Covid-19 လူနာများကိုမေတ္တာအပြည့်ဖြင့် ကုသပေးနေသည့် ဖိလစ်ပိုင်သူနာပြုကိုအမေရိကန်ရုပ်ရှင်မင်းသမီးအယ်လင် ဒီဂျဲနရက်စ်ကကားသစ်တစ်စီးလက်ဆောင်ပေး

Covid-19 လူနာများကိုမေတ္တာအပြည့်ဖြင့် ကုသပေးနေသည့် ဖိလစ်ပိုင်သူနာပြုကိုအမေရိကန်ရုပ်ရှင်မင်းသမီးအယ်လင် ဒီဂျဲနရက်စ်ကကားသစ်တစ်စီးလက်ဆောင်ပေး - Property News in Myanmar from iMyanmarHouse.com
11 Dec 2020 11:05 am တွင် တင်ခဲ့သည်
878 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် နေထိုင်သောဖိလစ်ပိုင်သူနာပြုတစ်ဦးသည် အမေရိကန် ရုပ်ရှင်မင်းသမီး၊ ရုပ်သံတင်ဆက်သူအယ်လင် ဒီဂျဲနရက်စ်ထံမှ ဘဝတွင် အကြီးမားဆုံးမမျှော်လင့်သည့်လက်ဆောင်တစ်ခုရရှိခဲ့သည်။

ဒီဂျဲနရက်စ်ကသူနာပြုမိန်းကလေးအားကားသစ်တစ်စီးလက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ဒီဂျဲနရက်စ်၏ Youtube channelတွင် လွှင့်တင်ခဲ့သောဗွီဒီယိုဖိုင်တွင် ပြောကြားခဲ့သည်မှာသူမတို့အနေဖြင့် ကပ်ဘေးကာလရှေ့တန်းမှ တိုက်ပွဲဝင်နေသူများ၏ ဇာတ်လမ်းများကိုတင်ဆက်ပြသကာမိမိတို့၏ ကျေးဇူးတင်ဂုဏ်ပြုခြင်းကို ပြသနေကြောင်းပြောကြားထားသည်။

ဖိလစ်ပိုင် သူနာပြု ဖလော်ရော့ဇ် (Flor Roz- ပန်းရောင် ပန်းကလေးဟုအဓိပ္ပာယ်ရ)သည် ကိုရိုနာဗိုင်းရပ်စ် လူနာများကိုစောင့်ရှောက်ပေးနေသည့် ရှေ့တန်းဝန်ထမ်းတစ်ဦး ဖြစ်သည်။

တွေ့ဆုံမေးမြန်းခန်းတစ်ခုအတွင်းဖလော်ရော့ဇ်ကဒီဂျဲနရက်စ်ကိုရှေ့တန်းမှ လုပ်ကိုင်နေရမှုများသည် မည်သို့ စိန်ခေါ်မှုကြီးမားကြောင်းများကိုပြောပြခဲ့သည်။

“ကလေးဘဝကတည်းကလူတွေကိုကူညီရတာ နှစ်သက်လို့ ညီမကသူနာပြုတစ်ယောက် ဖြစ်လာခဲ့တာပါ။ ကပ်ဘေးကြီးဟာအရာရာကိုပြောင်းလဲသွားစေခဲ့ပါတယ်။ လူနာတွေဟာသူတို့ဆီကိုမိသားစုကလာခွင့်မရကြတာကြောင့် စိတ်အားငယ်နေကြတယ်။ ညီမကသူတို့တွေရဲ့ဘေးမှာရှိနေပြီးသူတို့ကိုချစ်တဲ့သူဆိုတာသိစေမှာ ဖြစ်ပါတယ်” ဟုဖလော်ရော့ဇ်ကပြောသည်။

“မိသားစုကိုတွေ့ခွင့်မရတာဟာကြေကွဲစရာပဲ ဖြစ်ပါတယ်။ သူတို့အတွက် အားအင်ဖြစ်စေဖို့ကလွဲပြီး ကျွန်မလည်းဘာမှ မတတ်နိုင်ပါဘူး” ဟုဖလော်ရော့ဇ်က ဖြည့်စွက်ပြောကြားသည်။

