မြန်မာနှင့် အာဆီယံနိုင်ငံများ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရရှိနိုင်မှု အခြေအနေ

မြန်မာနှင့် အာဆီယံနိုင်ငံများ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးရရှိနိုင်မှု အခြေအနေ - Property News in Myanmar from iMyanmarHouse.com
16 Dec 2020 11:06 am တွင် တင်ခဲ့သည်
1560 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘရူနိုင်း

ဘရူနိုင်းနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ Covax အစီအစဉ်တွင် ပါဝင်သည့်နိုင်ငံဖြစ်ပြီး Covid-19 ကာကွယ်ဆေးများကို ၂၀၂၁ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း ရရှိမည်ဟု မျှော်လင့်ရသည်။ နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနိုင်ဖွယ်ရှိသည်။ Covax အစီအစဉ်အပြင် အခြားသော ကာကွယ်ဆေးကုမ္ပဏီများနှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ ဘရူနိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၁၅၂ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိသည်။

ကမ္ဘောဒီးယား

ကမ္ဘောဒီးယားသည် ကာကွယ်ဆေးများကို တရုတ်နှင့် ရုရှား ၂ နိုင်ငံလုံးထံမှ တင်သွင်းရန် မျှော်မှန်းထားသည်။ တရုတ်ပြည်၏ ကာကွယ်ဆေးများမှာ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး ရုရှားမှာမူ ထုတ်လုပ်မှုများ စတင်နေခဲ့ပြီး ဖြစ်သည်။ သြစတေးလျနိုင်ငံက ကမ္ဘောဒီးယား အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများစွာကို ကာကွယ်ဆေးရရှိရေးအတွက် ဘဏ္ဍာရေး ထောက်ပံ့မှုများ ပြုလုပ်ရန် ကမ်းလှမ်းထားသည်။ ကမ္ဘောဒီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆၂ ဦးရှိပြီး သေဆုံးသူ မရှိချေ။

အင်ဒိုနီးရှား

အင်ဒိုနီးရှားတွင် ပြီးခဲ့သောလမှစတင်ပြီး ကပ်ဘေးရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသူများအား ကာကွယ်ဆေး ၉ သန်းကျော် ထိုးနှံနေခဲ့သည်။ တရုတ်ပြည်မှ Sinovac က ကာကွယ်ဆေးထောက်ပံ့မှုများ ပြုလုပ်ပေးရန် အင်ဒိုနီးရှားအစိုးရနှင့် ဆွေးနွေးနေသော်လည်း အင်ဒိုနီးရှားမှာ လူဦးရေ ၂၆၈ သန်းခန့်အထိ များပြားလှသည့်အပြင် Sinovac ၏ ကာကွယ်ဆေးမှာလည်း တစ်လုံးလျှင် အင်ဒိုနီးရှား ရူပီးယား ၂၀၀၀၀၀ (ဒေါ်လာ ၂၀ ခန့် - မြန်မာကျပ်ငွေ ၂၆၅၀၀) ကျသင့်မည်ဖြစ်ရာ အင်ဒိုနီးရှားအစိုးရမှာ အကျပ်ဆိုက်နေသည်။ အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Achmad Yurianto က ပြောရာတွင် အသက် ၁၈ နှစ်မှ ၅၉ နှစ်ကြားရှိသည့် နိုင်ငံသားများကိုသာ ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့အပြင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ဟာလာအသိအမှတ်ပြုလက်မှတ် ရရှိရန်လည်း လိုအပ်သေးသည်။ နိုင်ငံ၏ များပြားလှသော လူဦးရေအတွက် လုံလောက်သည့် ကာကွယ်ဆေး မည်သို့ရနိုင်မည်မှာမူ မရေရာသေးချေ။ အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂၉၄၂၉ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၁၉၁၁၁ ဦးရှိပြီ ဖြစ်သည်။

