အိမ်ရောင်းရပင်မဲ့ .... အခြေအနေကောင်းနဲ့ ဘဝကိုရှင်သန်သူ

အိမ်ရောင်းရပင်မဲ့ .... အခြေအနေကောင်းနဲ့ ဘဝကိုရှင်သန်သူ - Property Knowledge in Myanmar from iMyanmarHouse.com
12 Dec 2020 12:48 pm တွင် တင်ခဲ့သည်
1309 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

မိတ်ဆွေကောင်းဟုတ်မဟုတ် သိချင်ရင် ခရီးအတူသွားကြည့်ပါတဲ့ မိတ်ဆွေစစ်ဟုတ်မဟုတ်....သိချင်ရင်လည်း အဖွဲ့အစည်းတစ်ခုမှာ လက်တွဲလုပ်ကြည့်ရင် သိလာနိုင်ပါတယ်...ဒါထက် ပိုပြီးအသိနိုင်ဆုံးက မကျန်းမမာဖြစ်လို့ ဆေးရုံဆေးခန်းရောက်တဲ့အခါ လာရောက် အားပေးသူဟာ မိတ်ဆွေအစစ်အမှန်ဆုံးဖြစ်တယ်ဆိုတဲ့ အဆိုအမိန့်က အလွန်မှန်ကန်ပါတယ်။

စာရေးသူနဲ့ ကိုကျော်ဇော်အောင်တို့ဟာ ဘာသာရေး အသင်းတစ်ခုမှာ အတူတူ လက်တွဲလုပ်ရင်းရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေတွေပါ။ ဝမ်းစာအရေး ရှာဖွေကြတဲ့ နေရာမှာတော့ တစ်ဦးနဲ့ တစ်ဦး မတူညီကြပါ။ သူက ကျောင်းဆရာ၊ ကျွန်တော်အလုပ်က ရှေ့နေပါ။ အမျိုးသာသာ သာသနာ ဆောင်ရွက်ကြရာမှာတော့ ဝါသနာတူလို့ လက်တွဲဖြစ်ခဲ့ကြတာပါ။

ဓမ္မမိတ်ဆွေက ကျူရှင်လောကမှာ ကျော်ဇော ဆိုတဲ့အတိုင်း အနှစ် (၃၀) ကျော်မွေးထုတ်ပေးခဲ့တဲ့ အကျော်အမော် တပည့်တွေနဲ့ အောင်မြင်ကျော်ကြားခဲ့သူတစ်ဦးပါ။အခုတော့ အသက်ကြီးလာပြီး သွေးချို၊ ဆီးချို နှလုံးရောဂါတွေ ဖိစီးမှုဒါဏ်ခံရင်းဆေးကုသရတာနဲ့ အရင်းအနှီးတွေလည်း ဆေးဖိုးထဲပါသွားကုန်ပြီးနောက်ဆုံး မိမိအတွယ်တာရဆုံး အသဲနှလုံးကျူရှင်သင်တန်းကြီးတစ်ခုလုံးကိုလည်း ပိတ်လိုက်ရပါတော့တယ်။

ဒါနဲ့လည်းရောဂါက မသက်သာနာတာရှည်ဆိုတော့ ဆေးက အမြဲသောက်နေရတာပေါ့ "ဝိုင်း" ကျူရှင်ပါသင်မပေးနိုင်တဲ့ အခြေအနေအသစ်တစ်ခုကို ဖန်တီးဖို့ပြင်ဆင်ရတော့တာပေါ့။ အနှစ် (၃၀) ကျော် ရင်းနှီးထူထောင်လာခဲ့တဲ့ ကိုယ်ပိုင်မြေနဲ့အိမ်ကို အပြီးရောင်းဖို့ စရန်ငွေ ယူလိုက်ပါတယ်။ မြေနဲ့အိမ်က သူ့ရဲ့အမည်ပေါက်ဖြစ်လို့ ဝယ်သူဘက်က ငွေချေပြီးရင် အမည်ပြောင်းချင်တယ်ဆိုလို့ မြို့တော်စည်ပင်မှာ အရောင်းမြေပုံ ကူးနိုင်ပါတယ်။

