ချစ်သူမိန်းကလေးနှင့် တွေ့လိုသောကြောင့် ပင်လယ်ပြင်ကိုရှပ်ပြေးယာဉ်ငယ်ဖြင့် ဖြတ်သန်းခဲ့သူကိုဗစ်စည်းမျဉ်း ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ

ချစ်သူမိန်းကလေးနှင့် တွေ့လိုသောကြောင့် ပင်လယ်ပြင်ကိုရှပ်ပြေးယာဉ်ငယ်ဖြင့် ဖြတ်သန်းခဲ့သူကိုဗစ်စည်းမျဉ်း ချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံရ - Property News in Myanmar from iMyanmarHouse.com
17 Dec 2020 11:20 am တွင် တင်ခဲ့သည်
826 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

စကော့တလန်မှ အမျိုးသားတစ်ဦးသည် ချစ်သူမိန်းကလေးနှင့် တွေ့ဆုံရန်အတွက် ဗြိတိန်မြောက်ပိုင်းစကော့တလန်မှ ဗြိတိန်၏ အနောက်ဘက် အိုင်းရစ်ပင်လယ်ပြင်အတွင်းရှိIsle of Man ကျွန်းသို့ jetskiရေပေါ်ရှပ်ပြေးယာဉ်ဖြင့် စီးနင်းသွားရောက်ခဲ့ရာကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းချိုးဖောက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရသည်။

စကော့တလန်တောင်ပိုင်းဂလပ်စကိုမြို့၏ အနောက်တောင်ဘက်၊ နော့သ် အဲရှိုင်းယားအရပ်တွင်နေထိုင်သူအသက် ၂၈ နှစ်အရွယ်ရှိဒေးလ် မက်ခ်လာလင်သည်Isle of Man ကျွန်းတွင် အိမ်ခေါင်မိုးပြင်သမားတစ်ဦးအဖြစ် အလုပ်လုပ်နေစဉ် ပြီးခဲ့သောစက်တင်ဘာလအတွင်းသူ၏ မိန်းကလေးနှင့် ဆုံစည်းခဲ့ခြင်းဖြစ်သည်ဟုဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ပြီးခဲ့သောသောကြာနေ့ကမူIsle of Manကျွန်းသို့ အထူးခွင့်ပြုချက်မရှိဘဲဒေသခံမဟုတ်သူများဝင်ရောက်ခွင့်မပြုသည့် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းချမှတ်ထားသည့်ကြားမှ ဒေးလ်ကချစ်သူမိန်းကလေးနှင့် တွေ့ဆုံရန် jetskiယာဉ်ဖြင့် လေးနာရီခွဲကြာသွားရောက်ရမည့် ခရီးကိုထွက်ခွာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တစ်ဦးတည်းစီးနင်းမောင်းနှင်ရမည့်ယာဉ်ကိုယခင်ကမောင်းနှင်ခဲ့ဖူးခြင်းမရှိချေ။

အဆိုပါ ခရီးသည် မိနစ် ၄၀ ခန့် ကြာမည်ဟုဒေးလ်ကခန့်မှန်းခဲ့သည်။

သူ၏ ရှေ့နေကတရားရုံးတွင် တင်ပြရာ၌ ဒေးလ်သည် ချစ်သူမိန်းကလေးနှင့် မတွေ့ရဘဲနေရသဖြင့် စိတ်ဓာတ်ကျဆင်းနေကာဘဝကိုရှင်သန်ဖြတ်သန်းနိုင်ရန် ခက်ခဲခဲ့ကြောင်းတင်ပြခဲ့သည်။

ကျွန်းပေါ်သို့ တရားမဝင်လာရောက်ခဲ့ကြောင်းဒေးလ်ကဝန်ခံခဲ့ပြီးတရားရုံးကထောင်ဒဏ် တစ်လကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

တရားရုံးဘီးလစ်စာရေးကြီးခရစ္စတိုဖာအဲရိုးစမစ်ကပြောရာတွင် ဒေးလ်သည် စည်းမျဉ်းကန့်သတ်ချက်များကို ချိုးဖောက်ကာတမင်ရည်ရွယ်ချက်ဖြင့် ရေကြောင်းခရီးလာရောက်ခဲ့ခြင်းမှာ ၎င်းကိုယ်တိုင်နှင့် ကျွန်းတွင်နေထိုင်သူများအပေါ် အန္တရာယ်ဖြစ်စေကြောင်းပြောကြားသည်။