အဆိုပါ တွေ့ဆုံမေးမြန်းခန်းပြုလုပ်ပြီးမကြာမီတွင် ဒီဂျဲနရက်စ်ကသူနာပြုဆရာမဖလော်ရော့ဇ်၏ နေအိမ်ရှေ့သို့ အဖြူရောင် Hyundai Palisadeကားသစ်တစ်စီးကိုကိုယ်တိုင်မောင်းလာခဲ့ကာလက်ဆောင်ပေးခဲ့ရာဖလော်ရော့ဇ်မှာမျက်ရည်များကျလာကာဝမ်းမြောက်စွာငိုကြွေးခဲ့သည်။

“အခုဆိုရင် Uberစီးစရာမလိုတော့ဘူး။ အစ်မတို့ ညီမကိုဘယ်လောက်ချစ်တယ်၊ ဘယ်လောက်ကျေးဇူးတင်တယ်ဆိုတာသတိရပေးပါ။ညီမလေးပင်ပန်းလွန်းပြီးရှေ့မဆက်ချင်တော့လောက်အောင်ဖြစ်ရတဲ့အချိန်တိုင်းမှာညီမကိုချစ်တဲ့သူဘယ်လောက်များတယ်၊ ကျေးဇူးတင်နေတဲ့သူဘယ်လောက်များတယ်ဆိုတာသတိရပေးပါ”ဟုဒီဂျဲနရက်စ်ကဖလော်ရော့ဇ်အားပြောကြားခဲ့သည်။

ဖလော်ရော့ဇ်သည် ဖိလစ်ပိုင်နိုင်ငံ၊ အီလီဂန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီးအမေရိကန်ပြည်ထောင်စုသို့ မိခင်ကြီးနှင့်အတူပြောင်းရွှေ့အခြေချခဲ့သည်။ ဖလော်ရော့ဇ်ကပြောကြားရာတွင် သူမသည် အိမ်သို့ မပြန်ရသည်မှာလပေါင်းများစွာရှိခဲ့ပြီဖြစ်ကြောင်း၊ ၂ နှစ်အရွယ် သားငယ်နှင့်လည်းမတွေ့ရကြောင်းပြောသည်။

ဖလော်ရော့ဇ်သည် ယခုနှစ် မတ်လတွင် ရောဂါကူးစက်ခြင်းခံရပြီးငွေကြေးလည်းကျပ်တည်းလာကာကားတစ်စီးကိုခင်ပွန်းနှင့်အတူ မျှဝေအသုံးပြုနေခဲ့ရသည်။

“လက်ရှိမှာညီမနဲ့ ခင်ပွန်းကကားတစ်စီးကိုဝေမျှအသုံးပြုနေကြရတယ်။ ကားမရှိဘူးဆိုရင် တခါတလေမှာ ကျွန်မကိုခေါ်သွားပေးဖို့ လုပ်ဖော်ကိုင်ဖက်တွေကိုတောင်းဆိုရပြီးတခါတလေမှာတော့ Uberအငှားကားကိုစီးရပါတယ်” ဟုဖလော်ရော့ဇ်ကပြောသည်။

ဒီဂျဲနရက်စ်ကပြောရာတွင် ဖလော်ရော့ဇ်၏ လုပ်ဆောင်ချက်တို့ဟာအံ့အားသင့်ဖွယ်ဖြစ်ကြောင်း၊ ဖလော်ရော့ဇ်၏ ဆောင်ရွက်ချက်များကိုကျေးဇူးတင်သည့်အနေဖြင့် Hyundai Palisadeကားသစ်တစ်စီးလက်ဆောင်ပေးလိုကြောင်းပြောကြားခဲ့သည်။

“ဒါ ညီမလေးရဲ့ ကားပဲ။ Uberစီးစရာမလိုတော့ဘူး” ဟုဒီဂျဲနရက်စ်ကပြောကြားခဲ့သည်။

အယ်လင်ဒီဂျဲနရက်စ်ကသူနာပြုဆရာမလေးဖလော်ရော့ဇ်အားကားလက်ဆောင်ပေးခဲ့ပုံဗွီဒီယိုကိုဒီ

ဂျဲနရက်စ်၏ Youtube channel ဖြစ်သောhttps://www.youtube.com/watch?v=F7lhpneiUWAလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမ္ဘာတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ellen DeGeneres gives brand new car to Filipino-American nurse (coconuts, filipinotimes)

 

[Zawgyi]

Covid-19 လူနာမ်ားကိုေမတၱာအျပည့္ျဖင့္ ကုသေပးေနသည့္ ဖိလစ္ပိုင္သူနာျပဳကိုအေမရိကန္ရုပ္ရွင္မင္းသမီးအယ္လင္ ဒီဂ်ဲနရက္စ္ကကားသစ္တစ္စီးလက္ေဆာင္ေပး

အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ေနထိုင္ေသာဖိလစ္ပိုင္သူနာျပဳတစ္ဦးသည္ အေမရိကန္ ရုပ္ရွင္မင္းသမီး၊ ရုပ္သံတင္ဆက္သူအယ္လင္ ဒီဂ်ဲနရက္စ္ထံမွ ဘဝတြင္ အၾကီးမားဆံုးမေမွ်ာ္လင့္သည့္လက္ေဆာင္တစ္ခုရရွိခဲ့သည္။

ဒီဂ်ဲနရက္စ္ကသူနာျပဳမိန္းကေလးအားကားသစ္တစ္စီးလက္ေဆာင္ေပးခဲ့ျခင္း ျဖစ္သည္။

ဒီဂ်ဲနရက္စ္၏ Youtube channelတြင္ လႊင့္တင္ခဲ့ေသာဗြီဒီယိုဖိုင္တြင္ ေျပာၾကားခဲ့သည္မွာသူမတို႔အေနျဖင့္ ကပ္ေဘးကာလေရွ႕တန္းမွ တိုက္ပြဲဝင္ေနသူမ်ား၏ ဇာတ္လမ္းမ်ားကိုတင္ဆက္ျပသကာမိမိတို႔၏ ေက်းဇူးတင္ဂုဏ္ျပဳျခင္းကို ျပသေနေၾကာင္းေျပာၾကားထားသည္။

ဖိလစ္ပိုင္ သူနာျပဳ ဖေလာ္ေရာ့ဇ္ (Flor Roz- ပန္းေရာင္ ပန္းကေလးဟုအဓိပၸာယ္ရ)သည္ ကိုရိုနာဗိုင္းရပ္စ္ လူနာမ်ားကိုေစာင့္ေရွာက္ေပးေနသည့္ ေရွ႕တန္းဝန္ထမ္းတစ္ဦး ျဖစ္သည္။

ေတြ႔ဆံုေမးျမန္းခန္းတစ္ခုအတြင္းဖေလာ္ေရာ့ဇ္ကဒီဂ်ဲနရက္စ္ကိုေရွ႕တန္းမွ လုပ္ကိုင္ေနရမႈမ်ားသည္ မည္သို႔ စိန္ေခၚမႈၾကီးမားေၾကာင္းမ်ားကိုေျပာျပခဲ့သည္။

“ကေလးဘဝကတည္းကလူေတြကိုကူညီရတာ ႏွစ္သက္လို႔ ညီမကသူနာျပဳတစ္ေယာက္ ျဖစ္လာခဲ့တာပါ။ ကပ္ေဘးၾကီးဟာအရာရာကိုေျပာင္းလဲသြားေစခဲ့ပါတယ္။ လူနာေတြဟာသူတို႔ဆီကိုမိသားစုကလာခြင့္မရၾကတာေၾကာင့္ စိတ္အားငယ္ေနၾကတယ္။ ညီမကသူတို႔ေတြရဲ႕ေဘးမွာရွိေနျပီးသူတို႔ကိုခ်စ္တဲ့သူဆိုတာသိေစမွာ ျဖစ္ပါတယ္” ဟုဖေလာ္ေရာ့ဇ္ကေျပာသည္။

“မိသားစုကိုေတြ႔ခြင့္မရတာဟာေၾကကြဲစရာပဲ ျဖစ္ပါတယ္။ သူတို႔အတြက္ အားအင္ျဖစ္ေစဖို႔ကလြဲျပီး ကၽြန္မလည္းဘာမွ မတတ္ႏိုင္ပါဘူး” ဟုဖေလာ္ေရာ့ဇ္က ျဖည့္စြက္ေျပာၾကားသည္။

အဆိုပါ ေတြ႔ဆံုေမးျမန္းခန္းျပဳလုပ္ျပီးမၾကာမီတြင္ ဒီဂ်ဲနရက္စ္ကသူနာျပဳဆရာမဖေလာ္ေရာ့ဇ္၏ ေနအိမ္ေရွ႕သို႔ အျဖဴေရာင္ Hyundai Palisadeကားသစ္တစ္စီးကိုကုိယ္တိုင္ေမာင္းလာခဲ့ကာလက္ေဆာင္ေပးခဲ့ရာဖေလာ္ေရာ့ဇ္မွာမ်က္ရည္မ်ားက်လာကာဝမ္းေျမာက္စြာငိုေၾကြးခဲ့သည္။

