စပါးလင်ကပေးတဲ့ ကျန်းမာရေးကောင်းကျိုးများ

စပါးလင်ကပေးတဲ့ ကျန်းမာရေးကောင်းကျိုးများ - Property Knowledge in Myanmar from iMyanmarHouse.com
17 Dec 2020 12:53 pm တွင် တင်ခဲ့သည်
8760 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အသုံးပြုပုံများ

စပါးလင် ကို ဘာအတွက်အသုံးပြုကြသလဲ

စပါးလင်ကို အစာအိမ် အောင့်ခြင်း၊ သွေးတိုးခြင်း၊ တက်ခြင်း၊ နာကျင်ခြင်း၊ အော့အန်ခြင်း၊ ချောင်းဆိုးခြင်း၊ အဆစ်များ နာကျင်ခြင်း (လေးဘက်နာ)၊ အဖျားတက်ခြင်း၊ အအေးမိခြင်းနှင့် အားအင်ကုန်ခန်းခြင်းတို့ သက်သာစေရန်အတွက် အသုံးပြုပါတယ်။ ပိုးသတ်ခြင်းနှင့် သွေးတိတ်စေခြင်းတို့တွင်လည်း အသုံးပြုပါသေးတယ်။

အချို့သူတို့က ခေါင်းကိုက်ခြင်း၊ အစာအိမ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့အတွက် စပါးလင်နှင့်စပါးလင်ဆီကို လိမ်းကြပါတယ်။

စပါးလင်ဆီကို ကြွက်သားနာကျင်ခြင်းတို့အတွက် ရှုဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

အရေပြားပေါ်တွင် အသုံးပြုမယ်ဆိုရင် သွေးလည်ပတ်မှုကို ကောင်းစေပါတယ်၊ သဲဝဲ၊ ပြတ်ရှရာများ၊ အရွတ်ရောင်၊ အဆစ်လွဲ၊ အဆစ်နာခြင်း တို့ကို သက်သာစေပါတယ်။

စပါးလင်ကဘယ်လိုအလုပ်လုပ်လဲ

စပါးလင်မှာ ဘက်တီးရီးယားနှင့် မှိုတို့ ပွားများခြင်းကို ဟန့်တားပေးသော၊ အနာသက်သာစေသော၊ အဖျားကျစေသော၊ သားအိမ်ကို လှုံ့ဆော်ပေးသော၊ ရာသီသွေးမှန်စေသော၊ ဓါတ်တိုးဆန့်ကျင်ပေးသော ဒြပ်ပစ္စည်းများ ပါဝင်ပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

စပါးလင် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

အောက်ပါတို့ ဖြစ်လာပါက ဆရာဝန်၊ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။

◾ ကိုယ်ဝန်ရှိခြင်း ဒါမှမဟုတ် နို့တိုက်မိခင်ဖြစ်နေခြင်း။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရှိနေစဉ် ဒါမှမဟုတ် နို့တိုက်နေစဉ်အတွင်းမှာ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကိုသာ သောက်သုံးသင့်လို့ပါ။

◾ အခြားသော ဆေးဝါးများ သောက်သုံးနေခြင်း။ ဆရာဝန်ညွှန်ကြားချက် မပါဘဲ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်မယ့် ဆေးဝါးတွေအကုန် ပါဝင်ပါတယ်။

◾ စပါးလင် မှာပါသော ပစ္စည်းများ၊ အခြားသော ဆေးဝါးများဖြင့် ဓါတ်မတည့်ခြင်း

◾ အသည်းနဲ့ ကျောက်ကပ်ရောဂါ ရှိမယ်ဆိုရင် စပါးလင်ကို မည်သည့်ပုံစံနှင့်မျှ အသုံးမပြုသင့်ပါဘူး။

◾ စပါးလင်နှင့် ဓါတ်မတည့်ဘူးဆိုရင်တော့ စပါးလင်၊ စပါးလင်အဆီနှင့် စပါးလင်ဖြင့် ထိတွေ့ထားသော မည့်သည့်ပစ္စည်းများကိုမျှ မထိကိုင်သင့်ပါ။

