အိန္ဒိယ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Covaxin အရေးပေါ်အသုံးပြုခွင့် လျှောက်ထားပြီ

အိန္ဒိယ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Covaxin အရေးပေါ်အသုံးပြုခွင့် လျှောက်ထားပြီ - Property News in Myanmar from iMyanmarHouse.com
9 Dec 2020 3:51 pm တွင် တင်ခဲ့သည်
1754 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယဆေးဝါးကုမ္ပဏီကြီး Bharat Biotech က ၎င်းတို့ ကုမ္ပဏီထုတ် Covid-19 ကာကွယ်ဆေးဖြစ်သော Covaxin ကို အိန္ဒိယ ဆေးဝါးထိန်းချုပ်မှုဌာန ((DCGI)) ထံ အရေးပေါ်အခြေအနေ အသုံးပြုခွင့် (EUA) လျှောက်ထားလိုက်ပြီ ဖြစ်သည်။

Covaxin သည် အိန္ဒိယပြည်တွင်းထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်ပြီး ဟိုက်ဒရာဘက်မြို့အခြေစိုက် Bharat Biotech ကုမ္ပဏီက အိန္ဒိယ ဆေးဝါးသုတေသနကောင်စီ (ICMR) ၊ အမျိုးသား ဗိုင်းရပ်စ်အင်စတီကျု (NIV) တို့နှင့် ပူးပေါင်းကာ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယ ဆေးဝါးထိန်းချုပ်မှုဌာန ((DCGI)) ထံ Bharat Biotech ကုမ္ပဏီက အရေးပေါ်အခြေအနေ အသုံးပြုခွင့် (EUA) လျှောက်ထားခြင်းမှာ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း တတိယမြောက် လျှောက်ထားလာသည့် ကုမ္ပဏီလည်း ဖြစ်သည်။

အမေရိကန် ဆေးဝါးကုမ္ပဏီကြီး Pfizer နှင့် အိန္ဒိယနိုင်ငံ၊ ပြွန်းမြို့အခြေစိုက် Serum Institute of India တို့ကလည်း ၎င်းတို့၏ ကာကွယ်ဆေးများကို အရေးပေါ်အခြေအနေ အသုံးပြုခွင့် (EUA) လျှောက်ထား ထားကြသည်။

Covaxin သည် ဗိုင်းရပ်စ်အသေများဖြင့် ထုတ်လုပ်ထားသည့် inactivated vaccine အမျိုးအစားဖြစ်ပြီး အိန္ဒိယနိုင်ငံတဝန်းရှိ နေရာ ၂၅ ခုတွင် ပါဝင်စမ်းသပ်ခံသူပေါင်း ၂၆၀၀၀ ဖြင့် အဆင့် ၃ စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖြစ်သည်။

Covaxin ကာကွယ်ဆေးကို Bharat Biotech ကုမ္ပဏီ၏ ဇီဝလုံခြုံမှု အဆင့်-၃ (BSL-3) ထိန်းချုပ်မှုအဆင့်ရှိသော စက်ရုံတွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

Covaxin ကာကွယ်ဆေးအား လူသားတို့တွင် အဆင့် ၁ နှင့် ၂ စမ်းသပ်မှုများ ပြုလုပ်ရန် DCGI ထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ယခုနှစ် ဇူလိုင်လအတွင်း အိန္ဒိယနိုင်ငံတဝန်းတွင် စမ်းသပ်မှုများ ပြုလုပ်အောင်မြင်ခဲ့ပြီးလည်း ဖြစ်သည်။

Serum Institute of India (SII) ကလည်း ၎င်းတို့ ထုတ်လုပ်ထားသည့် Covishield ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို DCGI ထံတွင် EUA လျှောက်ထားထားကြောင်း ထုတ်ဖော်ကြေညာထားသည်။

SII သည် Covid-19 ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံအတွင်း ထုတ်လုပ်နိုင်ရန် အောက်စ်ဖို့တက္ကသိုလ်၊ ဆွီဒင်ဆေးဝါးကုမ္ပဏီ AstraZeneca တို့နှင့် ပူးပေါင်းဆောင်ရွက်နေခြင်း ဖြစ်သည်။ အိန္ဒိယ ဆေးဝါးသုတေသနကောင်စီ (ICMR) ၏ ထုတ်ပြန်ချက်အရ SII သည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၄၀ ထုတ်လုပ်ထားပြီးဖြစ်သည်ဟု ဆိုသည်။

ထုတ်လုပ်မှု ပမာဏအရ ကမ္ဘာပေါ်တွင် ကာကွယ်ဆေးအကြီးမားဆုံး ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော SII သည် အိန္ဒိယတွင် Pfizer ပြီးလျှင် ဒုတိယမြောက် EUA လျှောက်ထားခဲ့သည့် ကုမ္ပဏီလည်း ဖြစ်သည်။

အိန္ဒိယ အာဏာပိုင်တို့က Pfizer ၏ ကာကွယ်ဆေးကို အိန္ဒိယတွင် အရေးပေါ်အသုံးပြုခွင့် လျှောက်ထားလာမှုကို ယခု ရက်သတ္တပတ်အတွင်း သုံးသပ်သွားမည် ဖြစ်သည်။

