မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြင်းထန်နေသောကြောင့် တရုတ်က မိုင် ၁၂၀၀ ကျော် ရှည်လျားသော နယ်ခြားတံတိုင်းတည်ဆောက်

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြင်းထန်နေသောကြောင့် တရုတ်က မိုင် ၁၂၀၀ ကျော် ရှည်လျားသော နယ်ခြားတံတိုင်းတည်ဆောက် - Property News in Myanmar from iMyanmarHouse.com
18 Dec 2020 11:40 am တွင် တင်ခဲ့သည်
1709 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ ပြင်းထန်နေသောကြောင့် တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် ကီလိုမီတာ ၂၀၀၀ (၁၂၄၂ မိုင်) ရှည်လျားသော သံကူကွန်ကရစ်တံတိုင်း တည်ဆောက်နေသည့် သတင်းများ ပေါ်ပေါက်လာသည်။

လွတ်လပ်သော အာရှအသံ (RFA) သတင်းဌာန၏ ဖော်ပြချက်တစ်ရပ်အရ အဆိုပါကြီးမားလှသည့်စီမံကိန်းကြီးကို “တောင်ဘက် မဟာတံတိုင်း” ဟု အမည်ပေးထားပြီး ယခုနှစ်အစောပိုင်းကတည်းက ဆောက်လုပ်မှုများ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

RFA သတင်းတွင် ဖော်ပြချက်အရ လက်ရှိအချိန်အထိ အလျား ၆၅၉ ကီလိုမီတာ (၄၀၉ ဒသမ ၄ မိုင်) ဆောက်လုပ်ပြီးစီးသွားပြီဟု ဆိုသည်။

RFA ၏ သတင်းအပြင် ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသော ယူနန်ပြည်နယ်၊ ဝမ့်တင် (Wanding) နှင့် ရွေ့လိ (Ruili) မြို့တို့မှ လွှင့်တင်သော လူမှုကွန်ရက်ဓာတ်ပုံများအရ သံကူကွန်ကရစ် စည်းရိုးတံတိုင်းအပေါ်တွင် သွပ်ဆူးကြိုးများလည်း တပ်ဆင်ထားသည်ကို တွေ့ရသည်။

တရုတ်အစိုးရသည် ယူနန်ပြည်နယ်ရှိ မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်ခြား ၂၂၀၀ ကီလိုမီတာ (၁၃၆၇ မိုင်) ကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

အဆိုပါ ထိစပ်နေသော နယ်စပ်တစ်လျှောက်ဒေသများသည် မြန်မာနိုင်ငံအစိုးရ၏ အုပ်ချုပ်မှုမှ သီးခြားကင်းလွတ်နေသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် သူပုန်စစ်တပ်များ ထိန်းချုပ်ရာ ဒေသများ ဖြစ်သည်။

၁၉၈၀ ပြည့်လွန်ကာလများကတည်းက ယူနန်-မြန်မာ နယ်ခြားဒေသသည် မြင့်တက်လာနေသော ကုန်သွယ်မှု လမ်းကြောင်းဖြစ်နေပြီး အများစုမှာ တရားမဝင်ကုန်သွယ်မှုများ ဖြစ်သည်။

ကုန်သွယ်မှုများတွင် ကျောက်စိမ်းနှင့် တန်ဖိုးကြီးသစ်တို့မှသည် ခိုးယူလာသည့်ယာဉ်များ၊ မီသာဖက်တမင်းဆေးပြား ထုတ်လုပ်ရန်အတွက် ဓာတုပစ္စည်းများအထိ ပါဝင်သည်။ မီသာဖက်တမင်းကို ရှမ်းပြည်တစ်လွှား ဖြန့်ကျက်တည်ရှိနေသည့် စက်ရုံအဆင့် ထုတ်လုပ်နိုင်သည့် ဓာတ်ခွဲခန်းများတွင် ထုတ်လုပ်ခြင်း ဖြစ်သည်။

အလွယ်တကူစိမ့်ဝင်နိုင်သော နယ်ခြားမှတဆင့် စာရွက်စာတမ်းမရှိသူများ များစွာဝင်ရောက်မှုများရှိရာ ကုန်သည်များ၊ ရွှေ့ပြောင်းလုပ်သားများ၊ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် တရုတ်ပြည်သို့ ခိုးဝင်သည့် အမျိုးသမီးများ ပါဝင်သည်။

