ကိုကိုတို့အကြိုက် ငါးရှဉ့်ရဲ့ ပျိုပျိုတို့အတွက် အစွမ်း

ကိုကိုတို့အကြိုက် ငါးရှဉ့်ရဲ့ ပျိုပျိုတို့အတွက် အစွမ်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Dec 2020 12:04 pm တွင် တင်ခဲ့သည်
1390 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ငါးရှဉ့်ဆိုတာ ကိုကို ကာလသားတွေအကြိုက်ပါ။ ငါးရှဉ့်ကြပ်တိုက်တို့၊ ငါးရှဉ့်မြေအိုးတို့၊ ငါးရှဉ့်ချဉ်စပ်တို့၊ လူကြိုက်များတဲ့ ဂျပန်စာတစ်မျိုးဖြစ်တဲ့ အူနာဒုံတို့လို ဟင်းအမည်တွေဟာ ကိုကိုတွေအကြား အလွန်ကို ရေပန်းစားလှပါတယ်။

ဗီတာမင် A ၊ ဗီတာမင် B1 ၊ ဗီတာမင် B2 ၊ ဗီတာမင် B12 ၊ ဗီတာမင် D နဲ့ ဗီတာမင် E တို့ ကြွယ်ဝတဲ့ ငါးရှဉ့်ဟာ အသွင်သဏ္ဍာန်အရ အမျိုးသမီးတွေ သိပ်အကြိုက်မတွေ့တတ်တဲ့ ငါးအမျိုးအစားတစ်မျိုးပေါ့။

ကိုကို အမျိုးသားတွေကတော့ အမျိုးသားကျန်းမာရေးနဲ့ လိင်မူကိစ္စမှာ စွမ်းဆောင်ရည်တိုးစေတယ်ဆိုတဲ့ ယူဆချက်နဲ့ ငါးရှဉ့်ကို အလွန်နှစ်သက်တတ်ကြပါတယ်။ တစ်ချို့များဆို ငါးရှဉ့်နဲ့လုပ်တဲ့ ဟင်းအမည်တွေကို ‘snack for nights’ လို့တောင် တင်စားခေါ်ဝေါ်တတ်ကြပါသေးတယ်။

ဒါပေမယ့် ငါးရှဉ့်ဟာ အမျိုးသားတွေကိုချည်း အကျိုးပြုတဲ့အစားအစာမဟုတ်တာကို သိစေချင်ပါတယ်။ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေနဲ့ Omega-3 တို့ကြွယ်ဝစွာပါဝင်တဲ့ ဒီငါးဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုလည်း အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။

ငါးရှဉ့်လေးရဲ့ အစွမ်း

ငါးရှဉ့်ကို ဂျပန်တွေက အူနာဂီ (Unagi) လို့ ခေါ်ပါတယ်။ ဂျပန်ပြည်မှာတော့ လူကြိုက်များလှတယ်လို့ အဆိုရှိပါရဲ့။ ဒီငါးရှဉ့်တွေနဲ့ ပတ်သက်ပြီး စနစ်တကျလေ့လာမှုတွေကိုလည်း ပြုလုပ်ထားကြပါသေးတယ်။

အရှေ့တိုင်းတိုင်းပြည်တွေမှာ ငါးရှဉ့်ပါဝင်တဲ့ဟင်းအမည်တွေကို Diet Food အမျိုးအစားတွေအဖြစ် သတ်မှတ်ကြလေ့ရှိပါတယ်။ ခွန်အားဖြစ်စေသလို အာဟာရဓာတ်ကြွယ်ဝပြီး အရသာလည်းရှိတာမို့ ကျန်းမာဖို့ ပုံမှန်စားသုံးပေးသင့်တဲ့ အစားအစာလို့ မှတ်ယူထားတာကြောင့်ပါပဲ။

