တရားရုံးက ပြေငြိမ်းဒီကရီ ချမှတ်ထားသည့် အိမ်မြေကို ဝယ်မည်ဆိုလျှင်

တရားရုံးက ပြေငြိမ်းဒီကရီ ချမှတ်ထားသည့် အိမ်မြေကို ဝယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
16 Dec 2020 3:30 pm တွင် တင်ခဲ့သည်
649 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

“ကြေအေးဒီကရီချမှတ်ထားတဲ့ မြေနဲ့ အိမ်ကို ဝယ်ရင်ဖြစ်ပါသလား” ဟု မိတ်ဆွေတစ်ဦး၏ သမီးဖြစ်သူက စာရေးသူထံ လာရောက်တိုင်ပင်ဆွေးနွေးပါသည်။

“ဥပဒေအရတော့ ပြေငြိမ်း ဒီကရီလို့ ခေါ်တာပေါ့။ ပစ္စည်းပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်တဲ့ အမှုတွေမှာ နှစ်ဖက်ညှိနှိုင်းပြီးခွဲဝေတဲ့အပေါ် တရားရုံးက အတည်ပြုချမှတ်ပေးတဲ့ အမိန့်ဒီကရီဖြစ်တယ်”

“တချို့ကပြောတော့ ဥပဒေအတိုင်းရပိုင်ခွင့်ရှိတဲ့ အချိုးအစားမဟုတ်ဘဲ နှစ်ဖက်ညှိနှိုင်းလို့ရရှိတဲ့ အချိုးအစား ဝေစုဖြစ်လို့ တရားမဝင်ဘူးဆိုတာ ဟုတ်ပါသလား”

“ရှင်းအောင်ပြောရမယ်ဆိုရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ကိုမင်းလွင်နှင့် မောင်သန်းနိုင် ၂၀၀၅ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ - ၁၂၇ အမှုမှာ ပြေငြိမ်း ဒီကရီဆိုသည်မှာ သဘောတူပြေငြိမ်း ချက်ပါ စည်းကမ်းချက်များကို မှတ်တမ်းတင်ထားချက်နှင့်အညီ ဒီကရီချမှတ်ပေးခြင်းဖြစ်သည်လို့ ဖော်ပြထားပါတယ်”

“ဒါဆိုရင် အမှုမပြီးမီ နှစ်ဖက်ရဲ့ သဘောတူညီချက်ကို တရားသူကြီးထံ တင်ပြရတဲ့ သဘောပေါ့”

“ဟုတ်ပါတယ်။ နှစ်ဖက်သဘောတူ ကတိစာချုပ်တစ်ခုချုပ်ဆိုရပါတယ်။ အဲဒီကတိစာချုပ်ထဲမှာ ဘယ်ပစ္စည်းကို မည်သူက ရယူမယ်။ မြေကွက်ဆိုရင်လည်း ဘယ်အပိုင်းကို မည်သူက ရယူမယ်။ ဝေစုအဖြစ် အချိုးကျဘယ် လောက်ရယူမယ်။ ပစ္စည်းကို ရောင်းချမယ်ဆိုရင် မည်သူက ဘယ်နှပုံအချိုးကျရယူမယ်ဆိုတဲ့အချက်တွေကို အတိအကျကတိ စာချုပ်မှာဖော်ပြပြီး သဘောတူလက် မှတ်ရေးထိုး ချုပ်ဆိုရပါမယ်။ အနည်းဆုံးအသိသက် သေနှစ်ဦးလက်မှတ် ရေးထိုးရပါတယ်။ အဲဒီကတိစာချုပ်ကို တရားသူကြီးထံ တင်ပြပြီး ကတိ စာချုပ်ပါအတိုင်း ခွဲဝေကြောင်း အမိန့်ချမှတ်ပေးပါရန် လျှောက်ထား ရပါတယ်”