အနောက်တိုင်း သတင်းမီဒီယာ အများစုက တရုတ်-မြန်မာ နယ်ခြားတံတိုင်း တည်ဆောက်ရခြင်း၏ အဓိကဦးတည်ချက်မှာ တရုတ်ပြည်တွင်းရှိ အစိုးရအပေါ် အတိုက်အခံပြုသူများ ထွက်ပြေးခြင်းကို ကာကွယ်ရန် ဖြစ်သည်ဟု သုံးသပ်ကြသည်။ အဆိုပါ ရည်ရွယ်ချက်ကား ဖြစ်နိုင်ဖွယ်ရှိသည့်အချက်ဖြစ်သည်။

အစောင့်အကြပ် လျော့ရဲမှုကြောင့် ယူနန်ပြည်သည် တရုတ်ပြည်ရှိ Uyghurs မျိုးနွှယ်စုနှင့် အခြားသူတို့အတွက် အနောက်နိုင်ငံများတွင် နိုင်ငံရေး ခိုလှုံခွင့်ရရေး ကြိုးပမ်းမှုအတွက် ထွက်ပေါက်တစ်ခုဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့သော် အဆိုပါတံတိုင်းကို တရုတ်က ဆောက်လုပ်ရခြင်း၏ တကယ့်ရည်ရွယ်ချက်မှာ ယခုသုံးသပ်မှုများထက် ပိုမိုရှုပ်ထွေးဖွယ်ရာ ရှိသည်။

ပထမအချက်အားဖြင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများမှတဆင့် တရုတ်ပြည်အတွင်းသို့ Covid-19 ရောဂါပျံ့နှံ့မှုကို ကာကွယ်ရေးမှာ အလွန်အရေးကြီးသည်။ တရုတ်အာဏာပိုင်တို့က ပြောကြားရာတွင် အဆိုပါအချက်သည် နယ်ခြားတံတိုင်းဆောက်လုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သည်ဟု ဆိုသည်။

စက်တင်ဘာလအတွင်းက တရားမဝင် ဝင်ရောက်လာသူ ၃ ဦးတွင် Covid-19 ရောဂါပိုး စစ်ဆေးတွေ့ရှိမှုကြောင့် ရွေ့လိမြို့ကို စစ်ပွဲကာလ အခြေအနေအဖြစ် တပ်လှန့်ထားခဲ့သည်။ ထိုင်းနိုင်ငံတွင်လည်း မြန်မာနိုင်ငံဘက်မှ တရားမဝင် ဝင်ရောက်လာသူများကြောင့် ရောဂါကူးစက်ပျံ့ပွားမှုအနည်းငယ် မကြာသေးမီက ဖြစ်ပွားခဲ့သည်ကို တွေ့ခဲ့ရသည်။

သွပ်ဆူးကြိုးတပ်ဆင်ထားသော ကီလိုမီတာ ၂၀၀၀ (၁၂၄၂ မိုင်) ရှည်လျားသည့် တံတိုင်းကြီး ဆောက်လုပ်မှုမှာ လိုအပ်သည်ထက် ချဲ့ကားနေသည်ဟု မှတ်ထင်ဖွယ်ရှိသော်လည်း တရုတ်အစိုးရအတွက်မူ ဗိုင်းရပ်စ်ကင်းစင်ရေးအတွက် အရေးပါနေသည်။

တရုတ်ပြည်သူများ ဘေးကင်းစေရေးအပြင် Covid-19 ကို ထိန်းချုပ်နိုင်ခြင်းမှာလည်း တရုတ်အစိုးရ၏ ပြောကြားချက်ဖြစ်သော အာရှစီးပွားရေး ကပ်ဘေးကြောင့် အထိနာမှုကို ပြန်လည်နာလံထူစေရေးတွင် ဦးဆောင်ရန် အသင့်ရှိကြောင်း ပြောကြားထားမှုအတွက် အခရာကျသည်။

ဒုတိယအချက်မှာ ဘန်ကောက်အခြေစိုက် စာနယ်ဇင်းသမား ပက်ထရစ်ဝင်း၏ ထောက်ပြချက်အတိုင်းဆိုရလျှင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သွားသူ အများစုမှာ တရုတ်အစိုးရ၏ အတိုက်အခံများ မဟုတ်ချေ။ မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူ အများစုမှာ အဆိုပါဒေသတွင် တွေ့ရလေ့ရှိသော မှောင်ခို ကုန်သွယ်မှုတွင် ပါဝင်နေသော တရုတ်လူမျိုးများဖြစ်ပြီး ကုန်စည်ရောင်းချသူ (သို့မဟုတ်) ဝယ်ယူသူများဖြစ်ကြကာ ယင်းမှာ တရုတ်ပြည်တွင် တရားမဝင်ချေ။