အရောင်းမြေပုံကူးတာ ရခါနီမှ ကိုကျော်ဇောရဲ့ ဆီးချိုရောဂါက ပြန်ဖောက်လာလို့ အောင်ရတနာ ဆေးရုံးမှာ အမြန်တက်လိုက်ရပါတယ်။ ရောဂါက လည်း အသည်းအသန်း ပြင်းထန်နေတဲ့အချိန်မှာမှ ဝယ်သူဘက်က အရောင်းမြေပုံရပြီလား ခဏခဏလာမေးနေတယ် အရောင်းမြေပုံရရင် ဒုတိယအရစ်စရန်ငွေပေးမယ်လို့ ဆေးရုံးလာပြီး ပြောနေပါတယ်။ ကိုကျော်ဇော အခြေအနေကိုကြည့်ပြီး အမြန်ငွေရှင်းချင်ပုံရပါတယ်။ဒီအချိန်မှာ ကိုကျော်ဇော အနေနဲ့လည်း အိမ်ရောင်းတာ ဒုတိယအရင် စရန်ငွေရမှ ဆေးကုသစရိတ်တွေပေးနိုင်မှာဖြစ်လို့ဒုတိယအကြိမ်လာပေးတဲ့ သိန်း (၅၀၀)ကို အရမ်းအလိုရှိနေပါတယ်။ ဒါပေမဲ့လည်း သူတို့တောင်းတဲ့ အရောင်းမြေပုံထုတ်မပေးပါဘူး။ ကိုယ်တိုင်းကလည်း ဆေးရုံပေါ်မှာ ပက်လက်ဖြစ်နေပါတယ် ထူပေးမယ့် သူရှိမှ ထ နိုင်တာမို့ ၊ သောကတွေပင်လယ်ဝေရပါတော့တယ်။

ဒီလို ဒုက္ခဝေဒနာတွေခံစားနေရတဲ့အချိန်မှာ မိတ်ဆွေရှေ့နေဖြစ်တဲ့ စာရေးသူကို သတိရသွားတယ်ထင်ပါတယ်။ သူရဲ့ လက်ရှိဒုက္ခနဲ့ အခက်အခဲတွေကို ဖုန်းဆက်ပြီး ပြောပြပါတယ်။ စာရေးသူလည်း ဒီလိုအိမ်ခြံမြေစာချုုပ်စာတမ်း ကိစ္စတွေနဲ့ ပတ်သက်လာရင်အလွယ်တကူဆောင်ရွက်ပေးနိုင်တာမို့ မြို့တော်ခန်းမမှာ အရောင်းမြေပုံ ထုတ်ပေးရတဲ့ကိစ္စတွေကို အမြန်ဆောင်ရွက်ပေးလိုက်ပါတယ်။

ဝယ်သူဘက်ကလည်း အရောင်းမြေပုံ ရတာနဲ့ ဒုတိယ အရစ်ပေးရမယ်ငွေ သိန်း (၅၀၀) ကိုပေးသွားပါတယ်။ ကျန်ငွေကတော့ကိုကျော်ဇော ဆေးရုံးက ဆင်းတဲ့နေ့မှာ ငွေချေမယ် အဲဒီနေ့မှာ မြေနဲ့အိမ်လည်း လက်ရောက်ပေးအပ်ရမယ်။ မြေဂရန် မူရင်းနဲ့ တကွ ဆက်စပ်တဲ့ စာချုပ်စာတမ်းတွေလည်း လက်ရောက်အပ်ဖို့ ကတိတောင်းလို့ ကတိပေးလိုက်ရပါတယ်။

