ စပိန္ဝန္ၾကီးခ်ဳပ္ ဆန္းခ်က္ဇ္၊ ဥေရာပေကာင္စီဥကၠဌမိုက္ကယ္ႏွင့္ OECD ၏ အေထြေထြညႊန္ၾကားေရးမွဴးခ်ဳပ္ အိန္ဂ်ယ္ ဂါရီယာ (Angel Gurria)တို႔ႏွင့္ ေတြ႔ဆံုခဲ့သည္။

• ျပီးခဲ့ေသာ ၾကာသပေတးႏွင့္ ေသာၾကာေန႔မ်ားတြင္ သမၼတသည္ ဘရပ္ဆဲလ္ရွိဥေရာပေကာင္စီသို႔လည္းတက္ေရာက္ခဲ့သည္။ အဆိုပါအစည္းအေဝးသို႔ ဥေရာပသမဂၢအဖြဲ႔ဝင္ ၂၇ ႏိုင္ငံအနက္ ၂၅ ႏိုင္ငံမွ ေခါင္းေဆာင္မ်ားတက္ေရာက္ခဲ့ၾကသည္။ (က်န္ ၂ ႏိုင္ငံမွ ေခါင္းေဆာင္မ်ားမွာ Covid-19 ႏွင့္ ပတ္သက္ေသာအေၾကာင္းရင္းမ်ားေၾကာင့္ မတက္ေရာက္ႏိုင္ခဲ့ျခင္း ျဖစ္သည္။)

စပိန္ႏိုင္ငံျခားေရးဝန္ၾကီးကေျပာၾကားရာတြင္ စပိန္ဝန္ၾကီးခ်ဳပ္သည္ Covid-19 စစ္ေဆးမႈ ခ်က္ခ်င္းျပဳလုပ္မည္ျဖစ္ျပီးရက္သတၱပတ္ ကြာရန္တင္းဝင္မည္ျဖစ္ေၾကာင္းေျပာၾကားသည္။ ျပင္သစ္သမၼတအတြက္ ဆုမြန္ေကာင္းေတာင္းေပးပါေၾကာင္းလည္းစပိန္ႏိုင္ငံျခားေရးဝန္ၾကီးကတြစ္တာတြင္ ေရးသားေဖာ္ျပခဲ့သည္။

ဥေရာပေကာ္မရွင္၏ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္ကေျပာၾကားရာတြင္ ဥေရာပေကာင္စီဥကၠဌမိုက္ကယ္သည္ ေရာဂါမရွိေၾကာင္းစစ္ေဆးေတြ႔ရွိေသာ္လည္းကြာရန္တင္းဝင္သြားမည္ျဖစ္ေၾကာင္းေျပာၾကားသည္။

ျပင္သစ္သမၼတမက္ခရြန္သည္ ကမၻာ့ေခါင္းေဆာင္မ်ားအနက္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရသည့္ ေနာက္ဆံုးပုဂၢိဳလ္လည္း ျဖစ္သည္။ ျပင္သစ္၏ အဓိကမဟာမိတ္မ်ားျဖစ္ေသာအေမရိကန္သမၼတေဒၚနယ္ထရမ့္ႏွင့္ ျဗိတိန္ဝန္ၾကီးခ်ဳပ္ ေဘာရစ္ဂၽြန္ဆင္တို႔လည္းကပ္ေဘးကာလအေစာပိုင္းတြင္ ဗိုင္းရပ္စ္ကူးစက္ခံရျပီး ၂ ဦးလံုးေဆးရံုတက္ခဲ့ၾကရသည္။

“ကၽြန္ေတာ့္ရဲ႕ မိတ္ေဆြ အီမန္ညဴရယ္ မက္ခရြန္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ သတင္းၾကားရတာဝမ္းနည္းမိပါတယ္။ အျမန္ဆံုး ျပန္လည္က်န္းမာပါေစလို႔ ကၽြန္ေတာ္တို႔အားလံုးဆုေတာင္းေပးပါတယ္”ဟုေဘာရစ္ဂၽြန္ဆင္ကတြစ္တာတြင္ ေရးသားေဖာ္ျပသည္။

ျပင္သစ္ႏိုင္ငံသည္ ႏိုဝင္ဘာလကတည္းကေလာ့ေဒါင္းခ်မွတ္ထားခဲ့ျပီးယခုရက္သတၱပတ္အတြင္းေလာ့ေဒါင္း ျပန္လည္ရုပ္သိမ္းရန္ စီစဥ္ထားခဲ့ေသာ္လည္းရည္မွန္းထားသည့္ ေရာဂါကူးစက္မႈပမာဏျဖစ္ေသာတစ္ရက္လွ်င္ ၅၀၀၀ ဦးထက္ ေက်ာ္လြန္ကာကူးစက္မႈမ်ားဆက္လက္ျမင့္တက္ေနမႈေၾကာင့္ ေလာ့ေဒါင္းရုပ္သိမ္းရန္ ေႏွာင့္ေႏွးေနခဲ့ရသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: France's Emmanuel Macron tests positive for Covid-19, sending other European leaders into quarantine (CNN)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service