အသားတု စားလို့ အားရှိသလား

အသားတု စားလို့ အားရှိသလား - Property Knowledge in Myanmar from iMyanmarHouse.com
14 Dec 2020 2:08 pm တွင် တင်ခဲ့သည်
4474 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အသားတု ကို စားသုံးကြတာ သက်သတ်လွတ်သမားတွေတင် မကပါဘူး။ ကြာဆန်ချက်၊ ကြာဆန်ကြော်၊ ခေါက်ဆွဲကြော် တို့မှာ ထည့်သွင်းလေ့ ရှိကြတယ်လေ။ အတော်များများ စားလေ့ရှိတဲ့ အစားအစာပါ။

အသားတု စားတာ အသားအစားထိုး စားသုံးဖို့ စိတ်ဖြေတာပဲလား။ အာဟာရအတွက် ဘယ်လောက် အကျိုးပြုနိုင်သလဲ ဆိုတာ တွေးကြည့်ရအောင်။

အသားတုကို ပဲပုပ်ပဲကို အခြေခံပြီး ထုတ်လုပ်ကြတာ များပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ် အပြည့်အဝ ရနိုင်တာမို့ အရသာရော အာဟာရပါ အသားအစားထိုး ဖြည့်ဆည်းပေးနိုင်ပါတယ်။

ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲ

(၁) နှလုံးကျန်းမာရေး ကောင်းစေတယ်

ပဲပုပ်ပဲ ရဲ့ ပရိုတင်းဓာတ်ဟာ ကြီးထွားဖွံ့ဖြိုးမှု အတွက် မရှိမဖြစ် အရေးပါပါတယ်။ ပရိုတင်း ဆိုတာ နှလုံးရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ amino acids တွေနဲ့ဖွဲ့စည်းထားပါတယ်။ amino acids နဲ့ isoflavones ပါဝင်မှုကြောင့် မကောင်းတဲ့ ကိုလက်စထရော တွေကို လျော့ကျစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးသွေးကြောကျန်းမာရေး ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

(၂) သွေးဆုံးကိုင် ဝေဒနာတွေကို သက်သာစေတယ်

ပဲပုပ်ပဲမှာ ပါတဲ့ Isoflavones ကြောင့်ပဲ သွေးဆုံးတဲ့အရွယ် အမျိုးသမီးတွေမှာ အက်စထရိုဂျင်ဟော်မုန်း ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေ အနေနဲ့ ပဲနို့၊ ပဲပြား၊ အသားတု အပါအဝင် ပဲပုပ်ပဲ နဲ့ ပြုလုပ်တဲ့ အစားအသောက်တွေ စားသုံးခြင်းအားဖြင့် အက်စထရိုဂျင်လျော့နည်းမှု နဲ့ သွေးဆုံးကိုင်ဝေဒနာတွေကို ကာကွယ်နိုင်ပါလိမ့်မယ်။

(၃) အရိုးပွရောဂါ ကို ကာကွယ်ပေးတယ်၊ သက်သာစေတယ်

ပဲပုပ်ပဲ က သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ အရိုးပွခြင်းကိုသက်သာစေတဲ့ဆေးတစ်ခွက်ပါ။ အရိုးကြွပ်ဆတ်ခြင်းနဲ့ ကယ်လ်စီယမ်ဆုံးရှုံးခြင်းတို့ကြောင့် ဒီအန္တရာယ်ကို များစေတာပါ။ အသားက ရတဲ့ ပရိုတင်းက ပဲပုပ် ကရတဲ့ ပရိုတင်းထက် ဆီးအတွင်း ကယ်လ်စီယမ်ရောပါဆုံးရှုံးမှု ပိုများတယ် လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ အရိုးသိပ်သည်းမှု ကို အားဖြည့်ပေးပြီး အရိုးကျိုးအက်မှု အန္တရာယ်ကို လျော့နည်းစေပါတယ်။