ဂျပန်နဲ့ စင်ကာပူက လေ့လာချက်တွေအရဆိုရင်တော့ ငါးရှဉ့်တွေဟာ အမျိုးသားတွေကိုသာမက အမျိုးသမီးတွေရဲ့ ကျန်းမာရေးကိုလည်း အကျိုးပြုတယ်လို့ဆိုပါတယ်။

ဘယ်လို အကျိုးပြုသလဲဆိုရင်တော့

ရာသီသွေးဆင်းချိန်မှာ နာကျင်မှု သက်သာစေတယ်

ငါးရှဉ့်မှာပါဝင်တဲ့ Omega-3 Fatty Acids ဟာ နှလုံးနဲ့ အရိုးကျန်းမာရေးကို အထောက်အကူပြုရုံသာမကပါဘူး၊ လေ့လာချက်တွေအရဆိုရင် အမျိုးသမီးတွေ လစဉ်ကြုံတွေ့ရတဲ့ ရာသီလာချိန်မှာ နာကျင်ကိုက်ခဲတဲ့ဝေဒနာကို သက်သာလျော့ပါးစေနိုင်တယ်လို့ အဆိုရှိပါတယ်။

အသားအရေ လှပစေတယ်

ငါးရှဉ့်မှာ ကြွယ်ကြွယ်ဝဝကြီးပါဝင်တဲ့ ဗီတာမင် A က အသားအရေလှပဖို့ အကူအညီပေးပါတယ်။ UV ကြောင့် ဖြစ်ပေါ်လာမယ့် အရေပြားထိခိုက်တာ နာကျင်တာတွေမဖြစ်အောင် ကာကွယ်ပေးသလို အရေးကြောင်းတွေ မဖြစ်ပေါ်လာအောင်လည်း တားဆီးပေးပါသေးတယ်။ Internal Sunscreen လို့တောင် တချို့က တင်စားကြပါသေးတယ်။

ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

ငါးရှဉ့်မှာပါဝင်တဲ့ Arginine နဲ့ Amino Acid တွေက အကျိတ်ဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို ရောဂါရှိနေသူတွေကိုလည်း အကျိတ်ကြီးထွားနှုန်း နှေးကွေးသွားစေတဲ့ အကျိုးအာနိသင်မျိုး ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအာနိသင်ကထူးဆန်းစွာပဲ ကင်ဆာတိုင်းပေါ် သက်ရောက်မှုမရှိပဲ ရင်သားကင်ဆာအပေါ်မှာသာ သက်ရောက်နိုင်တယ်လို့ စင်ကာပူပညာရှင်တွေရဲ့ လေ့လာချက်တစ်ခုက ဆိုပါတယ်။

ဦးနှောက်ကို ကျန်းမာစေတယ်

ဦးနှောက်ကောင်းမွန်မှုက တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေလိုပဲ လိုအပ်ပါတယ်။ အထူးသဖြင့် ငါးရှဉ့်မှာပါဝင်တဲ့ DHA က မှတ်ဉာဏ်ကို အထူးကောင်းမွန်စေပါတယ်။ Journal of Alzheimer’s Disease ကလည်း ဦးနှောက်အတွင်း သွေးလည်ပတ်မှုကောင်းမွန်စေဖို့ ငါးရှဉ့်စားသင့်ကြောင်း တိုက်တွန်းရေးသားဖူးပါတယ်။ အဓိက အားဖြင့် မှတ်ဉာဏ်ချို့ယွင်းတဲ့ Dementia ရောဂါဖြစ်လာနိုင်ခြေကို အများကြီး လျှော့ချပေးနိုင်တာကြောင့်လို့ ဆိုထားပါရဲ့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

 

ကိုကိုတို႔အႀကိဳက္ ငါး႐ွဥ့္ရဲ႕ ပ်ိဳပ်ိဳတို႔အတြက္ အစြမ္း

ငါး႐ွဥ့္ဆိုတာ ကိုကို ကာလသားေတြအႀကိဳက္ပါ။ ငါး႐ွဥ့္ၾကပ္တိုက္တို႔၊ ငါး႐ွဥ့္ေျမအိုးတို႔၊ ငါး႐ွဥ့္ခ်ဥ္စပ္တို႔၊ လူႀကိဳက္မ်ားတဲ့ ဂ်ပန္စာတစ္မ်ိဳးျဖစ္တဲ့ အူနာဒုံတို႔လို ဟင္းအမည္ေတြဟာ ကိုကိုေတြအၾကား အလြန္ကို ေရပန္းစားလွပါတယ္။