ဒီလိုနဲ့ ကိုကျော်ဇော လည်း အထူးကုဆေးရုံမှာ အထူးဆေးဝါးကောင်းတွေနဲ့ ကုသလိုက်လို့ (၁၀) ရက်အကြာမှာ အထူးသက်သာလာပြီး ဆေးရုံက ခေတ္တာဆင်းခွင့်ရခဲ့ပါတယ်။ ဒါနဲ့ ကျန်တဲ့ငွေတွေ ဝယ်ယူသူဘက်က လာပေးတဲ့နေ့မှာတော့ ရောင်းသူက ပေးရမယ့် မြေနဲ့အိမ်အပါအဝင် အိမ်ဂရန်တွေ လက်ရောက်အပ်လိုက်ပါတယ်။ နောက်တစ်နေ့မှာတော့ ရန်ကုန်မြို့စာချုပ်စာတမ်းရုံးမှာ ဝယ်သူကို အထူးကိုယ်စားလှယ်လွှဲစာ ပေးလိုက်ပါတယ်။

စိတ်လျော့တဲ့ အနေနဲ့ ကိုကျော်ဇော အနေနဲ့ ဆေးကုသစရိတ်က လွဲလို့ ကျန်တဲ့ ငွေတွေပျောက်ပျက်မသွားအောင် မိမိရပ်ကွတ်လမ်းသွယ်အတွင်းမှာ မြေနဲ့အိမ်ပြန်ဝယ်လိုက်တယ်။ အခုဆိုရင် အဆောင်ဆောက်ကာ အိမ်ခန်းငှါးစားဖို့ အမြန်ပြင်ဆင်နေပါပြီ တချိန်က ထိပ်ထိပ်ကြဲကျူရှင်ဆရာကြီးအခုတော့ အဆောင်ပိုင်ရှင်ဖြစ်သွားတဲ့ ကိုကျော်ဇော အတွက် မိတ်ဆွေကောင်းတစ်ယောက်အနေနဲ့ လက်ရှိအခြေအနေတိုင်အောင် ကူညီပေးလိုက်ရလို့ သူမသိနိုင်ပေးမဲ့ စာရေးသူကတော့ သူ့ရဲ့ ကိုယ်စား မြင်တွေ့ရတာ ပီတိဖြစ်ရပါတယ်။

ဒီလိုသာ မကူညီလိုက်ရရင် ယခုအချိန်မှာ စာရေးသူလည်း တစ်သက်လုံး စိတ်ကောင်းမှာ မဟုတ်ပါဘူး။အခုတော့ဖြင့် ကိုကျော်ဇော က ကျန်းကျန်းမာမာ ပြုံပြုံရွှင်ရွှင်နဲ့ သူ့ရဲ့ဆောက်လုပ်ဆဲ အဆောင်သစ်ပေါ်မှာ ကြီးကြပ်နေတာ မြင်တွေ့ရလို့ စာရေးသူဝမ်းသာလို့ မဆုံးပါဘူးနာမကျန်ဖြစ်စဉ်က စာရေးသူကိုသာ ကိုကျော်ဇော သတိမရခဲ့ရင် ဆေးရုံမှာ ဆေးဖိုးတွေပေးရမယ့်ကိစ္စတွေ အိမ်နဲ့ မြေရောင်းတဲ့ကိစ္စနဲ့ ကျန်ငွေတွေရဖို့ ကတိဖျက်ခဲ့ရင် စရန်ငွေရဲ့ (၂)ဆ ပြန်လျော်ရမယ့် ကိစ္စတွေအတွက် ဘယ်လိုများ ဖြစ်ကုန်ပြီလည်းတွေးပြီး ရင်ပူနေခဲ့မိပါတယ်။ အခုတော့ဖြင့် သူ့ရဲ့ ကျန်းမားရွှင်လန်းစွာ ဝမ်းသာနေတဲ့ အပြုံးက စာရေးသူရဲ့ နှလုံးကိုပါ တုနှိုင်းမဲ့ပီတိ တွေ ဖုံးလွှမ်းနေပါတော့တယ်။

လူတိုင်းမိတ်ဆွေကောင်းနဲ့ တွေ့ကြပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ေရာင္းရပင္မဲ့ .... အေျခအေနေကာင္းနဲ႕ ဘဝကိုရွင္သန္သူ