(၄) အစာခြေစနစ် ကို ကောင်းမွန်စေပါတယ်

ပဲပုပ်ပဲ မှာ ကြွယ်ဝတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကောင်းမွန်စေပြီး ကိုယ်တွင်းက အဆိပ်အတောက် တွေကို စွန့်ထုတ်ပေးပါတယ်။ ဒါ့ကြောင့် ဝမ်းလျှောတဲ့သူ ဖြစ်ဖြစ် ၊ ဝမ်းချုပ်တတ်တဲ့သူ ဖြစ်ဖြစ် လေထိုးလေအောင့် ဖြစ်တတ်တဲ့သူ ဖြစ်ဖြစ် အစာခြေစနစ် ပြန်ကောင်းအောင်လို့ ပဲပုပ်ပဲကို စားပေးလို့ ရပါတယ်။

(၅) ကင်ဆာ ကာကွယ်တယ်

ပဲပုပ်ပဲ က ရင်သားကင်ဆာ ကာကွယ်ပေးတယ် လို့ ဆိုပါတယ်။ ဒါတင် မကဘဲ ပဲနို့ များများသောက်တတ်တဲ့၊ ပဲပုပ်ပဲ ထုတ်ကုန်တွေ စားသုံးလေ့ရှိတဲ့ အမျိုးသားတွေဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုပါ လျော့နည်းစေတယ်လို့သိရပါတယ်။

(၆) ဓာတ်တိုးဆန့်ကျင်အာနိသင် ရှိတယ်

ပဲပုပ်ပဲ မှာပါတဲ့ isoflavones ရဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက နာတာရှည်ရောဂါတွေ အတွက် အကျိုးထူးပါတယ်တဲ့။ ဓာတ်တိုးခြင်းကို လျော့ကျစေပြီး ထိခိုက်မှု နည်းစေတဲ့ အတွက် အသည်းထိခိုက်မှုကို ကာကွယ်နိုင်ပါတယ်။

(၇) သွေးအား ကောင်းစေပါတယ်

ပဲပုပ်ပဲဟာ သံဓာတ်နဲ့ ကော့ပါးဓာတ် ကြွယ်ဝတာကြောင့် သွေးနီဥ ထုတ်လုပ်မှုကို အားပေးပြီး သွေးအားကောင်းစေပါတယ်။ ဒါ့အပြင် haemoglobin လို့ခေါ်တဲ့ အောက်ဆီဂျင် သယ်ပေးတဲ့ သွေးနီဥဆဲလ် ထုတ်လုပ်မှု ကိုလည်း အားပေးတာကြောင့် တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်ရစေပါတယ်။

(၈) အိပ်ပျော်စေပါတယ်

ပဲပုပ်ပဲမှာ ပါဝင်တဲ့ မဂ္ဂနီဆီယမ်ဟာ သင့်ကို ညဘက် ကောင်းကောင်း အိပ်ပျော်စေမှာ ဖြစ်လို့ ညည အိပ်မပျော်တဲ့သူတွေ အားထားသင့်တဲ့ အစားအသောက်တစ်ခုနော် ။

(၉) အဝမလွန်အောင် ထိန်းပေးပြီး ကိုလက်စထရောကို ကျစေတယ်

ပဲပုပ်ပဲက အဝလွန်ခြင်းကို ကာကွယ်ပေးသလို ဝနေတဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာလည်း ခါးပတ်လည် အဆီကျစေဖို့ အထောက်အကူ ပြုတယ်လို့ သိရပါတယ်။ လိုအပ်တဲ့ ပရိုတင်း ပမာဏကို ဖြည့်တင်းပေးနိုင်လို့ Diet လုပ်နေသူတွေ အတွက် အသုံးဝင်တဲ့ အာဟာရ ဖြစ်ပါတယ်။

(၁၀) ခုခံအားကို ကောင်းမွန်စေပါတယ်

ပဲပုပ်ပဲမှာ ပါဝင်တဲ့ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ် တို့ဟာ ခုခံအားကို အားပေးပြီး ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။

