တစ်နိုင်ငံလုံးမှာနှစ်စဉ်ပျမ်းမျှ အိမ်ရာ (၃၀၀၀၀) ကျော်ထုတ်လုပ်ပေးဖို့ လိုအပ်နေ

တစ်နိုင်ငံလုံးမှာနှစ်စဉ်ပျမ်းမျှ အိမ်ရာ (၃၀၀၀၀) ကျော်ထုတ်လုပ်ပေးဖို့ လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
11 Dec 2020 12:07 pm တွင် တင်ခဲ့သည်
654 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

တစ်နိုင်ငံလုံးမှာတိုးပွားလာတဲ့လူဦးရေအရပျမ်းမျှ အိမ်ရာ (၃၀၀၀၀)ကျော်ထုတ်လုပ်ပေးဖို့လိုအပ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်ကပြောကြားလိုက်ပါတယ်။

အမှန်တကယ်လိုအပ်နေတဲ့ပမာဏထက်ရာခိုင်နှုန်းအားဖြင့်၂၀ ရာခိုင်နှုန်းလောက်သာထုတ်လုပ်တည်ဆောက်ပေးနိုင်တာကြောင့် ပိုပိုပြီးတည်ဆောက်နိုင်ဖို့လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်

မြေ၊ဘဏ္ဍာငွေအရင်းအမြစ်နှင့်ထုတ်လုပ်နိုင်စွမ်းအရလိုအပ်ချက်၏ရာခိုင်နှုန်း၂၀ ကိုသာကိုပဲလက်ရှိမှာအကောင်အထည်ဖော်နိုင်သေးတာပါ။

နှစ်နှစ်ဆယ်အတွင်းခန့်မှန်းခြေ ၂၀၁၁ ခုနှစ်မှ ၂၀၃၀ပြည့်နှစ်အထိလူဦးရေတိုးနှုန်းအရအိမ်ရာတစ်သန်းလိုအပ်နေမှာဖြစ်ပြီးနှစ်စဉ်ပျမ်းမျှအိမ်ရာ၃၀၀၀၀ ကျော်ထုတ်လုပ်ပေးဖို့လိုအပ်တယ်လို့နိုင်ငံတကာပညာရှင်တွေရဲ့ခန့်မှန်းတွက်ချက်မှုကိုပြည်ထောင်စုဝန်ကြီးက ကိုးကားပြောဆိုလိုက်တာပါ။

အလုံးအရင်းနဲ့အိမ်ရာတွေဖော်ထုတ်တည်ဆောက်ဖို့လိုအပ်နေသလို အိမ်ရာတွေဝယ်ယူနိုင်စွမ်းရှိဖို့ပြည်သူတွေကိုလည်း အတိုးနှုန်းသက်သာတဲ့အိမ်ရာချေးငွေတွေရရှိဖို့အရေးကြီးပါတယ်။

မြန်မာနိုင်ငံ၏အိမ်ရာချေးငွေကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၂၀၁၈ တွင်ဂျပန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအေဂျင်စီ (JICA) ကနှစ်ရှည်အတိုးနှုန်းသက်သာသော ODA Two Step Loan ဖြင့်ကာလရှည်ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ODA Two Step Loan ဖြင့် ဇူလိုင်လကုန်အထိအိမ်ရာဝယ်ယူလိုသူ၁,၈၆၈ဦးအပါအဝင်စုစုပေါင်းအိမ်ရာဝယ်ယူလိုသူ ၅,၀၄၁ဦးကိုငွေချေးပေးခဲ့ပြီးဖြစ်ပါတယ်။

ပြည်သူ့အိမ်ရာများအကောင်အထည်ဖော်တည်ဆောက်ရာတွင်ရေ၊မီး၊လမ်း၊အခြေခံအဆောက်အအုံများပြည့်စုံစေရန်အပြင် အိမ်ရာနေသူများ၏လူမှုရေးလိုအပ်ချက်ဖြစ်သည့်ဈေး၊ကျောင်း၊ဆေးခန်း၊အားကစားကွင်းနှင့်ပန်းခြံများပါရှိမည်ဖြစ်ပြီးအငှားအိမ်ရာဈေးကွက်တွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခေါ်နိုင်သည့်အစီအမံများကိုဖော်ထုတ်ရန်လည်းစီစဉ်ဆောင်ရွက်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်ကပြောသည်။

အိမ်ရာစီမံကိန်းကို Private Finance Initiative စနစ်ဖြင့်ပုဂ္ဂလိကကုမ္ပဏီအသင်းအဖွဲ့များမှဦးစွာပထမငွေကြေးအရင်းအနှီးစိုက်ထုတ်၍တည်ဆောက်ပြီး ပိုလျှံလာမည့်ဘတ်ဂျက်ထဲမှအစိုးရကပြန်လည်ပေးချေမည့်စနစ်ဖြင့်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ထိုစီမံကိန်းများကို မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်၊မြန်မာမြို့ပြနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းရှင်များအသင်းနှင့်မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းချုပ်တို့က လုပ်ကိုင်ခွင့်ရထားသည်။

နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

တစ္ႏိုင္ငံလုံးမွာႏွစ္စဥ္ပ်မ္းမွ် အိမ္ရာ (၃၀၀၀၀) ေက်ာ္ထုတ္လုပ္ေပးဖို႔ လိုအပ္ေန

တစ္ႏိုင္ငံလုံးမွာတိုးပြားလာတဲ့လူဦးေရအရပ်မ္းမွ် အိမ္ရာ (၃၀၀၀၀)ေက်ာ္ထုတ္လုပ္ေပးဖို႔လိုအပ္ေနတယ္လို႔ ေဆာက္လုပ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးဦးဟန္ေဇာ္ကေျပာၾကားလိုက္ပါတယ္။