လာအို

လာအိုသည် ရုရှားထုတ် Sputnik-V ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်မှုများ ပြုလုပ်နေခဲ့သည့်နိုင်ငံဖြစ်ပြီး ကာကွယ်ဆေးရရှိရေးအတွက် တရုတ်ပြည်နှင့်လည်း ဆွေးနွေးမှုများ ပြုလုပ်နေသည်။ လာအိုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၁ ဦးသာရှိပြီး သေဆုံးသူ မရှိချေ။

မလေးရှား

မလေးရှားသည် နိုင်ငံသားများကို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အခမဲ့ ထိုးပေးမည်ဖြစ်သော်လည်း နိုင်ငံခြားသားများ အနေဖြင့်မူ ကာကွယ်ဆေးအတွက် အခကြေးငွေ ပေးဆောင်ရမည် ဖြစ်သည်။ မလေးရှားက အမေရိကန် ကာကွယ်ဆေးကုမ္ပဏီ Pfizer ထံမှ ကာကွယ်ဆေး ၁၂ ဒသမ ၈ သန်း ဝယ်ယူရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည်။ အဆိုပါ ကာကွယ်ဆေးများကို တိုင်းပြည်လူဦးရေ ၆ ဒသမ ၄ သန်းအား ၂ ကြိမ်စီ ဆေးထိုးပေးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ပထမ ၃ လပတ်တွင် စတင်မည် ဖြစ်သည်။ Pfizer သည် ၂၀၂၁ ခုနှစ် ပထမ ၃ လပတ်တွင် ကာကွယ်ဆေး ၁ သန်း၊ ဒုတိယ ၃ လပတ်တွင် ၁ ဒသမ ၇ သန်း၊ တတိယ ၃ လပတ်တွင် ၅ ဒသမ ၈ သန်းနှင့် နောက်ဆုံး ၃ လပတ်တွင် ၄ ဒသမ ၃ သန်းကို မလေးရှားသို့ တင်ပို့သွားမည် ဖြစ်သည်။

မလေးရှားက တိုင်းပြည်လူဦးရေ၏ ၈၀ မှ ၁၀၀ ရာခိုင်နှုန်းအကြား ကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားသည်။ မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၈၆၆၁၈ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၄၂၂ ဦးရှိသည်။

မြန်မာ

မြန်မာနိုင်ငံသည် Gavi နှင့် Covax အစီအစဉ်များမှတဆင့် ကာကွယ်ဆေးရရှိရန် မျှော်လင့်ထားသည်။ သြစတေးလျနိုင်ငံကလည်း ဘဏ္ဍာရေးအကူအညီပေးမည်ဟု ဆိုသည်။ တိုင်းပြည်လူဦးရေ၏ အန္တရာယ်အရှိဆုံး ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံနိုင်ရန် ရည်မှန်းထားသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၁၀၆၆၇ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ ၂၃၁၉ ဦးရှိသည်။

ဖိလစ်ပိုင်

ဖိလစ်ပိုင်သည် ၂၀၂၁ ခုနှစ် ၊ ဇွန်လတွင် ကာကွယ်ဆေး စတင်ထိုးနှံနိုင်ရန် ရည်မှန်းထားပြီး တိုင်းပြည်လူဦးရေ၏ ၂၅ ရာခိုင်နှုန်းဖြစ်သော ၂၅ သန်းခန့် ဆေးထိုးနိုင်ရန် မျှော်မှန်းထားသည်။ ဖိလစ်ပိုင်သည် ကိုရိုနာဗိုင်းရပ်စ် ဆိုးရွားစွာ ကူးစက်ခံရသည့် နိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှတွင် ဒုတိယအများဆုံးကူးစက်ခံရသည့် နိုင်ငံလည်း ဖြစ်သည်။ ဖိလစ်ပိုင်ရှိ ကုမ္ပဏီ ၃၀ ကျော်က အောက်စ်ဖို့ဒ်တက္ကသိုလ်၏ ကာကွယ်ဆေးဖြစ်သော AstraZeneca ကာကွယ်ဆေး အနည်းဆုံး ၂ ဒသမ ၆ သန်း ဝယ်ယူရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည်။ ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၅၁၈၃၉ ဦးရှိပြီး သေဆုံးသူ ၈၈၁၂ ဦး ရှိသည်။