“ဟုတ်ကဲ့ပါ။ အခုကိစ္စက ပထမအိမ်ထောင်က သားသမီးနဲ့ နောက်အိမ်ထောင်နဲ့ရတဲ့ သားသမီးအမွေခွဲတာ ဆရာ”

“ဖခင်က နောက်အိမ်ထောင်ပြုတာလား၊ မိခင်က နောက်အိမ်ထောင်ပြုတာလား”

“ဖခင်က နောက်အိမ်ထောင်ပြုတာ ဆရာ”

“ဒါဆိုရင် ဖအေတူ မအေကွဲ သားသမီးတွေပေါ့”

“ဟုတ်ပါတယ် ဆရာ။ ပထမ အိမ်ထောင်နဲ့က သားနှစ်ယောက်ဖြစ်ပြီး နောက်အိမ်ထောင်နဲ့က သမီး တစ်ယောက်မွေးဖွားတယ် ဆရာ”

“မိဘတွေက သက်ရှိထင်ရှား မရှိကြတော့ဘူးလား”

“ဟုတ်ကဲ့ ဆရာ။ မိခင်ဖြစ်သူက နောက်မှကွယ်လွန်တယ်လို့ ပြောပါတယ်”

ဒါဆိုရင် အခုရောင်းမယ်ဆိုတဲ့ အိမ်ကဘယ်သူနေလဲ။ ဖခင်နောက် အိမ်ထောင်ပြုမှ တိုးပွားလာတဲ့ လက် ထက်ပွားပစ္စည်းလား”

“မဟုတ်ဘူး ဆရာ။ ဖခင်ဖြစ်သူ ပထမအိမ်ထောင်နဲ့ကတည်းကနေတဲ့ အိမ်လို့ ပြောပါတယ်”

“ဒါဆိုရင် ဖခင်ရဲ့ ပါရင်းပစ္စည်းလို့ ဆိုရမှာပေါ့။ စီရင်ချက်မပါလာတော့လည်း မိန်းကလေးပြောတဲ့အတိုင်း သုံးသပ်ဆွေးနွေးနေရတာပေါ့ကွယ်”

“သူတို့ပြောစကားအရတော့ သားနှစ်ဦးလုံးကလည်း မူလကအခု အိမ်မှာပဲ အတူနေကြတာ ဆရာ။ နောက်ပိုင်းအိမ်ထောင်ကျသွားမှ အိမ် ခွဲသွားကြတယ်လို့ ပြောပါတယ်။ အစ်ကိုကြီးဖြစ်သူက အစိုးရဝန်ထမ်း ဆိုတော့ နယ်မှာပဲ တာဝန်ကျနေတယ်လို့ ပြောတယ်“

“အခု ကိစ္စမှာ ဘယ်သူက ဘယ်သူ့ကို တရားစွဲအမွေတောင်းတာလဲ သိလား”

“သားအလတ်က တောင်းတာလို့ သိရပါတယ်”

“အခု ဘယ်လိုညှိနှိုင်းပြီး ပြေငြိမ်း ဒီကရီရခဲ့တာလဲ”

“အစ်ကိုကြီးဖြစ်သူက ကြားဝင်ညှိပြီး သုံးပုံတစ်ပုံခွဲဝေယူဖို့ သဘောတူခဲ့တယ်။ အစကတော့ အလတ် ဖြစ်သူက သိပ်မကျေနပ်ဘူးလို့ပြောတယ်။ နောက်မှ လက်ခံလိုက်တာလို့ ပြောပါတယ်”

“အင်းပေါ့လေ၊ မောင်နှမချင်းဆိုတော့ နစ်နာတယ်လို့ မရှိသင့်တော့ဘူးပေါ့”

“တကယ်လို့ တစ်ယောက်ယောက်က အရောင်းအဝယ်သဘော မတူဘူးဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ။ အခုမှ ရောင်းဖိုးငွေထဲက ပိုတောင်းရင် ဖြစ်နိုင်ပါသလား”