အဆိုပါအချက်ကို ၂၀၁၄ ခုနှစ်အတွင်းက အထူးဒေသ (၄) သို့ သွားရောက်ခဲ့စဉ် ကျွန်ုပ်ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ အထူးဒေသ (၄) သည် မြန်မာနယ်စပ်မှ ဒေသတစ်ခုဖြစ်ပြီး NDAA ဟုခေါ်သောအဖွဲ့ (မိုင်းလားတပ်ဖွဲ့) က အုပ်ချုပ်သည်။ NDAA ၏ မြေရှင်ပဒေသရာဇ်စနစ်အသေးစားတစ်ခုဖြစ်ပြီး နီယွန်မီးများ ထွန်းလင်းနေသော မိုင်းလားမြို့တစ်လွှားတွင် ဝင်းလက်တောက်ပသည့် ကာစီနိုလောင်းကစားဝိုင်းများ၊ ပြည့်တန်ဆာအိမ်များ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များနှင့် ရှားပါး တောရိုင်းတိရ စ္ဆာန်အရောင်းဆိုင်များနှင့် ပြည့်နှက်နေသည်။ ကျွန်ုပ်သွားရောက်ခဲ့သည့် ကာစီနိုလောင်းကစားဝိုင်းများတွင် တရုတ်လူငယ်အများစုဖြင့်သာ ပြည့်နှက်နေပြီး အများစုမှာ ကတုံးဆံပင်၊ ဆေးမင်ကြောင်များနှင့် ဖြစ်ကြသည်။

အထူးဒေသ (၄) သည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများအပေါ် မှီခိုရပ်တည်နေရသည့်နေရာဖြစ်ပြီး မိုင်းလားနှင့် ယူနန်ပြည်ကို ဆက်သွယ်ပေးထားသည့် တရားဝင်နယ်စပ်ဂိတ်ဝန်းကျင်တွင် အကျိုးဖြစ်ထွန်းစေရန် အလွန်ကောင်းမွန်သည့်နေရာတစ်ခု ဖြစ်နေသည်။

တရုတ်ပြည်မှ အတိုက်အခံတို့သည် ယူနန်ပြည်နယ်ကို ဖြတ်သန်းပြီး တရုတ်ပြည်မှ ထွက်ပြေးရန် လမ်းကြောင်းကို ရွေးချယ်မည်ဆိုလျှင်ပင် NDAA ကဲ့သို့ လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် ယခုနေရာမျိုးကို ရှာဖွေဖွယ် အလားအလာ မရှိချေ။

အဆိုပါ လက်နက်ကိုင်အုပ်စုများအနက် အင်အားအကြီးဆုံးနှင့် လက်နက်အတောင့်တင်းဆုံးမှာ ဝ”တပ်ဖွဲ့ (UWSA) ဖြစ်သည်။

ဝတပ်ဖွဲ့သည် တရုတ်အစိုးရနှင့် ဆက်နွှယ်မှုများရှိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မန်ဒရင်းစကားပြောသည့် ခေါင်းဆောင်များမှ ဦးဆောင်သည်။

ဝ တပ်ဖွဲ့ (UWSA) နှင့် မိုင်းလားတပ်ဖွဲ့ (NDAA) တို့သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်သွားသော အုပ်စု ၂ ခုဖြစ်သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် တရုတ်ပြည်၏ ကူညီထောက်ပံ့မှုဖြင့် နှစ်ပေါင်းများစွာရပ်တည်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင်မူ ပြိုကွဲသွားသည်။

တရုတ်အာဏာပိုင်တို့သည် မြန်မာနိုင်ငံနှင့် ထိစပ်နေသော နယ်နိမိတ်တလျှောက်မှတဆင့် မူးယစ်ဆေး ထုတ်လုပ်ခြင်းနှင့် တရားမဝင် ကုန်သွယ်ခြင်းတို့ လွယ်ကူစွာဖြစ်ပေါ်နေမှုအပြင် တရားမဝင်ငွေမည်းများစီးဆင်းမှုအတွက် အထောက်အကူဖြစ်နေသည့်အပေါ် ရတက်မအေးဖြစ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခင်က တရုတ်ရဲတပ်ဖွဲ့က တရုတ်လောင်းကစားသမားများအား ဆွဲဆောင်ရန် ဖွင့်လှစ်ထားသည့် လာအိုနှင့် မြန်မာနိုင်ငံ နယ်စပ်တို့ရှိ ကာစီနိုလောင်းကစားဝိုင်းများ ပိတ်သိမ်းစေရန် ဆောင်ရွက်ခဲ့မှုများ ရှိသည်။