စင်္ကာပူ

စင်္ကာပူသည် ၎င်းတို့ကိုယ်ပိုင်ကာကွယ်ဆေးဖြစ်သော Lunar ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါကာကွယ်ဆေးကို အမေရိကန်ကုမ္ပဏီ Arcturus ၊ Duke-NUS ဆေးတက္ကသိုလ်တို့နှင့် ပူးပေါင်းကာ ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ စင်္ကာပူ၏ Lunar ကာကွယ်ဆေးသည် တစ်ကြိမ်သာ ထိုးရမည့် mRNA ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး ဗီဇအင်ဂျင်နီယာ နည်းပညာဖြင့် ထုတ်လုပ်ထားသည့် Covid-19 မျိုးဗီဇကို အန္တရာယ်မရှိသည့် ဗိုင်းရပ်စ်အသွင်ပြုလုပ်ထားခြင်းမှ ထုတ်လုပ်ခြင်း ဖြစ်သည်။အဆိုပါနည်းပညာသည် ကိုရိုနာဗိုင်းရပ်စ်အသေများကို အသုံးပြုကာ ကိုယ်ခံအားနှိုးဆွရန် ကြိုးပမ်းသည့် အခြားသော ကာကွယ်ဆေးများထက် ပိုမိုဘေးကင်းသည်ဟု ဆိုနိုင်သည်။

ယင်းကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း ရရှိမည်ဟု မျှော်မှန်းထားသည်။စင်္ကာပူတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၈၃၄၁ ဦးရှိပြီး သေဆုံးသူမှာ ၂၉ ဦး ဖြစ်သည်။

ထိုင်းနိုင်ငံ

ထိုင်းက မျှော်မှန်းထားသည်မှာ ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး ဖြစ်သည်။ လူဦးရေ ၆၉ သန်းရှိသည့်အနက် ၁၃ သန်းကို ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်သည်။ ထိုင်း၏ အမျိုးသား ကာကွယ်ဆေး အင်စတီကျုသည် AstraZeneca ထံမှ ဘတ်ငွေ ၂ ဒသမ ၃၈ ဘီလီယံ (ကန်ဒေါ်လာ ၇၉ သန်း) ဖိုး ကာကွယ်ဆေးဝယ်ယူရန် စာချုပ်ချုပ်ထားသည်။ စမ်းသပ်မှုများ အချိန်မီပြီးစီးမည်ဆိုပါက လာမည့် ၂၀၂၁ ခုနှစ်၊ ပထမ ၃ လပတ်တွင် ကာကွယ်ဆေးရရှိနိုင်ရန် အောက်စ်ဖို့တက္ကသိုလ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။ ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၄၆ ဦးရှိပြီး သေဆုံးသူ ၆၀ ဦးရှိသည်။

ဗီယက်နမ်

ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာန လက်အောက်မှ အမျိုးသား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကပ်ရောဂါဗေဒအင်စတီကျု (NIHE) သည် Medigen Vaccine ကုမ္ပဏီထံမှ ကာကွယ်ဆေး ၃ သန်းမှ ၁၀ သန်းကြားကို ၂၀၂၁ ခုနှစ်အတွင်း ဝယ်ယူရရှိရန် စာချုပ်ချုပ်ဆိုထားသည်။ ဗီယက်နမ်သည် ကိုယ်ပိုင်ကာကွယ်ဆေးထုတ်လုပ်နိုင်ရန်လည်း ကြိုးပမ်းနေသည်။ ဗီယက်နမ်နိုင်ငံ Nha Trang မြို့ရှိ Institute of Vaccines and Medical Biologicals (IVAC) သည် အမေရိကန်ပြည်၊ နယူးယောက်မြို့ အခြေစိုက် Icahn School of Medicine၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍ အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းဖြစ်သည့် PATH တို့နှင့် ပူးပေါင်းကာ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။ ဗီယက်နမ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄၀၅ ဦးရှိပြီး သေဆုံးသူ ၃၅ ဦး ရှိသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: COVID-19 Vaccine Roll Outs in Asean (khmertimeskh)