“အဲဒီလိုတော့ မရတော့ဘူး။ တရားရုံးမှ ပြေငြိမ်းဒီကရီရယူပြီးဖြစ် တဲ့အတွက် အဲဒီတရားရုံးရဲ့ ဒီကရီအ တိုင်း လိုက်နာကြရမှာဖြစ်ပါတယ်။ မလိုက်နာရင်တော့ အဲဒီပြေငြိမ်း ဒီကရီအတိုင်း ရောင်းချပေးပြီးခွဲဝေ ပေးပါရန် မူလသက်ဆိုင်ရာ တရားရုံး မှာ နစ်နာသူက လျှောက်ထားတောင်း ဆိုနိုင်ပါတယ်”

“အဲဒီလိုဆိုရင်တော့ တရားရုံးက လေလံပစ်ပြီး ရောင်းချပေးမှာ မဟုတ်လား ဆရာ”

“မှန်ပါတယ်။ တရားရုံးကတော့ ပြေငြိမ်းဒီကရီအတိုင်း မြေနဲ့အိမ်ကို လေလံပစ်ရောင်းချကာ တရားရုံး စရိတ် နုတ်ပြီး ကျန်ငွေပေါ်မှာ အချိုးကျ ခံစားခွင့်ပေးမှာ ဖြစ်ပါတယ်”

“ဒါဆိုတော့လည်း ဆရာရယ်။ အပြင်မှာပဲ ညှိနှိုင်းရောင်းချခွဲဝေလိုက်တာက ပိုအဆင်ပြေနိုင်တာပေါ့”

“ခက်နေတာက ညီမအငယ်က ပေ ၂၀x ပေ ၆၀ ကိုပဲ ရောင်းချင်တယ်။ ကျွန်မတို့ကလည်း ပေ ၄၀ x ပေ ၆၀ အပြည့်ဝယ်ဖို့ ပြောထားတယ်။ အဲဒီမှာ အဆင်မပြေဖြစ်နေလို့ ဆရာ”

“ဒီလိုကိစ္စတွေမှာ လက်ရှိနေထိုင် သူထံမှာ ပြဿနာတစ်စုံတစ်ရာဖြစ် လေ့ရှိတတ်တယ်။ သူတို့ကလည်း ဒီရပ်ကွက်၊ ဒီနေရာမှာ နေသားကျနေပြီဖြစ်လို့ အခြားနေရာသစ်ကို မပြောင်းရွှေ့ချင်ကြဘူး။ အခုရောင်းဖို့ လုပ်နေသူက အလတ်လူမဟုတ်လား”

“ဟုတ်ပါတယ် ဆရာ။ ငွေအလိုက်အမ်းဖို့ဆိုတာလည်း ညီမက သိပ်မလွယ်ဘူး”

“ညှိနှိုင်းလို့မရရင်တော့၊ အလတ်လူက တရားရုံးမှာ ဒီကရီအ တည်ပြုပေးပါလို့ လျှောက်ထားပြီး ဇာရီမှု ဖွင့်လာနိုင်တာပေါ့”

“ဒါကြောင့်မို့ သမီးက ဘာဆက်လုပ်ရမလဲလို့ ဆရာ့ဆီတိုင်ပင်တာပါ”

“ညီမဖြစ်သူက အိမ်ကဆင်းပေးဖို့ အခြေအနေပုံစံမရှိရင်တော့ နောက်ဆုတ်လိုက်တာကောင်းလိမ့်မယ်။ အရောင်းအဝယ်ကတိစာချုပ် ချုပ်ဆိုပြီးမှ အိမ်ကဆင်းမပေးရင် အခက်အခဲရှိသွားနိုင်တယ်။ အမှုအခင်း ဖြစ်လာနိုင်တယ်”

“ကျွန်မလည်း စဉ်းစားရအတော်ခက်သွားတယ်”