မိတ္ေဆြေကာင္းဟုတ္မဟုတ္ သိခ်င္ရင္ ခရီးအတူသြားၾကည့္ပါတဲ့ မိတ္ေဆြစစ္ဟုတ္မဟုတ္....သိခ်င္ရင္လည္း အဖြဲ႕အစည္းတစ္ခုမွာ လက္တြဲလုပ္ၾကည့္ရင္ သိလာႏိုင္ပါတယ္...ဒါထက္ ပိုျပီးအသိႏိုင္ဆံုးက မက်န္းမမာျဖစ္လို႕ ေဆးရုံေဆးခန္းေရာက္တဲ့အခါ လာေရာက္ အားေပးသူဟာ မိတ္ေဆြအစစ္အမွန္ဆံုးျဖစ္တယ္ဆိုတဲ့ အဆိုအမိန္႕က အလြန္မွန္ကန္ပါတယ္။

စာေရးသူနဲ႕ ကိုေက်ာ္ေဇာ္ေအာင္တို႕ဟာ ဘာသာေရး အသင္းတစ္ခုမွာ အတူတူ လက္တြဲလုပ္ရင္းရင္းနွီးခဲ့ၾကတဲ့ မိတ္ေဆြေတြပါ။ ဝမ္းစာအေရး ရွာေဖြၾကတဲ့ ေနရာမွာေတာ့ တစ္ဦးနဲ႕ တစ္ဦး မတူညီၾကပါ။ သူက ေက်ာင္းဆရာ၊ ကၽြန္ေေတာ္အလုပ္က ေရွ႕ေနပါ။ အမ်ိဳးသာသာ သာသနာ ေဆာင္ရြက္ၾကရာမွာေတာ့ ဝါသနာတူလို႕ လက္တြဲျဖစ္ခဲ့ၾကတာပါ။

ဓမၼမိတ္ေဆြက က်ဴရွင္ေလာကမွာ ေက်ာ္ေဇာ ဆိုတဲ့အတိုင္း အနွစ္ (၃၀) ေက်ာ္ေမြးထုတ္ေပးခဲ့တဲ့ အေက်ာ္အေမာ္ တပည့္ေတြနဲ႕ ေအာင္ျမင္ေက်ာ္ၾကားခဲ့သူတစ္ဦးပါ။အခုေတာ့ အသက္ၾကီးလာျပီး ေသြးခ်ိဳ၊ ဆီးခ်ိဳ နွွလံုးေရာဂါေတြ ဖိစီးမႈဒါဏ္ခံရင္းေဆးကုသရတာနဲ႕ အရင္းအနွီးေတြလည္း ေဆးဖိုးထဲပါသြားကုန္ျပီးေနာက္ဆံုး မိမိအတြယ္တာရဆံုး အသဲႏွလံုးက်ဴရွင္သင္တန္းၾကီးတစ္ခုလံုးကိုလည္း ပိတ္လိုက္ရပါေတာ့တယ္။

ဒါနဲ႕လည္းေရာဂါက မသက္သာနာတာရွည္ဆိုေတာ့ ေဆးက အျမဲေသာက္ေနရတာေပါ့ "ဝိုင္း" က်ဴရွင္ပါသင္မေပးႏိုင္တဲ့ အေျခအေနအသစ္တစ္ခုကို ဖန္တီးဖို႕ျပင္ဆင္ရေတာ့တာေပါ့။ အနွွစ္ (၃၀) ေက်ာ္ ရင္းႏွီးထူေထာင္လာခဲ့တဲ့ ကိုယ္ပိုင္ေျမနဲ႕အိမ္ကို အျပီးေရာင္းဖို႕ စရန္ေငြ ယူလိုက္ပါတယ္။ ေျမနဲ႕အိမ္က သူ႕ရဲ႕အမည္ေပါက္ျဖစ္လို႕ ဝယ္သူဘက္က ေငြေခ်ျပီးရင္ အမည္ေျပာင္းခ်င္တယ္ဆိုလို႕ ျမိဳ႕ေတာ္စည္ပင္မွာ အေရာင္းေျမပံု ကူးႏိုင္ပါတယ္။

