ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
14 Dec 2020 1:00 pm တွင် တင်ခဲ့သည်
1965 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။

ပြင်ပကနေ အကြောင်းအမျိုးမျိုးနဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတတ်ပါတယ်။ ဒီပိုးတွေဟာ ကျွန်တော်တို့ကို ဖျားနာစေနိုင်တယ်၊ အားအင်ကုန်ခမ်းစေတယ်၊ အလုပ်တာဝန်တွေ ပျက်ယွင်းစေတယ်၊ ရောဂါတွေ ဖြစ်စေတယ်၊ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နှုန်းကိုလည်း နှေးကွေးစေတယ်၊ ဒါ့အပြင် စောစောစီးစီး သေဆုံးနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။

ဒီလို မဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားစနစ်က တာဝန်ယူပေးရပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်တွင်းက ဆဲလ်များ၊ တစ်ရှူးများဟာ ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ ရောဂါပိုးတွေကို ခုခံပေးတယ်၊ ရောဂါပိုးတွေ ထပ်ပြီး ပွားများခြင်းမရှိအောင် ထိန်းချုပ်တယ်၊ ရောဂါပိုးတွေရဲ့ ဆဲလ်နံရံတွေကို ဖျက်ဆီးပြီး အားလျော့စေပါတယ်။ ဒီအတွက် ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

ဘယ်လိုအရာတွေက ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်လဲ။

ပုံမှန်အားဖြင့်တော့ အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။ တစ်ခါတရံမှာ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံ မှားယွင်းတာ၊ အစာအာဟာရ စုံလင်စွာ မစားသုံးတာ၊ ကျန်းမာရေးကို ထိခိုက်စေမယ့် အမူအကျင့်တွေဟာလည်း ကိုယ်ခံအားကို ကျဆင်းစေတတ်ပါတယ်။

အဓိက ကိုယ်ခံအားကို ကျဆင်းစေတဲ့ အချက်တွေကို ပြောရမယ်ဆိုရင်

* အစာအာဟာရကို စုံလင်စွာ မစားသုံးခြင်း၊ အစားရွေးခြင်း၊ ဓာတ်မတည့်သည့်အစားအစာ များစားခြင်း

* ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို အနည်းငယ်သာ စားသုံးခြင်း

* ကျန်းမာရေးအတွက် ဒုက္ခဖြစ်စေတဲ့ အသင့်စား အစားအစာများ၊ ဆီကြော်များ၊ အကင်များ စားသုံးမှုလွန်ကဲခြင်း

* အိပ်ရေးပျက်ခြင်း၊ တစ်နေ့အိပ်ချိန် အလုံအလောက် မရရှိခြင်း

* ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး၊ ကွမ်းယာ စတာတွေကို သုံးစွဲခြင်း

* စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမှု အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာများ

* ရောဂါကို ကုသဖို့အတွက် သောက်နေရတဲ့ ဆေးပြင်းတွေ

* နေရောင်ခြည်နဲ့ ထိတွေ့မှုမရခြင်းကြောင့် ဗီတာမင် ဒီ ဓာတ် ချို့တဲ့ခြင်း

* လေ့ကျင့်ခန်း မလုပ်ခြင်း၊ အထိုင်များခြင်း၊ လှုပ်ရှားမှု နည်းခြင်း

ဒါဆို ကိုယ်ခံအားစနစ်ကို ဘယ်လို ပြန်မြှင့်တင်မလဲ။

အပေါ်မှာ ပြောခဲ့သလိုပဲ၊ ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက်ရော လူ့သက်တမ်း ရှည်ကြာစွာ နေထိုင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကျမသွားစေဖို့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံတွေကို ကျန်းမာရေးအတွက် သင့်တော်အောင် ပြောင်းလဲပြင်ဆင်၍ နေထိုင်သင့်ပါတယ်။ ဘာတွေ အဓိက ပြောင်းလဲရမလဲဆိုရင်