ဗြိတိန်သည် ကမ္ဘာပေါ်တွင် EUA ပထမဆုံးခွင့်ပြုပေးခဲ့သည့် နိုင်ငံဖြစ်ပြီး ဒီဇင်ဘာလ ၂ ရက်တွင် Pfizer ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အရေးပေါ်အခြေအနေ အသုံးပြုခွင့်ပေးခဲ့သည်။

ဒီဇင်ဘာလ ၅ ရက်တွင် ဘာရိန်းနိုင်ငံကလည်း Pfizer ကုမ္ပဏီ၏ BNT162b2 ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အခြေအနေ အသုံးပြုခွင့်ပေးခဲ့သည်။

မြန်မာနိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ကမာ္ဘတစ်ဝှမ်းလုံး ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ကိန်းဂဏန်းများ - အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

Corona Virus အကြောင်း သိကောင်းစရာများနှင့် ခုခံကာကွယ်ပုံများအသေးစိတ်ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

iMyanmarHouse.com သည် မြန်မာနိုင်ငံမှ Coronavirus အပြီးတိုင်တိုက်ဖျက်ရေးအတွက် ကျရာကဏ္ဍမှ ပြည်သူများအားလုံးအတွက် မှန်ကန်သော သတင်းများကို အချိန်နှင့်တပြေးညီ ဖော်ပြပေးနေပါသည်။ မှန်ကန်ယုံကြည်စိတ်ချရသော သတင်းများကိုသာ အယ်ဒီတာအဖွဲ့မှ ဖော်ပြပေးမည်ဖြစ်ပါသည်။ တစ်စုံတစ်ရာ အဆင်မပြေမှုများရှိပါက iMyanmarHouse.com သို့ ဤနေရာတွင် ဆက်သွယ်နိုင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: COVID-19 vaccine update: Bharat Biotech files for emergency use of Covaxin (businesstoday)

[Zawgyi]

အိႏိၵယ၏ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆး Covaxin အေရးေပၚအသံုးျပဳခြင့္ ေလွ်ာက္ထားျပီ

အိႏိၵယေဆးဝါးကုမၸဏီၾကီး Bharat Biotech က ၎တို႔ ကုမၸဏီထုတ္ Covid-19 ကာကြယ္ေဆးျဖစ္ေသာ Covaxin ကို အိႏိၵယ ေဆးဝါးထိန္းခ်ဳပ္မႈဌာန ((DCGI)) ထံ အေရးေပၚအေျခအေန အသံုးျပဳခြင့္ (EUA) ေလွ်ာက္ထားလိုက္ျပီ ျဖစ္သည္။

Covaxin သည္ အိႏိၵယျပည္တြင္းထုတ္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးျဖစ္ျပီး ဟိုက္ဒရာဘက္ျမိဳ႕အေျခစိုက္ Bharat Biotech ကုမၸဏီက အိႏိၵယ ေဆးဝါးသုေတသနေကာင္စီ (ICMR) ၊ အမ်ဳိးသား ဗိုင္းရပ္စ္အင္စတီက်ဳ (NIV) တို႔ႏွင့္ ပူးေပါင္းကာ ထုတ္လုပ္ခဲ့ျခင္း ျဖစ္သည္။

အိႏိၵယ ေဆးဝါးထိန္းခ်ဳပ္မႈဌာန ((DCGI)) ထံ Bharat Biotech ကုမၸဏီက အေရးေပၚအေျခအေန အသံုးျပဳခြင့္ (EUA) ေလွ်ာက္ထားျခင္းမွာ ျပီးခဲ့ေသာ ရက္အနည္းငယ္အတြင္း တတိယေျမာက္ ေလွ်ာက္ထားလာသည့္ ကုမၸဏီလည္း ျဖစ္သည္။

အေမရိကန္ ေဆးဝါးကုမၸဏီၾကီး Pfizer ႏွင့္ အိႏိၵယႏိုင္ငံ၊ ျပြန္းျမိဳ႕အေျခစိုက္ Serum Institute of India တို႔ကလည္း ၎တို႔၏ ကာကြယ္ေဆးမ်ားကို အေရးေပၚအေျခအေန အသံုးျပဳခြင့္ (EUA) ေလွ်ာက္ထား ထားၾကသည္။

Covaxin သည္ ဗိုင္းရပ္စ္အေသမ်ားျဖင့္ ထုတ္လုပ္ထားသည့္ inactivated vaccine အမ်ဳိးအစားျဖစ္ျပီး အိႏိၵယႏိုင္ငံတဝန္းရွိ ေနရာ ၂၅ ခုတြင္ ပါဝင္စမ္းသပ္ခံသူေပါင္း ၂၆၀၀၀ ျဖင့္ အဆင့္ ၃ စမ္းသပ္မႈမ်ား ျပဳလုပ္လ်က္ရွိသည့္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ျဖစ္သည္။