◾ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံဆေးနှင့် တိရိစ္ဆာန်တို့ဖြင့် ဓါတ်မတည့်ခြင်းကဲ့သို့သော အခြား ဓါတ်မတည့်မှုများရှိနေခြင်း

ဆေးဖက်ဝင်အပင်၊ဖြည့်စွက်ဆေးများအတွက် လိုက်နာရမည့် စည်းကမ်းများသည် ဓါတုဆေးဝါးများလောက် မတင်းကြပ်ပါ။ ဘေးကင်းစိတ်ချရမှုအတွက်တော့ နောက်ထပ်လေ့လာမှုတွေ လုပ်ရပါဦးမယ်။ ယင်းဆေးကို သုံးရင် ရမယ့် အကျိုးကျေးဇူးတွေက သူ့ရဲ့ ဆိုးကျိုးတွေထက် ပိုများဖို့လိုအပ်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။

စပါးလင် က ဘယ်လောက်စိတ်ချရလဲ

စပါးလင်ဆီကို အသုံးပြုတဲ့ အခါမှာ သတိထားသင့်ပါတယ်။ မျက်လုံးထဲ မဝင်ပါစေနှင့်။ အဖုအပိမ့်တွေ ထွက်လာမယ်ဆိုရင် အသုံးပြုပုံကို ပြောင်းရင်ပြောင်း မပြောင်းရင် ရပ်တန့်သင့်ပါတယ်။

◾ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက်

စပါးလင်ကို ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ သောက်ဆေးအဖြစ်အသုံးပြုခြင်းက စိတ်မချရပါဘူး။ ယင်းက ရာသီသွေးဆင်းစေသောကြောင့် ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်းနှင့် နို့တိုက်နေစဉ်အတွင်းမှာ စပါးလင်သောက်သုံးမယ်ဆိုရင် ဘေးကင်းလားမကင်းဘူးလားဆိုတာ လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်ရသေးပါဘူး။ ဘေးကင်းစွာနေထိုင်ပြီး အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

ဘေးထွက်ဆိုးကျိုးများ

စပါးလင် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

စပါးလင်ကို သင့်တော်တဲ့ ပမာဏနဲ့ အသုံးပြုမယ်ဆိုရင်တော့ လူအများစုအတွက် ဘေးကင်းပါတယ်။ ရေတိုသုံးမယ်ဆိုရင်တော့ ဘေးကင်းမယ်လို့ ယူဆရပါတယ်။

စပါးလင်အဆီနဲ့ ဓါတ်မတည့်သောသူတို့အတွက်ကတော့ အရေပြားယားယံခြင်း၊ နေမထိထိုင်မသာ ဖြစ်ခြင်း၊ အဖုအပိမ့်များထွက်ခြင်းနှင့် မီးနဲ့ ထိုးသကဲ့သို့ နာကျင်ခြင်းများ ခံစားရနိုင်ပါတယ်။ စပါးလင်ဆီက သွေးတွင်း သကြားဓါတ် ကျဆင်းစေပါတယ်။ ဆီချိုကျဆေး၊ သွေးပေါင်ကျဆေး သောက်သောသူများ့နှင့် ဆီးချိုသွေးချို၊ သွေးတွင်း သကြားဓါတ် ကျဆင်းတတ်သော သူများ အသုံးမပြုသင့်ပါ။

လူတိုင်းတော့ ယင်းဆိုးကျိုးတွေ မခံစားရနိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသောဆိုးကျိုးများလည်း ရှိပါသေးတယ်။ ဆိုးကျိုးတွေ ခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

စပါးလင် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

စပါးလင်နဲ့ ပတ်သတ်ပြီး အခြားဆေးတွေ၊ဖြည့်စွက်စာတွေနဲ့ သက်ရောက်မှုတွေဟာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

ဒါပေမဲ့ လက်ရှိသောက်သုံးနေသောဆေးဝါးတွေ၊ ကျန်းမာရေးအခြေအနေတွေနဲ့တော့ သက်ရောက်မှုရှိနိုင်ပါတယ်။ အသုံးမပြုခင်မှာ ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

စပါးလင် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ ဆေးရည်အား စပါးလင်အခြောက်များကို သို့မဟုတ် အဆီကို ရေဖျော်ပေးခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ အခြားအဆီအမျိုးအစားများ မှလည်း ပြုလုပ်နိုင်ပါသေးတယ်။