ဒီလို ကောင်းကျိုးတွေ ရှိနေတာမို့ အသားတု စားလို့ အားရှိစေနိုင်တာပေါ့။ ဒါပေမယ့် အရည်အသွေး ပြည့်မီတဲ့ အသားတု ဖြစ်ဖို့တော့ အရေးကြီးပါတယ်။ တာရှည်ခံဓာတုပစ္စည်းတွေ၊ ဆိုးဆေးတွေ ပါဝင်နေတာ၊ လတ်ဆတ်မှု မရှိတာ၊ မှို တက်နေတာ စတဲ့ အချက်တွေရှိနေတဲ့ အသားတု တွေကိုတော့ သတိထား ရှောင်ရှားသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

အသားတု စားလို႔ အား႐ွိသလား

အသားတု ကို စားသုံးၾကတာ သက္သတ္လြတ္သမားေတြတင္ မကပါဘူး။ ၾကာဆန္ခ်က္၊ ၾကာဆန္ေၾကာ္၊ ေခါက္ဆြဲေၾကာ္ တို႔မွာ ထည့္သြင္းေလ့ ႐ွိၾကတယ္ေလ။ အေတာ္မ်ားမ်ား စားေလ့႐ွိတဲ့ အစားအစာပါ။

အသားတု စားတာ အသားအစားထိုး စားသုံးဖို႔ စိတ္ေျဖတာပဲလား။ အာဟာရအတြက္ ဘယ္ေလာက္ အက်ိဳးျပဳႏိုင္သလဲ ဆိုတာ ေတြးၾကည့္ရေအာင္။

အသားတုကို ပဲပုပ္ပဲကို အေျခခံၿပီး ထုတ္လုပ္ၾကတာ မ်ားပါတယ္။ ဒါ့ေၾကာင့္ ပ႐ိုတင္းဓာတ္ အျပည့္အဝ ရႏိုင္တာမို႔ အရသာေရာ အာဟာရပါ အသားအစားထိုး ျဖည့္ဆည္းေပးႏိုင္ပါတယ္။

ဘာအက်ိဳးေက်းဇူးေတြ ရႏိုင္မလဲ

(၁) ႏွလုံးက်န္းမာေရး ေကာင္းေစတယ္

ပဲပုပ္ပဲ ရဲ႕ ပ႐ိုတင္းဓာတ္ဟာ ႀကီးထြားဖြံ႕ၿဖိဳးမႈ အတြက္ မ႐ွိမျဖစ္ အေရးပါပါတယ္။ ပ႐ိုတင္း ဆိုတာ ႏွလုံးေရာဂါ အမ်ိဳးမ်ိဳးကို ကာကြယ္ေပးႏိုင္စြမ္း႐ွိတဲ့ amino acids ေတြနဲ႔ဖြဲ႕စည္းထားပါတယ္။ amino acids နဲ႔ isoflavones ပါဝင္မႈေၾကာင့္ မေကာင္းတဲ့ ကိုလက္စထေရာ ေတြကို ေလ်ာ့က်ေစပါတယ္။ ေသြးေပါင္ခ်ိန္ကို ထိန္းညႇိေပးၿပီး ႏွလုံးေသြးေၾကာက်န္းမာေရး ကိုလည္း ေကာင္းမြန္ေစႏိုင္ပါတယ္။