တရုတ်အာဏာပိုင်တို့သည် နယ်စပ်ဖြတ်ကျော် တရားမဝင် သွင်းကုန်၊ ပို့ကုန်များကိုလည်း အခါအားလျော်စွာ ဖမ်းဆီးအရေးယူမှုများ ရှိသည်။

အထက်ပါ ကာလကြာရှည်တည်ရှိခဲ့သည့် ရတက်မအေးဖြစ်မှုများသည် တရုတ်ပြည်သို့ အနောက်တံခါးမှတဆင့် Covid-19 ရောဂါ ပြန်လည်ဝင်ရောက်လာချိန်မှသာ ကိုင်တွယ်ဆောင်ရွက်မှုများ ပေါ်ပေါက်လာစေခဲ့ခြင်း ဖြစ်သည်။

နယ်စပ်တွင် တရားဝင်မဟုတ်သော ကုန်သွယ်မှု ဆက်လက်စီးဆင်းနေစေရေးမှာ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်များ၏ စီးပွားရေးအတွက် အရေးပါသည့်အပြင် အဆိုပါဒေသတခွင် ဖြန့်ကျက်နေသော အခြေခံအဆောက်အအုံ စီမံကိန်းများ တိုးတက်ဖြစ်ပေါ်ရေးအတွက်လည်း အရေးပါသည်။

သို့အတွက် နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုများကို ထိန်းချုပ်လိုသည့်ဆန္ဒမှာ တရုတ်အစိုးရ၏ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ အကျိုးစီးပွားအတွက် ထိန်းညှိဖြေလျှော့မှုများ ပြုလုပ်လာရသည်။

တရုတ်အစိုးရ၏ ကာလကြာရှည်ရှိနေခဲ့သော နယ်စပ်ဒေသ ရတက်မအေးဖြစ်ရမှုများအတွက် ယခုအခါ Covid-19 မှာ ခေါင်းစဉ်တပ်စရာ အကြောင်းပြချက်ဖြစ်လာသည်။

နယ်စပ်တံတိုင်းသည် ၎င်း၏ နယ်စပ်ဒေသ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ဆုလာဘ်အခွင့်အရေးပေးရန် (သို့မဟုတ်) ဖိအားပေးရန်အတွက် အသုံးပြုနိုင်မည့် ခလုပ်မောင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China Building Massive Myanmar Border Wall: Reports (the diplomat)

 

 

[Zawgyi]

ျမန္မာႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ျပင္းထန္ေနေသာေၾကာင့္ တရုတ္က မိုင္ ၁၂၀၀ ေက်ာ္ ရွည္လ်ားေသာ နယ္ျခားတံတိုင္းတည္ေဆာက္

ျမန္မာႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ား ျပင္းထန္ေနေသာေၾကာင့္ တရုတ္အစိုးရက တရုတ္-ျမန္မာ နယ္စပ္တစ္ေလွ်ာက္တြင္ ကီလိုမီတာ ၂၀၀၀ (၁၂၄၂ မိုင္) ရွည္လ်ားေသာ သံကူကြန္ကရစ္တံတိုင္း တည္ေဆာက္ေနသည့္ သတင္းမ်ား ေပၚေပါက္လာသည္။

လြတ္လပ္ေသာ အာရွအသံ (RFA) သတင္းဌာန၏ ေဖာ္ျပခ်က္တစ္ရပ္အရ အဆိုပါၾကီးမားလွသည့္စီမံကိန္းၾကီးကို “ေတာင္ဘက္ မဟာတံတိုင္း” ဟု အမည္ေပးထားျပီး ယခုႏွစ္အေစာပိုင္းကတည္းက ေဆာက္လုပ္မႈမ်ား စတင္ခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

RFA သတင္းတြင္ ေဖာ္ျပခ်က္အရ လက္ရွိအခ်ိန္အထိ အလ်ား ၆၅၉ ကီလိုမီတာ (၄၀၉ ဒသမ ၄ မိုင္) ေဆာက္လုပ္ျပီးစီးသြားျပီဟု ဆိုသည္။