Covaxin ကာကြယ္ေဆးကို Bharat Biotech ကုမၸဏီ၏ ဇီဝလံုျခံဳမႈ အဆင့္-၃ (BSL-3) ထိန္းခ်ဳပ္မႈအဆင့္ရွိေသာ စက္ရံုတြင္ ထုတ္လုပ္ခဲ့ျခင္းျဖစ္သည္။

Covaxin ကာကြယ္ေဆးအား လူသားတို႔တြင္ အဆင့္ ၁ ႏွင့္ ၂ စမ္းသပ္မႈမ်ား ျပဳလုပ္ရန္ DCGI ထံမွ ခြင့္ျပဳခ်က္ရရွိျပီးေနာက္ ယခုႏွစ္ ဇူလိုင္လအတြင္း အိႏိၵယႏိုင္ငံတဝန္းတြင္ စမ္းသပ္မႈမ်ား ျပဳလုပ္ေအာင္ျမင္ခဲ့ျပီးလည္း ျဖစ္သည္။

Serum Institute of India (SII) ကလည္း ၎တို႔ ထုတ္လုပ္ထားသည့္ Covishield ဟု အမည္ေပးထားေသာ ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို DCGI ထံတြင္ EUA ေလွ်ာက္ထားထားေၾကာင္း ထုတ္ေဖာ္ေၾကညာထားသည္။

SII သည္ Covid-19 ကာကြယ္ေဆးကို အိႏိၵယႏိုင္ငံအတြင္း ထုတ္လုပ္ႏိုင္ရန္ ေအာက္စ္ဖို႔တကၠသိုလ္၊ ဆီြဒင္ေဆးဝါးကုမၸဏီ AstraZeneca တို႔ႏွင့္ ပူးေပါင္းေဆာင္ရြက္ေနျခင္း ျဖစ္သည္။ အိႏိၵယ ေဆးဝါးသုေတသနေကာင္စီ (ICMR) ၏ ထုတ္ျပန္ခ်က္အရ SII သည္ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး သန္း ၄၀ ထုတ္လုပ္ထားျပီးျဖစ္သည္ဟု ဆိုသည္။

ထုတ္လုပ္မႈ ပမာဏအရ ကမၻာေပၚတြင္ ကာကြယ္ေဆးအၾကီးမားဆံုး ထုတ္လုပ္သည့္ ကုမၸဏီျဖစ္ေသာ SII သည္ အိႏိၵယတြင္ Pfizer ျပီးလွ်င္ ဒုတိယေျမာက္ EUA ေလွ်ာက္ထားခဲ့သည့္ ကုမၸဏီလည္း ျဖစ္သည္။

အိႏိၵယ အာဏာပိုင္တို႔က Pfizer ၏ ကာကြယ္ေဆးကို အိႏိၵယတြင္ အေရးေပၚအသံုးျပဳခြင့္ ေလွ်ာက္ထားလာမႈကို ယခု ရက္သတၱပတ္အတြင္း သံုးသပ္သြားမည္ ျဖစ္သည္။

ျဗိတိန္သည္ ကမၻာေပၚတြင္ EUA ပထမဆံုးခြင့္ျပဳေပးခဲ့သည့္ ႏိုင္ငံျဖစ္ျပီး ဒီဇင္ဘာလ ၂ ရက္တြင္ Pfizer ၏ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို အေရးေပၚအေျခအေန အသံုးျပဳခြင့္ေပးခဲ့သည္။ ဒီဇင္ဘာလ ၅ ရက္တြင္ ဘာရိန္းႏိုင္ငံကလည္း Pfizer ကုမၸဏီ၏ BNT162b2 ကိုရိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အေရးေပၚအေျခအေန အသံုးျပဳခြင့္ေပးခဲ့သည္။

ျမန္မာႏိုင္ငံ၊ အာဆီယံႏိုင္ငံမ်ားႏွင့္ ကမာၻတစ္ဝွမ္းလုံး ၏ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈ ကိန္းဂဏန္းမ်ား - အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

Corona Virus အေၾကာင္း သိေကာင္းစရာမ်ားႏွင့္ ခုခံကာကြယ္ပုံမ်ားအေသးစိတ္ကို ဤေနရာတြင္ ဖတ္ရႈႏိုင္ပါသည္။

iMyanmarHouse.com သည္ ျမန္မာႏိုင္ငံမွ Coronavirus အၿပီးတိုင္တိုက္ဖ်က္ေရးအတြက္ က်ရာက႑မွ ျပည္သူမ်ားအားလုံးအတြက္ မွန္ကန္ေသာ သတင္းမ်ားကို အခ်ိန္ႏွင့္တေျပးညီ ေဖာ္ျပေပးေနပါသည္။ မွန္ကန္ယုံၾကည္စိတ္ခ်ရေသာ သတင္းမ်ားကိုသာ အယ္ဒီတာအဖြဲ႕မွ ေဖာ္ျပေပးမည္ျဖစ္ပါသည္။ တစ္စုံတစ္ရာ အဆင္မေျပမႈမ်ားရွိပါက iMyanmarHouse.com သို႔ ဤေနရာတြင္ ဆက္သြယ္ႏိုင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: COVID-19 vaccine update: Bharat Biotech files for emergency use of Covaxin (businesstoday)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service