ဆေးဖက်ဝင်တဲ့သင်္ဘောသီး

ဆေးဖက်ဝင်တဲ့သင်္ဘောသီး - Property Knowledge in Myanmar from iMyanmarHouse.com
12 Dec 2020 11:11 am တွင် တင်ခဲ့သည်
5466 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

သင်္ဘောပင်က နေရာတိုင်းလိုလိုမှာ လွယ်ကူစွာ အလေ့ကျပေါက်လွယ်တဲ့အပင်တစ်မျိုးဖြစ်ပြီး သူ့အသီးရဲ့အရသာကလည်း ကောင်းလွန်းပါတယ်။ သင်္ဘောသီးဆိုရင် အမှည့်စားမလား အစိမ်းကိုဆိုရင် အချိုသုပ်သုပ်စားမလား အစပ်သုပ်သုပ်စားမလား နှစ်သက်သလို စားလို့ရတာကြောင့် လူတွေအစားများတဲ့ အသီးတစ်မျိုးလို့ဆိုရပါမယ်။ သူ့ရဲ့ဆေးဖက်ဝင်မှုကလည်း လူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး အထောက်အကူပြုလွန်းပါတယ်။

ကိုလက်စထရောကို လျော့ကျစေခြင်း

သင်္ဘောသီးမှာ အမျှင်ဓာတ်များစွာပါသလို ဗီတာမင်စီ နဲ့အခြားအာဟာရဓာတ်သဘာဝတွေလည်း ပါဝင်နေခြင်းကြောင့် သွေးထဲမှာ ကိုလက်စထရောတည်ရှိမှုကို ဖယ်ရှားကာကွယ်ပေးကြောင်းတွေ့ရှိရပါတယ်။ သွေးထဲမှာ ကိုလက်စထရောများခြင်းဟာ သွေးကြောတွေကိုပိတ်စေပြီး ရုတ်တရက်လေဖြတ်ခြင်းတို့ နှလုံးလေဟတ်ခြင်းတို့ကို ဖြစ်ပေါ်စေတတ်ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေခြင်း

အလယ်အလတ်အရွယ်အစားရှိ သင်္ဘောသီးတစ်လုံးမှာ ကယ်လိုရီ ၁၂၀ ပါဝင်ပါတယ်။ တကယ်လို့ ကိုယ်အလေးချိန်ဝိတ်ချဖို့ ကြိုးစားနေသူများအတွက် ဒီအသီးလေးကို နှစ်သက်စွာစားသုံးပေးခြင်းဟာ လုံးဝသင့်တော်ပါကြောင်း ထောက်ခံလိုပါတယ်။ အဓိကအားဖြင့် ပါဝင်နေတဲ့အမျှင်ဓာတ်တွေက ဝိတ်ကျစေဖို့ အထောက်အကူပြုခြင်း၊ စားလိုက်တဲ့အခါ အာသီသပြေစေပြီး ဗိုက်ပြည့်စေခြင်းနဲ့ အဆာခံစေခြင်းတို့ကြောင်းဖြစ်ပါတယ်။

 ကိုယ်ခံအား ကောင်းစေခြင်း

လူတွေမှာကိုယ်ခံအားစနစ်ဟာ အပြင်မှမမြင်ရတဲ့ ရောဂါဘယမျိုးစုံကို ကာကွယ်တိုက်ဖျက်ပေးတဲ့ ခံတပ်ကြီးနဲ့တူပါတယ်။ သင်္ဘောသီးတစ်လုံးဟာ လူတွေနေ့စဉ်နဲ့အမျလိုအပ်တဲ့ ဗီတာမင် စီတွေကို များစွာဖြည့်တင်းပေးနိုင်တာကြောင့် လူရဲ့ကိုယ်ခံအားစနစ် တည်ဆောက်မှုမှာ များစွာအထောက်အကူပြု ခြင်းပင်ဖြစ်ပါတယ်။

ဆီးချိုအတွက် ကောင်းခြင်း

သဘာဝအားဖြင့် သင်္ဘောသီးရဲ့အရသာဟာ ချိုပေမယ့် သူ့မှာသကြားဓတ်ပါဝင်မှု နည်းပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေအတွက် သဘောင်္သီးကို အကောင်းဆုံးအသီးလို့တောင် ပြောဆိုကြပါတယ်။ သူ့မှာပါဝင်တဲ့ ဗီတာမင်နဲ့ phytonutrients လို့ခေါ်တဲ့အာဟာရဓာတ်သဘာဝက ဆီးချိုနဲ့ပတ်သက်ပြီး ဖြစ်တတ်တဲ့ နှလုံးရောဂါဖြစ်ပွားမှုကို ကောင်းစွာကာကွယ်ပေးပါတယ်။ ဒါကြောင့် ဆီးချိုရောဂါမရှိတဲ့သူတွေအနေနဲ့လည်း သဘောင်္သီးကိုစားပေးခြင်းဖြင့် နှလုံးရောဂါမဖြစ်ပွားအောင် ကာကွယ်နိုင်ကြောင်းလည်း ဖော်ပြထားကြပါတယ်။

မျက်စိအတွက် ကောင်းခြင်း

သင်္ဘောသီးမှာ ဗီတာမင် အေ နဲ့ flavonoids လိုမျိုး beta-carotene၊ zeaxanthin ၊ cyptoxanthin နဲ့ lutein တို့ပေါများစွာပါဝင်တာကြောင့် မျက်စိကျန်းမာရေးနဲ့ပတ်သက်ပြီး မျက်ကြည်လွှာတွေပျက်စီးယိုယွင်းခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် A ကလည်း အသက်အရွယ်ကြောင့် မျက်စိကြွက်သားများလျော့ရဲ အားနည်းလာခြင်းတို့ကို ကာကွယ်ပေးပါတယ်။