RFA ၏ သတင္းအျပင္ ရွမ္းျပည္နယ္ႏွင့္ နယ္နိမိတ္ထိစပ္ေနေသာ ယူနန္ျပည္နယ္၊ ဝမ့္တင္ (Wanding) ႏွင့္ ေရြ႕လိ (Ruili) ျမိဳ႕တို႔မွ လႊင့္တင္ေသာ လူမႈကြန္ရက္ဓာတ္ပံုမ်ားအရ သံကူကြန္ကရစ္ စည္းရိုးတံတိုင္းအေပၚတြင္ သြပ္ဆူးၾကိဳးမ်ားလည္း တပ္ဆင္ထားသည္ကို ေတြ႔ရသည္။

တရုတ္အစိုးရသည္ ယူနန္ျပည္နယ္ရွိ ျမန္မာႏိုင္ငံႏွင့္ ထိစပ္ေနေသာ နယ္ျခား ၂၂၀၀ ကီလိုမီတာ (၁၃၆၇ မိုင္) ကို ထိန္းခ်ဳပ္ႏိုင္ရန္ ရုန္းကန္ေနရသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္သည္။

အဆိုပါ ထိစပ္ေနေသာ နယ္စပ္တစ္ေလွ်ာက္ေဒသမ်ားသည္ ျမန္မာႏိုင္ငံအစိုးရ၏ အုပ္ခ်ဳပ္မႈမွ သီးျခားကင္းလြတ္ေနေသာ တိုင္းရင္းသားလက္နက္ကိုင္အုပ္စုမ်ားႏွင့္ သူပုန္စစ္တပ္မ်ား ထိန္းခ်ဳပ္ရာ ေဒသမ်ား ျဖစ္သည္။

၁၉၈၀ ျပည့္လြန္ကာလမ်ားကတည္းက ယူနန္-ျမန္မာ နယ္ျခားေဒသသည္ ျမင့္တက္လာေနေသာ ကုန္သြယ္မႈ လမ္းေၾကာင္းျဖစ္ေနျပီး အမ်ားစုမွာ တရားမဝင္ကုန္သြယ္မႈမ်ား ျဖစ္သည္။

ကုန္သြယ္မႈမ်ားတြင္ ေက်ာက္စိမ္းႏွင့္ တန္ဖုိးၾကီးသစ္တို႔မွသည္ ခိုးယူလာသည့္ယာဥ္မ်ား၊ မီသာဖက္တမင္းေဆးျပား ထုတ္လုပ္ရန္အတြက္ ဓာတုပစၥည္းမ်ားအထိ ပါဝင္သည္။ မီသာဖက္တမင္းကို ရွမ္းျပည္တစ္လႊား ျဖန္႔က်က္တည္ရွိေနသည့္ စက္ရံုအဆင့္ ထုတ္လုပ္ႏိုင္သည့္ ဓာတ္ခြဲခန္းမ်ားတြင္ ထုတ္လုပ္ျခင္း ျဖစ္သည္။

အလြယ္တကူစိမ့္ဝင္ႏိုင္ေသာ နယ္ျခားမွတဆင့္ စာရြက္စာတမ္းမရွိသူမ်ား မ်ားစြာဝင္ေရာက္မႈမ်ားရွိရာ ကုန္သည္မ်ား၊ ေရႊ႕ေျပာင္းလုပ္သားမ်ား၊ တရုတ္အမ်ဳိးသားမ်ားႏွင့္ လက္ထပ္ရန္ တရုတ္ျပည္သုိ႔ ခိုးဝင္သည့္ အမ်ဳိးသမီးမ်ား ပါဝင္သည္။

အေနာက္တိုင္း သတင္းမီဒီယာ အမ်ားစုက တရုတ္-ျမန္မာ နယ္ျခားတံတိုင္း တည္ေဆာက္ရျခင္း၏ အဓိကဦးတည္ခ်က္မွာ တရုတ္ျပည္တြင္းရွိ အစိုးရအေပၚ အတိုက္အခံျပဳသူမ်ား ထြက္ေျပးျခင္းကို ကာကြယ္ရန္ ျဖစ္သည္ဟု သံုးသပ္ၾကသည္။ အဆိုပါ ရည္ရြယ္ခ်က္ကား ျဖစ္ႏိုင္ဖြယ္ရွိသည့္အခ်က္ျဖစ္သည္။

အေစာင့္အၾကပ္ ေလ်ာ့ရဲမႈေၾကာင့္ ယူနန္ျပည္သည္ တရုတ္ျပည္ရွိ Uyghurs မ်ဳိးႏႊယ္စုႏွင့္ အျခားသူတို႔အတြက္ အေနာက္ႏိုင္ငံမ်ားတြင္ ႏိုင္ငံေရး ခိုလႈံခြင့္ရေရး ၾကိဳးပမ္းမႈအတြက္ ထြက္ေပါက္တစ္ခုျဖစ္ေနသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္သည္။

