အမျိုးသား အမျိုးသမီးတို့အတွက် ဆေးဘက်ဝင်ဗုဒ္ဓသရဏပင် (ဂုဏ်တော်ပင်)

အမျိုးသား အမျိုးသမီးတို့အတွက် ဆေးဘက်ဝင်ဗုဒ္ဓသရဏပင် (ဂုဏ်တော်ပင်) - Property Knowledge in Myanmar from iMyanmarHouse.com
8 Dec 2020 12:53 pm တွင် တင်ခဲ့သည်
22521 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

မျိုးရင်း - Cannaceae. (ဗုဒ္ဓသရဏမျိုးရင်း)

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်သည်။ အလေ့ကျပေါက်ရောက်သော်လည်း အလှစိုက်ပင်အဖြစ်လည်း စိုက်ပျိုးကြသည်။ မြန်မာဆေးကျမ်းများအလိုအရ ဗုဒ္ဓသရဏအမြစ်ကို အဖျားရောဂါနှင့်အဖျဉ်းရောဂါ၌ ဆီးများစေရန် သောက်ရသည်။ အစေးသည် ဝမ်းမီးကို တောက်စေသည်။ အနာကို ပျောက်ကင်းစေသည်။

အသုံးပြုပုံ -

အပွင့်နု၊ အသီးနု

(၁) ရေနွေးဖြော၍ တို့စားခြင်း၊ သုပ်စားခြင်းဖြင့် ဆီးနည်းခြင်း၊ ချုပ်ခြင်းကို ပျောက်ကင်းစေရုံသာမက အဖျားရောဂါကိုပင် ပျောက်ကင်းစေပါသည်။

(၂) ဆိတ်သားနှင့် စွပ်ပြုတ်လုပ်၍သောက်ပါက ပန်းညှိုးသူများ လျင်မြန်စွာ ပန်းကိုလန်းစေသည်။ ဝက်သား၊ အမဲသားတို့နှင့် စွပ်ပြုတ်လုပ်သောက်ပါက ကုန်ဆုံးသွားသော အားကို ပြန်လည်ရေစေပြီး ကိုယ်နှုတ်နှလုံး ရွှင်လန်းစေသည်။

(၃) အပွင့်ကလေးများအား ပြုတ်၍ရသောရေဖြင့် ငါးမြွေထိုး၊ ငါးဟင်းချက်ရာတွင် လောင်း၍ ချက်ပြီးစားပါက မြီးညှောင့်ရိုးကိုက်သော ရောဂါ၊ ခါးကိုက်ခဲသော ရောဂါ၊ ပိတ်ဝမ်းရောဂါတို့အား ပျောက်ကင်းစေရုံမက ဇက်ကြောတက်ရောဂါ၊ အနာရင်းသောကြောင့် နာကျင်ကိုက်ခဲသော ရောဂါ၊ ဝမ်းပျက်၊ ခံတွင်းပျက်၊ ခြေဆစ် လက်ဆစ် ညောင်းခြင်း၊ ပါးစပ်ချွဲခြင်း စသော ရောဂါများ ပျောက်ကင်းစေသည်။

အမြစ် -

(၁) ပြုတ်ကျို၍ လက်ဖက်ရည်အကြမ်းပန်ကန် တစ်ဝက်ခန့်တွင် ဆားပုပ်မှုန့်အနည်းငယ်ခတ်၍သောက်က အဖျားရောဂါပျောက်ကင်းသည့်အပြင် လည်ချောင်းနာ၊ လည်ချောင်းပူ၊ ချွဲသလိပ်ကပ်ရောဂါများ ပျောက်ကင်းစေသည်။

(၂) ထန်းလျက်နှင့်ပြုတ်ကျို၍ အကြမ်းပန်ကန်လုံးတစ်လုံးခန့် နံနက်တိုင်းသောက်သုံးပါက အဖျဉ်းရောဂါ ပျောက်စေသည့်အပြင် ကိုယ်လက်နာကျင်ကိုက်ခဲခြင်းနှင့် ဝမ်းထဲရစ်၍နာကျင်ခြင်း၊ အသားအရည် နာကျင်ခြင်း၊ ပူလွန်း၊ အေးလွန်းခြင်းတို့ အမြန်ပျောက်ကင်းစေသည်။