“တစ်ခုတော့ရှိတာပေါ့။ အလတ်လူက ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ရောင်းမှာဖြစ်တယ်။ ဒါမှသူ့ဝေစုရမှာကိုး။ ဒါကြောင့် ညီမဖြစ်သူက တင်းခံနေရင် တရားစွဲဆိုပြီး လေလံပစ်တဲ့အထိ ဆောင်ရွက်သွားမှာဖြစ်တယ်။ အဲဒီအခါကြမှ လေလံဝင်ယူပြီးအရ ယူလိုက်ရင်တော့ ဖြစ်ပါတယ်”

“အဲဒီမှာကျတော့ အိမ်မှ မဆင်း ပဲနေလို့ မရဘူးလား”

“မြေနဲ့အဆောက်အအုံမှ ဖယ်ရှားမပေးရင် တရားရုံးက တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်”ဟု ဆွေးနွေး လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

 

[Zawgyi]

တရား႐ုံးက ေျပၿငိမ္းဒီကရီ ခ်မွတ္ထားသည့္ အိမ္ေျမကုိ ၀ယ္မည္ဆုိလွ်င္

“ေၾကေအးဒီကရီခ်မွတ္ထားတဲ့ ေျမနဲ႔ အိမ္ကို ၀ယ္ရင္ျဖစ္ပါသလား” ဟု မိတ္ေဆြတစ္ဦး၏ သမီးျဖစ္သူက စာေရးသူထံ လာေရာက္တုိင္ပင္ေဆြးေႏြးပါသည္။

“ဥပေဒအရေတာ့ ေျပၿငိမ္း ဒီကရီလုိ႔ ေခၚတာေပါ့။ ပစၥည္းပိုင္ဆုိင္ခြင့္နဲ႔ ပတ္သက္တဲ့ အမႈေတြမွာ ႏွစ္ဖက္ညိႇႏႈိင္းၿပီးခဲြေ၀တဲ့အေပၚ တရား႐ံုးက အတည္ျပဳခ်မွတ္ေပးတဲ့ အမိန္႔ဒီကရီျဖစ္တယ္”

“တခ်ဳိ႕ကေျပာေတာ့ ဥပေဒအတုိင္းရပုိင္ခြင့္ရွိတဲ့ အခ်ဳိးအစားမဟုတ္ဘဲ ႏွစ္ဖက္ညိႇႏႈိင္းလုိ႔ရရွိတဲဲ့ အခ်ဳိးအစား ေ၀စုျဖစ္လုိ႔ တရားမ၀င္ဘူးဆုိတာ ဟုတ္ပါသလား”

“ရွင္းေအာင္ေျပာရမယ္ဆုိရင္ တရား႐ံုးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ကုိမင္းလြင္ႏွင့္ ေမာင္သန္းႏုိင္ ၂၀၀၅ ခုႏွစ္ ျမန္မာႏုိင္ငံတရားစီရင္ထုံး စာမ်က္ႏွာ - ၁၂၇ အမႈမွာ ေျပၿငိမ္း ဒီကရီဆုိသည္မွာ သေဘာတူေျပၿငိမ္း ခ်က္ပါ စည္းကမ္းခ်က္မ်ားကို မွတ္တမ္းတင္ထားခ်က္ႏွင့္အညီ ဒီကရီခ်မွတ္ေပးျခင္းျဖစ္သည္လုိ႔ ေဖာ္ျပထားပါတယ္”

“ဒါဆိုရင္ အမႈမၿပီးမီ ႏွစ္ဖက္ရဲ႕ သေဘာတူညီခ်က္ကို တရားသူႀကီးထံ တင္ျပရတဲ့ သေဘာေပါ့”