၁။ အိပ်ရေးဝအောင် အိပ်ပါ။

အိပ်ချိန်ဟာ လူတစ်ယောက်အတွက် အလွန် အရေးကြီးပါတယ်။ အိပ်ရေးဝမှ ကိုယ်တွင်းအင်္ဂါတွေဟာ ကောင်းစွာ အလုပ်လုပ်နိုင်မယ်။ အားနည်းနေတဲ့၊ ပျက်စီးနေတဲ့ ခန္ဓာကိုယ်တွင်း ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးလို့ အမြဲတမ်း ရောဂါပိုးတွေကို ခုခံပေးနေရလို့ အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည် မြှင့်တင်ပေးနိုင်ပါတယ်။ ညအိပ်ချိန်ကို အနည်းဆုံး တစ်နေ့ ၇နာရီမှ ၈နာရီထိ ရအောင် အိပ်စက်အနားယူပါ။

၂။ အစာအာဟာရကို ဂရုစိုက်ပါ။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို အစားအစာကနေ အများဆုံးရပါတယ်။ ဒါကြောင့်လည်း ကိုယ် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကိုပဲ ရွေးချယ်စားသုံးဖို့ အရေးကြီးပါတယ်။ အဓိက အမျှင်ဓာတ် ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို များများစားပေးရပါမယ်။ ထပ်ဆောင်းအနေနဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း၊ ဂျုံ စတာတွေကိုလည်း စားပေးဖို့ အရေးကြီးပါတယ်။

၃။ ဖြည့်စွက်စာတွေ အားဆေးတွေ သောက်ပါ။

ဒီအချက်ကတော့ အစားရွေးတဲ့သူတွေ၊ ဓာတ်မတည့် အစားအစာ များတဲ့သူတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို အစားအစာကနေ အများဆုံးရနိုင်တာ ဖြစ်တဲ့အတွက် တချို့သော အစားအစာများကို မစားဘဲ ရှောင်လိုက်တဲ့အခါ အာဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် သင့်တော်မယ့် အားဆေးတွေကို ဆရာဝန်နဲ့ ပြသပြီး ညွှန်းခိုင်းတာ၊ အာဟာရဓာတ် အစုံအလင် ပါတဲ့ ဖြည့်စွက်စာတွေကို စားသုံးပေးတာမျိုး လုပ်သင့်ပါတယ်။

ဆေးသောက်ရမှာကို သဘောမကျဘူး။ အဆင်မပြေဘူးဆိုရင် အာဟာရ ပြည့်ဝစွာ ပါဝင်ပြီး အစားအသောက်သဘောမျိုး စားသုံးပေးလို့ရတဲ့ ကြက်ပါင်းရည်လိုမျိုး အာဟာရတွေကို မှီဝဲပေးလို့ရပါတယ်။ ကြက်ပေါင်းရည်မှာ ပါဝင်တဲ့ Bio Peptide က ကိုယ်ခံအားကို မြင့်တက်စေပါတယ်။ အဆီနဲ့ အငန်ဓာတ် ပါဝင်မှု နည်းတာမျိုးက ပိုကျန်းမာပြီး အာဟာရပြည့်ဝတဲ့ ကိုယ်ခံအား ရရှိစေဖို့ ပံ့ပိုးပေးပါလိမ့်မယ်။

၄။ လေ့ကျင့်ခန်း များများလုပ်ပါ။

လေ့ကျင့်ခန်း လုပ်မှသာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကောင်းပြီး ဇီဝကမ္မ ဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေနိုင်မှာပါ။ ဒါ့အပြင် လေ့ကျင့်ခန်း များများလုပ်ပေးမှ အဆီလောင်ကျွမ်းမှု ဖြစ်ပြီး ကြွက်သားများကို တည်ဆောက်ပေးနိုင်သလို ကိုယ်ခံအားကို မြှင့်တင်ပေးရာ ရောက်ပါတယ်။ ဒီအတွက် တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ လေ့ကျင့်ခန်း၊ အားကစား လုပ်ဖို့ အချိန်ပေးပါ။ အကယ်လို့ ကိုယ်က အလုပ်အရမ်းများတဲ့သူဆိုရင်လည်း တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်လောက်ထိတော့ လေ့ကျင့်ခန်း လုပ်ပေးပါ။ တစ်နေရာထဲမှာ အချိန်အကြာကြီး ထိုင်လေ၊ လူက အဝလွန်ပြီး ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်ပါတယ်။