အေရာင္းေျမပံုကူးတာ ရခါနီမွ ကိုေက်ာ္ေဇာရဲ႕ ဆီးခ်ိဳေရာဂါက ျပန္ေဖာက္လာလို႕ ေအာင္ရတနာ ေဆးရုံးမွာ အျမန္တက္လိုက္ရပါတယ္။ ေရာဂါက လည္း အသည္းအသန္း ျပင္းထန္ေနတဲ့အခ်ိန္မွာမွ ဝယ္သူဘက္က အေရာင္းေျမပံုရျပီလား ခဏခဏလာေမးေနတယ္ အေရာင္းေျမပံုရရင္ ဒုတိယအရစ္စရန္ေငြေပးမယ္လို႕ ေဆးရုံးလာျပီး ေျပာေနပါတယ္။ ကိုေက်ာ္ေဇာ အေျခအေနကိုၾကည့္ျပီး အျမန္ေငြရွင္းခ်င္ပံုရပါတယ္။ဒီအခ်ိန္မွာ ကိုေက်ာ္ေဇာ အေနနဲ႕လည္း အိမ္ေရာင္းတာ ဒုတိယအရင္ စရန္ေငြရမွ ေဆးကုသစရိတ္ေတြေပးႏိုင္မွာျဖစ္လို႕ဒုတိယအၾကိမ္လာေပးတဲ့ သိန္း (၅၀၀)ကို အရမ္းအလိုရွိေနပါတယ္။ ဒါေပမဲ့လည္း သူတို႕ေတာင္းတဲ့ အေရာင္းေျမပံုထုတ္မေပးပါဘူး။ ကိုယ္တိုင္းကလည္း ေဆးရုံေပၚမွာ ပက္လက္ျဖစ္ေနပါတယ္ ထူေပးမယ့္ သူရွိမွ ထ ႏိုင္တာမို႕ ၊ ေသာကေတြပင္လယ္ေ၀ရပါေတာ့တယ္။

ဒီလို ဒုကၡေဝဒနာေတြခံစားေနရတဲ့အခ်ိန္မွာ မိတ္ေဆြေရွ႕ေနျဖစ္တဲ့ စာေရးသူကို သတိရသြားတယ္ထင္ပါတယ္။ သူရဲ႕ လက္ရွိဒုကၡနဲ႕ အခက္အခဲေတြကို ဖုန္းဆက္ျပီး ေျပာျပပါတယ္။ စာေရးသူလည္း ဒီလိုအိမ္ျခံေျမစာခ်ုဳပ္စာတမ္း ကိစၥေတြနဲ႕ ပတ္သက္လာရင္အလြယ္တကူေဆာင္ရြက္ေပးႏိုင္တာမို႕ ျမိဳ႕ေတာ္ခန္းမမွာ အေရာင္းေျမပံု ထုတ္ေပးရတဲ့ကိစၥေတြကို အျမန္ေဆာင္ရြက္ေပးလိုက္ပါတယ္။

ဝယ္သူဘက္ကလည္း အေရာင္းေျမပံု ရတာနဲ႕ ဒုတိယ အရစ္ေပးရမယ္ေငြ သိန္း (၅၀၀) ကိုေပးသြားပါတယ္။ က်န္ေငြကေတာ့ကိုေက်ာ္ေဇာ ေဆးရုံးက ဆင္းတဲ့ေန႕မွာ ေငြေခ်မယ္ အဲဒီေန႕မွာ ေျမနဲ႕အိမ္လည္း လက္ေရာက္ေပးအပ္ရမယ္။ ေျမဂရန္ မူရင္းနဲ႕ တကြ ဆက္စပ္တဲ့ စာခ်ဳပ္စာတမ္းေတြလည္း လက္ေရာက္အပ္ဖို႕ ကတိေတာင္းလို႕ ကတိေပးလိုက္ရပါတယ္။