“ဟုတ္ပါတယ္။ ႏွစ္ဖက္သေဘာတူ ကတိစာခ်ဳပ္တစ္ခုခ်ဳပ္ဆုိရပါတယ္။ အဲဒီကတိစာခ်ဳပ္ထဲမွာ ဘယ္ပစၥည္းကို မည္သူက ရယူမယ္။ ေျမကြက္ဆုိရင္လည္း ဘယ္အပုိင္းကို မည္သူက ရယူမယ္။ ေ၀စုအျဖစ္ အခ်ဳိးက်ဘယ္ ေလာက္ရယူမယ္။ ပစၥည္းကုိ ေရာင္းခ်မယ္ဆုိရင္ မည္သူက ဘယ္ႏွပုံအခ်ဳိးက်ရယူမယ္ဆုိတဲ့အခ်က္ေတြကို အတိအက်ကတိ စာခ်ဳပ္မွာေဖာ္ျပၿပီး သေဘာတူလက္ မွတ္ေရးထုိး ခ်ဳပ္ဆုိရပါမယ္။ အနည္းဆုံးအသိသက္ ေသႏွစ္ဦးလက္မွတ္ ေရးထုိးရပါတယ္။ အဲဒီကတိစာခ်ဳပ္ကုိ တရားသူႀကီးထံ တင္ျပၿပီး ကတိ စာခ်ဳပ္ပါအတုိင္း ခြဲေ၀ေၾကာင္း အမိန္႔ခ်မွတ္ေပးပါရန္ ေလွ်ာက္ထား ရပါတယ္”

“ဟုတ္ကဲ့ပါ။ အခုကိစၥက ပထမအိမ္ေထာင္က သားသမီးနဲ႔ ေနာက္အိမ္ေထာင္နဲ႔ရတဲ့ သားသမီးအေမြခြဲတာ ဆရာ”

“ဖခင္က ေနာက္အိမ္ေထာင္ျပဳတာလား၊ မိခင္က ေနာက္အိမ္ေထာင္ျပဳတာလား”

“ဖခင္က ေနာက္အိမ္ေထာင္ျပဳတာ ဆရာ”

“ဒါဆုိရင္ ဖေအတူ မေအကြဲ သားသမီးေတြေပါ့”

“ဟုတ္ပါတယ္ ဆရာ။ ပထမ အိမ္ေထာင္နဲ႔က သားႏွစ္ေယာက္ျဖစ္ၿပီး ေနာက္အိမ္ေထာင္နဲ႔က သမီး တစ္ေယာက္ေမြးဖြားတယ္ ဆရာ”

“မိဘေတြက သက္ရွိထင္ရွား မရွိၾကေတာ့ဘူးလား”

“ဟုတ္ကဲ့ ဆရာ။ မိခင္ျဖစ္သူက ေနာက္မွကြယ္လြန္တယ္လုိ႔ ေျပာပါတယ္”

ဒါဆုိရင္ အခုေရာင္းမယ္ဆုိတဲ့ အိမ္ကဘယ္သူေနလဲ။ ဖခင္ေနာက္ အိမ္ေထာင္ျပဳမွ တုိးပြားလာတဲ့ လက္ ထက္ပြားပစၥည္းလား”

“မဟုတ္ဘူး ဆရာ။ ဖခင္ျဖစ္သူ ပထမအိမ္ေထာင္နဲ႔ကတည္းကေနတဲ့ အိမ္လုိ႔ ေျပာပါတယ္”

“ဒါဆုိရင္ ဖခင္ရဲ႕ ပါရင္းပစၥည္းလုိ႔ ဆုိရမွာေပါ့။ စီရင္ခ်က္မပါလာေတာ့လည္း မိန္းကေလးေျပာတဲ့အတုိင္း သုံးသပ္ေဆြးေႏြးေနရတာေပါ့ကြယ္”