ဥတက် -

(၁) ဓားနှင့်ပါးပါးလှီး အခြောက်လှန်း၍ ထန်းလျက်နှင့် ယိုထိုးကာ စမုန်မျိုးငါးပါး အမှုန့်လုပ်၍ထည့်ပြီး ဖန်ဘူးတွင်ထည့်၍ နံနက်တစ်ခါ၊ ညအိပ်ရာဝင်တစ်ခါ ကွမ်းသီးလုံးခန့် စားပါက ယောက်ျားမိန်းမ ဒူလာ မီးယပ်ရောဂါ၊ သွေးသားမညီညွတ်ခြင်း၊ မီးယပ်ဝမ်းပျက်၊ သွေးဆုံး၊ ကိုယ်လက်တို့၌ သွေးလေမလျှောက်ခြင်း၊ လိပ်ခေါင်း၊ ပန်းညှိုး၊ အသားအရေခြောက်ကပ်၊ အားအင်ကုန်ခမ်းခြင်း၊ အသားအရေ စေးထန်းထန်းဖြစ်ခြင်း၊ ခါးနာ၊ ထုံကျင်ကိုက်ခဲခြင်းနှင့် အသားဝါရောဂါများ ပျောက်ကင်းစေသည်။

(၂) ဥပြုတ်ရည်ကို ဒိုပါလာသကြားနှင့်ဖျော်ပြီး နံနက်ည လက်ဖက်ရည်အကြမ်းပန်ကန်လုံး တစ်လုံးကျ သောက်ပေးပါက အမျိုးသမီးများ အဖြူအနီဆင်းခြင်း၊ မစားချင် မသောက်ချင်ဖြစ်ပြီး ပိန်ချုံးကာ ကိုယ်သားကိုယ်ရေ နံစော်လာခြင်း၊ တစ်ကိုယ်လုံး ကျိန်းပြီး နာခြင်း၊ အသားအရေပူ၍ ပြာနှမ်းနှမ်းဖြစ်ခြင်း၊ ခေါင်းဦးရေကျိန်းခြင်း၊ အကြောအခြင်တင်းခြင်း၊ ဝမ်းဖောဝမ်းရောင်ခြင်း၊ သွေးပုပ်ဆန်ခြင်းနှင့် ဆီးရောဂါဖြစ်ခြင်းများကို ပျောက်ကင်းစေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: မြန်မာ့ဆေးဝါးပင်များ

[Zawgyi]

အမ်ိဳးသား အမ်ိဳးသမီးတို႔အတြက္ ေဆးဘက္ဝင္ဗုဒၶသရဏပင္ (ဂုဏ္ေတာ္ပင္)

မ်ိဳးရင္း - Cannaceae. (ဗုဒၶသရဏမ်ိဳးရင္း)

ျမန္မာႏိုင္ငံေနရာအႏွံ႔အျပားတြင္ ေပါက္ေရာက္သည္။ အေလ့က်ေပါက္ေရာက္ေသာ္လည္း အလွစိုက္ပင္အျဖစ္လည္း စိုက္ပ်ိဳးၾကသည္။ ျမန္မာေဆးက်မ္းမ်ားအလိုအရ ဗုဒၶသရဏအျမစ္ကို အဖ်ားေရာဂါႏွင့္အဖ်ဥ္းေရာဂါ၌ ဆီးမ်ားေစရန္ ေသာက္ရသည္။ အေစးသည္ ဝမ္းမီးကို ေတာက္ေစသည္။ အနာကို ေပ်ာက္ကင္းေစသည္။

အသုံးျပဳပုံ -

အပြင့္ႏု၊ အသီးႏု

(၁) ေရေႏြးေျဖာ၍ တို႔စားျခင္း၊ သုပ္စားျခင္းျဖင့္ ဆီးနည္းျခင္း၊ ခ်ဳပ္ျခင္းကို ေပ်ာက္ကင္းေစ႐ုံသာမက အဖ်ားေရာဂါကိုပင္ ေပ်ာက္ကင္းေစပါသည္။

(၂) ဆိတ္သားႏွင့္ စြပ္ျပဳတ္လုပ္၍ေသာက္ပါက ပန္းညိႇဳးသူမ်ား လ်င္ျမန္စြာ ပန္းကိုလန္းေစသည္။ ဝက္သား၊ အမဲသားတို႔ႏွင့္ စြပ္ျပဳတ္လုပ္ေသာက္ပါက ကုန္ဆုံးသြားေသာ အားကို ျပန္လည္ေရေစၿပီး ကိုယ္ႏႈတ္ႏွလုံး ႐ႊင္လန္းေစသည္။