စပါးလင် ၂ ဂရမ် ကို ရေဆူဆူ တစ်ခွက်ဖြင့် လက်ဖက်ရည် လုပ်သောက်နိုင်ပါတယ်။ လူကြီးများအတွက် တစ်ရက်ကို လေးကြိမ်အထိ သောက်သုံးနိုင်ပါတယ်။

သွေးတွင်းသကြားဓါတ်များသောသူတို့တွင် ပုံမှန်သွေးတွင်းသကြားဓါတ်ကို ထိန်သိမ်းနိုင်ရန်အတွက် တစ်ရက်ကို ၈၀ မီလီဂရမ် အထိ စပါးလင်အခြောက်များကို အခြားဆေးပင်များနှင့် တွဲသုံးနိုင်ပါတယ်။

အသုံးပြုရမည့် စပါးလင် ပမာဏသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် အခြားသော အခြေအနေများပေါ်တွင် မူတည်ပါတယ်။ စပါးလင် သည် အမြဲတမ်းတော့ စိတ်မချရပါဘူး။ သင့်တော်တဲ့ ဆေးပမာဏကို သောက်သုံးနိုင်ရန်အတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင် ပေးပါ။

စပါးလင် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

စပါးလင်ဆေးဟာ အောက်ပါပုံစံတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။

◾စပါးလင်ဆီ

◾ စပါးလင် လက်ဖက်ရည်

◾ စပါးလင် အခြောက်များ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

စပါးလင္ကေပးတဲ့ က်န္းမာေရးေကာင္းက်ိဳးမ်ား

အသုံးျပဳပုံမ်ား

စပါးလင္ ကို ဘာအတြက္အသုံးျပဳၾကသလဲ

စပါးလင္ကို အစာအိမ္ ေအာင့္ျခင္း၊ ေသြးတိုးျခင္း၊ တက္ျခင္း၊ နာက်င္ျခင္း၊ ေအာ့အန္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ အဆစ္မ်ား နာက်င္ျခင္း (ေလးဘက္နာ)၊ အဖ်ားတက္ျခင္း၊ အေအးမိျခင္းႏွင့္ အားအင္ကုန္ခန္းျခင္းတို႔ သက္သာေစရန္အတြက္ အသုံးျပဳပါတယ္။ ပိုးသတ္ျခင္းႏွင့္ ေသြးတိတ္ေစျခင္းတို႔တြင္လည္း အသုံးျပဳပါေသးတယ္။

အခ်ိဳ႕သူတို႔က ေခါင္းကိုက္ျခင္း၊ အစာအိမ္ေအာင့္ျခင္း၊ ဗိုက္ေအာင့္ျခင္းႏွင့္ ႂကြက္သားမ်ား နာက်င္ျခင္းတို႔အတြက္ စပါးလင္ႏွင့္စပါးလင္ဆီကို လိမ္းၾကပါတယ္။

စပါးလင္ဆီကို ႂကြက္သားနာက်င္ျခင္းတို႔အတြက္ ႐ႈေဆးအျဖစ္လည္း အသုံးျပဳႏိုင္ပါတယ္။

အေရျပားေပၚတြင္ အသုံးျပဳမယ္ဆိုရင္ ေသြးလည္ပတ္မႈကို ေကာင္းေစပါတယ္၊ သဲဝဲ၊ ျပတ္႐ွရာမ်ား၊ အ႐ြတ္ေရာင္၊ အဆစ္လြဲ၊ အဆစ္နာျခင္း တို႔ကို သက္သာေစပါတယ္။

စပါးလင္ကဘယ္လိုအလုပ္လုပ္လဲ

စပါးလင္မွာ ဘက္တီးရီးယားႏွင့္ မိႈတို႔ ပြားမ်ားျခင္းကို ဟန္႔တားေပးေသာ၊ အနာသက္သာေစေသာ၊ အဖ်ားက်ေစေသာ၊ သားအိမ္ကို လႈံ႕ေဆာ္ေပးေသာ၊ ရာသီေသြးမွန္ေစေသာ၊ ဓါတ္တိုးဆန္႔က်င္ေပးေသာ ျဒပ္ပစၥည္းမ်ား ပါဝင္ပါတယ္။