“သူတုိ႔ေျပာစကားအရေတာ့ သားႏွစ္ဦးလုံးကလည္း မူလကအခု အိမ္မွာပဲ အတူေနၾကတာ ဆရာ။ ေနာက္ပုိင္းအိမ္ေထာင္က်သြားမွ အိမ္ ခြဲသြားၾကတယ္လုိ႔ ေျပာပါတယ္။ အစ္ကိုႀကီးျဖစ္သူက အစုိးရ၀န္ထမ္း ဆုိေတာ့ နယ္မွာပဲ တာ၀န္က်ေနတယ္လုိ႔ ေျပာတယ္“

“အခု ကိစၥမွာ ဘယ္သူက ဘယ္သူ႔ကုိ တရားစြဲအေမြေတာင္းတာလဲ သိလား”

“သားအလတ္က ေတာင္းတာလုိ႔ သိရပါတယ္”

“အခု ဘယ္လုိညိႇႏႈိင္းၿပီး ေျပၿငိမ္း ဒီကရီရခဲ့တာလဲ”

“အစ္ကုိႀကီးျဖစ္သူက ၾကား၀င္ညိႇၿပီး သုံးပုံတစ္ပုံခြဲေ၀ယူဖုိ႔ သေဘာတူခဲ့တယ္။ အစကေတာ့ အလတ္ ျဖစ္သူက သိပ္မေက်နပ္ဘူးလုိ႔ေျပာတယ္။ ေနာက္မွ လက္ခံလုိက္တာလုိ႔ ေျပာပါတယ္”

“အင္းေပါ့ေလ၊ ေမာင္ႏွမခ်င္းဆုိေတာ့ နစ္နာတယ္လုိ႔ မရွိသင့္ေတာ့ဘူးေပါ့”

“တကယ္လုိ႔ တစ္ေယာက္ေယာက္က အေရာင္းအ၀ယ္သေဘာ မတူဘူးဆုိရင္ ဘယ္လုိျဖစ္ႏုိင္သလဲ။ အခုမွ ေရာင္းဖုိးေငြထဲက ပိုေတာင္းရင္ ျဖစ္ႏုိင္ပါသလား”

“အဲဒီလုိေတာ့ မရေတာ့ဘူး။ တရား႐ုံးမွ ေျပၿငိမ္းဒီကရီရယူၿပီးျဖစ္ တဲ့အတြက္ အဲဒီတရား႐ုံးရဲ႕ ဒီကရီအ တုိင္း လုိက္နာၾကရမွာျဖစ္ပါတယ္။ မလုိက္နာရင္ေတာ့ အဲဒီေျပၿငိမ္း ဒီကရီအတုိင္း ေရာင္းခ်ေပးၿပီးခြဲေ၀ ေပးပါရန္ မူလသက္ဆုိင္ရာ တရား႐ုံး မွာ နစ္နာသူက ေလွ်ာက္ထားေတာင္း ဆုိႏုိင္ပါတယ္”

“အဲဒီလုိဆုိရင္ေတာ့ တရား႐ံုးက ေလလံပစ္ၿပီး ေရာင္းခ်ေပးမွာ မဟုတ္လား ဆရာ”

“မွန္ပါတယ္။ တရား႐ုံးကေတာ့ ေျပၿငိမ္းဒီကရီအတုိင္း ေျမနဲ႔အိမ္ကို ေလလံပစ္ေရာင္းခ်ကာ တရား႐ုံး စရိတ္ ႏုတ္ၿပီး က်န္ေငြေပၚမွာ အခ်ဳိးက် ခံစားခြင့္ေပးမွာ ျဖစ္ပါတယ္”

“ဒါဆုိေတာ့လည္း ဆရာရယ္။ အျပင္မွာပဲ ညိႇႏႈိင္းေရာင္းခ်ခြဲေ၀လုိက္တာက ပိုအဆင္ေျပႏုိင္တာေပါ့”

“ခက္ေနတာက ညီမအငယ္က ေပ ၂၀x ေပ ၆၀ ကိုပဲ ေရာင္းခ်င္တယ္။ ကၽြန္မတုိ႔ကလည္း ေပ ၄၀ x ေပ ၆၀ အျပည့္၀ယ္ဖုိ႔ ေျပာထားတယ္။ အဲဒီမွာ အဆင္မေျပျဖစ္ေနလုိ႔ ဆရာ”