(၂) ေသြးဆုံးကိုင္ ေဝဒနာေတြကို သက္သာေစတယ္

ပဲပုပ္ပဲမွာ ပါတဲ့ Isoflavones ေၾကာင့္ပဲ ေသြးဆုံးတဲ့အ႐ြယ္ အမ်ိဳးသမီးေတြမွာ အက္စထ႐ိုဂ်င္ေဟာ္မုန္း ပမာဏကို ထိန္းညႇိေပးႏိုင္ပါတယ္။ ေသြးဆုံးၿပီးတဲ့ အမ်ိဳးသမီးေတြ အေနနဲ႔ ပဲႏို႔၊ ပဲျပား၊ အသားတု အပါအဝင္ ပဲပုပ္ပဲ နဲ႔ ျပဳလုပ္တဲ့ အစားအေသာက္ေတြ စားသုံးျခင္းအားျဖင့္ အက္စထ႐ိုဂ်င္ေလ်ာ့နည္းမႈ နဲ႔ ေသြးဆုံးကိုင္ေဝဒနာေတြကို ကာကြယ္ႏိုင္ပါလိမ့္မယ္။

(၃) အ႐ိုးပြေရာဂါ ကို ကာကြယ္ေပးတယ္၊ သက္သာေစတယ္

ပဲပုပ္ပဲ က ေသြးဆုံးၿပီးအမ်ိဳးသမီးေတြမွာ ျဖစ္တတ္တဲ့ အ႐ိုးပြျခင္းကိုသက္သာေစတဲ့ေဆးတစ္ခြက္ပါ။ အ႐ိုးႂကြပ္ဆတ္ျခင္းနဲ႔ ကယ္လ္စီယမ္ဆုံး႐ႈံးျခင္းတို႔ေၾကာင့္ ဒီအႏၲရာယ္ကို မ်ားေစတာပါ။ အသားက ရတဲ့ ပ႐ိုတင္းက ပဲပုပ္ ကရတဲ့ ပ႐ိုတင္းထက္ ဆီးအတြင္း ကယ္လ္စီယမ္ေရာပါဆုံး႐ႈံးမႈ ပိုမ်ားတယ္ လို႔ ေလ့လာမႈေတြက ေဖာ္ျပထားပါတယ္။ အ႐ိုးသိပ္သည္းမႈ ကို အားျဖည့္ေပးၿပီး အ႐ိုးက်ိဳးအက္မႈ အႏၲရာယ္ကို ေလ်ာ့နည္းေစပါတယ္။

(၄) အစာေျခစနစ္ ကို ေကာင္းမြန္ေစပါတယ္

ပဲပုပ္ပဲ မွာ ႂကြယ္ဝတဲ့ အမွ်င္ဓာတ္က အစာေျခစနစ္ကို ေကာင္းမြန္ေစၿပီး ကိုယ္တြင္းက အဆိပ္အေတာက္ ေတြကို စြန္႔ထုတ္ေပးပါတယ္။ ဒါ့ေၾကာင့္ ဝမ္းေလွ်ာတဲ့သူ ျဖစ္ျဖစ္ ၊ ဝမ္းခ်ဳပ္တတ္တဲ့သူ ျဖစ္ျဖစ္ ေလထိုးေလေအာင့္ ျဖစ္တတ္တဲ့သူ ျဖစ္ျဖစ္ အစာေျခစနစ္ ျပန္ေကာင္းေအာင္လို႔ ပဲပုပ္ပဲကို စားေပးလို႔ ရပါတယ္။

(၅) ကင္ဆာ ကာကြယ္တယ္

ပဲပုပ္ပဲ က ရင္သားကင္ဆာ ကာကြယ္ေပးတယ္ လို႔ ဆိုပါတယ္။ ဒါတင္ မကဘဲ ပဲႏို႔ မ်ားမ်ားေသာက္တတ္တဲ့၊ ပဲပုပ္ပဲ ထုတ္ကုန္ေတြ စားသုံးေလ့႐ွိတဲ့ အမ်ိဳးသားေတြဆိုရင္ ဆီးက်ိတ္ကင္ဆာ ျဖစ္ႏိုင္ေျခကိုပါ ေလ်ာ့နည္းေစတယ္လို႔သိရပါတယ္။