၅။ မကောင်းတဲ့ အကျင့်တွေကို ဖျောက်ဖျက်ပါ။

ကျန်းမာရေးအတွက် မကောင်းတဲ့ အကျင့်မှန်သမျှ စောစောစီးစီး ဖျောက်နိုင်အောင် ကြိုးစားခြင်းက ကိုယ့်ကို ကျန်းမာပျော်ရွှင်ပြီး သက်တမ်းစေ့ နေနိုင်အောင် ကူညီပေးနိုင်မှာပါ။ ဒါကြောင့် ဆေးလိပ်၊ အရက်သောက်တာ၊ မူးယစ်ဆေးဝါး မှီဝဲတာ၊ ကွမ်းစားတာ၊ အိပ်ရေးအပျက်ခံတာ၊ အလုပ်ကို အလွန်အကျွံလုပ်တာ၊ လှုပ်ရှားမှု နည်းတာ၊ အစားရွေးတာ စတဲ့ အကျင့်တွေကို ကိုယ် ငယ်စဉ်ကတည်းက ဖြည်းဖြည်းချင်း ဖျောက်နိုင်အောင် ကျင့်သွားဖို့ အရေးကြီးတယ်နော်။

ဒါဆို ခုပြောသွားခဲ့တဲ့ အချက်တွေကို နေ့စဉ် ပုံမှန် လိုက်နာပေးခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကျဆင်းမသွားစေအောင် မြှင့်တင်ပေးကြပါစို့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

က်ဆင္းလာတဲ့ ကိုယ္ခံအားစနစ္ကို ဘယ္လိုျပန္ျမႇင့္တင္မလဲ

ကိုယ္ခံအားစနစ္ဆိုတာ ဘာလဲ။

ျပင္ပကေန အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ဘက္တီးရီးယားပိုးေတြ၊ မိႈပိုးေတြ၊ ကပ္ပါးပိုးေကာင္ေတြ၊ ဗိုင္းရပ္စ္ေတြဟာ ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ထဲကို ဝင္ေရာက္လာတတ္ပါတယ္။ ဒီပိုးေတြဟာ ကြၽန္ေတာ္တို႔ကို ဖ်ားနာေစႏိုင္တယ္၊ အားအင္ကုန္ခမ္းေစတယ္၊ အလုပ္တာဝန္ေတြ ပ်က္ယြင္းေစတယ္၊ ေရာဂါေတြ ျဖစ္ေစတယ္၊ ကိုယ္တြင္းအဂၤါေတြရဲ႕ လုပ္ေဆာင္ႏႈန္းကိုလည္း ေႏွးေကြးေစတယ္၊ ဒါ့အျပင္ ေစာေစာစီးစီး ေသဆုံးႏိုင္သည္အထိ ဒုကၡေပးႏိုင္ပါတယ္။

ဒီလို မျဖစ္ရေအာင္ ကာကြယ္ေပးဖို႔အတြက္ ကိုယ္ခံအားစနစ္က တာဝန္ယူေပးရပါတယ္။ ခႏၶာကိုယ္ ေနရာအႏွံ႔မွာ ႐ွိတဲ့ ကိုယ္ခံအားစနစ္တြင္းက ဆဲလ္မ်ား၊ တစ္႐ွဴးမ်ားဟာ ခႏၶာကိုယ္ထဲကို ဝင္လာသမွ် ေရာဂါပိုးေတြကို ခုခံေပးတယ္၊ ေရာဂါပိုးေတြ ထပ္ၿပီး ပြားမ်ားျခင္းမ႐ွိေအာင္ ထိန္းခ်ဳပ္တယ္၊ ေရာဂါပိုးေတြရဲ႕ ဆဲလ္နံရံေတြကို ဖ်က္ဆီးၿပီး အားေလ်ာ့ေစပါတယ္။ ဒီအတြက္ ကိုယ္ခံအားစနစ္ဟာ လူတစ္ေယာက္ရဲ႕ က်န္းမာေရးအတြက္ မ႐ွိမျဖစ္ အခန္းက႑ကေန ပါဝင္ေနပါတယ္။