သို႔ေသာ္ အဆိုပါတံတိုင္းကို တရုတ္က ေဆာက္လုပ္ရျခင္း၏ တကယ့္ရည္ရြယ္ခ်က္မွာ ယခုသံုးသပ္မႈမ်ားထက္ ပိုမိုရႈပ္ေထြးဖြယ္ရာ ရွိသည္။

ပထမအခ်က္အားျဖင့္ တရားမဝင္နယ္စပ္ျဖတ္ေက်ာ္မႈမ်ားမွတဆင့္ တရုတ္ျပည္အတြင္းသုိ႔ Covid-19 ေရာဂါပ်ံ႕ႏွံ႔မႈကို ကာကြယ္ေရးမွာ အလြန္အေရးၾကီးသည္။ တရုတ္အာဏာပိုင္တို႔က ေျပာၾကားရာတြင္ အဆိုပါအခ်က္သည္ နယ္ျခားတံတိုင္းေဆာက္လုပ္ရျခင္း၏ အဓိက ရည္ရြယ္ခ်က္ျဖစ္သည္ဟု ဆိုသည္။

စက္တင္ဘာလအတြင္းက တရားမဝင္ ဝင္ေရာက္လာသူ ၃ ဦးတြင္ Covid-19 ေရာဂါပိုး စစ္ေဆးေတြ႔ရွိမႈေၾကာင့္ ေရြ႕လိျမိဳ႕ကို စစ္ပြဲကာလ အေျခအေနအျဖစ္ တပ္လွန္႔ထားခဲ့သည္။ ထိုင္းႏိုင္ငံတြင္လည္း ျမန္မာႏိုင္ငံဘက္မွ တရားမဝင္ ဝင္ေရာက္လာသူမ်ားေၾကာင့္ ေရာဂါကူးစက္ပ်ံ႕ပြားမႈအနည္းငယ္ မၾကာေသးမီက ျဖစ္ပြားခဲ့သည္ကို ေတြ႔ခဲ့ရသည္။

သြပ္ဆူးၾကိဳးတပ္ဆင္ထားေသာ ကီလိုမီတာ ၂၀၀၀ (၁၂၄၂ မိုင္) ရွည္လ်ားသည့္ တံတိုင္းၾကီး ေဆာက္လုပ္မႈမွာ လိုအပ္သည္ထက္ ခ်ဲ႕ကားေနသည္ဟု မွတ္ထင္ဖြယ္ရွိေသာ္လည္း တရုတ္အစိုးရအတြက္မူ ဗိုင္းရပ္စ္ကင္းစင္ေရးအတြက္ အေရးပါေနသည္။

တရုတ္ျပည္သူမ်ား ေဘးကင္းေစေရးအျပင္ Covid-19 ကို ထိန္းခ်ဳပ္ႏိုင္ျခင္းမွာလည္း တရုတ္အစိုးရ၏ ေျပာၾကားခ်က္ျဖစ္ေသာ အာရွစီးပြားေရး ကပ္ေဘးေၾကာင့္ အထိနာမႈကို ျပန္လည္နာလံထူေစေရးတြင္ ဦးေဆာင္ရန္ အသင့္ရွိေၾကာင္း ေျပာၾကားထားမႈအတြက္ အခရာက်သည္။

ဒုတိယအခ်က္မွာ ဘန္ေကာက္အေျခစိုက္ စာနယ္ဇင္းသမား ပက္ထရစ္ဝင္း၏ ေထာက္ျပခ်က္အတိုင္းဆိုရလွ်င္ ျမန္မာႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္သြားသူ အမ်ားစုမွာ တရုတ္အစိုးရ၏ အတိုက္အခံမ်ား မဟုတ္ေခ်။ ျမန္မာႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္သူ အမ်ားစုမွာ အဆိုပါေဒသတြင္ ေတြ႔ရေလ့ရွိေသာ ေမွာင္ခို ကုန္သြယ္မႈတြင္ ပါဝင္ေနေသာ တရုတ္လူမ်ဳိးမ်ားျဖစ္ျပီး ကုန္စည္ေရာင္းခ်သူ (သို႔မဟုတ္) ဝယ္ယူသူမ်ားျဖစ္ၾကကာ ယင္းမွာ တရုတ္ျပည္တြင္ တရားမဝင္ေခ်။