(၃) အပြင့္ကေလးမ်ားအား ျပဳတ္၍ရေသာေရျဖင့္ ငါးေႁမြထိုး၊ ငါးဟင္းခ်က္ရာတြင္ ေလာင္း၍ ခ်က္ၿပီးစားပါက ၿမီးေညႇာင့္႐ိုးကိုက္ေသာ ေရာဂါ၊ ခါးကိုက္ခဲေသာ ေရာဂါ၊ ပိတ္ဝမ္းေရာဂါတို႔အား ေပ်ာက္ကင္းေစ႐ုံမက ဇက္ေၾကာတက္ေရာဂါ၊ အနာရင္းေသာေၾကာင့္ နာက်င္ကိုက္ခဲေသာ ေရာဂါ၊ ဝမ္းပ်က္၊ ခံတြင္းပ်က္၊ ေျခဆစ္ လက္ဆစ္ ေညာင္းျခင္း၊ ပါးစပ္ခြၽဲျခင္း စေသာ ေရာဂါမ်ား ေပ်ာက္ကင္းေစသည္။

အျမစ္ -

(၁) ျပဳတ္က်ိဳ၍ လက္ဖက္ရည္အၾကမ္းပန္ကန္ တစ္ဝက္ခန္႔တြင္ ဆားပုပ္မႈန္႔အနည္းငယ္ခတ္၍ေသာက္က အဖ်ားေရာဂါေပ်ာက္ကင္းသည့္အျပင္ လည္ေခ်ာင္းနာ၊ လည္ေခ်ာင္းပူ၊ ခြၽဲသလိပ္ကပ္ေရာဂါမ်ား ေပ်ာက္ကင္းေစသည္။

(၂) ထန္းလ်က္ႏွင့္ျပဳတ္က်ိဳ၍ အၾကမ္းပန္ကန္လုံးတစ္လုံးခန္႔ နံနက္တိုင္းေသာက္သုံးပါက အဖ်ဥ္းေရာဂါ ေပ်ာက္ေစသည့္အျပင္ ကိုယ္လက္နာက်င္ကိုက္ခဲျခင္းႏွင့္ ဝမ္းထဲရစ္၍နာက်င္ျခင္း၊ အသားအရည္ နာက်င္ျခင္း၊ ပူလြန္း၊ ေအးလြန္းျခင္းတို႔ အျမန္ေပ်ာက္ကင္းေစသည္။

ဥတက္ -

(၁) ဓားႏွင့္ပါးပါးလွီး အေျခာက္လွန္း၍ ထန္းလ်က္ႏွင့္ ယိုထိုးကာ စမုန္မ်ိဳးငါးပါး အမႈန္႔လုပ္၍ထည့္ၿပီး ဖန္ဘူးတြင္ထည့္၍ နံနက္တစ္ခါ၊ ညအိပ္ရာဝင္တစ္ခါ ကြမ္းသီးလုံးခန္႔ စားပါက ေယာက်ာ္းမိန္းမ ဒူလာ မီးယပ္ေရာဂါ၊ ေသြးသားမညီၫြတ္ျခင္း၊ မီးယပ္ဝမ္းပ်က္၊ ေသြးဆုံး၊ ကိုယ္လက္တို႔၌ ေသြးေလမေလွ်ာက္ျခင္း၊ လိပ္ေခါင္း၊ ပန္းညိႇဳး၊ အသားအေရေျခာက္ကပ္၊ အားအင္ကုန္ခမ္းျခင္း၊ အသားအေရ ေစးထန္းထန္းျဖစ္ျခင္း၊ ခါးနာ၊ ထုံက်င္ကိုက္ခဲျခင္းႏွင့္ အသားဝါေရာဂါမ်ား ေပ်ာက္ကင္းေစသည္။

(၂) ဥျပဳတ္ရည္ကို ဒိုပါလာသၾကားႏွင့္ေဖ်ာ္ၿပီး နံနက္ည လက္ဖက္ရည္အၾကမ္းပန္ကန္လုံး တစ္လုံးက် ေသာက္ေပးပါက အမ်ိဳးသမီးမ်ား အျဖဴအနီဆင္းျခင္း၊ မစားခ်င္ မေသာက္ခ်င္ျဖစ္ၿပီး ပိန္ခ်ံဳးကာ ကိုယ္သားကိုယ္ေရ နံေစာ္လာျခင္း၊ တစ္ကိုယ္လုံး က်ိန္းၿပီး နာျခင္း၊ အသားအေရပူ၍ ျပာႏွမ္းႏွမ္းျဖစ္ျခင္း၊ ေခါင္းဦးေရက်ိန္းျခင္း၊ အေၾကာအျခင္တင္းျခင္း၊ ဝမ္းေဖာဝမ္းေရာင္ျခင္း၊ ေသြးပုပ္ဆန္ျခင္းႏွင့္ ဆီးေရာဂါျဖစ္ျခင္းမ်ားကို ေပ်ာက္ကင္းေစသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: ျမန္မာ့ေဆးဝါးပင္မ်ား

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service