 

[Zawgyi]

ျမန္မာႏွင့္ အာဆီယံႏိုင္ငံမ်ား၏ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးရရွိႏိုင္မႈ အေျခအေန

ဘရူႏိုင္း

ဘရူႏိုင္းႏိုင္ငံသည္ ကမၻာလံုးဆိုင္ရာ Covax အစီအစဥ္တြင္ ပါဝင္သည့္ႏိုင္ငံျဖစ္ျပီး Covid-19 ကာကြယ္ေဆးမ်ားကို ၂၀၂၁ ခုႏွစ္၊ ပထမ ၃ လပတ္အတြင္း ရရွိမည္ဟု ေမွ်ာ္လင့္ရသည္။ ႏိုင္ငံလူဦးေရ၏ ၅၀ ရာခိုင္ႏႈန္း ကာကြယ္ေဆးထုိးႏိုင္ဖြယ္ရွိသည္။ Covax အစီအစဥ္အျပင္ အျခားေသာ ကာကြယ္ေဆးကုမၸဏီမ်ားႏွင့္လည္း ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနဆဲ ျဖစ္သည္။ ဘရူႏိုင္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူစုစုေပါင္း ၁၅၂ ဦးရွိျပီး ေသဆံုးသူ ၃ ဦးရွိသည္။

ကေမၻာဒီးယား

ကေမၻာဒီးယားသည္ ကာကြယ္ေဆးမ်ားကို တရုတ္ႏွင့္ ရုရွား ၂ ႏိုင္ငံလံုးထံမွ တင္သြင္းရန္ ေမွ်ာ္မွန္းထားသည္။ တရုတ္ျပည္၏ ကာကြယ္ေဆးမ်ားမွာ လက္ေတြ႔စမ္းသပ္မႈမ်ား ျပဳလုပ္ေနဆဲျဖစ္ျပီး ရုရွားမွာမူ ထုတ္လုပ္မႈမ်ား စတင္ေနခဲ့ျပီး ျဖစ္သည္။ ၾသစေတးလ်ႏိုင္ငံက ကေမၻာဒီးယား အပါအဝင္ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားစြာကို ကာကြယ္ေဆးရရွိေရးအတြက္ ဘ႑ာေရး ေထာက္ပံ့မႈမ်ား ျပဳလုပ္ရန္ ကမ္းလွမ္းထားသည္။ ကေမၻာဒီးယားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၆၂ ဦးရွိျပီး ေသဆံုးသူ မရွိေခ်။

အင္ဒိုနီးရွား

အင္ဒိုနီးရွားတြင္ ျပီးခဲ့ေသာလမွစတင္ျပီး ကပ္ေဘးေရွ႕တန္းတြင္ တာဝန္ထမ္းေဆာင္ေနသူမ်ားအား ကာကြယ္ေဆး ၉ သန္းေက်ာ္ ထိုးႏွံေနခဲ့သည္။ တရုတ္ျပည္မွ Sinovac က ကာကြယ္ေဆးေထာက္ပံ့မႈမ်ား ျပဳလုပ္ေပးရန္ အင္ဒိုနီးရွားအစိုးရႏွင့္ ေဆြးေႏြးေနေသာ္လည္း အင္ဒိုနီးရွားမွာ လူဦးေရ ၂၆၈ သန္းခန္႔အထိ မ်ားျပားလွသည့္အျပင္ Sinovac ၏ ကာကြယ္ေဆးမွာလည္း တစ္လံုးလွ်င္ အင္ဒိုနီးရွား ရူပီးယား ၂၀၀၀၀၀ (ေဒၚလာ ၂၀ ခန္႔ - ျမန္မာက်ပ္ေငြ ၂၆၅၀၀) က်သင့္မည္ျဖစ္ရာ အင္ဒိုနီးရွားအစိုးရမွာ အက်ပ္ဆိုက္ေနသည္။ အင္ဒိုနီးရွား က်န္းမာေရးဝန္ၾကီးဌာန၏ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ၾကိဳတင္ကာကြယ္ေရးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ Achmad Yurianto က ေျပာရာတြင္ အသက္ ၁၈ ႏွစ္မွ ၅၉ ႏွစ္ၾကားရွိသည့္ ႏိုင္ငံသားမ်ားကိုသာ ကာကြယ္ေဆးထိုးေပးမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။ ထို႔အျပင္ ကာကြယ္ေဆး ထိုးႏွံျခင္းမျပဳမီ ဟာလာအသိအမွတ္ျပဳလက္မွတ္ ရရွိရန္လည္း လိုအပ္ေသးသည္။ ႏိုင္ငံ၏ မ်ားျပားလွေသာ လူဦးေရအတြက္ လံုေလာက္သည့္ ကာကြယ္ေဆး မည္သို႔ရႏိုင္မည္မွာမူ မေရရာေသးေခ်။ အင္ဒိုနီးရွားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၆၂၉၄၂၉ ဦးရွိျပီျဖစ္ျပီး ေသဆံုးသူ ၁၉၁၁၁ ဦးရွိျပီ ျဖစ္သည္။

