မိမိပိုင်ခြံဝင်းတွင်း ကျွန်းပင်စိုက်ပျိုးထားရင် ပိုင်ဆိုင်ခွင့်ရှိပါသလား။

မိမိပိုင်ခြံဝင်းတွင်း ကျွန်းပင်စိုက်ပျိုးထားရင် ပိုင်ဆိုင်ခွင့်ရှိပါသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
11 Dec 2020 12:55 pm တွင် တင်ခဲ့သည်
2188 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ယခင်ကတော့ ကိုယ့်အိမ်ယာဝင်းထဲ စိုက်ထားတဲ့ကျွန်း အစိုးရကျွန်း ဆိုပြီး အမြစ်က လှန်တူးယူသွားတဲ့ခေတ် မဟုတ်တော့ပါဘူး။ သို့ရာတွင် ဥပဒေနည်းလမ်းတစ်ကျ လုပ်ထားဖို့တော့ လိုအပ်ပါတယ်။

လက်ရှိအနေအထားအရမြန်မာပြည်တွင်း၌သစ်တောတွေ တောပြုန်းနေတာများပါပြီ။ ဒီတောပြုန်း ဧရိယာတွေကို အစိုးရပိုင်းကလည်း နိုင်ငံတော်ဘတ်ဂျက်နဲ့ ပြန်စိုက်ကြပါတယ်။ စိုက်လိုက်၊ သစ်ခိုးသမားတွေက ခိုးလိုက်နဲ့ အရာမထင်တာတွေရှိလေတော့ နိုင်ငံတော်က စီးပွါးရေး လုပ်ငန်းရှင်တွေကို ကျွန်းစိုက်ခင်း၊ သစ်မာစိုက်ခင်း၊ စက်မှုကုန်ကြမ်းသီးနှံစိုက်ခင်း ဥပဒေနဲ့အညီ အဖြစ် မြေနေရာ လျှောက်ထားရင် အစိုးရက တရားဝင် စိုက်ပျိုးခွင့်၊ ပိုင်ဆိုင်ခွင့် ချထားပေးနေပါပြီ။

ထိုသစ်တောစိုက်ခင်းတွေက ထွက်လာတဲ့ ကျွန်း၊ သစ်မာ နဲ့ အခြား စက်မှုကုန်ကြမ်း သီးနှံတွေကို သယ်ယူခွင့်၊ ပြည်တွင်းသာမက၊ နိုင်ငံတကာကို အထိ ကူးသန်းရောင်းချခွင့်တွေပါ ပေးနေပါပြီ။

လုပ်ငန်းရှင်တွေ အပိုင်းကလည်း ဒါတွေကို မျက်ခြေမပြတ်ဖို့ လိုပါတယ်။ အရင်လိုပဲ သစ်တောထဲက သစ်သယ်ရင် ဖမ်းတယ် ကိုယ်ပိုင်စိုက်မရဘူး၊ ရင်းနှီးမြုပ်နှံမှုမပြုသင့်ဘူး ဆိုတဲ့ အတွေးတွေကို Upgrade လုပ်သင့်နေပါပြီ။

အဲ့ဒီတော့ ကိုယ်ပိုင်ခြံဝင်းထဲမှာစိုက်ထားတဲ့ အပင်တွေကို ရော တရားဝင် ဖြစ်အောင်ဘယ်လို ဆောင်ရွက်မလဲ ဆိုတာလည်း သိဖို့ လိုပါတယ်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သည် ၂၀၁၈ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၂၉)၊ သစ်တောဥပဒေ ပုဒ်မ (၈)၊ ပုဒ်မခွဲ(ခ)အရ အောက်ဖော်ပြပါနေရာဒေသများတွင် စိုက်ပျိုးထားသော ကျွန်းပင်များကို စိုက်ပျိုးလုပ်ကိုင်သည့် သက်ဆိုင်ရာ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ ပိုင်ဆိုင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်-

(၁) သစ်တောနယ်မြေအတွင်း ခွင့်ပြုချက်ရယူပြီး တည်ထောင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊

(၂) သစ်တောနယ်မြေပြင်ပတွင် တည်ထောင်ပြီး သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကျွန်းစိုက်ခင်းရှိ ကျွန်းပင်များ၊

(၃) ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းအဖြစ် တည်ထောင်ထားသည့် နယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ၊

(၄) နေအိမ်ခြံဝန်းများအတွင်း စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ” လို့ ဆိုထားပါတယ်။

(၅) ပုဂ္ဂလိက ပိုင်ဆိုင်သည့်မြေ၊ အများပိုင်မြေ၊ သာသနာ့မြေ၊ ဌာနဆိုင်ရာပိုင်မြေနှင့် တပ်ရင်း၊တပ်ဖွဲ့ပိုင်မြေများတွင် စိုက်ပျိုးပြီး သက်ဆိုင်ရာနယ်မြေရှိ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကျွန်းပင်များ” ကို ပိုင်ဆိုင်ခွင့်ပြုကြောင်း အတည်ပြုပြဌာန်းလိုက်ပါသည်။

အဲ့ဒီတော့ ကျွန်း၊ သစ်စိုက်ပျိုးရေး သမားတွေအနေနဲ့ စိုက်ပျိုးထားတဲ့ ကျွန်းအပါအဝင် သစ်မာပင်တွေကို စတင်စိုက်ပျိုးသည့်အချိန်ကစပြီး ၁နှစ်/၂နှစ်အတွင်း သက်ဆိုင်ရာ မြို့နယ်ရှိ သစ်တောရုံးမှာသွားပြီး မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။

ပထမဆုံး အချက်အနေနဲ့ မှတ်ပုံတင်ရမယ့် မြေဟာ မိမိတရားဝင် ပိုင်ဆိုင်တဲ့မြေ ဖြစ်ရပါတယ်။

အဲ့ဒီမြေပိုင်ဆိုင်မှု အထောက်အထားတွေနဲ့အတူ ကိုယ်တိုင်ရေးလျှောက်လွှာတစ်စောင်ရေးပြီး မြို့နယ်သစ်တောဦးစီးဌာနမှာ လျှောက်ထားရပါမယ်။

လျှောက်ထားပြီးရင် မြို့နယ်သစ်တော ဦးစီးမှူးက သက်ဆိုင်ရာ တောအုပ်ကြီး၊ ဘိနယ် တာဝန်ခံတွေကို ကွင်းဆင်း စစ်ဆေးစေပြီး ကွင်းဆင်းစစ်ဆေးအစီရင်ခံစာကို သက်ဆိုင်ရာအထက်ကို အဆင့်ဆင့်တင်ပြပေးပြီးမှ မှတ်ပုံတင် ထုတ်ပေးမှာ ဖြစ်ပါတယ်။

အဲ့ဒီတော့ ကျွန်းအပါအဝင် မိမိတို့ခြံဝင်းအတွင်းစိုက်ထားတဲ့ သစ်တောသစ်ပင်တွေ တစ်ချိန်မှာ တရားဝင် ထုတ်လုပ် ရောင်းချခွင့်ရဖို့အတွက် သစ်တောရုံးမှာ အမြန်ဆုံး မှတ်ပုံတင်ကြပါလို့ ဖော်ပြပေးခြင်းဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]






















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
Aung Theikdi Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service