ပလာဇာများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သောမြေနှင့်အဆောက်အအုံ၊ အခန်းများ၊ အစိုးရဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများပိုင် မြေနှင့်အဆောက်အအုံများ၊ အခန်းများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်စသည်တို့အပေါ်ပစ္စည်းခွန်(စည်ပင်ခွန်)ကောက်ခံသည့် နှုန်းထား

ပလာဇာများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သောမြေနှင့်အဆောက်အအုံ၊ အခန်းများ၊ အစိုးရဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများပိုင် မြေနှင့်အဆောက်အအုံများ၊ အခန်းများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်စသည်တို့အပေါ်ပစ္စည်းခွန်(စည်ပင်ခွန်)ကောက်ခံသည့် နှုန်းထား - Property Knowledge in Myanmar from iMyanmarHouse.com
18 Dec 2020 11:06 am တွင် တင်ခဲ့သည်
554 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ပလာဇာများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သောမြေနှင့်အဆောက်အအုံ၊ အခန်းများ၊ အစိုးရဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများပိုင် မြေနှင့်အဆောက်အအုံများ၊ အခန်းများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စသည်တို့အပေါ်ပစ္စည်းခွန်(စည်ပင်ခွန်)ကောက်ခံရာတွင် အောက်ပါနှုန်းထားများအတိုင်းကောက်ခံပါသည်။

ပလာဇာများအားပစ္စည်းခွန်စည်းကြပ်ကောက်ခံရာတွင် နိုင်ငံခြားသားများ ရာနှုန်းပြည့်ရင်းနှီးမြှပ်နှံသည့် ပလာဇာများဖြစ်ပါက လစဉ်အခန်းငှားရမ်းခဝင်ငွေမှ သက်ဆိုင်ရာသို့ ပေးရသော လစဉ်ငှားရမ်းခအား နှုတ်ပယ်၍ ကျန်ငွေအပေါ်တွင် အောက်ဖော်ပြပါ သက်သာခွင့်များ ထပ်မံနှုတ်ပယ်ပေးပြီး အသားတင်ကျန်ငွေကို လစဉ်ရာပြတ်တန်ဖိုး သတ်မှတ်ကာ ယင်းအပေါ် အထွေထွေခွန် ၈ရာခိုင်နှုန်း၊ မီးခွန် ၅ ရာခိုင်နှုန်း စုစုပေါင်း ၁၃ ရာခိုင်နှုန်း ဖြင့် စည်းကြပ်ကောက်ခံပါသည်-

- ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်း

- ကျန်ငွေအပေါ် အဆောက်အအုံပြုပြင်စရိတ် ၂၅ ရာခိုင်နှုန်း

- ကျန်ငွေအပေါ် အထွေထွေကုန်ကျစရိတ် ၂၅ ရာခိုင်နှုန်း

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်သောမြေနှင့်အဆောက်အအုံ၊ အခန်းများပစ္စည်းခွန်စည်းကြပ်ကောက်ခံရာတွင် မြို့နယ်အတန်းအစား၊ လမ်းအမျိုးအစား၊ အဆောက်အအုံအမျိုးအစားအလိုက် ကော်မတီက သတ်မှတ်ထားသည့် နှုန်းထားများဖြင့် မြေ၏ ၃ ရာခိုင်နှုန်း၊ အဆောက်အအုံ၏ ၆ ရာခိုင်နှုန်း နှစ်ရပ်ပေါင်းအား လစဉ်ရာပြတ်တန်ဖိုးသတ်မှတ်ပြီး ယင်းအပေါ်အထွေထွေခွန် ၈ ရာခိုင်နှုန်း၊ မီးခွန် ၅ ရာခိုင်နှုန်းစုစုပေါင်း ၁၃ ရာခိုင်နှုန်းဖြင့် စည်းကြပ်မည့်ကာလအလိုက် တွက်ချက်၍ တစ်နှစ်လျှင်တစ်ကြိမ် ဌာနမှတိုက်ရိုက်စည်းကြပ်ကောက်ခံပါသည်။