လာအို

လာအိုသည္ ရုရွားထုတ္ Sputnik-V ကာကြယ္ေဆးကို လက္ေတြ႔စမ္းသပ္မႈမ်ား ျပဳလုပ္ေနခဲ့သည့္ႏိုင္ငံျဖစ္ျပီး ကာကြယ္ေဆးရရွိေရးအတြက္ တရုတ္ျပည္ႏွင့္လည္း ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနသည္။ လာအိုတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄၁ ဦးသာရွိျပီး ေသဆံုးသူ မရွိေခ်။

မေလးရွား

မေလးရွားသည္ ႏိုင္ငံသားမ်ားကို ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး အခမဲ့ ထိုးေပးမည္ျဖစ္ေသာ္လည္း ႏိုင္ငံျခားသားမ်ား အေနျဖင့္မူ ကာကြယ္ေဆးအတြက္ အခေၾကးေငြ ေပးေဆာင္ရမည္ ျဖစ္သည္။ မေလးရွားက အေမရိကန္ ကာကြယ္ေဆးကုမၸဏီ Pfizer ထံမွ ကာကြယ္ေဆး ၁၂ ဒသမ ၈ သန္း ဝယ္ယူရန္ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားသည္။ အဆိုပါ ကာကြယ္ေဆးမ်ားကို တိုင္းျပည္လူဦးေရ ၆ ဒသမ ၄ သန္းအား ၂ ၾကိမ္စီ ေဆးထိုးေပးမည္ျဖစ္ျပီး ၂၀၂၁ ခုႏွစ္၊ ပထမ ၃ လပတ္တြင္ စတင္မည္ ျဖစ္သည္။ Pfizer သည္ ၂၀၂၁ ခုႏွစ္ ပထမ ၃ လပတ္တြင္ ကာကြယ္ေဆး ၁ သန္း၊ ဒုတိယ ၃ လပတ္တြင္ ၁ ဒသမ ၇ သန္း၊ တတိယ ၃ လပတ္တြင္ ၅ ဒသမ ၈ သန္းႏွင့္ ေနာက္ဆံုး ၃ လပတ္တြင္ ၄ ဒသမ ၃ သန္းကို မေလးရွားသို႔ တင္ပို႔သြားမည္ ျဖစ္သည္။

မေလးရွားက တိုင္းျပည္လူဦးေရ၏ ၈၀ မွ ၁၀၀ ရာခိုင္ႏႈန္းအၾကား ကာကြယ္ေဆးထိုးေပးရန္ ရည္မွန္းထားသည္။ မေလးရွားတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း ၈၆၆၁၈ ဦးရွိျပီျဖစ္ျပီး ေသဆံုးသူ ၄၂၂ ဦးရွိသည္။