“ဒီလုိကိစၥေတြမွာ လက္ရွိေနထုိင္ သူထံမွာ ျပႆနာတစ္စုံတစ္ရာျဖစ္ ေလ့ရွိတတ္တယ္။ သူတုိ႔ကလည္း ဒီရပ္ကြက္၊ ဒီေနရာမွာ ေနသားက်ေနၿပီျဖစ္လုိ႔ အျခားေနရာသစ္ကုိ မေျပာင္းေရႊ႕ခ်င္ၾကဘူး။ အခုေရာင္းဖုိ႔ လုပ္ေနသူက အလတ္လူမဟုတ္လား”

“ဟုတ္ပါတယ္ ဆရာ။ ေငြအလုိက္အမ္းဖုိ႔ဆုိတာလည္း ညီမက သိပ္မလြယ္ဘူး”

“ညိႇႏႈိင္းလုိ႔မရရင္ေတာ့၊ အလတ္လူက တရား႐ုံးမွာ ဒီကရီအ တည္ျပဳေပးပါလုိ႔ ေလွ်ာက္ထားၿပီး ဇာရီမႈ ဖြင့္လာႏုိင္တာေပါ့”

“ဒါေၾကာင့္မုိ႔ သမီးက ဘာဆက္လုပ္ရမလဲလုိ႔ ဆရာ့ဆီတုိင္ပင္တာပါ”

“ညီမျဖစ္သူက အိမ္ကဆင္းေပးဖုိ႔ အေျခအေနပုံစံမရွိရင္ေတာ့ ေနာက္ဆုတ္လုိက္တာေကာင္းလိမ့္မယ္။ အေရာင္းအ၀ယ္ကတိစာခ်ဳပ္ ခ်ဳပ္ဆုိၿပီးမွ အိမ္ကဆင္းမေပးရင္ အခက္အခဲရွိသြားႏုိင္တယ္။ အမႈအခင္း ျဖစ္လာႏုိင္တယ္”

“ကၽြန္မလည္း စဥ္းစားရအေတာ္ခက္သြားတယ္”

“တစ္ခုေတာ့ရွိတာေပါ့။ အလတ္လူက ဘယ္လုိနည္းနဲ႔ျဖစ္ျဖစ္ ေရာင္းမွာျဖစ္တယ္။ ဒါမွသူ႔ေ၀စုရမွာကုိး။ ဒါေၾကာင့္ ညီမျဖစ္သူက တင္းခံေနရင္ တရားစြဲဆုိၿပီး ေလလံပစ္တဲ့အထိ ေဆာင္ရြက္သြားမွာျဖစ္တယ္။ အဲဒီအခါၾကမွ ေလလံ၀င္ယူၿပီးအရ ယူလုိက္ရင္ေတာ့ ျဖစ္ပါတယ္”

“အဲဒီမွာက်ေတာ့ အိမ္မွ မဆင္း ပဲေနလုိ႔ မရဘူးလား”

“ေျမနဲ႔အေဆာက္အအုံမွ ဖယ္ရွားမေပးရင္ တရား႐ုံးက တာ၀န္ယူေဆာင္ရြက္ေပးမွာ ျဖစ္ပါတယ္”ဟု ေဆြးေႏြး လုိက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ထီယု (ဥပေဒအတုိင္ပင္ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...
၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကိ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ဘောလိဝုဒ်နတ်ဖုရား အမီတာဘဂျမ်း၏သား ရုပ်ရှင်မင်းသား အဘိရှိတ် ဘဂျမ်းက မွမ်ဘိုင်းမြို့တွင် တိုက်ခန်း ၆ ခန်းဝယ်ယူပြီး မကြာမီ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Grand Aung Thar Yar
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service