အဆိုပါအခ်က္ကို ၂၀၁၄ ခုႏွစ္အတြင္းက အထူးေဒသ (၄) သို႔ သြားေရာက္ခဲ့စဥ္ ကၽြႏု္ပ္ကိုယ္တိုင္ ျမင္ေတြ႔ခဲ့ရသည္။ အထူးေဒသ (၄) သည္ ျမန္မာနယ္စပ္မွ ေဒသတစ္ခုျဖစ္ျပီး NDAA ဟုေခၚေသာအဖြဲ႔ (မိုင္းလားတပ္ဖြဲ႔) က အုပ္ခ်ဳပ္သည္။ NDAA ၏ ေျမရွင္ပေဒသရာဇ္စနစ္အေသးစားတစ္ခုျဖစ္ျပီး နီယြန္မီးမ်ား ထြန္းလင္းေနေသာ မိုင္းလားျမိဳ႕တစ္လႊားတြင္ ဝင္းလက္ေတာက္ပသည့္ ကာစီႏိုေလာင္းကစားဝိုင္းမ်ား၊ ျပည့္တန္ဆာအိမ္မ်ား၊ ဟိုတယ္မ်ား၊ စားေသာက္ဆိုင္မ်ားႏွင့္ ရွားပါး ေတာရိုင္းတိရ စၦာန္အေရာင္းဆိုင္မ်ားႏွင့္ ျပည့္ႏွက္ေနသည္။ ကၽြႏု္ပ္သြားေရာက္ခဲ့သည့္ ကာစီႏိုေလာင္းကစားဝိုင္းမ်ားတြင္ တရုတ္လူငယ္အမ်ားစုျဖင့္သာ ျပည့္ႏွက္ေနျပီး အမ်ားစုမွာ ကတံုးဆံပင္၊ ေဆးမင္ေၾကာင္မ်ားႏွင့္ ျဖစ္ၾကသည္။

အထူးေဒသ (၄) သည္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈမ်ားအေပၚ မွီခိုရပ္တည္ေနရသည့္ေနရာျဖစ္ျပီး မိုင္းလားႏွင့္ ယူနန္ျပည္ကို ဆက္သြယ္ေပးထားသည့္ တရားဝင္နယ္စပ္ဂိတ္ဝန္းက်င္တြင္ အက်ဳိးျဖစ္ထြန္းေစရန္ အလြန္ေကာင္းမြန္သည့္ေနရာတစ္ခု ျဖစ္ေနသည္။

တရုတ္ျပည္မွ အတိုက္အခံတို႔သည္ ယူနန္ျပည္နယ္ကို ျဖတ္သန္းျပီး တရုတ္ျပည္မွ ထြက္ေျပးရန္ လမ္းေၾကာင္းကို ေရြးခ်ယ္မည္ဆိုလွ်င္ပင္ NDAA ကဲ့သို႔ လက္နက္ကိုင္အဖြဲ႔မ်ား ထိန္းခ်ဳပ္ထားသည့္ ယခုေနရာမ်ဳိးကို ရွာေဖြဖြယ္ အလားအလာ မရွိေခ်။

အဆိုပါ လက္နက္ကိုင္အုပ္စုမ်ားအနက္ အင္အားအၾကီးဆံုးႏွင့္ လက္နက္အေတာင့္တင္းဆံုးမွာ ဝ”တပ္ဖြဲ႔ (UWSA) ျဖစ္သည္။

ဝတပ္ဖြဲ႔သည္ တရုတ္အစိုးရႏွင့္ ဆက္ႏႊယ္မႈမ်ားရွိသည္မွာ ၾကာျမင့္ခဲ့ျပီျဖစ္ျပီး မန္ဒရင္းစကားေျပာသည့္ ေခါင္းေဆာင္မ်ားမွ ဦးေဆာင္သည္။

ဝ တပ္ဖြဲ႔ (UWSA) ႏွင့္ မိုင္းလားတပ္ဖြဲ႔ (NDAA) တို႔သည္ ဗမာျပည္ကြန္ျမဴနစ္ပါတီမွ ခြဲထြက္သြားေသာ အုပ္စု ၂ ခုျဖစ္သည္။ ဗမာျပည္ ကြန္ျမဴနစ္ပါတီသည္ တရုတ္ျပည္၏ ကူညီေထာက္ပံ့မႈျဖင့္ ႏွစ္ေပါင္းမ်ားစြာရပ္တည္ခဲ့ျပီး ၁၉၈၉ ခုႏွစ္တြင္မူ ျပိဳကြဲသြားသည္။