ဗီတာမင္ A ၊ ဗီတာမင္ B1 ၊ ဗီတာမင္ B2 ၊ ဗီတာမင္ B12 ၊ ဗီတာမင္ D နဲ႔ ဗီတာမင္ E တို႔ ႂကြယ္ဝတဲ့ ငါး႐ွဥ့္ဟာ အသြင္သ႑ာန္အရ အမ်ိဳးသမီးေတြ သိပ္အႀကိဳက္မေတြ႕တတ္တဲ့ ငါးအမ်ိဳးအစားတစ္မ်ိဳးေပါ့။

ကိုကို အမ်ိဳးသားေတြကေတာ့ အမ်ိဳးသားက်န္းမာေရးနဲ႔ လိင္မူကိစၥမွာ စြမ္းေဆာင္ရည္တိုးေစတယ္ဆိုတဲ့ ယူဆခ်က္နဲ႔ ငါး႐ွဥ့္ကို အလြန္ႏွစ္သက္တတ္ၾကပါတယ္။ တစ္ခ်ိဳ႕မ်ားဆို ငါး႐ွဥ့္နဲ႔လုပ္တဲ့ ဟင္းအမည္ေတြကို ‘snack for nights’ လို႔ေတာင္ တင္စားေခၚေဝၚတတ္ၾကပါေသးတယ္။

ဒါေပမယ့္ ငါး႐ွဥ့္ဟာ အမ်ိဳးသားေတြကိုခ်ည္း အက်ိဳးျပဳတဲ့အစားအစာမဟုတ္တာကို သိေစခ်င္ပါတယ္။ အာဟာရဓာတ္ေတြ၊ ဗီတာမင္ေတြနဲ႔ Omega-3 တို႔ႂကြယ္ဝစြာပါဝင္တဲ့ ဒီငါးဟာ အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးကိုလည္း အက်ိဳးျဖစ္ထြန္းေစႏိုင္ပါတယ္။

ငါး႐ွဥ့္ေလးရဲ႕ အစြမ္း

ငါး႐ွဥ့္ကို ဂ်ပန္ေတြက အူနာဂီ (Unagi) လို႔ ေခၚပါတယ္။ ဂ်ပန္ျပည္မွာေတာ့ လူႀကိဳက္မ်ားလွတယ္လို႔ အဆို႐ွိပါရဲ႕။ ဒီငါး႐ွဥ့္ေတြနဲ႔ ပတ္သက္ၿပီး စနစ္တက်ေလ့လာမႈေတြကိုလည္း ျပဳလုပ္ထားၾကပါေသးတယ္။

အေ႐ွ႕တိုင္းတိုင္းျပည္ေတြမွာ ငါး႐ွဥ့္ပါဝင္တဲ့ဟင္းအမည္ေတြကို Diet Food အမ်ိဳးအစားေတြအျဖစ္ သတ္မွတ္ၾကေလ့႐ွိပါတယ္။ ခြန္အားျဖစ္ေစသလို အာဟာရဓာတ္ႂကြယ္ဝၿပီး အရသာလည္း႐ွိတာမို႔ က်န္းမာဖို႔ ပုံမွန္စားသုံးေပးသင့္တဲ့ အစားအစာလို႔ မွတ္ယူထားတာေၾကာင့္ပါပဲ။

ဂ်ပန္နဲ႔ စင္ကာပူက ေလ့လာခ်က္ေတြအရဆိုရင္ေတာ့ ငါး႐ွဥ့္ေတြဟာ အမ်ိဳးသားေတြကိုသာမက အမ်ိဳးသမီးေတြရဲ႕ က်န္းမာေရးကိုလည္း အက်ိဳးျပဳတယ္လို႔ဆိုပါတယ္။