အဆစ်ရောင်ရောဂါကို ကာကွယ်ပေးခြင်း

အဆစ်အမြစ်ရောင်ရောဂါကို ခံစားနေရသူများအတွက် သင်္ဘောသီးကို စားပေးခြင်းဟာ အရိုးတွေအတွက် တကယ့်ကို အထောက်အကူပြုပါတယ်။ Annals of the Rheumatic Diseases က ဗီတာမင်စီ အားနည်းတဲ့သူတွေဟာ အဆစ်ရောင်ရောဂါပိုမိုဖြစ်ပွားနိုင်ကြောင်း လေ့လာဖော်ပြထားကြပါတယ်။ သဘောင်္သီးမှာပါဝင်တဲ့ ဗီတာမင် စီဟာ အဆစ်အမြစ်ရောင်ရောဂါ မဖြစ်ပွားနိုင်အောင် ကာကွယ်ပေးတာကြောင့် သဘောင်္သီးကို ဆေးဘက်ဝင်အနေနဲ့ရော စားသုံးဖိုးကောင်းပါတယ်။

အစာကြေဖျက်မှုကို ကောင်းစေခြင်း

အစာကြေဖျက်မှုအားနည်းသူတွေအနေနဲ့ သင်္ဘောသီးကို မှန်မှန်စားပေးခြင်း ဝမ်းမှန်မှန်သွားကာ အစာမကြေဖြစ်ခြင်းတို့ ကင်းဝေးစေနိုင်ပါတယ်။ လူတွေမှာ အစာကြေဖျက်မှုအားကောင်းသူတွေ ရှိသလို အစာကြေဖျက်မှုအားနည်းတဲ့သူတွေလည်းရှိကြပါတယ်။ အစာမကြေလို့ ခံစားရတဲ့ဝေဒနာတွေ သက်သာစေဖို့ သဘောင်္သီးကို မှန်မှန်စားပေးနိုင်ခြင်းဟာ အကောင်းဆုံးဘဲဖြစ်ပါတယ်။

အရွယ်တင်ခြင်း

လူတွေဟာ ဘယ်လောက်ဘဲ အိုမင်းရင့်ရော်ခြင်းဆိုတဲ့ သဘာဝတရားကို လက်ခံထားကြပေမယ့် အတတ်နိုင်ဆုံး အိုမင်းရင့်ရော်မှုရဲ့ သရုပ်ကို မလိုချင်ကြပါ။ ဒါကြောင့် နုပျိုနိုင်စွာ နေနိုင်ဖို့ကြိုးစားတတ်ကြပါတယ်။ သင်္ဘောသီးမှာ အိုမင်းမှုရဲ့ သရုပ်တွေဖြစ်တဲ့ အရေးအကြောင်းထင်တာတွေကို ပျောက်စေတဲ့ အာနိသင်တွေပါဝင်နေပါတယ်။ သင်္ဘောသီးမှာ ပေါများစွာပါဝင်နေတဲ့ ဗီတာမင် စီ နဲ့အီး တို့က အရေးအကြေင်းထင်တာတွေကို များစွာ ကာကွယ်ပေးတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သင်္ဘောသီးကို ပုံမှန်စားပေးခြင်းဟာ အရွယ်တင်စေဖိုကအတွက်လည်း အထောက်အကူပြုနေတယ်ဆိုတာ သတိရလိုက်ပါ။

ဆံပင်ကို အားကောင်းစေခြင်း

သင်္ဘောသီးမှာ ပါဝင်တဲ့ ဓာတ်သဘာဝတွေဟာ ဆံပင်ကို အားကောင်းစေခြင်း၊ တောက်ပြောင်စေခြင်း ၊ ဗောက်ကင်းစေခြင်း ၊ ဆံပင်ကျွတ်ခြင်းတို့ကိုသက်သာစေခြင်းအစရှိတဲ့ ကောင်းကျိုးကိုပါ စွမ်းဆောင်ပေးပါတယ်။

ကင်ဆာကို ကာကွယ်ပေးခြင်း

Harvard School of Public Health’s Department က သင်္ဘောသီးမှာပါဝင်တဲ့ beta caroteneဟာ အမျိုးသားလိင်အဂါင်္အကျိတ်ကင်ဆာ နဲ့ အူမကြီးကင်ဆာဖြစ်ပွားမှုတို့ကို ဆန့်ကျင်တိုက်ဖျက်ပေးကြောင်း လေ့လာဖော်ပြထားပါတယ်။

 စိတ်ဖိစီးမှုကို လျော့ကျစေခြင်း

လူတွေမှာ တစ်နေကုန်အလုပ်လုပ်ရလို့ပင်ပန်းနွမ်းနယ်လာတဲ့အခါ စိတ်ပင်ပန်းမှုကိုယ်ပင်ပန်းမှု ဖြစ်တတ်ကြပါတယ်။ University of Alabama ကလည်း သင်္ဘေညသီးမှာ ပါဝင်တဲ့ ဗီတာမင်စီ က စိတ်ဖိစီးပင်ပန်းမှုတွေကို လျော့ကျပြေပျောက်စေဖို့ကူညီနိုင်ကြောင်း ဖော်ပြထားကြပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Based on Internet sources

 

[Zawgyi]

















အရွယ်တင်ခြင်း












နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သေတမ်းစာတစ်စောင် ပြုလုပ်ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service