ဒေးလ်သည် စကော့တလန် တောင်ဘက်စွန်းပင်လယ်ကမ်းခြေဒေသဖြစ်သောIsle of Whithorn မှ မနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ပြီးIsle of Manကျွန်း၏ အရှေ့မြောက်ဘက် Ramsey ကျွန်းသို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိခဲ့ကာIsle of Man ကျွန်း၏မြို့တော် Douglasသို့ ၂၅ ကီလိုမီတာ (၁၅ မိုင်) ခန့် လမ်းလျှောက်ကာသွားရောက်ခဲ့သည်။

ရဲအရာရှိကစစ်ဆေးရာတွင် မိန်းကလေး၏ အိမ်လိပ်စာကိုသူ၏နေရပ်လိပ်စာအဖြစ် ရည်ညွှန်းကာပြောကြားခဲ့သည်။

ယင်းနောက် ဒေးလ်တို့ ချစ်သူစုံတွဲသည် လူသူများပြားသည့် ညကလပ် ၂ ခုသို့ သွားရောက်ခဲ့ကြ၏။ ယင်းနောက်ပိုင်းမှတ်ပုံတင်နှင့် အချက်အလက်စစ်ဆေးမှုများ ပြုလုပ်ရာမှတဆင့် တနင်္ဂနွေနေ့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man who rode jetski from Scotland to Isle of Man to see girlfriend jailed for Covid breach (the guardian)

[Zawgyi]

ခ်စ္သူမိန္းကေလးႏွင့္ ေတြ႔လိုေသာေၾကာင့္ ပင္လယ္ျပင္ကိုရွပ္ေျပးယာဥ္ငယ္ျဖင့္ ျဖတ္သန္းခဲ့သူကိုဗစ္စည္းမ်ဥ္း ခ်ဳိးေဖာက္မႈျဖင့္ ေထာင္ဒဏ္ခ်မွတ္ခံရ

စေကာ့တလန္မွ အမ်ဳိးသားတစ္ဦးသည္ ခ်စ္သူမိန္းကေလးႏွင့္ ေတြ႔ဆံုရန္အတြက္ ျဗိတိန္ေျမာက္ပိုင္းစေကာ့တလန္မွ ျဗိတိန္၏ အေနာက္ဘက္ အိုင္းရစ္ပင္လယ္ျပင္အတြင္းရွိIsle of Man ကၽြန္းသို႔ jetskiေရေပၚရွပ္ေျပးယာဥ္ျဖင့္ စီးနင္းသြားေရာက္ခဲ့ရာကိုရိုနာဗိုင္းရပ္စ္စည္းမ်ဥ္းခ်ဳိးေဖာက္မႈျဖင့္ ေထာင္ဒဏ္ခ်မွတ္ျခင္းခံလုိက္ရသည္။

စေကာ့တလန္ေတာင္ပိုင္းဂလပ္စကိုျမိဳ႕၏ အေနာက္ေတာင္ဘက္၊ ေနာ့သ္ အဲရႈိင္းယားအရပ္တြင္ေနထိုင္သူအသက္ ၂၈ ႏွစ္အရြယ္ရွိေဒးလ္ မက္ခ္လာလင္သည္Isle of Man ကၽြန္းတြင္ အိမ္ေခါင္မိုးျပင္သမားတစ္ဦးအျဖစ္ အလုပ္လုပ္ေနစဥ္ ျပီးခဲ့ေသာစက္တင္ဘာလအတြင္းသူ၏ မိန္းကေလးႏွင့္ ဆံုစည္းခဲ့ျခင္းျဖစ္သည္ဟုဘီဘီစီသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ျပီးခဲ့ေသာေသာၾကာေန႔ကမူIsle of Manကၽြန္းသို႔ အထူးခြင့္ျပဳခ်က္မရွိဘဲေဒသခံမဟုတ္သူမ်ားဝင္ေရာက္ခြင့္မျပဳသည့္ ကိုရိုနာဗိုင္းရပ္စ္ စည္းမ်ဥ္းခ်မွတ္ထားသည့္ၾကားမွ ေဒးလ္ကခ်စ္သူမိန္းကေလးႏွင့္ ေတြ႔ဆံုရန္ jetskiယာဥ္ျဖင့္ ေလးနာရီခြဲၾကာသြားေရာက္ရမည့္ ခရီးကိုထြက္ခြာခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ တစ္ဦးတည္းစီးနင္းေမာင္းႏွင္ရမည့္ယာဥ္ကိုယခင္ကေမာင္းႏွင္ခဲ့ဖူးျခင္းမရွိေခ်။