တရုတ္အာဏာပိုင္တို႔သည္ ျမန္မာႏိုင္ငံႏွင့္ ထိစပ္ေနေသာ နယ္နိမိတ္တေလွ်ာက္မွတဆင့္ မူးယစ္ေဆး ထုတ္လုပ္ျခင္းႏွင့္ တရားမဝင္ ကုန္သြယ္ျခင္းတို႔ လြယ္ကူစြာျဖစ္ေပၚေနမႈအျပင္ တရားမဝင္ေငြမည္းမ်ားစီးဆင္းမႈအတြက္ အေထာက္အကူျဖစ္ေနသည့္အေပၚ ရတက္မေအးျဖစ္ခဲ့သည္မွာ ၾကာျမင့္ခဲ့ျပီ ျဖစ္သည္။

ယခင္က တရုတ္ရဲတပ္ဖြဲ႔က တရုတ္ေလာင္းကစားသမားမ်ားအား ဆြဲေဆာင္ရန္ ဖြင့္လွစ္ထားသည့္ လာအိုႏွင့္ ျမန္မာႏိုင္ငံ နယ္စပ္တို႔ရွိ ကာစီႏိုေလာင္းကစားဝိုင္းမ်ား ပိတ္သိမ္းေစရန္ ေဆာင္ရြက္ခဲ့မႈမ်ား ရွိသည္။

တရုတ္အာဏာပိုင္တို႔သည္ နယ္စပ္ျဖတ္ေက်ာ္ တရားမဝင္ သြင္းကုန္၊ ပို႔ကုန္မ်ားကိုလည္း အခါအားေလ်ာ္စြာ ဖမ္းဆီးအေရးယူမႈမ်ား ရွိသည္။

အထက္ပါ ကာလၾကာရွည္တည္ရွိခဲ့သည့္ ရတက္မေအးျဖစ္မႈမ်ားသည္ တရုတ္ျပည္သုိ႔ အေနာက္တံခါးမွတဆင့္ Covid-19 ေရာဂါ ျပန္လည္ဝင္ေရာက္လာခ်ိန္မွသာ ကိုင္တြယ္ေဆာင္ရြက္မႈမ်ား ေပၚေပါက္လာေစခဲ့ျခင္း ျဖစ္သည္။

နယ္စပ္တြင္ တရားဝင္မဟုတ္ေသာ ကုန္သြယ္မႈ ဆက္လက္စီးဆင္းေနေစေရးမွာ ျမန္မာႏိုင္ငံအတြင္းရွိ ျပည္နယ္မ်ား၏ စီးပြားေရးအတြက္ အေရးပါသည့္အျပင္ အဆိုပါေဒသတခြင္ ျဖန္႔က်က္ေနေသာ အေျခခံအေဆာက္အအံု စီမံကိန္းမ်ား တိုးတက္ျဖစ္ေပၚေရးအတြက္လည္း အေရးပါသည္။

သို႔အတြက္ နယ္စပ္ေဒသ တရားမဝင္ကုန္သြယ္မႈမ်ားကို ထိန္းခ်ဳပ္လိုသည့္ဆႏၵမွာ တရုတ္အစိုးရ၏ ပိုမိုက်ယ္ျပန္႔ေသာ မဟာဗ်ဴဟာ အက်ဳိးစီးပြားအတြက္ ထိန္းညွိေျဖေလွ်ာ့မႈမ်ား ျပဳလုပ္လာရသည္။

တရုတ္အစိုးရ၏ ကာလၾကာရွည္ရွိေနခဲ့ေသာ နယ္စပ္ေဒသ ရတက္မေအးျဖစ္ရမႈမ်ားအတြက္ ယခုအခါ Covid-19 မွာ ေခါင္းစဥ္တပ္စရာ အေၾကာင္းျပခ်က္ျဖစ္လာသည္။

နယ္စပ္တံတိုင္းသည္ ၎၏ နယ္စပ္ေဒသ မဟာဗ်ဴဟာေျမာက္ အက်ဳိးစီးပြားအတြက္ ျမန္မာအစိုးရႏွင့္ တိုင္းရင္းသား လက္နက္ကိုင္မ်ားအေပၚ ဆုလာဘ္အခြင့္အေရးေပးရန္ (သို႔မဟုတ္) ဖိအားေပးရန္အတြက္ အသံုးျပဳႏိုင္မည့္ ခလုပ္ေမာင္းတစ္ခု ျဖစ္လာမည္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China Building Massive Myanmar Border Wall: Reports (the diplomat)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service