ဒီလိုနဲ႕ ကိုေက်ာ္ေဇာ လည္း အထူးကုေဆးရုံမွာ အထူးေဆးဝါးေကာင္းေတြနဲ႕ ကုသလိုက္လို႕ (၁၀) ရက္အၾကာမွာ အထူးသက္သာလာျပီး ေဆးရုံက ေခတၱာဆင္းခြင့္ရခဲ့ပါတယ္။ ဒါနဲ႕ က်န္တဲ့ေငြေတြ ဝယ္ယူသူဘက္က လာေပးတဲ့ေန႕မွာေတာ့ ေရာင္းသူက ေပးရမယ့္ ေျမနဲ႕အိမ္အပါအ၀င္ အိမ္ဂရန္ေတြ လက္ေရာက္အပ္လိုက္ပါတယ္။ ေနာက္တစ္ေန႕မွာေတာ့ ရန္ကုန္ျမိဳ႕စာခ်ဳပ္စာတမ္းရုံးမွာ ဝယ္သူကို အထူးကိုယ္စားလွယ္လႊဲစာ ေပးလိုက္ပါတယ္။

စိတ္ေလ်ာ့တဲ့ အေနနဲ႕ ကိုေက်ာ္ေဇာ အေနနဲ႕ ေဆးကုသစရိတ္က လြဲလို႕ က်န္တဲ့ ေငြေတြေပ်ာက္ပ်က္မသြားေအာင္ မိမိရပ္ကြတ္လမ္းသြယ္အတြင္းမွာ ေျမနဲ႕အိမ္ျပန္ဝယ္လိုက္တယ္။ အခုဆိုရင္ အေဆာင္ေဆာက္ကာ အိမ္ခန္းငွါးစားဖို႕ အျမန္ျပင္ဆင္ေနပါျပီ တခ်ိန္က ထိပ္ထိပ္ၾကဲက်ဴရွင္ဆရာၾကီးအခုေတာ့ အေဆာင္ပိုင္ရွင္ျဖစ္သြားတဲ့ ကိုေက်ာ္ေဇာ အတြက္ မိတ္ေဆြေကာင္းတစ္ေယာက္အေနနဲ႕ လက္ရွိအေျခအေနတိုင္ေအာင္ ကူညီေပးလိုက္ရလို႕ သူမသိႏိုင္ေပးမဲ့ စာေရးသူကေတာ့ သူ႕ရဲ႕ ကိုယ္စား ျမင္ေတြ႕ရတာ ပီတိျဖစ္ရပါတယ္။

ဒီလိုသာ မကူညီလိုက္ရရင္ ယခုအခ်ိန္မွာ စာေရးသူလည္း တစ္သက္လံုး စိတ္ေကာင္းမွာ မဟုတ္ပါဘူး။အခုေတာ့ျဖင့္ ကိုေက်ာ္ေဇာ က က်န္းက်န္းမာမာ ျပံဳျပံဳရႊင္ရႊင္နဲ႕ သူ႕ရဲ႕ေဆာက္လုပ္ဆဲ အေဆာင္သစ္ေပၚမွာ ၾကီးၾကပ္ေနတာ ျမင္ေတြ႕ရလို႕ စာေရးသူဝမ္းသာလို႕ မဆံုးပါဘူးနာမက်န္ျဖစ္စဥ္က စာေရးသူကိုသာ ကိုေက်ာ္ေဇာ သတိမရခဲ့ရင္ ေဆးရုံမွာ ေဆးဖိုးေတြေပးရမယ့္ကိစၥေတြ အိမ္နဲ႕ ေျမေရာင္းတဲ့ကိစၥနဲ႕ က်န္ေငြေတြရဖို႕ ကတိဖ်က္ခဲ့ရင္ စရန္ေငြရဲ႕ (၂)ဆ ျပန္ေလ်ာ္ရမယ့္ ကိစၥေတြအတြက္ ဘယ္လိုမ်ား ျဖစ္ကုန္ျပီလည္းေတြးျပီး ရင္ပူေနခဲ့မိပါတယ္။ အခုေတာ့ျဖင့္ သူ႕ရဲ႕ က်န္းမားရႊင္လန္းစြာ ၀မ္းသာေနတဲ့ အျပံဳးက စာေရးသူရဲ႕ နွလံုးကိုပါ တုႏိႈင္းမဲ့ပီတိ ေတြ ဖံုးလႊမ္းေနပါေတာ့တယ္။

လူတိုင္းမိတ္ေဆြေကာင္းနဲ႕ ေတြ႕ၾကပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service