အဆိုပါ ခရီးသည္ မိနစ္ ၄၀ ခန္႔ ၾကာမည္ဟုေဒးလ္ကခန္႔မွန္းခဲ့သည္။

သူ၏ ေရွ႕ေနကတရားရံုးတြင္ တင္ျပရာ၌ ေဒးလ္သည္ ခ်စ္သူမိန္းကေလးႏွင့္ မေတြ႔ရဘဲေနရသျဖင့္ စိတ္ဓာတ္က်ဆင္းေနကာဘဝကိုရွင္သန္ျဖတ္သန္းႏိုင္ရန္ ခက္ခဲခဲ့ေၾကာင္းတင္ျပခဲ့သည္။

ကၽြန္းေပၚသုိ႔ တရားမဝင္လာေရာက္ခဲ့ေၾကာင္းေဒးလ္ကဝန္ခံခဲ့ျပီးတရားရံုးကေထာင္ဒဏ္ တစ္လက်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့သည္။

တရားရံုးဘီးလစ္စာေရးၾကီးခရစၥတိုဖာအဲရိုးစမစ္ကေျပာရာတြင္ ေဒးလ္သည္ စည္းမ်ဥ္းကန္႔သတ္ခ်က္မ်ားကို ခ်ဳိးေဖာက္ကာတမင္ရည္ရြယ္ခ်က္ျဖင့္ ေရေၾကာင္းခရီးလာေရာက္ခဲ့ျခင္းမွာ ၎ကိုယ္တိုင္ႏွင့္ ကၽြန္းတြင္ေနထုိင္သူမ်ားအေပၚ အႏၱရာယ္ျဖစ္ေစေၾကာင္းေျပာၾကားသည္။

ေဒးလ္သည္ စေကာ့တလန္ ေတာင္ဘက္စြန္းပင္လယ္ကမ္းေျခေဒသျဖစ္ေသာIsle of Whithorn မွ မနက္ပိုင္းတြင္ စတင္ထြက္ခြာခဲ့ျပီးIsle of Manကၽြန္း၏ အေရွ႕ေျမာက္ဘက္ Ramsey ကၽြန္းသို႔ မြန္းလြဲ ၁ နာရီတြင္ ေရာက္ရွိခဲ့ကာIsle of Man ကၽြန္း၏ျမိဳ႕ေတာ္ Douglasသို႔ ၂၅ ကီလိုမီတာ (၁၅ မိုင္) ခန္႔ လမ္းေလွ်ာက္ကာသြားေရာက္ခဲ့သည္။

ရဲအရာရွိကစစ္ေဆးရာတြင္ မိန္းကေလး၏ အိမ္လိပ္စာကိုသူ၏ေနရပ္လိပ္စာအျဖစ္ ရည္ညႊန္းကာေျပာၾကားခဲ့သည္။

ယင္းေနာက္ ေဒးလ္တို႔ ခ်စ္သူစံုတြဲသည္ လူသူမ်ားျပားသည့္ ညကလပ္ ၂ ခုသို႔ သြားေရာက္ခဲ့ၾက၏။ ယင္းေနာက္ပိုင္းမွတ္ပံုတင္ႏွင့္ အခ်က္အလက္စစ္ေဆးမႈမ်ား ျပဳလုပ္ရာမွတဆင့္ တနဂၤေႏြေန႔တြင္ ဖမ္းဆီးခံခဲ့ရျခင္း ျဖစ္သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man who rode jetski from Scotland to Isle of Man to see girlfriend jailed for Covid breach (the guardian)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service