(၆) ဓာတ္တိုးဆန္႔က်င္အာနိသင္ ႐ွိတယ္

ပဲပုပ္ပဲ မွာပါတဲ့ isoflavones ရဲ႕ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြက နာတာ႐ွည္ေရာဂါေတြ အတြက္ အက်ိဳးထူးပါတယ္တဲ့။ ဓာတ္တိုးျခင္းကို ေလ်ာ့က်ေစၿပီး ထိခိုက္မႈ နည္းေစတဲ့ အတြက္ အသည္းထိခိုက္မႈကို ကာကြယ္ႏိုင္ပါတယ္။

(၇) ေသြးအား ေကာင္းေစပါတယ္

ပဲပုပ္ပဲဟာ သံဓာတ္နဲ႔ ေကာ့ပါးဓာတ္ ႂကြယ္ဝတာေၾကာင့္ ေသြးနီဥ ထုတ္လုပ္မႈကို အားေပးၿပီး ေသြးအားေကာင္းေစပါတယ္။ ဒါ့အျပင္ haemoglobin လို႔ေခၚတဲ့ ေအာက္ဆီဂ်င္ သယ္ေပးတဲ့ ေသြးနီဥဆဲလ္ ထုတ္လုပ္မႈ ကိုလည္း အားေပးတာေၾကာင့္ တစ္ကိုယ္လုံးကို ေအာက္ဆီဂ်င္ အျပည့္ရေစပါတယ္။

(၈) အိပ္ေပ်ာ္ေစပါတယ္

ပဲပုပ္ပဲမွာ ပါဝင္တဲ့ မဂၢနီဆီယမ္ဟာ သင့္ကို ညဘက္ ေကာင္းေကာင္း အိပ္ေပ်ာ္ေစမွာ ျဖစ္လို႔ ညည အိပ္မေပ်ာ္တဲ့သူေတြ အားထားသင့္တဲ့ အစားအေသာက္တစ္ခုေနာ္ ။

(၉) အဝမလြန္ေအာင္ ထိန္းေပးၿပီး ကိုလက္စထေရာကို က်ေစတယ္

ပဲပုပ္ပဲက အဝလြန္ျခင္းကို ကာကြယ္ေပးသလို ဝေနတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြမွာလည္း ခါးပတ္လည္ အဆီက်ေစဖို႔ အေထာက္အကူ ျပဳတယ္လို႔ သိရပါတယ္။ လိုအပ္တဲ့ ပ႐ိုတင္း ပမာဏကို ျဖည့္တင္းေပးႏိုင္လို႔ Diet လုပ္ေနသူေတြ အတြက္ အသုံးဝင္တဲ့ အာဟာရ ျဖစ္ပါတယ္။

(၁၀) ခုခံအားကို ေကာင္းမြန္ေစပါတယ္

ပဲပုပ္ပဲမွာ ပါဝင္တဲ့ ပ႐ိုတင္းနဲ႔ အမိုင္ႏိုအက္ဆစ္ တို႔ဟာ ခုခံအားကို အားေပးၿပီး ေရာဂါပိုးေတြကို ကာကြယ္ေပးပါတယ္။

ဒီလို ေကာင္းက်ိဳးေတြ ႐ွိေနတာမို႔ အသားတု စားလို႔ အား႐ွိေစႏိုင္တာေပါ့။ ဒါေပမယ့္ အရည္အေသြး ျပည့္မီတဲ့ အသားတု ျဖစ္ဖို႔ေတာ့ အေရးႀကီးပါတယ္။ တာ႐ွည္ခံဓာတုပစၥည္းေတြ၊ ဆိုးေဆးေတြ ပါဝင္ေနတာ၊ လတ္ဆတ္မႈ မ႐ွိတာ၊ မိႈ တက္ေနတာ စတဲ့ အခ်က္ေတြ႐ွိေနတဲ့ အသားတု ေတြကိုေတာ့ သတိထား ေ႐ွာင္႐ွားသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
အချစ်ရေးမှာ ကျွန်းခံနေသူများ Try ကြည့်သင့်တဲ့ 12 Grapes Under The Table !!!
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service