ဘယ္လိုအရာေတြက ကိုယ္ခံအားစနစ္ကို က်ဆင္းေစႏိုင္လဲ။

ပုံမွန္အားျဖင့္ေတာ့ အသက္အ႐ြယ္ ႀကီးလာတာနဲ႔အမွ် ငယ္စဥ္ကေလာက္ ကိုယ္ခံအားစနစ္ဟာ အလုပ္မလုပ္ႏိုင္ေတာ့ဘဲ အားေလ်ာ့သြားတဲ့အတြက္ ေရာဂါျဖစ္ဖို႔ ပိုၿပီးလြယ္ကူႏိုင္ပါတယ္။ တစ္ခါတရံမွာ ကိုယ့္ရဲ႕ ေန႔စဥ္ ေနထိုင္မႈပုံစံ မွားယြင္းတာ၊ အစာအာဟာရ စုံလင္စြာ မစားသုံးတာ၊ က်န္းမာေရးကို ထိခိုက္ေစမယ့္ အမူအက်င့္ေတြဟာလည္း ကိုယ္ခံအားကို က်ဆင္းေစတတ္ပါတယ္။

အဓိက ကိုယ္ခံအားကို က်ဆင္းေစတဲ့ အခ်က္ေတြကို ေျပာရမယ္ဆိုရင္

* အစာအာဟာရကို စုံလင္စြာ မစားသုံးျခင္း၊ အစားေ႐ြးျခင္း၊ ဓာတ္မတည့္သည့္အစားအစာ မ်ားစားျခင္း

* ဟင္းသီးဟင္း႐ြက္၊ အသီးအႏွံေတြကို အနည္းငယ္သာ စားသုံးျခင္း

* က်န္းမာေရးအတြက္ ဒုကၡျဖစ္ေစတဲ့ အသင့္စား အစားအစာမ်ား၊ ဆီေၾကာ္မ်ား၊ အကင္မ်ား စားသုံးမႈလြန္ကဲျခင္း

* အိပ္ေရးပ်က္ျခင္း၊ တစ္ေန႔အိပ္ခ်ိန္ အလုံအေလာက္ မရ႐ွိျခင္း

* ေဆးလိပ္၊ အရက္၊ မူးယစ္ေဆးဝါး၊ ကြမ္းယာ စတာေတြကို သုံးစြဲျခင္း

* စိုးရိမ္ပူပန္ျခင္း၊ စိတ္ဖိစီးမႈ အစ႐ွိတဲ့ စိတ္က်န္းမာေရးျပႆနာမ်ား

* ေရာဂါကို ကုသဖို႔အတြက္ ေသာက္ေနရတဲ့ ေဆးျပင္းေတြ

* ေနေရာင္ျခည္နဲ႔ ထိေတြ႕မႈမရျခင္းေၾကာင့္ ဗီတာမင္ ဒီ ဓာတ္ ခ်ိဳ႕တဲ့ျခင္း

* ေလ့က်င့္ခန္း မလုပ္ျခင္း၊ အထိုင္မ်ားျခင္း၊ လႈပ္႐ွားမႈ နည္းျခင္း

ဒါဆို ကိုယ္ခံအားစနစ္ကို ဘယ္လို ျပန္ျမႇင့္တင္မလဲ။

အေပၚမွာ ေျပာခဲ့သလိုပဲ၊ ကိုယ္ခံအားစနစ္ဟာ လူတစ္ေယာက္ရဲ႕ က်န္းမာေရးအတြက္ေရာ လူ႕သက္တမ္း ႐ွည္ၾကာစြာ ေနထိုင္ႏိုင္ဖို႔အတြက္ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ကိုယ္ခံအားစနစ္ကို က်မသြားေစဖို႔ ကိုယ့္ရဲ႕ တစ္ေန႔တာ ေနထိုင္စားေသာက္မႈပုံစံေတြကို က်န္းမာေရးအတြက္ သင့္ေတာ္ေအာင္ ေျပာင္းလဲျပင္ဆင္၍ ေနထိုင္သင့္ပါတယ္။ ဘာေတြ အဓိက ေျပာင္းလဲရမလဲဆိုရင္