“အခုဆိုရင္ Uberစီးစရာမလိုေတာ့ဘူး။ အစ္မတို႔ ညီမကိုဘယ္ေလာက္ခ်စ္တယ္၊ ဘယ္ေလာက္ေက်းဇူးတင္တယ္ဆိုတာသတိရေပးပါ။ညီမေလးပင္ပန္းလြန္းျပီးေရွ႕မဆက္ခ်င္ေတာ့ေလာက္ေအာင္ျဖစ္ရတဲ့အခ်ိန္တိုင္းမွာညီမကိုခ်စ္တဲ့သူဘယ္ေလာက္မ်ားတယ္၊ ေက်းဇူးတင္ေနတဲ့သူဘယ္ေလာက္မ်ားတယ္ဆိုတာသတိရေပးပါ”ဟုဒီဂ်ဲနရက္စ္ကဖေလာ္ေရာ့ဇ္အားေျပာၾကားခဲ့သည္။

ဖေလာ္ေရာ့ဇ္သည္ ဖိလစ္ပိုင္ႏိုင္ငံ၊ အီလီဂန္ျမိဳ႕တြင္ ေမြးဖြားၾကီးျပင္းခဲ့ျပီးအေမရိကန္ျပည္ေထာင္စုသို႔ မိခင္ၾကီးႏွင့္အတူေျပာင္းေရႊ႕အေျခခ်ခဲ့သည္။ ဖေလာ္ေရာ့ဇ္ကေျပာၾကားရာတြင္ သူမသည္ အိမ္သို႔ မျပန္ရသည္မွာလေပါင္းမ်ားစြာရွိခဲ့ျပီျဖစ္ေၾကာင္း၊ ၂ ႏွစ္အရြယ္ သားငယ္ႏွင့္လည္းမေတြ႔ရေၾကာင္းေျပာသည္။

ဖေလာ္ေရာ့ဇ္သည္ ယခုႏွစ္ မတ္လတြင္ ေရာဂါကူးစက္ျခင္းခံရျပီးေငြေၾကးလည္းက်ပ္တည္းလာကာကားတစ္စီးကိုခင္ပြန္းႏွင့္အတူ မွ်ေဝအသံုးျပဳေနခဲ့ရသည္။

“လက္ရွိမွာညီမနဲ႔ ခင္ပြန္းကကားတစ္စီးကိုေဝမွ်အသံုးျပဳေနၾကရတယ္။ ကားမရွိဘူးဆိုရင္ တခါတေလမွာ ကၽြန္မကိုေခၚသြားေပးဖို႔ လုပ္ေဖာ္ကိုင္ဖက္ေတြကိုေတာင္းဆိုရျပီးတခါတေလမွာေတာ့ Uberအငွားကားကိုစီးရပါတယ္” ဟုဖေလာ္ေရာ့ဇ္ကေျပာသည္။

ဒီဂ်ဲနရက္စ္ကေျပာရာတြင္ ဖေလာ္ေရာ့ဇ္၏ လုပ္ေဆာင္ခ်က္တို႔ဟာအံ့အားသင့္ဖြယ္ျဖစ္ေၾကာင္း၊ ဖေလာ္ေရာ့ဇ္၏ ေဆာင္ရြက္ခ်က္မ်ားကိုေက်းဇူးတင္သည့္အေနျဖင့္ Hyundai Palisadeကားသစ္တစ္စီးလက္ေဆာင္ေပးလိုေၾကာင္းေျပာၾကားခဲ့သည္။

“ဒါ ညီမေလးရဲ႕ ကားပဲ။ Uberစီးစရာမလိုေတာ့ဘူး” ဟုဒီဂ်ဲနရက္စ္ကေျပာၾကားခဲ့သည္။

အယ္လင္ဒီဂ်ဲနရက္စ္ကသူနာျပဳဆရာမေလးဖေလာ္ေရာ့ဇ္အားကားလက္ေဆာင္ေပးခဲ့ပံုဗြီဒီယိုကိုဒီ

ဂ်ဲနရက္စ္၏ Youtube channel ျဖစ္ေသာhttps://www.youtube.com/watch?v=F7lhpneiUWAလင့္ခ္တြင္ ၾကည့္ရႈႏိုင္ပါသည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ellen DeGeneres gives brand new car to Filipino-American nurse (coconuts, filipinotimes)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service