ျမန္မာ

ျမန္မာႏိုင္ငံသည္ Gavi ႏွင့္ Covax အစီအစဥ္မ်ားမွတဆင့္ ကာကြယ္ေဆးရရွိရန္ ေမွ်ာ္လင့္ထားသည္။ ၾသစေတးလ်ႏိုင္ငံကလည္း ဘ႑ာေရးအကူအညီေပးမည္ဟု ဆိုသည္။ တိုင္းျပည္လူဦးေရ၏ အႏၱရာယ္အရွိဆံုး ၂၀ ရာခိုင္ႏႈန္းကို ကာကြယ္ေဆးထုိးႏွံႏိုင္ရန္ ရည္မွန္းထားသည္။ ျမန္မာႏိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္း ၁၁၀၆၆၇ ဦးရွိျပီျဖစ္ျပီး ေသဆံုးသူ ၂၃၁၉ ဦးရွိသည္။

ဖိလစ္ပိုင္

ဖိလစ္ပိုင္သည္ ၂၀၂၁ ခုႏွစ္ ၊ ဇြန္လတြင္ ကာကြယ္ေဆး စတင္ထုိးႏွံႏိုင္ရန္ ရည္မွန္းထားျပီး တိုင္းျပည္လူဦးေရ၏ ၂၅ ရာခိုင္ႏႈန္းျဖစ္ေသာ ၂၅ သန္းခန္႔ ေဆးထုိးႏိုင္ရန္ ေမွ်ာ္မွန္းထားသည္။ ဖိလစ္ပိုင္သည္ ကိုရိုနာဗိုင္းရပ္စ္ ဆိုးရြားစြာ ကူးစက္ခံရသည့္ ႏိုင္ငံျဖစ္ျပီး အေရွ႕ေတာင္အာရွတြင္ ဒုတိယအမ်ားဆံုးကူးစက္ခံရသည့္ ႏိုင္ငံလည္း ျဖစ္သည္။ ဖိလစ္ပိုင္ရွိ ကုမၸဏီ ၃၀ ေက်ာ္က ေအာက္စ္ဖို႔ဒ္တကၠသိုလ္၏ ကာကြယ္ေဆးျဖစ္ေသာ AstraZeneca ကာကြယ္ေဆး အနည္းဆံုး ၂ ဒသမ ၆ သန္း ဝယ္ယူရန္ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးထားသည္။ ဖိလစ္ပိုင္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄၅၁၈၃၉ ဦးရွိျပီး ေသဆံုးသူ ၈၈၁၂ ဦး ရွိသည္။

စကၤာပူ

စကၤာပူသည္ ၎တို႔ကိုယ္ပိုင္ကာကြယ္ေဆးျဖစ္ေသာ Lunar ကာကြယ္ေဆးကို ထုတ္လုပ္ႏိုင္ရန္ ၾကိဳးပမ္းလ်က္ရွိသည္။ အဆိုပါကာကြယ္ေဆးကို အေမရိကန္ကုမၸဏီ Arcturus ၊ Duke-NUS ေဆးတကၠသိုလ္တို႔ႏွင့္ ပူးေပါင္းကာ ထုတ္လုပ္ရန္ ၾကိဳးပမ္းေနျခင္း ျဖစ္သည္။ စကၤာပူ၏ Lunar ကာကြယ္ေဆးသည္ တစ္ၾကိမ္သာ ထိုးရမည့္ mRNA ကာကြယ္ေဆးအမ်ဳိးအစားျဖစ္ျပီး ဗီဇအင္ဂ်င္နီယာ နည္းပညာျဖင့္ ထုတ္လုပ္ထားသည့္ Covid-19 မ်ဳိးဗီဇကို အႏၱရာယ္မရွိသည့္ ဗိုင္းရပ္စ္အသြင္ျပဳလုပ္ထားျခင္းမွ ထုတ္လုပ္ျခင္း ျဖစ္သည္။ အဆိုပါနည္းပညာသည္ ကိုရိုနာဗိုင္းရပ္စ္အေသမ်ားကို အသံုးျပဳကာ ကိုယ္ခံအားႏိႈးဆြရန္ ၾကိဳးပမ္းသည့္ အျခားေသာ ကာကြယ္ေဆးမ်ားထက္ ပိုမိုေဘးကင္းသည္ဟု ဆိုႏိုင္သည္။ ယင္းကာကြယ္ေဆးကို ၂၀၂၁ ခုႏွစ္၊ ပထမ ၃ လပတ္အတြင္း ရရွိမည္ဟု ေမွ်ာ္မွန္းထားသည္။ စကၤာပူတြင္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၅၈၃၄၁ ဦးရွိျပီး ေသဆံုးသူမွာ ၂၉ ဦး ျဖစ္သည္။