အမွန္တကယ္လိုအပ္ေနတဲ့ပမာဏထက္ရာခိုင္ႏႈန္းအားျဖင့္၂၀ ရာခိုင္ႏႈန္းေလာက္သာထုတ္လုပ္တည္ေဆာက္ေပးႏိုင္တာေၾကာင့္ ပိုပိုၿပီးတည္ေဆာက္ႏိုင္ဖို႔လုပ္ေဆာင္ေနတယ္လို႔ ျပည္ေထာင္စုဝန္ႀကီးကေျပာပါတယ္

ေျမ၊ဘ႑ာေငြအရင္းအျမစ္ႏွင့္ထုတ္လုပ္ႏိုင္စြမ္းအရလိုအပ္ခ်က္၏ရာခိုင္ႏႈန္း၂၀ ကိုသာကိုပဲလက္႐ွိမွာအေကာင္အထည္ေဖာ္ႏိုင္ေသးတာပါ။

ႏွစ္ႏွစ္ဆယ္အတြင္းခန္႔မွန္းေျခ ၂၀၁၁ ခုႏွစ္မွ ၂၀၃၀ျပည့္ႏွစ္အထိလူဦးေရတိုးႏႈန္းအရအိမ္ရာတစ္သန္းလိုအပ္ေနမွာျဖစ္ၿပီ းႏွစ္စဥ္ပ်မ္းမွ်အိမ္ရာ၃၀၀၀၀ ေက်ာ္ထုတ္လုပ္ေပးဖို႔လိုအပ္တယ္လို ႔ႏိုင္ငံတကာပညာ႐ွင္ေတြရဲ႕ခန္႔မွန္းတြက္ခ်က္မႈကိုျပည္ေထာင္စုဝန္ႀကီးက ကိုးကားေျပာဆိုလိုက္တာပါ။

အလုံးအရင္းနဲ႔အိမ္ရာေတြေဖာ္ထုတ္တည္ေဆာက္ဖို႔လိုအပ္ေနသလို အိမ္ရာေတြဝယ္ယူႏိုင္စြမ္း႐ွိဖို႔ျပည္သူေတြကိုလည္း အတိုးႏႈန္းသက္သာတဲ့အိမ္ရာေခ်းေငြေတြရ႐ွိဖို႔အေရးႀကီးပါတယ္။

ျမန္မာႏိုင္ငံ၏အိမ္ရာေခ်းေငြက႑ဖြံ႕ၿဖိဳးတိုးတက္ေစရန္၂၀၁၈ တြင္ဂ်ပန္အျပည္ျပည္ဆိုင္ရာဖြံ႕ၿဖိဳးေရးေအဂ်င္စီ (JICA) ကႏွစ္႐ွည္အတိုးႏႈန္းသက္သာေသာ ODA Two Step Loan ျဖင့္ကာလ႐ွည္ေခ်းေငြမ်ားထုတ္ေခ်းေပးလ်က္႐ွိရာ ODA Two Step Loan ျဖင့္ ဇူလိုင္လကုန္အထိအိမ္ရာဝယ္ယူလိုသူ၁,၈၆၈ဦးအပါအဝင္စုစုေပါင္းအိမ္ရာဝယ္ယူလိုသူ ၅,၀၄၁ဦးကိုေငြေခ်းေပးခဲ့ၿပီးျဖစ္ပါတယ္။

ျပည္သူ႕အိမ္ရာမ်ားအေကာင္အထည္ေဖာ္တည္ေဆာက္ရာတြင္ေရ၊မီး၊လမ္း၊အေျခခံအေဆာက္အအုံမ်ားျပည့္စုံေစရန္အျပင္ အိမ္ရာေနသူမ်ား၏လူမႈေရးလိုအပ္ခ်က္ျဖစ္သည့္ေဈး၊ေက်ာင္း၊ေဆးခန္း၊အားကစားကြင္းႏွင့္ပန္းျခံမ်ားပါ႐ွိမည္ျဖစ္ၿပီးအငွားအိမ္ရာေဈးကြက္တြင္ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈကိုဖိတ္ေခၚႏိုင္သည့္အစီအမံမ်ားကိုေဖာ္ထုတ္ရန္လည္းစီစဥ္ေဆာင္႐ြက္မည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးဦးဟန္ေဇာ္ကေျပာသည္။

အိမ္ရာစီမံကိန္းကို Private Finance Initiative စနစ္ျဖင့္ပုဂၢလိကကုမၸဏီအသင္းအဖြဲ႕မ်ားမွဦးစြာပထမေငြေၾကးအရင္းအႏွီးစိုက္ထုတ္၍တည္ေဆာက္ၿပီး ပိုလွ်ံလာမည့္ဘတ္ဂ်က္ထဲမွအစိုးရကျပန္လည္ေပးေခ်မည့္စနစ္ျဖင့္အေကာင္အထည္ေဖာ္ေနျခင္းျဖစ္သည္။

ထိုစီမံကိန္းမ်ားကို ျမန္မာႏိုင္ငံေဆာက္လုပ္ေရးလုပ္ငန္း႐ွင္မ်ားအသင္းခ်ဳပ္၊ျမန္မာၿမိဳ႕ျပႏွင့္အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳးေရးလုပ္ငန္း႐ွင္မ်ားအသင္းႏွင့္ျမန္မာႏိုင္ငံလိုင္စင္ရကန္ထ႐ိုက္တာမ်ားအသင္းခ်ဳပ္တို႔က လုပ္ကိုင္ခြင့္ရထားသည္။

ေနး႐ွင္းျမန္မာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service