၁။ အိပ္ေရးဝေအာင္ အိပ္ပါ။

အိပ္ခ်ိန္ဟာ လူတစ္ေယာက္အတြက္ အလြန္ အေရးႀကီးပါတယ္။ အိပ္ေရးဝမွ ကိုယ္တြင္းအဂၤါေတြဟာ ေကာင္းစြာ အလုပ္လုပ္ႏိုင္မယ္။ အားနည္းေနတဲ့၊ ပ်က္စီးေနတဲ့ ခႏၶာကိုယ္တြင္း ဆဲလ္ေတြကို ျပန္လည္ျပဳျပင္ေပးလို႔ အၿမဲတမ္း ေရာဂါပိုးေတြကို ခုခံေပးေနရလို႔ အားနည္းေနတဲ့ ကိုယ္ခံအားစနစ္ကို ျပန္လည္ ျမႇင့္တင္ေပးႏိုင္ပါတယ္။ ညအိပ္ခ်ိန္ကို အနည္းဆုံး တစ္ေန႔ ၇နာရီမွ ၈နာရီထိ ရေအာင္ အိပ္စက္အနားယူပါ။

၂။ အစာအာဟာရကို ဂ႐ုစိုက္ပါ။

ကိုယ္ခံအားစနစ္ကို ျမႇင့္တင္ေပးႏိုင္တဲ့ ဗီတာမင္နဲ႔ အာဟာရဓာတ္ေတြကို အစားအစာကေန အမ်ားဆုံးရပါတယ္။ ဒါေၾကာင့္လည္း ကိုယ္ က်န္းမာေရးအတြက္ အေထာက္အကူျဖစ္ေစမယ့္ အစားအစာေတြကိုပဲ ေ႐ြးခ်ယ္စားသုံးဖို႔ အေရးႀကီးပါတယ္။ အဓိက အမွ်င္ဓာတ္ ပါဝင္မႈမ်ားတဲ့ ဟင္းသီးဟင္း႐ြက္၊ အသီးအႏွံေတြကို မ်ားမ်ားစားေပးရပါမယ္။ ထပ္ေဆာင္းအေနနဲ႔ အသား၊ ငါး၊ ဥအမ်ိဳးမ်ိဳး၊ ပဲအမ်ိဳးမ်ိဳး၊ အေစ့အဆန္၊ ႏို႔ထြက္ပစၥည္း၊ ဂ်ံဳ စတာေတြကိုလည္း စားေပးဖို႔ အေရးႀကီးပါတယ္။

၃။ ျဖည့္စြက္စာေတြ အားေဆးေတြ ေသာက္ပါ။

ဒီအခ်က္ကေတာ့ အစားေ႐ြးတဲ့သူေတြ၊ ဓာတ္မတည့္ အစားအစာ မ်ားတဲ့သူေတြအတြက္ ပိုၿပီး သင့္ေလ်ာ္ပါတယ္။ လိုအပ္တဲ့ ဗီတာမင္ဓာတ္ေတြကို အစားအစာကေန အမ်ားဆုံးရႏိုင္တာ ျဖစ္တဲ့အတြက္ တခ်ိဳ႕ေသာ အစားအစာမ်ားကို မစားဘဲ ေ႐ွာင္လိုက္တဲ့အခါ အာဟာရဓာတ္ ခ်ိဳ႕တဲ့မႈေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္အတြက္ သင့္ေတာ္မယ့္ အားေဆးေတြကို ဆရာဝန္နဲ႔ ျပသၿပီး ၫႊန္းခိုင္းတာ၊ အာဟာရဓာတ္ အစုံအလင္ ပါတဲ့ ျဖည့္စြက္စာေတြကို စားသုံးေပးတာမ်ိဳး လုပ္သင့္ပါတယ္။