ထိုင္းႏိုင္ငံ

ထိုင္းက ေမွ်ာ္မွန္းထားသည္မွာ ၂၀၂၁ ခုႏွစ္၊ ႏွစ္လယ္ပိုင္းတြင္ ကာကြယ္ေဆးမ်ား ထိုးႏွံေပးႏိုင္ေရး ျဖစ္သည္။ လူဦးေရ ၆၉ သန္းရွိသည့္အနက္ ၁၃ သန္းကို ကာကြယ္ေဆးထုိးႏွံေပးမည္ ျဖစ္သည္။ ထိုင္း၏ အမ်ဳိးသား ကာကြယ္ေဆး အင္စတီက်ဳသည္ AstraZeneca ထံမွ ဘတ္ေငြ ၂ ဒသမ ၃၈ ဘီလီယံ (ကန္ေဒၚလာ ၇၉ သန္း) ဖိုး ကာကြယ္ေဆးဝယ္ယူရန္ စာခ်ဳပ္ခ်ဳပ္ထားသည္။ စမ္းသပ္မႈမ်ား အခ်ိန္မီျပီးစီးမည္ဆိုပါက လာမည့္ ၂၀၂၁ ခုႏွစ္၊ ပထမ ၃ လပတ္တြင္ ကာကြယ္ေဆးရရွိႏိုင္ရန္ ေအာက္စ္ဖို႔တကၠသိုလ္ႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနသည္။ ထိုင္းတြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၄၂၄၆ ဦးရွိျပီး ေသဆံုးသူ ၆၀ ဦးရွိသည္။

ဗီယက္နမ္

ဗီယက္နမ္က်န္းမာေရးဝန္ၾကီးဌာန လက္ေအာက္မွ အမ်ဳိးသား တစ္ကိုယ္ေရသန္႔ရွင္းေရးႏွင့္ ကပ္ေရာဂါေဗဒအင္စတီက်ဳ (NIHE) သည္ Medigen Vaccine ကုမၸဏီထံမွ ကာကြယ္ေဆး ၃ သန္းမွ ၁၀ သန္းၾကားကို ၂၀၂၁ ခုႏွစ္အတြင္း ဝယ္ယူရရွိရန္ စာခ်ဳပ္ခ်ဳပ္ဆိုထားသည္။ ဗီယက္နမ္သည္ ကိုယ္ပိုင္ကာကြယ္ေဆးထုတ္လုပ္ႏိုင္ရန္လည္း ၾကိဳးပမ္းေနသည္။ ဗီယက္နမ္ႏိုင္ငံ Nha Trang ျမိဳ႕ရွိ Institute of Vaccines and Medical Biologicals (IVAC) သည္ အေမရိကန္ျပည္၊ နယူးေယာက္ျမိဳ႕ အေျခစိုက္ Icahn School of Medicine၊ ကမၻာလံုးဆိုင္ရာ က်န္းမာေရးက႑ အက်ဳိးအျမတ္အတြက္မဟုတ္ေသာ အဖြဲ႔အစည္းျဖစ္သည့္ PATH တို႔ႏွင့္ ပူးေပါင္းကာ ထုတ္လုပ္ႏိုင္ရန္ ၾကိဳးပမ္းေနျခင္း ျဖစ္သည္။ ဗီယက္နမ္တြင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၄၀၅ ဦးရွိျပီး ေသဆံုးသူ ၃၅ ဦး ရွိသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: COVID-19 Vaccine Roll Outs in Asean (khmertimeskh)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service