ႀကိဳတင္သတိျပဳရန္မ်ားႏွင့္ အသိေပးခ်က္မ်ား

စပါးလင္ အသုံးမျပဳခင္ ဘာေတြသိသင့္သလဲ

ေအာက္ပါတို႔ ျဖစ္လာပါက ဆရာဝန္၊ကြၽမ္းက်င္သူတို႔ႏွင့္ ေဆြးေႏြးတိုင္ပင္ေပးပါ။

◾ ကိုယ္ဝန္႐ွိျခင္း ဒါမွမဟုတ္ ႏို႔တိုက္မိခင္ျဖစ္ေနျခင္း။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္႐ွိေနစဥ္ ဒါမွမဟုတ္ ႏို႔တိုက္ေနစဥ္အတြင္းမွာ ဆရာဝန္ၫႊန္ၾကားထားတဲ့ ေဆးေတြကိုသာ ေသာက္သုံးသင့္လို႔ပါ။

◾ အျခားေသာ ေဆးဝါးမ်ား ေသာက္သုံးေနျခင္း။ ဆရာဝန္ၫႊန္ၾကားခ်က္ မပါဘဲ ေဆးဆိုင္ေတြမွာ အလြယ္တကူ ဝယ္ယူရ႐ွိႏိုင္မယ့္ ေဆးဝါးေတြအကုန္ ပါဝင္ပါတယ္။

◾ စပါးလင္ မွာပါေသာ ပစၥည္းမ်ား၊ အျခားေသာ ေဆးဝါးမ်ားျဖင့္ ဓါတ္မတည့္ျခင္း

◾ အသည္းနဲ႔ ေက်ာက္ကပ္ေရာဂါ ႐ွိမယ္ဆိုရင္ စပါးလင္ကို မည္သည့္ပုံစံႏွင့္မွ် အသုံးမျပဳသင့္ပါဘူး။

◾ စပါးလင္ႏွင့္ ဓါတ္မတည့္ဘူးဆိုရင္ေတာ့ စပါးလင္၊ စပါးလင္အဆီႏွင့္ စပါးလင္ျဖင့္ ထိေတြ႕ထားေသာ မည့္သည့္ပစၥည္းမ်ားကိုမွ် မထိကိုင္သင့္ပါ။

◾ အစားအေသာက္၊ ဆိုးေဆး၊ တာ႐ွည္ခံေဆးႏွင့္ တိရိစၧာန္တို႔ျဖင့္ ဓါတ္မတည့္ျခင္းကဲ့သို႔ေသာ အျခား ဓါတ္မတည့္မႈမ်ား႐ွိေနျခင္း

ေဆးဖက္ဝင္အပင္၊ျဖည့္စြက္ေဆးမ်ားအတြက္ လိုက္နာရမည့္ စည္းကမ္းမ်ားသည္ ဓါတုေဆးဝါးမ်ားေလာက္ မတင္းၾကပ္ပါ။ ေဘးကင္းစိတ္ခ်ရမႈအတြက္ေတာ့ ေနာက္ထပ္ေလ့လာမႈေတြ လုပ္ရပါဦးမယ္။ ယင္းေဆးကို သုံးရင္ ရမယ့္ အက်ိဳးေက်းဇူးေတြက သူ႕ရဲ႕ ဆိုးက်ိဳးေတြထက္ ပိုမ်ားဖို႔လိုအပ္ပါတယ္။ ေနာက္ထပ္သိ႐ွိလိုသည္မ်ားအတြက္ ဆရာဝန္ ဒါမွမဟုတ္ ကြၽမ္းက်င္သူတို႔ႏွင့္ ေဆြးေႏြးတိုင္ပင္ေပးပါ။

စပါးလင္ က ဘယ္ေလာက္စိတ္ခ်ရလဲ

စပါးလင္ဆီကို အသုံးျပဳတဲ့ အခါမွာ သတိထားသင့္ပါတယ္။ မ်က္လုံးထဲ မဝင္ပါေစႏွင့္။ အဖုအပိမ့္ေတြ ထြက္လာမယ္ဆိုရင္ အသုံးျပဳပုံကို ေျပာင္းရင္ေျပာင္း မေျပာင္းရင္ ရပ္တန္႔သင့္ပါတယ္။