ေဆးေသာက္ရမွာကို သေဘာမက်ဘူး။ အဆင္မေျပဘူးဆိုရင္ အာဟာရ ျပည့္ဝစြာ ပါဝင္ၿပီး အစားအေသာက္သေဘာမ်ိဳး စားသုံးေပးလို႔ရတဲ့ ၾကက္ပါင္းရည္လိုမ်ိဳး အာဟာရေတြကို မွီဝဲေပးလို႔ရပါတယ္။ ၾကက္ေပါင္းရည္မွာ ပါဝင္တဲ့ Bio Peptide က ကိုယ္ခံအားကို ျမင့္တက္ေစပါတယ္။ အဆီနဲ႔ အငန္ဓာတ္ ပါဝင္မႈ နည္းတာမ်ိဳးက ပိုက်န္းမာၿပီး အာဟာရျပည့္ဝတဲ့ ကိုယ္ခံအား ရ႐ွိေစဖို႔ ပံ့ပိုးေပးပါလိမ့္မယ္။

၄။ ေလ့က်င့္ခန္း မ်ားမ်ားလုပ္ပါ။

ေလ့က်င့္ခန္း လုပ္မွသာ ခႏၶာကိုယ္တြင္း ေသြးလည္ပတ္မႈေကာင္းၿပီး ဇီဝကမၼ ျဖစ္စဥ္ေတြကို လ်င္ျမန္စြာ ျဖစ္ပ်က္ေျပာင္းလဲေစႏိုင္မွာပါ။ ဒါ့အျပင္ ေလ့က်င့္ခန္း မ်ားမ်ားလုပ္ေပးမွ အဆီေလာင္ကြၽမ္းမႈ ျဖစ္ၿပီး ႂကြက္သားမ်ားကို တည္ေဆာက္ေပးႏိုင္သလို ကိုယ္ခံအားကို ျမႇင့္တင္ေပးရာ ေရာက္ပါတယ္။ ဒီအတြက္ တစ္ေန႔ကို အနည္းဆုံး နာရီဝက္ေလာက္ေတာ့ ေလ့က်င့္ခန္း၊ အားကစား လုပ္ဖို႔ အခ်ိန္ေပးပါ။ အကယ္လို႔ ကိုယ္က အလုပ္အရမ္းမ်ားတဲ့သူဆိုရင္လည္း တစ္ပတ္ကို ၂ႀကိမ္မွ ၃ႀကိမ္ေလာက္ထိေတာ့ ေလ့က်င့္ခန္း လုပ္ေပးပါ။ တစ္ေနရာထဲမွာ အခ်ိန္အၾကာႀကီး ထိုင္ေလ၊ လူက အဝလြန္ၿပီး ကိုယ္ခံအားစနစ္ကို က်ဆင္းေစႏိုင္ပါတယ္။

၅။ မေကာင္းတဲ့ အက်င့္ေတြကို ေဖ်ာက္ဖ်က္ပါ။

က်န္းမာေရးအတြက္ မေကာင္းတဲ့ အက်င့္မွန္သမွ် ေစာေစာစီးစီး ေဖ်ာက္ႏိုင္ေအာင္ ႀကိဳးစားျခင္းက ကိုယ့္ကို က်န္းမာေပ်ာ္႐ႊင္ၿပီး သက္တမ္းေစ့ ေနႏိုင္ေအာင္ ကူညီေပးႏိုင္မွာပါ။ ဒါေၾကာင့္ ေဆးလိပ္၊ အရက္ေသာက္တာ၊ မူးယစ္ေဆးဝါး မွီဝဲတာ၊ ကြမ္းစားတာ၊ အိပ္ေရးအပ်က္ခံတာ၊ အလုပ္ကို အလြန္အကြၽံလုပ္တာ၊ လႈပ္႐ွားမႈ နည္းတာ၊ အစားေ႐ြးတာ စတဲ့ အက်င့္ေတြကို ကိုယ္ ငယ္စဥ္ကတည္းက ျဖည္းျဖည္းခ်င္း ေဖ်ာက္ႏိုင္ေအာင္ က်င့္သြားဖို႔ အေရးႀကီးတယ္ေနာ္။

ဒါဆို ခုေျပာသြားခဲ့တဲ့ အခ်က္ေတြကို ေန႔စဥ္ ပုံမွန္ လိုက္နာေပးျခင္းျဖင့္ ကိုယ့္ရဲ႕ ကိုယ္ခံအားစနစ္ကို က်ဆင္းမသြားေစေအာင္ ျမႇင့္တင္ေပးၾကပါစို႔ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service