ငှားရမ်းအသုံးပြုသောမြေနှင့်အဆောက်အအုံ၊ အခန်းများအားပစ္စည်းခွန်စည်းကြပ်ကောက်ခံရာတွင် မြေနှင့်အဆောက်အအုံ၊ အခန်းများအား နေထိုင်ရန်အတွက် လည်းကောင်း၊ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ပုဂ္ဂလိက (သို့မဟုတ်) သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း များထံမှ ငှားရမ်းထားရှိပါက နှစ်ဦးနှစ်ဖက်သဘောတူညီထားသည့် ငှားရမ်းခအပေါ်တွင် အောက်ဖော်ပြပါ သက်သာခွင့် များနုတ်ပယ်ပြီး ကျန်ငွေကိုလည်းကောင်း၊ မူလပိုင်ရှင်ထံမှ မြေနှင့်အဆောက်အအုံ၊ အခန်းများကို ငှားရမ်းရယူ၍ တစ်ဆင့်ပြန်လည်အငှားချထားပါက ထိုသို့ပြန်လည်အငှားချထားသူ ဒုတိယပုဂ္ဂိုလ်အား ပစ္စည်းခွန်စည်းကြပ်ကောက်ခံရာတွင် စည်းကြပ်ကာလအတွင်း အငှားချထားခြင်းခံရသူ တတိယပုဂ္ဂိုလ်ထံမှရရှိသည့် ငှားရမ်းခထဲမှ မူလပိုင်ရှင်သို့ ပေးရသည့် ငှားရမ်းခအပါအဝင် အောက်ဖော်ပြပါသက်သာခွင့်များနုတ်ပယ်ပြီး ကျန်ငွေကိုလည်းကောင်း ရာပြတ်တန်ဖိုးများသတ်မှတ်၍ အထွေထွေခွန် ၈ ရာခိုင်နှုန်း၊ မီးခွန် ၅ ရာခိုင်နှုန်း စုစုပေါင်း ၁၃ ရာခိုင်နှုန်းဖြင့် ငှားရမ်းခြင်း စာချုပ်ပါကာလများအတိုင်း စည်းကြပ်ကောက်ခံပါသည် -

- ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်း

- ကျန်ငွေအပေါ် အဆောက်အအုံပြုပြင်စရိတ် ၂၅ ရာခိုင်နှုန်း

- ကျန်ငွေအပေါ် အထွေထွေကုန်ကျစရိတ် ၂၅ ရာခိုင်နှုန်း

အစိုးရဌာနဆိုင်ရာနှင့် အဖွဲ့အစည်းများပိုင် မြေနှင့်အဆောက်အအုံများ၊ အခန်းများအားပစ္စည်းခွန်စည်းကြပ်ရာတွင် မြို့နယ်အတန်းအစား၊ လမ်းအမျိုးအစား၊ အဆောက်အအုံ အမျိုးအစားအလိုက် ကော်မတီက သတ်မှတ်ထားသည့် နှုန်းထားများဖြင့် မြေ၏ ၃ ရာခိုင်နှုန်း၊ အဆောက်အအုံ၏ ၆ ရာခိုင်နှုန်း နှစ်ရပ်ပေါင်းအား နှစ်စဉ်တန်ဖိုးသတ်မှတ်ပြီး ယင်းအပေါ် အထွေထွေ ခွန် ၈ ရာခိုင်နှုန်း၊ မီးခွန် ၅ ရာခိုင်နှုန်း၊ အမှိုက်နှင့်အညစ်အကြေးခွန် (နှုန်းနိမ့် ၆.၅ ရာခိုင်နှုန်း၊ နှုန်းမြင့် ၈.၅ ရာခိုင်နှုန်း ) တို့ဖြင့် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင်တစ်ကြိမ် ဌာနမှ စည်းကြပ်ကောက်ခံပါသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အားပစ္စည်းခွန်စည်းကြပ်ရာတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နှစ်စဉ်ရရှိသော အရပ်ရပ်အခွန်ဝင်ငွေစုစုပေါင်း၏ ၅ ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို ပစ္စည်းခွန်အဖြစ် စည်းကြပ်ကောက်ခံပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]



















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service