◾ ကိုယ္ဝန္ေဆာင္မ်ားႏွင့္ ႏို႔တိုက္မိခင္မ်ားအတြက္

စပါးလင္ကို ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းမွာ ေသာက္ေဆးအျဖစ္အသုံးျပဳျခင္းက စိတ္မခ်ရပါဘူး။ ယင္းက ရာသီေသြးဆင္းေစေသာေၾကာင့္ ကိုယ္ဝန္ပ်က္က်ေစႏိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္းႏွင့္ ႏို႔တိုက္ေနစဥ္အတြင္းမွာ စပါးလင္ေသာက္သုံးမယ္ဆိုရင္ ေဘးကင္းလားမကင္းဘူးလားဆိုတာ လုံေလာက္တဲ့ ေလ့လာမႈေတြ မျပဳလုပ္ရေသးပါဘူး။ ေဘးကင္းစြာေနထိုင္ၿပီး အသုံးျပဳျခင္းကို ေ႐ွာင္ၾကဥ္ပါ။

ေဘးထြက္ဆိုးက်ိဳးမ်ား

စပါးလင္ ကေန ဘယ္လိုေဘးထြက္ဆိုးက်ိဳးမ်ိဳးေတြကို ခံစားရႏိုင္မလဲ

စပါးလင္ကို သင့္ေတာ္တဲ့ ပမာဏနဲ႔ အသုံးျပဳမယ္ဆိုရင္ေတာ့ လူအမ်ားစုအတြက္ ေဘးကင္းပါတယ္။ ေရတိုသုံးမယ္ဆိုရင္ေတာ့ ေဘးကင္းမယ္လို႔ ယူဆရပါတယ္။

စပါးလင္အဆီနဲ႔ ဓါတ္မတည့္ေသာသူတို႔အတြက္ကေတာ့ အေရျပားယားယံျခင္း၊ ေနမထိထိုင္မသာ ျဖစ္ျခင္း၊ အဖုအပိမ့္မ်ားထြက္ျခင္းႏွင့္ မီးနဲ႔ ထိုးသကဲ့သို႔ နာက်င္ျခင္းမ်ား ခံစားရႏိုင္ပါတယ္။ စပါးလင္ဆီက ေသြးတြင္း သၾကားဓါတ္ က်ဆင္းေစပါတယ္။ ဆီခ်ိဳက်ေဆး၊ ေသြးေပါင္က်ေဆး ေသာက္ေသာသူမ်ား႕ႏွင့္ ဆီးခ်ိဳေသြးခ်ိဳ၊ ေသြးတြင္း သၾကားဓါတ္ က်ဆင္းတတ္ေသာ သူမ်ား အသုံးမျပဳသင့္ပါ။

လူတိုင္းေတာ့ ယင္းဆိုးက်ိဳးေတြ မခံစားရႏိုင္ပါဘူး။ အထက္တြင္ မေဖာ္ျပထားေသာဆိုးက်ိဳးမ်ားလည္း ႐ွိပါေသးတယ္။ ဆိုးက်ိဳးေတြ ခံစားေနရမယ္ဆိုရင္ေတာ့ ဆရာဝန္၊ ကြၽမ္းက်င္သူတို႔ျဖင့္ ေဆြးေႏြးတိုင္ပင္ေပးပါ။

အကယ္၍သင္သည္ ေဘးထြက္ဆိုးက်ိဳးမ်ားႏွင့္ပတ္သက္၍ စိုးရိမ္မႈ႐ွိေနပါက ဆရာဝန္ သို႔မဟုတ္ ကြၽမ္းက်င္သူႏွင့္ တိုင္ပင္ပါရန္

ေဆးဓါတ္ျပဳမႈမ်ား

စပါးလင္ ကိုအသုံးျပဳျခင္းကေန ဘယ္လိုဓါတ္ျပဳမႈေတြ႐ွိလာႏိုင္သလဲ စပါးလင္နဲ႔ ပတ္သတ္ၿပီး အျခားေဆးေတြ၊ျဖည့္စြက္စာေတြနဲ႔ သက္ေရာက္မႈေတြဟာ ႐ွင္း႐ွင္းလင္းလင္းမသိရေသးပါဘူး။