ဘယ္လို အက်ိဳးျပဳသလဲဆိုရင္ေတာ့

ရာသီေသြးဆင္းခ်ိန္မွာ နာက်င္မႈ သက္သာေစတယ္

ငါး႐ွဥ့္မွာပါဝင္တဲ့ Omega-3 Fatty Acids ဟာ ႏွလုံးနဲ႔ အ႐ိုးက်န္းမာေရးကို အေထာက္အကူျပဳ႐ုံသာမကပါဘူး၊ ေလ့လာခ်က္ေတြအရဆိုရင္ အမ်ိဳးသမီးေတြ လစဥ္ၾကဳံေတြ႕ရတဲ့ ရာသီလာခ်ိန္မွာ နာက်င္ကိုက္ခဲတဲ့ေဝဒနာကို သက္သာေလ်ာ့ပါးေစႏိုင္တယ္လို႔ အဆို႐ွိပါတယ္။

အသားအေရ လွပေစတယ္

ငါး႐ွဥ့္မွာ ႂကြယ္ႂကြယ္ဝဝႀကီးပါဝင္တဲ့ ဗီတာမင္ A က အသားအေရလွပဖို႔ အကူအညီေပးပါတယ္။ UV ေၾကာင့္ ျဖစ္ေပၚလာမယ့္ အေရျပားထိခိုက္တာ နာက်င္တာေတြမျဖစ္ေအာင္ ကာကြယ္ေပးသလို အေရးေၾကာင္းေတြ မျဖစ္ေပၚလာေအာင္လည္း တားဆီးေပးပါေသးတယ္။ Internal Sunscreen လို႔ေတာင္ တခ်ိဳ႕က တင္စားၾကပါေသးတယ္။

ရင္သားကင္ဆာျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးတယ္

ငါး႐ွဥ့္မွာပါဝင္တဲ့ Arginine နဲ႔ Amino Acid ေတြက အက်ိတ္ျဖစ္ႏိုင္ေျခကိုေလွ်ာ့ခ်ေပးႏိုင္သလို ေရာဂါ႐ွိေနသူေတြကိုလည္း အက်ိတ္ႀကီးထြားႏႈန္း ေႏွးေကြးသြားေစတဲ့ အက်ိဳးအာနိသင္မ်ိဳး ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ဒီအာနိသင္ကထူးဆန္းစြာပဲ ကင္ဆာတိုင္းေပၚ သက္ေရာက္မႈမ႐ွိပဲ ရင္သားကင္ဆာအေပၚမွာသာ သက္ေရာက္ႏိုင္တယ္လို႔ စင္ကာပူပညာ႐ွင္ေတြရဲ႕ ေလ့လာခ်က္တစ္ခုက ဆိုပါတယ္။

ဦးေႏွာက္ကို က်န္းမာေစတယ္

ဦးေႏွာက္ေကာင္းမြန္မႈက တျခားခႏၶာကိုယ္အစိတ္အပိုင္းေတြလိုပဲ လိုအပ္ပါတယ္။ အထူးသျဖင့္ ငါး႐ွဥ့္မွာပါဝင္တဲ့ DHA က မွတ္ဉာဏ္ကို အထူးေကာင္းမြန္ေစပါတယ္။ Journal of Alzheimer’s Disease ကလည္း ဦးေႏွာက္အတြင္း ေသြးလည္ပတ္မႈေကာင္းမြန္ေစဖို႔ ငါး႐ွဥ့္စားသင့္ေၾကာင္း တိုက္တြန္းေရးသားဖူးပါတယ္။ အဓိက အားျဖင့္ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတဲ့ Dementia ေရာဂါျဖစ္လာႏိုင္ေျခကို အမ်ားႀကီး ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္လို႔ ဆိုထားပါရဲ႕။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
Mingalar Market
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service