ဒါေပမဲ့ လက္႐ွိေသာက္သုံးေနေသာေဆးဝါးေတြ၊ က်န္းမာေရးအေျခအေနေတြနဲ႔ေတာ့ သက္ေရာက္မႈ႐ွိႏိုင္ပါတယ္။ အသုံးမျပဳခင္မွာ ဆရာဝန္၊ ကြၽမ္းက်င္သူတို႔ျဖင့္ ေဆြးေႏြးတိုင္ပင္ေပးပါ။

ယခုေဆးဖက္ဝင္ျဖည့္စြက္စာသည္သင္၏လက္႐ွိေဆးဝါးမ်ားႏွင့္ သို႔မဟုတ္ က်န္းမာေရးအေျခအေနမ်ားႏွင့္ ဓါတ္ျပဳႏိုင္ေျခ႐ွိပါသည္။ အသုံးမျပဳခင္ ဆရာဝန္ႏွင့္ တိုင္ပင္ပါရန္

ေသာက္သုံးရန္အၫႊန္း

ယခုေဖာ္ျပထားေသာအခ်က္မ်ားသည္ ေဆးပညာအၾကံျပဳခ်က္မ်ားကို အစားထိုးရန္အတြက္မဟုတ္ပါ။ အသုံးမျပဳခင္တြင္ ဆရာဝန္ႏွင့္တိုင္ပင္ပါရန္

စပါးလင္ အတြက္ ပုံမွန္ေသာက္သုံးရန္အၫႊန္းက ဘယ္ေလာက္လဲ ေဆးရည္အား စပါးလင္အေျခာက္မ်ားကို သို႔မဟုတ္ အဆီကို ေရေဖ်ာ္ေပးျခင္းျဖင့္ ျပဳလုပ္ႏိုင္ပါတယ္။ အျခားအဆီအမ်ိဳးအစားမ်ား မွလည္း ျပဳလုပ္ႏိုင္ပါေသးတယ္။

စပါးလင္ ၂ ဂရမ္ ကို ေရဆူဆူ တစ္ခြက္ျဖင့္ လက္ဖက္ရည္ လုပ္ေသာက္ႏိုင္ပါတယ္။ လူႀကီးမ်ားအတြက္ တစ္ရက္ကို ေလးႀကိမ္အထိ ေသာက္သုံးႏိုင္ပါတယ္။

ေသြးတြင္းသၾကားဓါတ္မ်ားေသာသူတို႔တြင္ ပုံမွန္ေသြးတြင္းသၾကားဓါတ္ကို ထိန္သိမ္းႏိုင္ရန္အတြက္ တစ္ရက္ကို ၈၀ မီလီဂရမ္ အထိ စပါးလင္အေျခာက္မ်ားကို အျခားေဆးပင္မ်ားႏွင့္ တြဲသုံးႏိုင္ပါတယ္။

အသုံးျပဳရမည့္ စပါးလင္ ပမာဏသည္ လူတစ္ေယာက္ႏွင့္တစ္ေယာက္ မတူပါ။ ေဆးပမာဏသည္ အသက္အ႐ြယ္၊ က်န္းမာေရးအေျခအေန ႏွင့္ အျခားေသာ အေျခအေနမ်ားေပၚတြင္ မူတည္ပါတယ္။ စပါးလင္ သည္ အၿမဲတမ္းေတာ့ စိတ္မခ်ရပါဘူး။ သင့္ေတာ္တဲ့ ေဆးပမာဏကို ေသာက္သုံးႏိုင္ရန္အတြက္ ဆရာဝန္၊ကြၽမ္းက်င္သူတို႔ျဖင့္ ေဆြးေႏြးတိုင္ပင္ ေပးပါ။

စပါးလင္ က ဘယ္လိုပုံစံမ်ိဳးေတြနဲ႔လာလဲ

စပါးလင္ေဆးဟာ ေအာက္ပါပုံစံေတြနဲ႔ ဝယ္ယူရ႐ွိႏိုင္ပါတယ္။

◾စပါးလင္ဆီ

◾ စပါးလင္ လက္ဖက္ရည္

◾ စပါးလင္ အေျခာက္မ်ား

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service